Last post

နာရီ၀က္အတြင္း ရင္သားေတြကို တစ္ဆမွတစ္ဆခြဲထိ ႀကီးထြားေစတဲ့ နည္းလမ္းသစ္ ဂ်ပန္မွာ ေခတ္စားHealth

အမ်ဳိးသမီးေတြရဲ႕ ရင္သားအရြယ္အစားကို တမုဟုတ္ခ်င္းႀကီးထြားေစတဲ့ အလွအပျပဳျပင္ေရးနည္းလမ္းတစ္ခု ဂ်ပန္အမ်ဳိးသမီးေတြအၾကား လ်င္ျမန္တဲ့ႏႈန္းနဲ႔ ေရပန္းစားေက်ာ္ၾကားေနတယ္လို႔ သိရပါတယ္။

ရင္သားေတြထဲ ေဆးရည္ထိုးထည့္တဲ့ အဲ့ဒီနည္းက ရင္သားကို ခြဲစိတ္စရာမလိုဘဲ မိနစ္ ၃၀ အတြင္း တစ္ဆမွ တစ္ဆခြဲထိ ႀကီးထြားလာေစႏိုင္ပါတယ္။

ဒါေပမဲ့ ဒီအာနိသင္က တစ္ရက္ပဲ ခံမွာမို႔ ဒီနည္းလမ္းသံုးၿပီး ၂၄ နာရီျပည့္တာနဲ႔ သင့္ရင္သားေလးေတြ နဂိုအတိုင္း ျပန္ျဖစ္သြားမွာပါ။

အဲ့အာနိသင္ေၾကာင့္ပဲ ဒီနည္းလမ္းကို Cinderalla breast augmentation စင္ဒရဲလားရင္သားႀကီးထြားျခင္း လို႔ ေယဘုယ်အားျဖင့္ ေခၚပါတယ္။

ေဆးကုသမႈမွာ ခႏၶာကိုယ္တြင္းရည္ကို ျပန္ျဖည့္ဖို႔ သံုးေလ့ရွိတဲ့ ကယ္လ္ဆီယံ ကလို႐ိုဒ္၊ ပိုတက္ဆီယံ ကလို႐ိုဒ္၊ ဆိုဒီယံလက္တိတ္၊ ဆိုဒီယံကလို႐ိုဒ္ တို႔ေရာစပ္ထားတဲ့ Lactated Ringer’s ေပ်ာ္ရည္လို႔ေခၚတဲ့ အရည္ကို ရင္သားထဲ ထိုးသြင္းၿပီး ယာယီရင္သားႀကီးထြားေစတာပဲ ျဖစ္ပါတယ္။

အဲ့ေပ်ာ္ရည္ကို ခႏၶာကိုယ္ကေန စြန္႔ထုတ္ႏိုင္ၿပီး ရင္သားတစ္သွ်ဴးေတြကိုလည္း မပ်က္စီးေစဘူးလို႔ ဒီနည္းလမ္းကို တီထြင္တဲ့ Tokyo Isea Clinic မွ ေျပာပါတယ္။

ပီးေတာ့ ေနာက္ပိုင္းမွာ မိခင္ႏို႔တိုက္ေကၽြးဖို႔ အစီအစဥ္ရွိတဲ့အမ်ဳိးသမီးေတြအတြက္ ဒီနည္းလမ္းက ေဘးကင္းစိတ္ခ်ရတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

Credit: ဖိုးသူေတာ္
Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ


Unicode

အမျိုးသမီးတွေရဲ့ ရင်သားအရွယ်အစားကို တမုဟုတ်ချင်းကြီးထွားစေတဲ့ အလှအပပြုပြင်ရေးနည်းလမ်းတစ်ခု ဂျပန်အမျိုးသမီးတွေအကြား လျင်မြန်တဲ့နှုန်းနဲ့ ရေပန်းစားကျော်ကြားနေတယ်လို့ သိရပါတယ်။

ရင်သားတွေထဲ ဆေးရည်ထိုးထည့်တဲ့ အဲ့ဒီနည်းက ရင်သားကို ခွဲစိတ်စရာမလိုဘဲ မိနစ် ၃၀ အတွင်း တစ်ဆမှ တစ်ဆခွဲထိ ကြီးထွားလာစေနိုင်ပါတယ်။

ဒါပေမဲ့ ဒီအာနိသင်က တစ်ရက်ပဲ ခံမှာမို့ ဒီနည်းလမ်းသုံးပြီး ၂၄ နာရီပြည့်တာနဲ့ သင့်ရင်သားလေးတွေ နဂိုအတိုင်း ပြန်ဖြစ်သွားမှာပါ။

အဲ့အာနိသင်ကြောင့်ပဲ ဒီနည်းလမ်းကို Cinderalla breast augmentation စင်ဒရဲလားရင်သားကြီးထွားခြင်း လို့ ယေဘုယျအားဖြင့် ခေါ်ပါတယ်။

ဆေးကုသမှုမှာ ခန္ဓာကိုယ်တွင်းရည်ကို ပြန်ဖြည့်ဖို့ သုံးလေ့ရှိတဲ့ ကယ်လ်ဆီယံ ကလိုရိုဒ်၊ ပိုတက်ဆီယံ ကလိုရိုဒ်၊ ဆိုဒီယံလက်တိတ်၊ ဆိုဒီယံကလိုရိုဒ် တို့ရောစပ်ထားတဲ့ Lactated Ringer’s ပျော်ရည်လို့ခေါ်တဲ့ အရည်ကို ရင်သားထဲ ထိုးသွင်းပြီး ယာယီရင်သားကြီးထွားစေတာပဲ ဖြစ်ပါတယ်။

အဲ့ပျော်ရည်ကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်နိုင်ပြီး ရင်သားတစ်သျှူးတွေကိုလည်း မပျက်စီးစေဘူးလို့ ဒီနည်းလမ်းကို တီထွင်တဲ့ Tokyo Isea Clinic မှ ပြောပါတယ်။

ပီးတော့ နောက်ပိုင်းမှာ မိခင်နို့တိုက်ကျွေးဖို့ အစီအစဉ်ရှိတဲ့အမျိုးသမီးတွေအတွက် ဒီနည်းလမ်းက ဘေးကင်းစိတ်ချရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော်

0 Comments