Last post

တကုိယ္ေရ လိင္ အာသာေျဖျခင္း၏ ေနာက္ဆက္တြဲ


တကိုယ္ေရ လိင္ အာသာ ေျဖျခင္း ဓေလ့ဟာ ယဥ္ေက်းမႈ လူမႈ ပတ္၀န္းက်င္ အားလုံးမွာ ေရွးႏွစ္ေပါင္း မ်ားစြာ ကတည္းက တည္ရွိ ခဲ့တဲ့ ဓေလ့ တခု ျဖစ္ပါတယ္။

လူရယ္လုိ႔ ျဖစ္ လာရင္ လိင္ ကိစၥ ဆုိတာ ေရွာင္လြဲ မရတဲ့ အေရး အရာ တခု ျဖစ္ပါတယ္။ အရြယ္ ေရာက္ လာၿပီ ဆုိတာနဲ႔ အမ်ဳိးသမီး၊ အမ်ဳိးသားေတြ ကုိယ္တုိင္ ဆန္႔က်င္ဘက္ လိင္ကို စိတ္၀င္စား တာ၊ ေတာင့္တ လုိခ်င္ တာေတြ ျဖစ္ စၿမဲပါပဲ။ လူပ်ဳိေဖာ္ ၀င္စ အရြယ္၊ အပ်ဳိေဖာ္၀င္စ အရြယ္ေတြမွာ မိမိ ကုိယ္တုိင္ တကုိယ္ေရ လိင္ အာသာေျဖတာေတြ စမ္းသပ္ၾကစၿမဲ၊ လုပ္ၾကစၿမဲပါပဲ။ ဒါေပမယ့္ လြန္က်ဴးတဲ့ တကိုယ္ေရအာသာေျဖမႈေတြမွာ အနည္းနဲ႔ အမ်ားဆုိသလုိ ဆုိးက်ဳိးေတြရွိသလို ၊ ေကာင္းက်ဳိးေတြလည္းရွိပါတယ္။ ဒီတပတ္ရဲ႕ လိင္မႈဆုိင္ရာ အသိပညာေပးမႈမွာေတာ့ တကုိယ္ေရ လိင္အာသာေျဖျခင္းရဲ႕ ေနာက္ဆက္တြဲ ျဖစ္ႏုိင္တဲ့ အက်ဳိးနဲ႔ ဆုိးက်ဳိးေတြကုိ တင္ျပလိုက္ပါတယ္။

ေမး။ ။ တကိုယ္ေရ စိတ္ေျဖျခင္း (Masturbation) ဆိုတာဘာလဲ။

တကိုယ္ေရ စိတ္ေျဖျခင္းဆိုတာ စိတ္သာယာမႈအတြက္ မိမိရဲ႕ လိင္ အဂၤါေတြကို ထိေတြ႔ပြတ္သပ္တာ ျဖစ္ပါတယ္။ တနည္းေျပာရရင္ တကိုယ္ေရ စိတ္ေျဖျခင္း ဆိုတာ တေယာက္တည္းလုပ္တဲ့ လိင္မႈကိစၥပါပဲ။

ေျဖ။ ။ တကုိယ္ေရ အာသာေျဖတာကုိ ဘယ္သူေတြလုပ္ၾကသလဲ။

၁၉၄၀ ေႏွာင္းပိုင္းႏွစ္ေတြနဲ႔ ၁၉၅၀ အေစာပိုင္း ႏွစ္ေတြမွာ Alfred Kinsey က လူသားေတြရဲ႕ လိင္ပိုင္းဆိုင္ရာ အေလ့အထ ေတြနဲ႔ ပတ္သက္လို႔ သူ၁၅ ႏွစ္ေက်ာ္ၾကာ သုေတသနျပဳထားတဲ့ ရလဒ္ေတြကို ပထမဆံုး ထုတ္ေ၀ခဲ့ပါတယ္။သူ႔ရဲ႕ ေလ့လာ ေတြ႔ရွိမႈ ေတြအရ အမ်ိဳးသား ၉၆ ရာခိုင္ႏႈန္းနီးပါးနဲ႔ အမ်ိဳးသမီး ၆၀ရာခိုင္ႏႈန္း နီးပါးဟာ တကိုယ္ေရစိတ္ေျဖမႈ ျပဳလုပ္ခဲ့ၾက တယ္လို႔ ဆိုပါတယ္။ ယဥ္ေက်းမႈ အယူအဆေတြနဲ႔ တန္ဖိုးေတြ အမ်ိဳးမ်ိဳးကြဲျပားမႈေတြရွိေနေပမယ့္ တကိုယ္ေရ စိတ္ေျဖျခင္းက လူ႔အသိုင္း အ၀ိုင္း အဖြဲ႔အစည္း အားလံုးမွာရွိေနတဲ့ အရာျဖစ္ပါတယ္။

ေမး။ ။ တကုိယ္ေရ စိတ္ေျဖျခင္းမွာ ေဘးထြက္ ဆိုးက်ိဳးရွိႏိုင္သလား။

ေျဖ။ ။ တကိုယ္ေရ စိတ္ေျဖျခင္းေၾကာင့္ ႀကီးမားတဲ့ ေဘးထြက္ဆိုးက်ဳိးမရွိပါဘူး။ လက္ဖ၀ါးမွာ အေမႊးအမွ်င္ေတြေပါက္လာမယ္၊ စိတ္ေဖာက္ ျပန္ႏိုင္တယ္၊ ဒါမွမဟုတ္ ကိုယ္ခႏၶာက အားအင္ေတြ အလြန္အမင္း ဆံုး႐ံႈးသြားလိမ့္မယ္ဆိုတဲ့ အယူအဆေတြ မွားယြင္းေၾကာင္း ေဆးသိပၸံပညာက သက္ေသျပသႏိုင္ခဲ့ပါတယ္။ တခ်ိဳ႕ကေတာ့ ဒီလိုလုပ္တာဟာ အျပစ္ရွိတယ္၊ ညစ္ညမ္းမႈ ျဖစ္တယ္လို႔ စိတ္ထဲမွာ ခံစားရတယ္လို႔ ဆိုပါတယ္။ တကိုယ္ေရ စိတ္ေျဖျခင္း အတြက္သာမဟုတ္ဘဲ ဘယ္လိုကိစၥမ်ိဳး အတြက္ပဲျဖစ္ျဖစ္ မေကာင္းတဲ့ စိတ္ခံစား မႈ ရွိေနမယ္ဆိုရင္ လူ တေယာက္ရဲ႕ က်န္းမာေရးကို ၿခိမ္းေျခာက္မႈ ျဖစ္လာႏိုင္ပါတယ္။ အေမရိကန္ ေဆးပညာအသိုင္း အ၀ိုင္းက တကိုယ္ေရစိတ္ေျဖျခင္းကို သာမန္ကိစၥတခု အျဖစ္လက္ခံထားေၾကာင္း ၁၉၇၂ ခုႏွစ္ထုတ္ လူသားတို႔၏ ဖိုမ လကၡဏာ (Human Sexuality) စာအုပ္မွာေဖာ္ျပထားပါတယ္။

ေမး။ ။ လူေတြဘာေၾကာင့္ တကိုယ္ေရ စိတ္ေျဖမႈကိုလုပ္ၾကသလဲ။

ေျဖ။ ။ လူေတြ တကိုယ္ေရ စိတ္ေျဖမႈကိုလုပ္ၾကတဲ့ အေၾကာင္းျပခ်က္ေတြကေတာ့ သာယာမႈကို ခံစားဖို႔၊ တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔၊ ဖိအားေတြကို ေလွ်ာ့ခ်ဖို႔ ၊ စိတ္ေပါ့ပါးေစဖို႕၊ လိင္ဆက္ဆံေဖာ္ မရွိလို႕ ၊ဒါမွမဟုတ္ လိင္ဆက္ဆံမႈ မလုပ္ခ်င္လို႔၊ ဘယ္လို ခံစားခ်က္က ေကာင္းမလဲဆိုတာနဲ႔ ဘယ္လို ႏိႈးဆြရမယ္ ဒါမွမဟုတ္ ဘယ္လို သာယာမႈ ရႏိုင္မယ္ ဆိုတာေတြကို နားလည္ဖို႕ ျဖစ္ၾကပါတယ္။

ေမး။ ။ တကိုယ္ေရး စိတ္ေျဖျခင္းမွ ဘယ္လုိအက်ိဳးေက်းဇူးေတြရႏုိင္မလဲ။

ေျဖ။ ။ ကိုယ့္ဘာသာ သာယာမႈ ရယူျခင္းက စိတ္ပိုင္းဆိုင္ရာ၊ လူမႈေရးနဲ႔ ႐ုပ္ပိုင္းဆိုင္ရာမွာ အက်ိဳးေက်းဇူးေတြ ရွိေၾကာင္း ေလ့ လာမႈ ေတာ္ေတာ္မ်ားမ်ားက ေတြ႔ရွိခဲ့ရပါတယ္။ အမ်ိဳးသမီးအမ်ားအျပားအတြက္ ဓမၼတာမလာခင္ ခံစားရတဲ့ စိတ္တင္းက်ပ္မႈေတြကို သက္သာေစပါတယ္။ လိင္ဆက္ဆံမႈကို ေရွာင္ရွားဖို႔ ဆံုးျဖတ္ထားသူေတြ၊ လက္ရွိ အခ်ိန္မွာ လိင္ဆက္ဆံ ေဖာ္မရွိတဲ့ သူေတြအတြက္ ေကာင္းမြန္တဲ့ လိင္ပိုင္းဆိုင္ရာ စိတ္ထြက္ေပါက္တခု ျဖစ္ပါတယ္။

တကိုယ္ေရ စိတ္ေျဖျခင္းက စိတ္ခ်လံုၿခံဳတဲ့ နည္းလမ္းတခု ျဖစ္ၿပီး ေတာ့ ပဋိသေႏၶတားဆီးေရးနဲ႔ HIV အပါအ၀င္ လိင္ဆက္ဆံမႈကေန ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္ရာမွာလည္း အေထာက္ အကူျဖစ္ပါတယ္။ လိင္ဆက္ဆံမႈကို လက္ေတြ႔ျပဳလုပ္ဖို႔ အသင့္ မျဖစ္ေသး သူေတြ အတြက္လည္း တကိုယ္ေရ စိတ္ေျဖျခင္းက စိတ္ ေက်နပ္ ႏွစ္သိမ့္မႈကို ခံစားရေစပါတယ္။ လိင္ အဂၤါေတြ တ၀ိုက္မွာ ေသြးစီး ဆင္း မႈတိုးလာေစတဲ့ အတြက္ အဲဒီအဂၤါေတြ ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ ေအာင္ အေထာက္အကူေပးပါတယ္။ ေကာင္း ေကာင္း လည္း အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ လူေတြ အေနနဲ႔ သူတို႔ကိုယ္ခႏၶာနဲ႔ ပိုၿပီး အကၽြမ္းတ၀င္ျဖစ္ဖို႔ သက္ေတာင့္သက္သာရွိလာဖို႔ အေထာက္ အကူ ေပးပါတယ္။

လိင္ပိုင္းဆိုင္ရာ ကိုယ္အစိတ္အပိုင္းတခုခု ပံုမွန္အလုပ္မလုပ္ျခင္းနဲ႔ ႀကံဳေတြေနရသူေတြ ျပန္လည္ေကာင္းမြန္ လာေစတဲ႔ ကုထံုး နည္းပညာ တခုလည္း ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ အေနနဲ႔ မိမိတို႔ရဲ႕ ခံစားခ်က္ အျမင့္ဆံုးအခ်ိန္ကိုရရွိႏိုင္မယ့္ နည္းလမ္းကို သိရွိႏိုင္ဖို႔ အေထာက္ အကူျဖစ္ေစပါတယ္။ အမ်ိဳးသားေတြ အတြက္ကေတာ့ သုက္လႊတ္မႈကို လိုအပ္သလို ထိန္းခ်ဳပ္လာႏိုင္ေစပါတယ္။ စိတ္ဖိစီးမႈ ကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

ေမး။ ။ တကိုယ္ေရ စိတ္ေျဖျခင္းကို စြဲလမ္းခ့ဲရင္ ဒါမွမဟုတ္ အလြန္အကၽြံျပဳလုပ္ခဲ့ရင္ ဘာေတြျဖစ္ႏုိင္မလဲ။

ေျဖ။ ။ အႀကိမ္ေရ ဘယ္ေလာက္ဆိုရင္ ပံုမွန္ျဖစ္မလဲလို႔ လူေတြ သိခ်င္တတ္ၾကပါတယ္။ လူတိုင္း လူတိုင္း (အမ်ိဳးသမီး ျဖစ္ေစ၊ အမ်ိဳးသား ျဖစ္ေစ) ဘယ္ႏွစ္ႀကိမ္လုပ္မွာလဲဆိုတာ ကိုယ္တိုင္ဆံုးျဖတ္ႏိုင္ရပါမယ္။ တကိုယ္ေရ စိတ္ေျဖမႈလုပ္ျခင္းက စိတ္ဆႏၵကို မထိန္းသိမ္း ႏိုင္တဲ့ ပံုမွန္ မဟုတ္တဲ့ေရာဂါ (Obsessive/Compulsive disorder -OCD) ရဲ႕ လကၡဏာတခု လို႔ ဆိုႏိုင္ေပမယ့္ မၾကာခဏ တကိုယ္ေရ စိတ္ေျဖမႈ ျပဳလုပ္ ျခင္းေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ သက္ေရာက္မႈ မရွိဘူးလို႔ ပညာရွင္ေတြက လက္ခံ ထားပါတယ္။ အေလ့အထတခုကို ထပ္တလဲလဲ လုပ္ေနတဲ့အတြက္ မိမိရဲ႕ ေန႔စဥ္အလုပ္ေတြ၊ တာ၀န္ေတြနဲ႔ ေပါင္းသင္း ဆက္ဆံ ေရး ေတြ ကိုပါ ထိခိုက္ႏိုင္တဲ့ အတိုင္းအတာတခုျဖစ္လာၿပီဆိုရင္ေတာ့ OCD လို႔သတ္မွတ္ပါတယ္။

ေမး။ ။ တကိုယ္ေရစိတ္ေျဖမႈကို အလြန္အကၽြံျပဳလုပ္ခဲ့ရင္ ဘာဆုိးက်ဳိးေတြျဖစ္မလဲ။

ေျဖ။ ။ တန္ေဆး၊ လြန္ေဘး ဆိုတဲ့ စကားလိုပါပဲ။ အလြန္အကၽြံဆိုတာ ဘယ္ေနရာမွ မေကာင္းပါဘူး။ ဒါေပမယ့္ ဒီေနရာမွာေတာ့ အလြန္အကၽြံဆိုတာက လူတဦးခ်င္းစီရဲ႕ အေပၚမွာ မူတည္ေနပါတယ္။ တကိုယ္ေရ စိတ္ေျဖမႈကို အႀကိမ္ႀကိမ္ျပဳလုပ္ ေပ မယ့္ ေန႔စဥ္ အလုပ္ေတြ၊ တာ၀န္ေတြနဲ႔ ေပါင္းသင္း ဆက္ဆံ ေရး ေတြမွာ အားနည္းမႈေတြ ရွိမလာဘူး ဆိုရင္ အလြန္ အ ကၽြံလို႔ သတ္မွတ္လို႔ မရႏိုင္ပါဘူး။ ထိုခိုက္လာၿပီဆိုရင္ေတာ့ အလြန္အကၽြံျဖစ္ေနၿပီလို႔ ယူဆရေတာ့မွာ ျဖစ္ပါတယ္။

မၾကာခဏ တကိုယ္ေရစိတ္ေျဖမႈျပဳလုပ္ျခင္းနဲ႔ သုက္လႊတ္ျခင္းက အာ႐ံုေၾကာလုပ္ငန္းေတြကို လံႈ႔ေဆာ္ႏိႈးဆြေပးပါတယ္။ အလြန္အကၽြံ ႏိႈးဆြျခင္း က လိင္ ဟိုမုန္းေတြနဲ႔ Acetylcholine၊ Dopamine နဲ႔ Serotonin တို႔လို Neurotransmitters ေတြကို ပိုလွ်ံ ထုတ္လုပ္ ေစပါတယ္။ ဒီလို ဟိုမုန္းေတြ Neurotransmitters ေတြ အေျမာက္အမ်ား ျဖစ္လာတာေၾကာင့္ ဦးေႏွာက္နဲ႔ Adrenal ဂလင္းေတြက ဓာတ္ေျပာင္းလဲမႈေတြ အလြန္အကၽြံျပဳလုပ္မိေစၿပီးေတာ့ ကိုယ္ခႏၶာရဲ႕ ဓာတုစနစ္မွာ ႀကီးမားတဲ့ အေျပာင္းအလဲ ျဖစ္ေစ ပါတယ္။

တကိုယ္ေရစိတ္ေျဖမႈကို အလြန္အကၽြံျပဳလုပ္သူေတြ ႀကံဳေတြရႏိုင္တာက အာ႐ံုစူးစိုက္မႈ႕နဲ႔ မွတ္ဥာဏ္ျပႆနာျဖစ္ပါတယ္။ ဦးေႏွာက္မွာ Acetylcholine စီးထြက္မႈမ်ားေနၿပီဆိုတဲ့ အရိပ္လကၡဏာျဖစ္ပါတယ္။ သတိေမ့တာ၊ မွတ္ဥာဏ္ေတြေပ်ာက္ ဆံုးတာ၊ အာ႐ံု စူးစိုက္ႏိုင္မႈမရွိတာနဲ႔ eye floaters(ျမင္ကြင္းထဲမွာ အစက္အေပ်ာက္ေတြျမင္ေနရတာမ်ိဳး) ေတြျဖစ္တတ္ပါ တယ္။ ဒါဆိုရင္ ေန႔စဥ္အလုပ္ေတြ၊ တာ၀န္ေတြနဲ႔ ေပါင္းသင္း ဆက္ဆံ ေရး ေတြမွာ အဆင္မေျပမႈေတြရွိလာပါေတာ့မယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ သင့္ခႏၶာကိုယ္အတြင္းက ဓာတုစနစ္ကို ဟန္ခ်က္မွ်ေအာင္ျပန္လုပ္ဖို႔ လိုအပ္ေနပါၿပီ။

တကိုယ္ေရ စိတ္ေျဖျခင္းဆိုတာ လိင္စိတ္ဆႏၵနဲ႔ ဆိုင္တဲ့ သာမန္ အေလ့အထတခုပါ။ ဒါေပမယ့္ အလြန္ အကၽြံျပဳလုပ္ျခင္း၊ သာမန္ ထက္ပိုၿပီး စြဲလမ္းျခင္းက ႐ုပ္ပိုင္းဆိုင္ရာ အရေရာ၊ စိတ္ပိုင္းဆိုင္ရာအရပါ ဟန္ခ်က္ မညီမွ်မႈေတြကို ျဖစ္ေစႏိုင္ ပါတယ္။ ဒီကိစၥတခုထဲမွာမွ မဟုတ္ပါဘူး လူသားေတြရဲ႕ အျခား အေလ့အထ အမူ အက်င့္ေတြမွာဆိုရင္လည္း ထိုနည္းတူ ပါပဲ။

ဧရာ၀တီ-သတင္း႒ာန

Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ


Unicode

 တကိုယ်ရေ လိင် အာသာဖြေခြင်း၏ နောက်ဆက်တွဲ
......................................
တကိုယ်ရေ လိင် အာသာ ဖြေခြင်း ဓလေ့ဟာ ယဉ်ကျေးမှု လူမှု ပတ်ဝန်းကျင် အားလုံးမှာ ရှေးနှစ်ပေါင်း များစွာ ကတည်းက တည်ရှိ ခဲ့တဲ့ ဓလေ့ တခု ဖြစ်ပါတယ်။

လူရယ်လို့ ဖြစ် လာရင် လိင် ကိစ္စ ဆိုတာ ရှောင်လွဲ မရတဲ့ အရေး အရာ တခု ဖြစ်ပါတယ်။ အရွယ် ရောက် လာပြီ ဆိုတာနဲ့ အမျိုးသမီး၊ အမျိုးသားတွေ ကိုယ်တိုင် ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စား တာ၊ တောင့်တ လိုချင် တာတွေ ဖြစ် စမြဲပါပဲ။ လူပျိုဖော် ၀င်စ အရွယ်၊ အပျိုဖော်ဝင်စ အရွယ်တွေမှာ မိမိ ကိုယ်တိုင် တကိုယ်ရေ လိင် အာသာဖြေတာတွေ စမ်းသပ်ကြစမြဲ၊ လုပ်ကြစမြဲပါပဲ။ ဒါပေမယ့် လွန်ကျူးတဲ့ တကိုယ်ရေအာသာဖြေမှုတွေမှာ အနည်းနဲ့ အများဆိုသလို ဆိုးကျိုးတွေရှိသလို ၊ ကောင်းကျိုးတွေလည်းရှိပါတယ်။ ဒီတပတ်ရဲ့ လိင်မှုဆိုင်ရာ အသိပညာပေးမှုမှာတော့ တကိုယ်ရေ လိင်အာသာဖြေခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ အကျိုးနဲ့ ဆိုးကျိုးတွေကို တင်ပြလိုက်ပါတယ်။

မေး။ ။ တကိုယ်ရေ စိတ်ဖြေခြင်း (Masturbation) ဆိုတာဘာလဲ။

တကိုယ်ရေ စိတ်ဖြေခြင်းဆိုတာ စိတ်သာယာမှုအတွက် မိမိရဲ့ လိင် အင်္ဂါတွေကို ထိတွေ့ပွတ်သပ်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် တကိုယ်ရေ စိတ်ဖြေခြင်း ဆိုတာ တယောက်တည်းလုပ်တဲ့ လိင်မှုကိစ္စပါပဲ။

ဖြေ။ ။ တကိုယ်ရေ အာသာဖြေတာကို ဘယ်သူတွေလုပ်ကြသလဲ။

၁၉၄၀ နှောင်းပိုင်းနှစ်တွေနဲ့ ၁၉၅၀ အစောပိုင်း နှစ်တွေမှာ Alfred Kinsey က လူသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အလေ့အထ တွေနဲ့ ပတ်သက်လို့ သူ၁၅ နှစ်ကျော်ကြာ သုတေသနပြုထားတဲ့ ရလဒ်တွေကို ပထမဆုံး ထုတ်ဝေခဲ့ပါတယ်။သူ့ရဲ့ လေ့လာ တွေ့ရှိမှု တွေအရ အမျိုးသား ၉၆ ရာခိုင်နှုန်းနီးပါးနဲ့ အမျိုးသမီး ၆၀ရာခိုင်နှုန်း နီးပါးဟာ တကိုယ်ရေစိတ်ဖြေမှု ပြုလုပ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ ယဉ်ကျေးမှု အယူအဆတွေနဲ့ တန်ဖိုးတွေ အမျိုးမျိုးကွဲပြားမှုတွေရှိနေပေမယ့် တကိုယ်ရေ စိတ်ဖြေခြင်းက လူ့အသိုင်း အဝိုင်း အဖွဲ့အစည်း အားလုံးမှာရှိနေတဲ့ အရာဖြစ်ပါတယ်။

မေး။ ။ တကိုယ်ရေ စိတ်ဖြေခြင်းမှာ ဘေးထွက် ဆိုးကျိုးရှိနိုင်သလား။

ဖြေ။ ။ တကိုယ်ရေ စိတ်ဖြေခြင်းကြောင့် ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ လက်ဖဝါးမှာ အမွှေးအမျှင်တွေပေါက်လာမယ်၊ စိတ်ဖောက် ပြန်နိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခန္ဓာက အားအင်တွေ အလွန်အမင်း ဆုံးရှုံးသွားလိမ့်မယ်ဆိုတဲ့ အယူအဆတွေ မှားယွင်းကြောင်း ဆေးသိပ္ပံပညာက သက်သေပြသနိုင်ခဲ့ပါတယ်။ တချို့ကတော့ ဒီလိုလုပ်တာဟာ အပြစ်ရှိတယ်၊ ညစ်ညမ်းမှု ဖြစ်တယ်လို့ စိတ်ထဲမှာ ခံစားရတယ်လို့ ဆိုပါတယ်။ တကိုယ်ရေ စိတ်ဖြေခြင်း အတွက်သာမဟုတ်ဘဲ ဘယ်လိုကိစ္စမျိုး အတွက်ပဲဖြစ်ဖြစ် မကောင်းတဲ့ စိတ်ခံစား မှု ရှိနေမယ်ဆိုရင် လူ တယောက်ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။ အမေရိကန် ဆေးပညာအသိုင်း အဝိုင်းက တကိုယ်ရေစိတ်ဖြေခြင်းကို သာမန်ကိစ္စတခု အဖြစ်လက်ခံထားကြောင်း ၁၉၇၂ ခုနှစ်ထုတ် လူသားတို့၏ ဖိုမ လက္ခဏာ (Human Sexuality) စာအုပ်မှာဖော်ပြထားပါတယ်။

မေး။ ။ လူတွေဘာကြောင့် တကိုယ်ရေ စိတ်ဖြေမှုကိုလုပ်ကြသလဲ။

ဖြေ။ ။ လူတွေ တကိုယ်ရေ စိတ်ဖြေမှုကိုလုပ်ကြတဲ့ အကြောင်းပြချက်တွေကတော့ သာယာမှုကို ခံစားဖို့၊ တင်းမာမှုတွေ လျှော့ချဖို့၊ ဖိအားတွေကို လျှော့ချဖို့ ၊ စိတ်ပေါ့ပါးစေဖို့၊ လိင်ဆက်ဆံဖော် မရှိလို့ ၊ဒါမှမဟုတ် လိင်ဆက်ဆံမှု မလုပ်ချင်လို့၊ ဘယ်လို ခံစားချက်က ကောင်းမလဲဆိုတာနဲ့ ဘယ်လို နှိုးဆွရမယ် ဒါမှမဟုတ် ဘယ်လို သာယာမှု ရနိုင်မယ် ဆိုတာတွေကို နားလည်ဖို့ ဖြစ်ကြပါတယ်။

မေး။ ။ တကိုယ်ရေး စိတ်ဖြေခြင်းမှ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ။

ဖြေ။ ။ ကိုယ့်ဘာသာ သာယာမှု ရယူခြင်းက စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ အကျိုးကျေးဇူးတွေ ရှိကြောင်း လေ့ လာမှု တော်တော်များများက တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးအများအပြားအတွက် ဓမ္မတာမလာခင် ခံစားရတဲ့ စိတ်တင်းကျပ်မှုတွေကို သက်သာစေပါတယ်။ လိင်ဆက်ဆံမှုကို ရှောင်ရှားဖို့ ဆုံးဖြတ်ထားသူတွေ၊ လက်ရှိ အချိန်မှာ လိင်ဆက်ဆံ ဖော်မရှိတဲ့ သူတွေအတွက် ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ထွက်ပေါက်တခု ဖြစ်ပါတယ်။

တကိုယ်ရေ စိတ်ဖြေခြင်းက စိတ်ချလုံခြုံတဲ့ နည်းလမ်းတခု ဖြစ်ပြီး တော့ ပဋိသန္ဓေတားဆီးရေးနဲ့ HIV အပါအဝင် လိင်ဆက်ဆံမှုကနေ ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ရာမှာလည်း အထောက် အကူဖြစ်ပါတယ်။ လိင်ဆက်ဆံမှုကို လက်တွေ့ပြုလုပ်ဖို့ အသင့် မဖြစ်သေး သူတွေ အတွက်လည်း တကိုယ်ရေ စိတ်ဖြေခြင်းက စိတ် ကျေနပ် နှစ်သိမ့်မှုကို ခံစားရစေပါတယ်။ လိင် အင်္ဂါတွေ တဝိုက်မှာ သွေးစီး ဆင်း မှုတိုးလာစေတဲ့ အတွက် အဲဒီအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင် အောင် အထောက်အကူပေးပါတယ်။ ကောင်း ကောင်း လည်း အိပ်ပျော်စေနိုင်ပါတယ်။ လူတွေ အနေနဲ့ သူတို့ကိုယ်ခန္ဓာနဲ့ ပိုပြီး အကျွမ်းတဝင်ဖြစ်ဖို့ သက်တောင့်သက်သာရှိလာဖို့ အထောက် အကူ ပေးပါတယ်။

လိင်ပိုင်းဆိုင်ရာ ကိုယ်အစိတ်အပိုင်းတခုခု ပုံမှန်အလုပ်မလုပ်ခြင်းနဲ့ ကြံုတွေနေရသူတွေ ပြန်လည်ကောင်းမွန် လာစေတဲ့ ကုထုံး နည်းပညာ တခုလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ မိမိတို့ရဲ့ ခံစားချက် အမြင့်ဆုံးအချိန်ကိုရရှိနိုင်မယ့် နည်းလမ်းကို သိရှိနိုင်ဖို့ အထောက် အကူဖြစ်စေပါတယ်။ အမျိုးသားတွေ အတွက်ကတော့ သုက်လွှတ်မှုကို လိုအပ်သလို ထိန်းချုပ်လာနိုင်စေပါတယ်။ စိတ်ဖိစီးမှု ကိုလည်း လျှော့ချပေးပါတယ်။

မေး။ ။ တကိုယ်ရေ စိတ်ဖြေခြင်းကို စွဲလမ်းခဲ့ရင် ဒါမှမဟုတ် အလွန်အကျွံပြုလုပ်ခဲ့ရင် ဘာတွေဖြစ်နိုင်မလဲ။

ဖြေ။ ။ အကြိမ်ရေ ဘယ်လောက်ဆိုရင် ပုံမှန်ဖြစ်မလဲလို့ လူတွေ သိချင်တတ်ကြပါတယ်။ လူတိုင်း လူတိုင်း (အမျိုးသမီး ဖြစ်စေ၊ အမျိုးသား ဖြစ်စေ) ဘယ်နှစ်ကြိမ်လုပ်မှာလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရပါမယ်။ တကိုယ်ရေ စိတ်ဖြေမှုလုပ်ခြင်းက စိတ်ဆန္ဒကို မထိန်းသိမ်း နိုင်တဲ့ ပုံမှန် မဟုတ်တဲ့ရောဂါ (Obsessive/Compulsive disorder -OCD) ရဲ့ လက္ခဏာတခု လို့ ဆိုနိုင်ပေမယ့် မကြာခဏ တကိုယ်ရေ စိတ်ဖြေမှု ပြုလုပ် ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု မရှိဘူးလို့ ပညာရှင်တွေက လက်ခံ ထားပါတယ်။ အလေ့အထတခုကို ထပ်တလဲလဲ လုပ်နေတဲ့အတွက် မိမိရဲ့ နေ့စဉ်အလုပ်တွေ၊ တာဝန်တွေနဲ့ ပေါင်းသင်း ဆက်ဆံ ရေး တွေ ကိုပါ ထိခိုက်နိုင်တဲ့ အတိုင်းအတာတခုဖြစ်လာပြီဆိုရင်တော့ OCD လို့သတ်မှတ်ပါတယ်။

မေး။ ။ တကိုယ်ရေစိတ်ဖြေမှုကို အလွန်အကျွံပြုလုပ်ခဲ့ရင် ဘာဆိုးကျိုးတွေဖြစ်မလဲ။

ဖြေ။ ။ တန်ဆေး၊ လွန်ဘေး ဆိုတဲ့ စကားလိုပါပဲ။ အလွန်အကျွံဆိုတာ ဘယ်နေရာမှ မကောင်းပါဘူး။ ဒါပေမယ့် ဒီနေရာမှာတော့ အလွန်အကျွံဆိုတာက လူတဦးချင်းစီရဲ့ အပေါ်မှာ မူတည်နေပါတယ်။ တကိုယ်ရေ စိတ်ဖြေမှုကို အကြိမ်ကြိမ်ပြုလုပ် ပေ မယ့် နေ့စဉ် အလုပ်တွေ၊ တာဝန်တွေနဲ့ ပေါင်းသင်း ဆက်ဆံ ရေး တွေမှာ အားနည်းမှုတွေ ရှိမလာဘူး ဆိုရင် အလွန် အ ကျွံလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ ထိုခိုက်လာပြီဆိုရင်တော့ အလွန်အကျွံဖြစ်နေပြီလို့ ယူဆရတော့မှာ ဖြစ်ပါတယ်။

မကြာခဏ တကိုယ်ရေစိတ်ဖြေမှုပြုလုပ်ခြင်းနဲ့ သုက်လွှတ်ခြင်းက အာရုံကြောလုပ်ငန်းတွေကို လှုံ့ဆော်နှိုးဆွပေးပါတယ်။ အလွန်အကျွံ နှိုးဆွခြင်း က လိင် ဟိုမုန်းတွေနဲ့ Acetylcholine၊ Dopamine နဲ့ Serotonin တို့လို Neurotransmitters တွေကို ပိုလျှံ ထုတ်လုပ် စေပါတယ်။ ဒီလို ဟိုမုန်းတွေ Neurotransmitters တွေ အမြောက်အများ ဖြစ်လာတာကြောင့် ဦးနှောက်နဲ့ Adrenal ဂလင်းတွေက ဓာတ်ပြောင်းလဲမှုတွေ အလွန်အကျွံပြုလုပ်မိစေပြီးတော့ ကိုယ်ခန္ဓာရဲ့ ဓာတုစနစ်မှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စေ ပါတယ်။

တကိုယ်ရေစိတ်ဖြေမှုကို အလွန်အကျွံပြုလုပ်သူတွေ ကြံုတွေရနိုင်တာက အာရုံစူးစိုက်မှု့နဲ့ မှတ်ဉာဏ်ပြဿနာဖြစ်ပါတယ်။ ဦးနှောက်မှာ Acetylcholine စီးထွက်မှုများနေပြီဆိုတဲ့ အရိပ်လက္ခဏာဖြစ်ပါတယ်။ သတိမေ့တာ၊ မှတ်ဉာဏ်တွေပျောက် ဆုံးတာ၊ အာရုံ စူးစိုက်နိုင်မှုမရှိတာနဲ့ eye floaters(မြင်ကွင်းထဲမှာ အစက်အပျောက်တွေမြင်နေရတာမျိုး) တွေဖြစ်တတ်ပါ တယ်။ ဒါဆိုရင် နေ့စဉ်အလုပ်တွေ၊ တာဝန်တွေနဲ့ ပေါင်းသင်း ဆက်ဆံ ရေး တွေမှာ အဆင်မပြေမှုတွေရှိလာပါတော့မယ်။ ဒီလိုဖြစ်လာပြီဆိုရင် သင့်ခန္ဓာကိုယ်အတွင်းက ဓာတုစနစ်ကို ဟန်ချက်မျှအောင်ပြန်လုပ်ဖို့ လိုအပ်နေပါပြီ။

တကိုယ်ရေ စိတ်ဖြေခြင်းဆိုတာ လိင်စိတ်ဆန္ဒနဲ့ ဆိုင်တဲ့ သာမန် အလေ့အထတခုပါ။ ဒါပေမယ့် အလွန် အကျွံပြုလုပ်ခြင်း၊ သာမန် ထက်ပိုပြီး စွဲလမ်းခြင်းက ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ဟန်ချက် မညီမျှမှုတွေကို ဖြစ်စေနိုင် ပါတယ်။ ဒီကိစ္စတခုထဲမှာမှ မဟုတ်ပါဘူး လူသားတွေရဲ့ အခြား အလေ့အထ အမူ အကျင့်တွေမှာဆိုရင်လည်း ထိုနည်းတူ ပါပဲ။

ဧရာဝတီ-သတင်းဋ္ဌာန
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ 

0 Comments