အိႏၵိယ နိုင္ငံမွာ အစိုးရက အျပာဇာတ္ကားေတြကို
တားျမစ္လိုက္တဲ့အခါမွာ တတိုင္းျပည္လုံး ဆူဆူညံညံ ျဖစ္သြားပါတယ္။ ေဘာလီးဝုဒ္
နာမည္ႀကီးေတြကေန တြစ္တာ သုံးစြဲတဲ့ သာမန္လူေတြ အထိ ဒီလို ပိတ္ပင္ျခင္းကို
အျပစ္တင္ခဲ့ ၾကပါတယ္။ ဒါေပမယ့္ ဘယ္ေနရာကို မဆို ၾကည့္တတ္ရင္ ေတာက္ပတဲ့
အစိတ္အပိုင္းတခု ရွိပါတယ္။ အဲဒီလိုပါပဲ လူေတြက ဒါေတြကို မၾကည့္ရလို႔
ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ဆုံးသြားလို႔ စိုးရိမ္ေနခ်ိန္မွာ
တျခားဘက္မွာ ညစ္ညမ္း႐ုပ္ရွင္ေတြ၊ ႐ုပ္ပုံေတြ ေၾကာင့္ ကိုယ့္ရဲ႕ဘဝကို
ထိခိုက္ေစမယ့္ အေၾကာင္း အရာေတြေလ်ာ့က်သြားတာေတြလည္း ရွိပါတယ္။
အျပာကားေတြကို စြဲစြဲလမ္းလမ္း ၾကည့္ျခင္းေၾကာင့္ ႀကဳံေတြလာရနိုင္တာေတြကေတာ့
….
အျပာ ႐ုပ္ရွင္ေတြက ဦးေႏွာက္မွာ စြဲလမ္းမႈေတြ တိုးလာေအာင္ လႊမ္းမိုးနိုင္ပါတယ္
မစြဲလမ္း အပ္တဲ့ တစုံတရာ (မူးယစ္ေဆး၊ အရက္၊
ညစ္ညမ္း႐ုပ္ရွင္) ကို စြဲလမ္းမႈရွိေနသူေတြမွာ ဦးေႏွာက္ရဲ႕ လုပ္ငန္း ေဆာင္
႐ြက္ မႈေတြကို ေျပာင္းလဲသြားေစတယ္လို႔ ေလ့လာမႈေတြက ေတြ႕ရွိခဲ့ရပါတယ္။
အျပာ႐ုပ္ရွင္ၾကည့္တာကို စြဲလမ္း သူေတြ ဟာ ဒါကို ျဖတ္နိုင္ဖို႔ အတြက္
မူးယစ္ေဆး စြဲသူေတြလိုပဲ ခက္ခဲမႈေတြရွိပါတယ္။ ပိုၿပီး အေရးႀကီးတာက
စြဲလမ္းျခင္း က အလိုဆႏၵနဲ႕ ေတာင့္တမႈေတြကို ျဖစ္ေစၿပီးေတာ့ လူမႈဆက္ဆံေရး၊
အလုပ္အကိုင္၊ က်န္းမာေရးနဲ႕ အက်ိဳးစီးပြားေတြကို ထိ ခိုက္ေစပါတယ္။
အျပာ ႐ုပ္ရွင္ေတြကို စြဲလမ္းျခင္းေၾကာင့္ အမ်ိဳးသားေတြမွာ စိတ္ပိုင္းဆိုင္ရာနဲ႕ လူမႈေရး ျပႆနာေတြရွိလာနိုင္ပါတယ္
အျပာကားေတြ အတြက္ အမ်ိဳးသား
သ႐ုပ္ေဆာင္ေ႐ြးခ်ယ္တဲ့ေနရာမွာ သူတို႔ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကို
ၾကည့္ၿပီးေတာ့ ေ႐ြးခ်ယ္တာ မဟုတ္ပါဘူး။ တခုကိုပဲၾကည့္ၿပီး ေ႐ြးခ်ယ္တာ
ျဖစ္ပါတယ္။ ဒါေၾကာင့္ အျပာကားေတြ ဆက္တိုက္ၾကည့္တဲ့ အမ်ိဳးသား ေတြဟာ သူတို႔
ထက္ပိုႀကီးတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ လိင္အဂၤါေတြကို ၾကည့္ရင္း ၾကည့္ရင္းနဲ႕
သူတို႔ကိုယ္ သူတို႔ သိမ္ငယ္ စိတ္ေတြ တျဖည္းျဖည္းနဲ႕ ဝင္လာၾကပါတယ္။ ဒါ့အျပင္
အျပာကားေတြကို စြဲေနတဲ့ အမ်ိဳးသားေတြဟာ သူတို႔ရဲ႕ အလုပ္ကို
လ်စ္လ်ဴရႈလာၾကတယ္၊ ပိုက္ဆံေတြပိုျဖဳန္းလာၾကတယ္၊ တျခားသူေတြနဲ႕
ကင္းကြာလာၾကတယ္ဆိုတာကို သု ေတသီေတြ ေတြ႕ရွိခဲ့ရပါတယ္။ စိတ္က်ေရာဂါနဲ႕ တျခား
စိတ္ပိုင္းဆိုင္ရာ သက္ေရာက္မႈေတြလည္း ျဖစ္နိုင္ပါတယ္။
အျပာ ႐ုပ္ရွင္ေတြကို စြဲလမ္းျခင္းက အမွန္တကယ္မရွိတဲ့ ကမာၻတခုထဲကိုေရာက္သြားေစပါတယ္
အျပာ႐ုပ္ရွင္ဆိုတာ အစစ္အမွန္မဟုတ္ပါဘူး။
႐ုပ္ရွင္ကားေတြလိုပါပဲ အျပာကား သ႐ုပ္ေဆာင္ေတြက သူတို႔ သ႐ုပ္ ေဆာင္ တဲ့
ဇာတ္ေကာင္ စရိုက္ဟာ လက္ေတြ႕ဘဝနဲ႕ ကိုက္ညီမႈ ရွိမရွိဆိုတာကို အနည္းငယ္ပဲ
ဂ႐ုစိုက္ၾကပါတယ္။ အျပာကား တိုင္း လိုလိုမွာ ဇာတ္ေဆာင္ေတြက စိတ္ခံစားမႈရဲ႕
ေက်းကြၽန္ေတြ အျဖစ္ေနထိုင္ျပၾကပါတယ္။ အဲဒါေတြကို ၾကည့္ဖန္ မ်ား လာတဲ့
အခါမွာ ၾကည့္သူေတြဟာ ကိုယ့္ရဲ႕ စြမ္းေဆာင္ရည္ အားနည္းမွာကို
စိုးရိမ္လာၾကပါတယ္။
အျပာကားထဲက အမ်ိဳးသား သ႐ုပ္ေဆာင္ေတြက လိင္ဆက္ဆံခ်ိန္
ၾကာျမင့္ေအာင္ထိန္းခ်ဳပ္ထားရတာ သူတို႔အတြက္ အ ခက္အခဲမရွိသလိုမ်ိဳး
သ႐ုပ္ေဆာင္ျပတတ္ၾကပါတယ္။ သူတို႔ ဆႏၵရွိသေလာက္ ထိန္းခ်ဳပ္ ထားနိုင္တဲ့
ပုံမ်ိဳးပါပဲ။ ဒါေပမယ့္ သိထားရမွာက ဒါေတြက ၾကည့္ေကာင္းေအာင္
ရိုက္ျပထားတာျဖစ္ပါတယ္။ အမွန္တကယ္လက္ေတြ႕နဲ႕ လုံး၀ ကြာျခားမႈ ရွိ မွာ
အေသအခ်ာပါပဲ။ ဒါေပမယ့္ စိတ္မေကာင္းစရာက အဲဒါကို တကယ္ထင္ၿပီးေတာ့ အျပင္မွာ
ကိုယ့္ကိုယ္ကို ယုံၾကည္မႈ က်ဆင္းလာေစတာပါပဲ။ အဲဒါက စုံတြဲေတြ၊
လင္မယားေတြၾကားထဲက ဆက္ဆံေရးကိုလည္း ထိခိုက္နိုင္ပါတယ္။ ေနာက္ ပိုင္းမွာ
ကိုယ့္မွာရွိတဲ့ ဆက္ဆံေရးအေပၚ ေက်နပ္ႏွစ္သိမ့္မႈမရွိတာ ေတြ
ျဖစ္လာနိုင္ပါတယ္။
အျပင္က အမ်ိဳးသမီးေတြနဲ႕ အျပာ႐ုပ္ရွင္ထဲက အမ်ိဳးသမီးေတြ မတူပါဘူး
အျပာကားေတြထဲက အမ်ိဳးသမီး သ႐ုပ္ေဆာင္ေတြက
ၾကည့္ရႈ႕သူေတြရဲ႕ စိတ္ကို ႏွိုးဆြလႈံ႕ေဆာ္ေပးနိုင္ဖို႔ ေလ့က်င့္ထားသူ ေတြ
ျဖစ္ပါတယ္။ တကယ့္အျပင္မွာ ေတြ႕ဖူးတဲ့ အမ်ိဳးသမီးေတြထက္ပိုၿပီး
ဆြဲေဆာင္မႈရွိၿပီးေတာ့ ပိုၿပီး ၾကည့္ေကာင္းေန တတ္ၾကပါတယ္။ ဒါေပမယ့္
သတိထားရမွာက အျပာကားေတြဟာ သ႐ုပ္ေဆာင္ အမ်ိဳးသမီးေတြကို ၾကည့္ရႈ႕သူ အမ်ိဳး
သားေတြ စြဲမက္ေစဖို႔ ဦးတည္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလို
အမ်ိဳးသမီးမ်ိဳး၊ သူတို႔ေတြ သ႐ုပ္ေဆာင္ ျပသလိုမ်ိဳးကို လက္ေတြ႕ အျပင္မွာ
ေတြ႕နိုင္မယ္ မဟုတ္ပါဘူး။ လက္ေတြ႕ ဘဝမွာ ကိုယ့္ရဲ႕ ခ်စ္သူ သို႔ မဟုတ္
အိမ္ေထာင္ဖက္ဟာ အျပာကားထဲက အမ်ိဳး သမီး သ႐ုပ္ေဆာင္ေတြလို တုန႔္ျပန္ၾကမွာ
မဟုတ္ပါဘူး။
အျပာ႐ုပ္ရွင္ေတြက ႀကိဳတင္ကာကြယ္မႈေတြကို ဂ႐ုမစိုက္တတ္တဲ့ အေလ့အက်င့္ကို ေပးပါတယ္
သူတို႔က ပဋိသေႏၶတားဆီးဖို႔ကို ဂ႐ုမစိုက္ပါဘူး။
လိင္ဆက္ဆံမႈကေန တဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြ၊ တျခား လူမႈ ေရး
အရႈပ္အေထြးကိစၥေတြကိုလည္း ထည့္မတြက္ပါဘူး။ ဒီလို အဆင္အျခင္ ကင္းမဲ့မႈက
စြဲစြဲလမ္းလမ္း ၾကည့္ရႈသူေတြကို လည္း ကူး စက္ၿပီးေတာ့ သူတို႔ရဲ႕ လက္ေတြ႕
လိင္မႈဘဝမွာလည္း အလားတူလုပ္လာတတ္ပါတယ္။
အျပာ႐ုပ္ရွင္ေတြက လက္ေတြ႕ လိင္ဆက္ဆံမႈဘဝကိုလည္း ထိခိုက္ေစပါတယ္
အျပာကားေတြထဲမွာ အစစ္အမွန္မဟုတ္တဲ့ နည္းလမ္းမ်ိဳးစုံနဲ႕
လိင္ဆက္ဆံျပၾကပါတယ္။ ဒါေတြကို ၾကည့္ရင္းနဲ႕ ျမင္သား က်လာတဲ့ အခါ
လက္ေတြ႕လုပ္ရင္ ျပႆနာရွိလာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျပာကားေတြက
ၾကည့္ေကာင္း႐ုံ သက္သက္ရိုက္ျပၾကတာျဖစ္ပါတယ္။ လက္ေတြ႕မွာ
အဆင္မေျပနိုင္ပါဘူး။ ဒါ့အျပင္ အဲဒါေတြရဲ႕ လႊမ္းမိုးမႈေၾကာင့္ မိမိရဲ႕ ပုံ
မွန္ လိင္ဆက္ဆံမႈ ပုံစံကိုလည္း ပ်င္းရိၿငီးေငြ႕လာေစနိုင္ပါတယ္။
မိမိရဲ႕ လိင္ဆက္ဆံမႈဘဝမွာလည္း ရင္းႏွီးမႈေတြ ေပ်ာက္ဆုံးသြားေစနိုင္ပါတယ္
စိတ္ေက်နပ္စရာ အေကာင္းဆုံး လိင္ဆက္ဆံျခင္းမွာ အမွန္တကယ္
ဆက္ဆံမႈမျပဳလုပ္ခင္ ႀကိဳတင္ ႏွိုးဆြမႈေတြ၊ ထိေတြ႕ မႈေတြ ပါဝင္ေနရမွာ
ျဖစ္ပါတယ္။ ဒါေပမယ့္ အျပာကားေတြမွာေတာ့ အားလုံးက အဲဒီကိစၥအတြက္ အၿမဲတမ္း
အသင့္ျဖစ္ ေန တတ္ၾကပါတယ္။ ဒါေၾကာင့္ အျပာကားေတြကိုပဲ
စြဲစြဲလမ္းလမ္းၾကည့္ေနသူ တေယာက္အေနနဲ႕ သူ႕ရဲ႕ အေဖာ္ကလည္း ရမၼက္ဆႏၵ ေတြ အလို
အေလ်ာက္ နိုးၾကားလာမယ္လို႔ ထင္တတ္ၾကတဲ့ အတြက္ ကိုယ့္ရဲ႕သာယာမႈကိုသာ
ၾကည့္တတ္လာ ၿပီး သူတပါးရဲ႕ သာယာမႈကို ထည့္မတြက္တဲ့ အေျခအေန
ျဖစ္သြားေစပါတယ္။
အျပာကားၾကည့္ျခင္းကို စြဲလမ္းျခင္းက အၾကမ္းဖက္ ရမ္းကားမႈေတြကို ျပဳမိေစပါတယ္
အျပာ ႐ုပ္ရွင္ကားေတြၾကည့္သူေတြဟာ လိင္ဆက္ဆံတဲ့ အခါမွာ
သူတို႔ရဲ႕ အေဖာ္ကို ၾကမ္းတမ္းစြာျပဳမူၾကတယ္လို႔ ေတာ့ တိုက္ရိုက္
မဆိုနိုင္ပါဘူး။ ဒါေပမယ့္ တခါတရံမွာေတာ့ အၾကမ္းဖက္ရယူမႈေတြျပဳ တတ္ၾကတယ္လို႔
ေျပာရင္လည္း မမွားနိုင္ ပါ ဘူး။ ၾကည့္ထားတဲ့ ဇာတ္လမ္းေတြ၊
အေၾကာင္းအရာေတြရဲ႕ လႈံ႕ေဆာ္မႈေၾကာင့္ သည္းခံနိုင္စြမ္း မရွိေတာ့ဘဲ အခြင့္
အေရး ရတဲ့ အခ်ိန္မွာ သူတို႔လိုခ်င္တာကို ျဖစ္တဲ့ နည္းနဲ႕ ရယူခ်င္လာၾကပါတယ္။
credit ေအးမင္း (ဧရာ၀တီ)
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ
Unicode
အိန္ဒိယ နိုင်ငံမှာ အစိုးရက အပြာဇာတ်ကားတွေကို
တားမြစ်လိုက်တဲ့အခါမှာ တတိုင်းပြည်လုံး ဆူဆူညံညံ ဖြစ်သွားပါတယ်။ ဘောလီးဝုဒ်
နာမည်ကြီးတွေကနေ တွစ်တာ သုံးစွဲတဲ့ သာမန်လူတွေ အထိ ဒီလို ပိတ်ပင်ခြင်းကို
အပြစ်တင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဘယ်နေရာကို မဆို ကြည့်တတ်ရင် တောက်ပတဲ့
အစိတ်အပိုင်းတခု ရှိပါတယ်။ အဲဒီလိုပါပဲ လူတွေက ဒါတွေကို မကြည့်ရလို့
ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားလို့ စိုးရိမ်နေချိန်မှာ
တခြားဘက်မှာ ညစ်ညမ်းရုပ်ရှင်တွေ၊ ရုပ်ပုံတွေ ကြောင့် ကိုယ့်ရဲ့ဘဝကို
ထိခိုက်စေမယ့် အကြောင်း အရာတွေလျော့ကျသွားတာတွေလည်း ရှိပါတယ်။
အပြာကားတွေကို စွဲစွဲလမ်းလမ်း ကြည့်ခြင်းကြောင့် ကြုံတွေလာရနိုင်တာတွေကတော့
….
အပြာ ရုပ်ရှင်တွေက ဦးနှောက်မှာ စွဲလမ်းမှုတွေ တိုးလာအောင် လွှမ်းမိုးနိုင်ပါတယ်
မစွဲလမ်း အပ်တဲ့ တစုံတရာ (မူးယစ်ဆေး၊ အရက်၊ ညစ်ညမ်းရုပ်ရှင်)
ကို စွဲလမ်းမှုရှိနေသူတွေမှာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင် ရွက် မှုတွေကို
ပြောင်းလဲသွားစေတယ်လို့ လေ့လာမှုတွေက တွေ့ရှိခဲ့ရပါတယ်။
အပြာရုပ်ရှင်ကြည့်တာကို စွဲလမ်း သူတွေ ဟာ ဒါကို ဖြတ်နိုင်ဖို့ အတွက်
မူးယစ်ဆေး စွဲသူတွေလိုပဲ ခက်ခဲမှုတွေရှိပါတယ်။ ပိုပြီး အရေးကြီးတာက
စွဲလမ်းခြင်း က အလိုဆန္ဒနဲ့ တောင့်တမှုတွေကို ဖြစ်စေပြီးတော့
လူမှုဆက်ဆံရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးနဲ့ အကျိုးစီးပွားတွေကို ထိ
ခိုက်စေပါတယ်။
အပြာ ရုပ်ရှင်တွေကို စွဲလမ်းခြင်းကြောင့် အမျိုးသားတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေး ပြဿနာတွေရှိလာနိုင်ပါတယ်
အပြာကားတွေ အတွက် အမျိုးသား သရုပ်ဆောင်ရွေးချယ်တဲ့နေရာမှာ
သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ပြီးတော့ ရွေးချယ်တာ မဟုတ်ပါဘူး။
တခုကိုပဲကြည့်ပြီး ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အပြာကားတွေ
ဆက်တိုက်ကြည့်တဲ့ အမျိုးသား တွေဟာ သူတို့ ထက်ပိုကြီးတဲ့ သရုပ်ဆောင်တွေရဲ့
လိင်အင်္ဂါတွေကို ကြည့်ရင်း ကြည့်ရင်းနဲ့ သူတို့ကိုယ် သူတို့ သိမ်ငယ်
စိတ်တွေ တဖြည်းဖြည်းနဲ့ ဝင်လာကြပါတယ်။ ဒါ့အပြင် အပြာကားတွေကို စွဲနေတဲ့
အမျိုးသားတွေဟာ သူတို့ရဲ့ အလုပ်ကို လျစ်လျူရှုလာကြတယ်၊
ပိုက်ဆံတွေပိုဖြုန်းလာကြတယ်၊ တခြားသူတွေနဲ့ ကင်းကွာလာကြတယ်ဆိုတာကို သု
တေသီတွေ တွေ့ရှိခဲ့ရပါတယ်။ စိတ်ကျရောဂါနဲ့ တခြား စိတ်ပိုင်းဆိုင်ရာ
သက်ရောက်မှုတွေလည်း ဖြစ်နိုင်ပါတယ်။
အပြာ ရုပ်ရှင်တွေကို စွဲလမ်းခြင်းက အမှန်တကယ်မရှိတဲ့ ကမ္ဘာတခုထဲကိုရောက်သွားစေပါတယ်
အပြာရုပ်ရှင်ဆိုတာ အစစ်အမှန်မဟုတ်ပါဘူး။ ရုပ်ရှင်ကားတွေလိုပါပဲ
အပြာကား သရုပ်ဆောင်တွေက သူတို့ သရုပ် ဆောင် တဲ့ ဇာတ်ကောင် စရိုက်ဟာ
လက်တွေ့ဘဝနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို အနည်းငယ်ပဲ ဂရုစိုက်ကြပါတယ်။
အပြာကား တိုင်း လိုလိုမှာ ဇာတ်ဆောင်တွေက စိတ်ခံစားမှုရဲ့ ကျေးကျွန်တွေ
အဖြစ်နေထိုင်ပြကြပါတယ်။ အဲဒါတွေကို ကြည့်ဖန် များ လာတဲ့ အခါမှာ
ကြည့်သူတွေဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် အားနည်းမှာကို စိုးရိမ်လာကြပါတယ်။
အပြာကားထဲက အမျိုးသား သရုပ်ဆောင်တွေက လိင်ဆက်ဆံချိန်
ကြာမြင့်အောင်ထိန်းချုပ်ထားရတာ သူတို့အတွက် အ ခက်အခဲမရှိသလိုမျိုး
သရုပ်ဆောင်ပြတတ်ကြပါတယ်။ သူတို့ ဆန္ဒရှိသလောက် ထိန်းချုပ် ထားနိုင်တဲ့
ပုံမျိုးပါပဲ။ ဒါပေမယ့် သိထားရမှာက ဒါတွေက ကြည့်ကောင်းအောင်
ရိုက်ပြထားတာဖြစ်ပါတယ်။ အမှန်တကယ်လက်တွေ့နဲ့ လုံး၀ ကွာခြားမှု ရှိ မှာ
အသေအချာပါပဲ။ ဒါပေမယ့် စိတ်မကောင်းစရာက အဲဒါကို တကယ်ထင်ပြီးတော့ အပြင်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းလာစေတာပါပဲ။ အဲဒါက စုံတွဲတွေ၊
လင်မယားတွေကြားထဲက ဆက်ဆံရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ နောက် ပိုင်းမှာ
ကိုယ့်မှာရှိတဲ့ ဆက်ဆံရေးအပေါ် ကျေနပ်နှစ်သိမ့်မှုမရှိတာ တွေ
ဖြစ်လာနိုင်ပါတယ်။
အပြင်က အမျိုးသမီးတွေနဲ့ အပြာရုပ်ရှင်ထဲက အမျိုးသမီးတွေ မတူပါဘူး
အပြာကားတွေထဲက အမျိုးသမီး သရုပ်ဆောင်တွေက ကြည့်ရှု့သူတွေရဲ့
စိတ်ကို နှိုးဆွလှုံ့ဆော်ပေးနိုင်ဖို့ လေ့ကျင့်ထားသူ တွေ ဖြစ်ပါတယ်။
တကယ့်အပြင်မှာ တွေ့ဖူးတဲ့ အမျိုးသမီးတွေထက်ပိုပြီး ဆွဲဆောင်မှုရှိပြီးတော့
ပိုပြီး ကြည့်ကောင်းနေ တတ်ကြပါတယ်။ ဒါပေမယ့် သတိထားရမှာက အပြာကားတွေဟာ
သရုပ်ဆောင် အမျိုးသမီးတွေကို ကြည့်ရှု့သူ အမျိုး သားတွေ စွဲမက်စေဖို့
ဦးတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အမျိုးသမီးမျိုး၊ သူတို့တွေ
သရုပ်ဆောင် ပြသလိုမျိုးကို လက်တွေ့ အပြင်မှာ တွေ့နိုင်မယ် မဟုတ်ပါဘူး။
လက်တွေ့ ဘဝမှာ ကိုယ့်ရဲ့ ချစ်သူ သို့ မဟုတ် အိမ်ထောင်ဖက်ဟာ အပြာကားထဲက
အမျိုး သမီး သရုပ်ဆောင်တွေလို တုန့်ပြန်ကြမှာ မဟုတ်ပါဘူး။
အပြာရုပ်ရှင်တွေက ကြိုတင်ကာကွယ်မှုတွေကို ဂရုမစိုက်တတ်တဲ့ အလေ့အကျင့်ကို ပေးပါတယ်
သူတို့က ပဋိသန္ဓေတားဆီးဖို့ကို ဂရုမစိုက်ပါဘူး။
လိင်ဆက်ဆံမှုကနေ တဆင့် ကူးစက်တတ်တဲ့ရောဂါတွေ၊ တခြား လူမှု ရေး
အရှုပ်အထွေးကိစ္စတွေကိုလည်း ထည့်မတွက်ပါဘူး။ ဒီလို အဆင်အခြင် ကင်းမဲ့မှုက
စွဲစွဲလမ်းလမ်း ကြည့်ရှုသူတွေကို လည်း ကူး စက်ပြီးတော့ သူတို့ရဲ့ လက်တွေ့
လိင်မှုဘဝမှာလည်း အလားတူလုပ်လာတတ်ပါတယ်။
အပြာရုပ်ရှင်တွေက လက်တွေ့ လိင်ဆက်ဆံမှုဘဝကိုလည်း ထိခိုက်စေပါတယ်
အပြာကားတွေထဲမှာ အစစ်အမှန်မဟုတ်တဲ့ နည်းလမ်းမျိုးစုံနဲ့
လိင်ဆက်ဆံပြကြပါတယ်။ ဒါတွေကို ကြည့်ရင်းနဲ့ မြင်သား ကျလာတဲ့ အခါ
လက်တွေ့လုပ်ရင် ပြဿနာရှိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြာကားတွေက
ကြည့်ကောင်းရုံ သက်သက်ရိုက်ပြကြတာဖြစ်ပါတယ်။ လက်တွေ့မှာ
အဆင်မပြေနိုင်ပါဘူး။ ဒါ့အပြင် အဲဒါတွေရဲ့ လွှမ်းမိုးမှုကြောင့် မိမိရဲ့ ပုံ
မှန် လိင်ဆက်ဆံမှု ပုံစံကိုလည်း ပျင်းရိငြီးငွေ့လာစေနိုင်ပါတယ်။
မိမိရဲ့ လိင်ဆက်ဆံမှုဘဝမှာလည်း ရင်းနှီးမှုတွေ ပျောက်ဆုံးသွားစေနိုင်ပါတယ်
စိတ်ကျေနပ်စရာ အကောင်းဆုံး လိင်ဆက်ဆံခြင်းမှာ အမှန်တကယ်
ဆက်ဆံမှုမပြုလုပ်ခင် ကြိုတင် နှိုးဆွမှုတွေ၊ ထိတွေ့ မှုတွေ ပါဝင်နေရမှာ
ဖြစ်ပါတယ်။ ဒါပေမယ့် အပြာကားတွေမှာတော့ အားလုံးက အဲဒီကိစ္စအတွက် အမြဲတမ်း
အသင့်ဖြစ် နေ တတ်ကြပါတယ်။ ဒါကြောင့် အပြာကားတွေကိုပဲ
စွဲစွဲလမ်းလမ်းကြည့်နေသူ တယောက်အနေနဲ့ သူ့ရဲ့ အဖော်ကလည်း ရမ္မက်ဆန္ဒ တွေ
အလို အလျောက် နိုးကြားလာမယ်လို့ ထင်တတ်ကြတဲ့ အတွက် ကိုယ့်ရဲ့သာယာမှုကိုသာ
ကြည့်တတ်လာ ပြီး သူတပါးရဲ့ သာယာမှုကို ထည့်မတွက်တဲ့ အခြေအနေ
ဖြစ်သွားစေပါတယ်။
အပြာကားကြည့်ခြင်းကို စွဲလမ်းခြင်းက အကြမ်းဖက် ရမ်းကားမှုတွေကို ပြုမိစေပါတယ်
အပြာ ရုပ်ရှင်ကားတွေကြည့်သူတွေဟာ လိင်ဆက်ဆံတဲ့ အခါမှာ
သူတို့ရဲ့ အဖော်ကို ကြမ်းတမ်းစွာပြုမူကြတယ်လို့ တော့ တိုက်ရိုက်
မဆိုနိုင်ပါဘူး။ ဒါပေမယ့် တခါတရံမှာတော့ အကြမ်းဖက်ရယူမှုတွေပြု
တတ်ကြတယ်လို့ ပြောရင်လည်း မမှားနိုင် ပါ ဘူး။ ကြည့်ထားတဲ့ ဇာတ်လမ်းတွေ၊
အကြောင်းအရာတွေရဲ့ လှုံ့ဆော်မှုကြောင့် သည်းခံနိုင်စွမ်း မရှိတော့ဘဲ အခွင့်
အရေး ရတဲ့ အချိန်မှာ သူတို့လိုချင်တာကို ဖြစ်တဲ့ နည်းနဲ့
ရယူချင်လာကြပါတယ်။
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments