Last post

စိတ္ဖိစီးမႈနဲ႕ လိင္မႈကိစၥ ဘယ္လို ဆက္ႏြယ္ေနသလဲ



စိတ္ဖိစီးမႈက စိတ္ခံစားမႈအေပၚမွာ၊ အအိပ္အေနအေပၚမွာ နဲ႕ ကိုယ္ခႏၶာကို သက္ေရာက္မႈရွိတယ္ဆိုတာ လူတိုင္းသိၾက ပါတယ္။ ဒါေပမယ့္ လိင္မႈကိစၥ အေပၚမွာလည္း သက္ေရာက္မႈျဖစ္ေစတယ္ ဆိုတာကို သိၾကပါသလား။ အဲဒီဆက္ႏြယ္မႈ ကို ဥေပကၡာျပဳထားမယ္ဆိုရင္ စိတ္ဖိစီးမႈက လူတေယာက္ရဲ႕ လိင္မႈဆႏၵနဲ႕ တုန႔္ျပန္မႈေတြကို သိသိသာသာ ေလ်ာ့ပါး သြားေစနိုင္ပါတယ္။
စိတ္ဖိစီးမႈကို ေခ်ဖ်က္နိုင္ဖို႔ စိတ္ဖိစီးမႈရဲ႕ အရင္းအျမစ္ကို သိဖို႔လိုပါတယ္။
ကမာၻဦးလူသားေတြရဲ႕ ေခတ္ကေတာ့ စိတ္ဖိစီးမႈဆိုတာ ဘဝရွင္သန္ေရးအတြက္ တြန္းအားတခုျဖစ္ပါတယ္။ အႏၲရာယ္နဲ႕ ႀကဳံလာတဲ့ အခ်ိန္မွာ ေရွးဦးလူသားေတြက စိတ္ဖိစီးမႈက ေသမထူး ေနမထူးတုန႔္ျပန္မႈ ျဖစ္လာေအာင္ လႈံ႕ေဆာ္ေပးပါတယ္။ အဲဒီနည္းနဲ႕ပဲ သူတို႔ေတြ အႏၲရာယ္ အမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္ ရပ္တည္နိုင္ခဲ့ၾကပါတယ္။
ဒီေန႕ မ်က္ေမွာက္ေခတ္မွာေတာ့ စိတ္ဖိစီးမႈဆိုတာ မ်ားေသာအားျဖင့္ လုပ္စရာေတြ အရမ္းမ်ားတာ၊ လုပ္ဖို႔ အခ်ိန္မရွိတာ၊ လုပ္ငန္းခြင္မွာ အခက္အခဲေတြရွိတာ၊ မိသားစုတြင္းမွာ ျပႆနာေတြရွိေနတာ စတာေတြရဲ႕ အက်ိဳးဆက္ ျဖစ္လာပါတယ္။ ဒါေပမယ့္ ေရွးခတ္လူသားေတြလို ထြက္ေပါက္ရွိမေနပါဘူး။ ထြက္ေျပးလို႔ မရနိုင္ပါဘူး။ အဲဒီလို မလုပ္နိုင္တဲ့ အတြက္တခါ ထပ္ၿပီးေတာ့ စိတ္ဖိစီးမႈကို ခံစားရျပန္ပါတယ္။
ဒီလို စိတ္ဖိစီးမႈခံစားခ်က္ေတြက လိင္စိတ္ဆႏၵေတြကို တိုက္စားပစ္နိုင္ပါတယ္။ လိင္ဆက္ဆံမႈေၾကာင့္ ေက်နပ္ႏွစ္သိမ့္မႈကို မရနိုင္သလို ေမာပန္း ႏြမ္းနယ္မႈ၊ ၿငီးေငြ႕မႈေတြကို ခံစားရနိုင္ပါတယ္။
ဒါေပမယ့္ စိတ္ဖိစီးမႈရဲ႕ ဆိုးက်ိဳးေတြကို သိေနရင္ေတာင္ အဲဒါေတြကို ဖယ္ရွားဖို႔က သိပ္မလြယ္ကူပါဘူး။ ဒါေၾကာင့္ စိတ္ ဖိစီးမႈကို ေလ်ာ့က်ေစၿပီး အိမ္ေထာင္ေရး သုခကို ရေစနိုင္မယ့္ အခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
တက္တက္ႂကြႂကြေနတာက စိတ္ဖိစီးမႈရဲ႕ သက္ေရာက္မႈေတြကို အျမန္ဆုံးနဲ႕ အလြယ္ဆုံး ဖယ္ရွားေပးနိုင္တဲ့နည္း ျဖစ္ပါ တယ္။ တေန႕တာ လုံးအလုပ္လုပ္ ခဲ့ရတဲ့သူတေယာက္ အတြက္ ေလ့က်င့္ခန္းလုပ္ခ်င္တဲ့ ဆႏၵရွိခ်င္မွ ရွိပါလိမ့္မယ္။ ဒါေပ မယ့္ မိနစ္ ၂၀ နာရီဝက္ေလာက္ ေခြၽးထြက္ေအာင္ေလ့က်င့္ခန္း လုပ္လိုက္တာက စိတ္ဖိစီးမႈကို ေလ်ာ့က်ေစနိုင္ပါတယ္။ တကယ္လို႔ စက္ကိရိယာေတြနဲ႕ မကစားခ်င္ဘူးဆိုရင္ ေရကူးတာ၊ တင္းနစ္ရိုက္တာေတြလဲ လုပ္နိုင္ပါတယ္။ ေယာဂ ေလ့ က်င့္တာလဲ နည္းလမ္းေကာင္းတခုပါပဲ။ ကိုယ္လက္ လႈပ္ရွား ကစားျခင္းက လိင္မႈဆိုင္ရာ စြမ္းရည္ကိုလည္း ထိခိုက္ က်ဆင္းေစမွာ မဟုတ္ပါဘူး။
တကယ္လို႔ တေန႕တာ ကုန္ခါနီးတဲ့ အခ်ိန္မွာ စိတ္ဖိစီးမႈ ျဖစ္လာတတ္တယ္ဆိုရင္ေတာ့ စိတ္ခံစားမႈ အေျပာင္းအလဲျဖစ္ ေအာင္ အလုပ္ အစီအစဥ္ေတြကိုေျပာင္းလဲ ၾကည့္လိုက္ပါ။ အေရးႀကီးတဲ့ အလုပ္ေတြကို စြမ္းအင္ အျပည့္ဝဆုံးျဖစ္တဲ့ မ နက္ခင္းေတြမွာလုပ္ၾကည့္ပါ။ ေနာက္ၿပီးေတာ့ အနားယူဖို႔ မေမ့ပါနဲ႕။ မိနစ္ ၉၀ ေလာက္ ဆက္တိုက္ အာ႐ုံစူးစိုက္ၿပီး အလုပ္ လုပ္ၿပီး ၿပီဆိုရင္ ၅မိနစ္ ၁၀ မိနစ္ေလာက္ ခနနားပါ။ အသက္ကို ဝေအာင္ရႉပါ။ သီခ်င္း နားေထာင္တာ ဟိုနားဒီနား ခန တျဖဳတ္ လမ္းေလွ်ာက္တာေတြလည္း လုပ္နိုင္ပါတယ္။ ခနတျဖဳတ္နားလိုက္ရတာက စိတ္ကို အနားရေစပါတယ္။ အလုပ္ ျပန္စတဲ့ အခါမွာလည္း ျပန္လည္ လန္းဆန္းေနပါတယ္။
တကယ္ေတာ့ ကိုယ့္စိတ္ကို ကိုယ္ပဲ ပိုင္ပါတယ္။ ကိုယ့္ရဲ႕ ခံစားမႈေတြ အျမင္ေတြကို ကိုယ္ကပဲ ဆုံးျဖတ္တာပါ။ ဒါေၾကာင့္ တေန႕တာ စတင္တာနဲ႕ အေကာင္းဘက္ကၾကည့္တဲ့ ခံစားမႈ ကိုေမြးနိုင္ေအာင္ႀကိဳးစားပါ။ မနက္မိုးလင္းတာနဲ႕ ဒီေန႕ ဘာေတြ ကို ဘယ္ေလာက္ အထိလုပ္မယ္ဆိုတာကို ႀကိဳတင္စိတ္ပိုင္း ျဖတ္လိုက္ပါ။ သတ္မွတ္ထားတဲ့ အခ်ိန္ျပည့္ ၿပီဆိုတာနဲ႕ အ လုပ္ကို ျပတ္ျပတ္သားသား ရပ္လိုက္ၿပီး ေနာက္ေန႕မွ ဆက္လုပ္ဖို႔ ထားလိုက္ပါ။ ႀကိဳးႀကိဳးစားစားနဲ႕ တေနကုန္ အလုပ္ လုပ္ ရတဲ့ အတြက္ အနားယူဖို႔ လိုအပ္တယ္၊ အနားယူဖို႔ ထိုက္တန္တယ္လို႔ လည္း စိတ္ကို ဆုံးျဖတ္ထားပါ။ စိတ္ဖိစီးမႈေတြ ေလ်ာ့က်သြားၿပီ၊ ေပ်ာက္ကြယ္သြားၿပီဆိုရင္ ေန႕ခင္းဘက္မွာ ၁၀၀ ရာခိုင္ႏႈန္း အလုပ္လုပ္နိုင္သလို ညဘက္ေရာက္တဲ့ အခါလည္း ၁၀၀ ရာ ခိုင္ႏႈန္း ေပ်ာ္႐ႊင္မႈကို ရွာေဖြနိုင္မွာ ျဖစ္ပါတယ္။
Source:everydayhealth.com

Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ


Unicode
စိတ်ဖိစီးမှုနဲ့ လိင်မှုကိစ္စ ဘယ်လို ဆက်နွယ်နေသလဲ
............................
စိတ်ဖိစီးမှုက စိတ်ခံစားမှုအပေါ်မှာ၊ အအိပ်အနေအပေါ်မှာ နဲ့ ကိုယ်ခန္ဓာကို သက်ရောက်မှုရှိတယ်ဆိုတာ လူတိုင်းသိကြ ပါတယ်။ ဒါပေမယ့် လိင်မှုကိစ္စ အပေါ်မှာလည်း သက်ရောက်မှုဖြစ်စေတယ် ဆိုတာကို သိကြပါသလား။ အဲဒီဆက်နွယ်မှု ကို ဥပေက္ခာပြုထားမယ်ဆိုရင် စိတ်ဖိစီးမှုက လူတယောက်ရဲ့ လိင်မှုဆန္ဒနဲ့ တုန့်ပြန်မှုတွေကို သိသိသာသာ လျော့ပါး သွားစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ချေဖျက်နိုင်ဖို့ စိတ်ဖိစီးမှုရဲ့ အရင်းအမြစ်ကို သိဖို့လိုပါတယ်။

ကမ္ဘာဦးလူသားတွေရဲ့ ခေတ်ကတော့ စိတ်ဖိစီးမှုဆိုတာ ဘဝရှင်သန်ရေးအတွက် တွန်းအားတခုဖြစ်ပါတယ်။ အန္တရာယ်နဲ့ ကြုံလာတဲ့ အချိန်မှာ ရှေးဦးလူသားတွေက စိတ်ဖိစီးမှုက သေမထူး နေမထူးတုန့်ပြန်မှု ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ အဲဒီနည်းနဲ့ပဲ သူတို့တွေ အန္တရာယ် အမျိုးမျိုးကို ကျော်ဖြတ် ရပ်တည်နိုင်ခဲ့ကြပါတယ်။

ဒီနေ့ မျက်မှောက်ခေတ်မှာတော့ စိတ်ဖိစီးမှုဆိုတာ များသောအားဖြင့် လုပ်စရာတွေ အရမ်းများတာ၊ လုပ်ဖို့ အချိန်မရှိတာ၊ လုပ်ငန်းခွင်မှာ အခက်အခဲတွေရှိတာ၊ မိသားစုတွင်းမှာ ပြဿနာတွေရှိနေတာ စတာတွေရဲ့ အကျိုးဆက် ဖြစ်လာပါတယ်။ ဒါပေမယ့် ရှေးခတ်လူသားတွေလို ထွက်ပေါက်ရှိမနေပါဘူး။ ထွက်ပြေးလို့ မရနိုင်ပါဘူး။ အဲဒီလို မလုပ်နိုင်တဲ့ အတွက်တခါ ထပ်ပြီးတော့ စိတ်ဖိစီးမှုကို ခံစားရပြန်ပါတယ်။

ဒီလို စိတ်ဖိစီးမှုခံစားချက်တွေက လိင်စိတ်ဆန္ဒတွေကို တိုက်စားပစ်နိုင်ပါတယ်။ လိင်ဆက်ဆံမှုကြောင့် ကျေနပ်နှစ်သိမ့်မှုကို မရနိုင်သလို မောပန်း နွမ်းနယ်မှု၊ ငြီးငွေ့မှုတွေကို ခံစားရနိုင်ပါတယ်။

ဒါပေမယ့် စိတ်ဖိစီးမှုရဲ့ ဆိုးကျိုးတွေကို သိနေရင်တောင် အဲဒါတွေကို ဖယ်ရှားဖို့က သိပ်မလွယ်ကူပါဘူး။ ဒါကြောင့် စိတ် ဖိစီးမှုကို လျော့ကျစေပြီး အိမ်ထောင်ရေး သုခကို ရစေနိုင်မယ့် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တက်တက်ကြွကြွနေတာက စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး ဖယ်ရှားပေးနိုင်တဲ့နည်း ဖြစ်ပါ တယ်။ တနေ့တာ လုံးအလုပ်လုပ် ခဲ့ရတဲ့သူတယောက် အတွက် လေ့ကျင့်ခန်းလုပ်ချင်တဲ့ ဆန္ဒရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေ မယ့် မိနစ် ၂၀ နာရီဝက်လောက် ချွေးထွက်အောင်လေ့ကျင့်ခန်း လုပ်လိုက်တာက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ တကယ်လို့ စက်ကိရိယာတွေနဲ့ မကစားချင်ဘူးဆိုရင် ရေကူးတာ၊ တင်းနစ်ရိုက်တာတွေလဲ လုပ်နိုင်ပါတယ်။ ယောဂ လေ့ ကျင့်တာလဲ နည်းလမ်းကောင်းတခုပါပဲ။ ကိုယ်လက် လှုပ်ရှား ကစားခြင်းက လိင်မှုဆိုင်ရာ စွမ်းရည်ကိုလည်း ထိခိုက် ကျဆင်းစေမှာ မဟုတ်ပါဘူး။

တကယ်လို့ တနေ့တာ ကုန်ခါနီးတဲ့ အချိန်မှာ စိတ်ဖိစီးမှု ဖြစ်လာတတ်တယ်ဆိုရင်တော့ စိတ်ခံစားမှု အပြောင်းအလဲဖြစ် အောင် အလုပ် အစီအစဉ်တွေကိုပြောင်းလဲ ကြည့်လိုက်ပါ။ အရေးကြီးတဲ့ အလုပ်တွေကို စွမ်းအင် အပြည့်ဝဆုံးဖြစ်တဲ့ မ နက်ခင်းတွေမှာလုပ်ကြည့်ပါ။ နောက်ပြီးတော့ အနားယူဖို့ မမေ့ပါနဲ့။ မိနစ် ၉၀ လောက် ဆက်တိုက် အာရုံစူးစိုက်ပြီး အလုပ် လုပ်ပြီး ပြီဆိုရင် ၅မိနစ် ၁၀ မိနစ်လောက် ခနနားပါ။ အသက်ကို ဝအောင်ရှူပါ။ သီချင်း နားထောင်တာ ဟိုနားဒီနား ခန တဖြုတ် လမ်းလျှောက်တာတွေလည်း လုပ်နိုင်ပါတယ်။ ခနတဖြုတ်နားလိုက်ရတာက စိတ်ကို အနားရစေပါတယ်။ အလုပ် ပြန်စတဲ့ အခါမှာလည်း ပြန်လည် လန်းဆန်းနေပါတယ်။

တကယ်တော့ ကိုယ့်စိတ်ကို ကိုယ်ပဲ ပိုင်ပါတယ်။ ကိုယ့်ရဲ့ ခံစားမှုတွေ အမြင်တွေကို ကိုယ်ကပဲ ဆုံးဖြတ်တာပါ။ ဒါကြောင့် တနေ့တာ စတင်တာနဲ့ အကောင်းဘက်ကကြည့်တဲ့ ခံစားမှု ကိုမွေးနိုင်အောင်ကြိုးစားပါ။ မနက်မိုးလင်းတာနဲ့ ဒီနေ့ ဘာတွေ ကို ဘယ်လောက် အထိလုပ်မယ်ဆိုတာကို ကြိုတင်စိတ်ပိုင်း ဖြတ်လိုက်ပါ။ သတ်မှတ်ထားတဲ့ အချိန်ပြည့် ပြီဆိုတာနဲ့ အ လုပ်ကို ပြတ်ပြတ်သားသား ရပ်လိုက်ပြီး နောက်နေ့မှ ဆက်လုပ်ဖို့ ထားလိုက်ပါ။ ကြိုးကြိုးစားစားနဲ့ တနေကုန် အလုပ် လုပ် ရတဲ့ အတွက် အနားယူဖို့ လိုအပ်တယ်၊ အနားယူဖို့ ထိုက်တန်တယ်လို့ လည်း စိတ်ကို ဆုံးဖြတ်ထားပါ။ စိတ်ဖိစီးမှုတွေ လျော့ကျသွားပြီ၊ ပျောက်ကွယ်သွားပြီဆိုရင် နေ့ခင်းဘက်မှာ ၁၀၀ ရာခိုင်နှုန်း အလုပ်လုပ်နိုင်သလို ညဘက်ရောက်တဲ့ အခါလည်း ၁၀၀ ရာ ခိုင်နှုန်း ပျော်ရွှင်မှုကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Source:everydayhealth.com
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ 

0 Comments