Last post

လိင္ပညာေပး သင္ခန္းစာ သင္ျဖစ္ေအာင္ သင္ၾကားပါ





ေက်ာင္းေတြမွာ လိင္ပညာေပး သင္ခန္းစာေတြ သင္ၾကားဖို႔ ျပ႒ာန္းထားေပမဲ့ သင္ၾကားေပးမႈ အားနည္းတယ္လို႔ အေျခခံပညာ ဆရာ ဆရာမတခ်ိဳ႕ဆီက သိရပါတယ္။
မႏၱေလးတိုင္းေဒသႀကီး ခ်မ္းျမသာ စည္ၿမိဳ႕နယ္ အမွတ္ (၃၅) အေျခခံပညာ အထက္တန္းေက်ာင္းက မူလတန္းျပ ဆရာမ ေဒၚနီလာဝင္းက “အဓိက က ေအာင္ခ်က္အတြက္ကို မနည္းလုပ္ေနတဲ့ အခ်ိန္မွာ ဒီဘာသာရပ္အပိုင္းကို ေျပာရရင္ ဒီသင္ခန္းစာကို ကြ်န္မတို႔ က်ယ္က်ယ္ျပန္႔ျပန္႔ မသင္ႏိုင္ေသးပါဘူး၊ တြဲဖက္သင္႐ိုးလဲျဖစ္ေနတယ္၊ ဖိအားေတြ အမ်ား ႀကီး မရွိရင္ေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ သင္လို႔ရတယ္”လို႔ ေျပာပါတယ္။
ေက်ာင္းေတြမွာ လိင္ပိုင္းဆိုင္ရာ ပညာေပးအေနနဲ႔ ဘဝတြက္တာ ကြ်မ္းက်င္စရာဘာသာရပ္ထဲမွာ ေခါင္းစဥ္တစ္ခုအေနနဲ႔ မူလတန္းအဆင့္မွာ တတိယတန္း ကေန စတင္သင္ၾကားေပးတယ္လို႔ သိရပါတယ္။
သင္ၾကားေပးတဲ့ အခါမွာလည္း အတန္း၊ အသက္အရြယ္အလိုက္ ေခါင္းစဥ္ေတြ ခြဲျခားထားပါတယ္။ အလယ္တန္းအဆင့္မွာဆိုရင္ ပဥၥမတန္းကေန အ႒မတန္း အထိ သင္ၾကားေပးတာေတြ ရွိတယ္လို႔ သိရပါတယ္။
မူလတန္းအဆင့္မွာ သင္ၾကားဖို႔ ဘဝတြက္တာ ကြ်မ္းက်င္စရာ ဘာသာရပ္မွာ အိတ္ခ်္အိုင္ဗီနဲ႔ ပတ္သက္တဲ့ သင္ခန္းစာေတြ သင္ၾကားေပးတဲ့ အခါမွာ လိင္ပိုင္းဆိုင္ ရာ ပညာေပး အေၾကာင္းေတြကိုပါ ထည့္သြင္းသင္ၾကားေပးရတယ္လို႔ သိရပါတယ္။
အလယ္တန္းအဆင့္ သင္ၾကားတဲ့အခါမွာ ဘဝတြက္တာ ကြ်မ္းက်င္စရာ ဘာသာရပ္ထဲမွာပဲ ဆယ္ေက်ာ္သက္အရြယ္ သတိထားဖြယ္ဆိုတဲ့ ေခါင္းစဥ္နဲ႔ သင္ၾကားေပးရတာျဖစ္တယ္။တစ္စံုတစ္ေယာက္က လိင္ပိုင္းဆိုင္ရာဆြဲေဆာင္မႈေတြ ျပဳလုပ္လာရင္ ျပန္လည္ေရွာင္ထြက္နည္းေတြအပါအဝင္ သတိထားသင့္တဲ့ အခ်က္ေတြကို သင္ၾကားေပးတယ္လို႔ သိရပါတယ္။
‘ေရွာင္ရတိမ္းရမယ့္အခ်က္ေတြကို အဓိကထားၿပီးေျပာတယ္၊ ငါးတန္းကေန ရွစ္တန္းအထိက ဆယ္ေက်ာ္သက္အရြယ္ သတိထားဖြယ္ဆိုတဲ့ ေခါင္းစဥ္နဲ႔လာတာ၊ အဲဒီထဲမွာ ေခါင္းစဥ္ခြဲေလးေတြကို သူ႔အဆင့္နဲ႔လိုက္ၿပီး သင္ေပးရတယ္၊ ေယာက်ာ္းေလးေတြက ဆြဲေဆာင္ရင္ကိုယ္ဘယ္လို ျငင္းႏိုင္မလဲေပါ့၊  အဲဒီလို သင္ေပးရတယ္၊ သူတို႔ဆီက ရတဲ့အခ်က္ အလက္နဲ႔ ကြ်န္မတို႔က ေထာက္ေပးတဲ့ အခ်က္အလက္နဲ႔ေပါင္းၿပီး သင္ရတာေပါ့၊ စကားလံုးအသံုးအႏႈန္းကအစ ဂ႐ု စိုက္ရတယ္၊ သင္ရတာေတာ့ နည္းနည္းခက္တာေပါ့၊ ကေလးေတြကို အရင္စဥ္းစားခိုင္းၿပီး သူတို႔ေျဖတဲ့ အေျဖကို မူတည္ ၿပီး ေျပာျပရတာေပါ့၊ အေျခအေနမွာက်ေတာ့ အစံုရွိႏိုင္ေတာ့သူတို႔ေျပာျပတဲ့ အေျခအေနမွာ ဘယ္လို လုပ္မလဲလို႔ ျပန္ ေမးရတာေပါ့၊ ႀကံဳရတဲ့ အေျခအေနခ်င္းက မတူညီၾကဘူးေလ၊ ျဖစ္ရပ္ကိုခ်ျပၿပီး ဘယ္လိုလုပ္သင့္တယ္ဆိုတာသူတို႔ဘက္က အႀကဉာဏ္ယူၿပီးသင္ရတယ္”လို႔ ဆရာမ ေဒၚနီလာဝင္းကရွင္းျပပါတယ္။
အခ်ိန္မလံုေလာက္
အေျခခံပညာေက်ာင္းေတြမွာ လိင္ပညာေပးနဲ႔ ပတ္သက္ၿပီး သင္ၾကားေပးတဲ့ အခါမွာ စာသင္ခ်ိန္ မလံုေလာက္တာ ေၾကာင့္ သတ္မွတ္ထားတဲ့ အခ်ိန္ေတြမွာ  သင္ၾကား မေပးႏိုင္တာေတြလည္းရွိတယ္။
ေက်ာင္းေတြမွာ လိင္ပိုင္းဆိုင္ရာပညာေရးနဲ႔ပတ္သက္ၿပီး သင္ၾကားမႈ အား နည္းတာက ဆရာ ဆရာမေတြအေနနဲ႔ ဘာသာရပ္ေတြနဲ႔ပတ္သက္ၿပီး သတ္မွတ္ ထားတဲ့ လပိုင္းမာတိကာေတြ ၿပီးေအာင္ သင္ၾကားရတာေၾကာင့္ တြဲဖက္ဝင္ ဘာသာရပ္အတြက္ အခ်ိန္မေပးႏိုင္တာ ျဖစ္တယ္။
ပဲခူးတိုင္းေဒသႀကီး အမွတ္(၇) အေျခခံပညာ အထက္တန္းေက်ာင္းက အထက္ တန္းျပဆရာ ဦးဆန္းမ်ိဳးေအာင္က “လက္ရွိ ပညာေရးစနစ္က အဲဒါေတြကို အဓိက ထားလို႔မရတဲ့ ပညာေရးစနစ္ျဖစ္ေနတယ္၊ စာရိတၱေတြ ၊ ရသေတြဆိုတာ မေျပာနဲ႔၊ သင္ရတဲ့ သင္ခန္းစာက မ်ားေနေတာ့ အခ်ိန္မေပးႏိုင္တာ လက္ေတြ႕ႀကံဳေနရတာပဲ၊ အခ်ိန္မေပးႏိုင္ဘူး၊ သင္ခန္းစာ ဖိ အားေတြက တအားမ်ားတယ္၊ စာေမးပြဲေတြကလဲ ကုစားေတြေရာ၊ အခ်ိန္ပိုေတြ ေရာ၊ ညေနေတြေရာ ၊ မနက္ေတြေရာ သင္ရတာေတြ မ်ားေနေတာ့ တြဲဖက္သင္႐ိုးေတြကို ဘာမွလုပ္မေပးႏိုင္ဘူး ျဖစ္ေနတယ္ ”လို႔ ေျပာပါတယ္။
တခ်ိဳ႕ေက်ာင္းေတြမွာ ဘဝတြက္တာ ကြ်မ္းက်င္စရာ သင္ခန္းစာေတြနဲ႔ ပတ္သတ္လို႔ လံုးဝမသင္ၾကားတာမ်ိဳး ရွိေနၿပီး ေက်ာင္းစစ္ေဆးေရးေတြ လာေရာက္တဲ့ အခါမွသာ ႐ုပ္ျပအေနနဲ႔ သင္ၾကားေပး တယ္လို႔ သိရပါတယ္။
ဘဝတြက္တာ ကြ်မ္းက်င္စရာ ဘာသာရပ္ကို တြဲဖက္သင္႐ိုးဝင္ ဘာသာရပ္ အျဖစ္ ျပ႒ာန္းထားပါတယ္။ လိင္ပိုင္းဆိုင္ ရာ ပညာေရးသင္ခန္းစာေတြကို ၿပီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ပညာသင္ႏွစ္မွာ စတင္ သင္ၾကားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
အဲသည္သင္ခန္းစာကို သင္ၾကားေပး တဲ့အခါမွာ စကားလံုးအသံုးအႏႈန္းေတြက အစ ဂ႐ုတစိုက္ သင္ၾကားေပးဖို႔နဲ႔ လိုအပ္ တဲ့ ဆိုလိုရင္းကို သေဘာေပါက္ နားလည္လြယ္ေအာင္ သင္ၾကားေပးဖို႔ ဆရာ  ဆရာမေတြကို ေလ့က်င့္သင္ၾကားေပးထား တယ္လို႔ သိရပါတယ္။
‘ဂ႐ုတစိုက္နဲ႔ ဒီသင္ခန္းစာကို သင္ ႏိုင္မယ္ဆို ကေလးေတြအတြက္ အမ်ားႀကီး အက်ိဳးရွိတယ္၊ ဒါေပမဲ့ ကြ်န္မတို႔မွာ က်န္တဲ့ သင္႐ိုးညႊန္းတမ္း ဖိအားေတြက မ်ားေတာ့ ဒါကိုအားေပ်ာ့တယ္”လို႔ ေဒၚနီ လာဝင္းက ေျပာပါတယ္။
စီမံခ်က္နဲ႔လုပ္ပါ
လတ္တေလာမွာ သက္ငယ္မုဒိမ္းမႈေတြ ျဖစ္ေပၚေနတာေၾကာင့္ ေက်ာင္းေတြမွာ လိင္ပိုင္းဆိုင္ရာပညာေပးလုပ္ငန္းေတြကို စီမံခ်က္ေရးဆြဲၿပီး အေကာင္အထည္ ေဖာ္ေဆာင္ရြက္ဖို႔လိုတယ္လို႔ ေလ့လာသူ တစ္ခ်ိဳ႕က ေထာက္ျပေျပာဆိုပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚညိဳညိဳသင္းက “လုပ္မယ္ဆိုရင္ေတာ့ လုပ္စရာေတြခ်ည္းပါပဲ၊ ေက်ာင္းေတြမွာ လုပ္မယ္ဆိုရင္ တကယ္တတ္ကြ်မ္းတဲ့ ပညာရွင္ေတြနဲ႔ ေဆြးေႏြးၿပီး အဆင့္အလိုက္ အသက္အရြယ္အလိုက္ စီမံခ်က္ေရးဆြဲၿပီး လုပ္ရမွာပါ”လို႔ ေျပာပါတယ္။
ေက်ာင္းေတြမွာ လက္ရွိျပ႒ာန္းထားတဲ့ လိင္ပိုင္းဆိုင္ရာ ပညာေပးသင္ခန္းစာေတြကို ထိေရာက္ေအာင္ သင္ၾကားေပးႏိုင္မယ္ဆိုရင္ ေက်ာင္းသူေက်ာင္းသားေတြအတြက္ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ခံရမႈေတြ၊  အႏိုင္က်င့္ခံရမႈေတြ နည္းပါးလာၿပီး လိင္ပိုင္းဆိုင္ရာ ဆြဲေဆာင္သူေတြနဲ႔ ေတြ႕ ႀကံဳလာရင္ ေရွာင္ထြက္ဖို႔ အခြင့္အေရးကို စဥ္းစားႏိုင္တယ္လို႔ လိင္ပိုင္းဆိုင္ရာ ပညာေပး ေဆာင္ရြက္ေနသူတခ်ိဳ႕ကဆိုပါတယ္။
“က်န္တဲ့စာရင္းဇယားေတြ လုပ္ေနရေတာ့ သင္ခန္းစာက မမီဘူး၊ မမီေတာ့ ရသ ခ်ိန္လို၊ ဘဝတြက္တာ ခ်ိန္ေတြမွာ ဝင္ၿပီးသင္ရတယ္၊ လိင္ပညာေပး မေျပာနဲ႔ အျခားလဲ ဘာမွမေျပာႏိုင္ဘူး၊ သင္ခန္းစာပဲအမီလိုက္သင္ရတယ္”လို႔ အထက္တန္းျပ ဆရာတစ္ဦးက ေျပာပါတယ္။
လိင္ပိုင္းဆိုင္ရာ ပညာေပး သင္ခန္းစာေတြကို ေက်ာင္းေတြမွာ သင္ၾကားေပး႐ံုနဲ႔ ကေလးေတြအတြက္ စိတ္ခ်မႈမရႏိုင္ေသးဘဲ ေက်ာင္းသားမိဘေတြနဲ႔ ဆရာ၊  ဆရာမေတြ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုတယ္လို႔ ဆိုသူလည္း ရွိပါတယ္။
‘ေက်ာင္းကေန က်ယ္က်ယ္ျပန္႔ျပန္႔ သင္လိုက္တယ္ဆိုေပမဲ့ ေနထိုင္တဲ့ ပတ္ ဝန္းက်င္ မလံုၿခံဳမႈဆိုတာ ရွိေနတယ္၊ ေနထိုင္မႈပံုစံကလဲ အမ်ားႀကီးမူတည္ေတာ့ ေက်ာင္းက ဆရာဆရာမေတြေရာ ၊ မိဘေတြေရာ ပူးေပါင္းဖို႔လိုတယ္˘လို႔ ေဒၚနီလာ ဝင္းက ေျပာပါတယ္။
ေက်ာင္းသူေက်ာင္းသားေတြအတြက္ လိင္ပိုင္းဆိုင္ရာ ပညာေပး အသိေတြတိုးလာဖို႔ ေက်ာင္းေတြမွာ စာၾကည့္တိုက္ေတြကို အသက္ဝင္လာေအာင္ လုပ္ေဆာင္ေပးသင့္ပါတယ္။ က်င့္ဝတ္နဲ႔ဆိုင္တဲ့ သင္ခန္းစာေတြကို သင္ၾကားေပးဖို႔ လိုပါတယ္။
အေျခခံပညာ ဦးစီးဌာန ဦးစီးအရာရွိ ဦးေငြတိုးက “အဓိကကေတာ့ လူ႕က်င့္ဝတ္သိကၡာနဲ႔ဆိုင္တယ္၊ ကေလးေတြကို အရွက္အေၾကာက္ရွိေအာင္၊ သိမ္သိမ္ေမြ႕ ေမြ႕ေနတတ္ေအာင္ စိတ္ပိုင္းဆိုင္ရာ ေလ့က်င့္မႈေတြ၊  အမူအက်င့္နဲ႔ဆိုင္တဲ့ ေလ့ က်င့္မႈေတြကို ေလ့က်င့္ေပးမယ္ဆိုရင္ ဒီလိင္ပိုင္းဆိုင္ရာ ပညာေပးဆိုတာ အထူး သင္စရာ မလိုေတာ့ဘူး၊ သူ႕အသိစိတ္ဓာတ္နဲ႔သူ ျပင္သြားမွာပဲ၊ အသိပညာ ဗဟုသုတရေအာင္ ေက်ာင္းစာၾကည့္တိုက္ေတြကို ဖြင့္ေပးရမယ္”လို႔ ေျပာပါတယ္။

သင့္ကေလးကို ဒါေတြ ေျပာျပထားပါ

ရန္ကုန္၊ ဒီဇင္ဘာ ၁၁ – အသက္ငယ္ေသးတဲ့ ကေလးေတြကို လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ခံရမႈေတြကေန ေရွာင္ရွားႏိုင္ေအာင္ မိဘေတြအေနနဲ႔ ဂ႐ုတစိုက္မွာ ၾကားထားဖို႔ လို ပါတယ္။ အဲသည္လို မွာတဲ့အခါမွာကေလးေတြအတြက္ နားလည္လြယ္မယ့္  စကားအသံုးအႏႈန္းေတြနဲ႔ မွာထားသင့္တဲ့ အခ်က္ေတြထဲက တခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပပါတယ္။
မိဘေတြ မွားတတ္တဲ့ အမွားက ကေလးေတြကို သူတို႔ ခႏၶာကိုယ္အေၾကာင္း သိပ္မေျပာၾကဘူး။ ကေလးေတြ ငယ္ေသးတယ္၊ လိင္နဲ႔ ပတ္သက္တာႀကီး မေျပာခ်င္ ပါဘူး စသျဖင့္ စဥ္းစားၾကတယ္။ တကယ္က  အရမ္းေစာတယ္ဆိုတာ မရွိပါ ဘူး။ ၾကမ္းတမ္းတဲ့ စကားအသံုးအႏႈန္း ၊  မသင့္ေတာ္တဲ့ စကားလံုးေတြမပါဘဲ  ေျပာလို႔ရပါတယ္။
သူတို႔ကို ဘယ္လို သင္ေပးရမလဲ ဆိုတဲ့ အခ်က္ ၁၀ ခ်က္ ေျပာျပပါမယ္။

၁။ သူတို႔ရဲ႕  ကိုယ္ခႏၶာအစိတ္အပိုင္းေလးေတြအေၾကာင္း ေျပာျပထားပါ။

ေျပာျပတဲ့အခါမွာ ကိုယ္က ေအးေအးေဆးေဆး ေျပာျပပါ။  ကိုယ္ကစၿပီး ရွက္သလို၊ မေျပာရမယ့္ ကိစၥလိုလို မလုပ္ပါနဲ႔။ မ်က္လံုး၊ ႏွာေခါင္းကစၿပီး ဘယ္အပိုင္း ကို ဘယ္လို ေခၚတယ္ဆိုတာ သင္ေပးထားပါ။ ဒါကို “ေအာက္ပိုင္း” လို႔ ေခၚတယ္ဆိုတာမ်ိဳး မသင္ေပးပါနဲ႔။ တစ္ခုခုဆို သူကလည္း ရွင္းရွင္းလင္းလင္း မေျပာတတ္၊ ကိုယ္လည္း နားမလည္ ျဖစ္တတ္ပါတယ္။ နာမည္ေခၚရမွာ ခက္ရင္ အေရွ႕ပိုင္းက “ရွက္ရွက္”၊ အေနာက္ပိုင္းကေတာ့ “တင္ပါး” စ သည္ျဖင့္ ခြဲၿပီး သင္ေပးပါ။

၂။ ဘယ္အပိုင္းကို လူေတြကို ေပးကိုင္လို႔၊ ျပလို႔ မရဘူးဆိုတာ  သင္ထားေပးပါ။

ေဖေဖနဲ႔ ေမေမကပဲ သားသား၊ မီးမီးရဲ႕ ခႏၶာကိုယ္ အားလံုး ျမင္ခြင့္ရွိတယ္။  သူမ်ားေတြ ျမင္လို႔ မရဘူး။ ျပခိုင္းရင္ ျပလို႔ မရဘူးဆိုတာ ေျပာျပထားပါ။  ဆရာဝန္ေတြ က်န္းမာေရးအတြက္ စစ္ေဆးရင္ေတာ့ရတယ္ဆိုတာလည္း ေျပာျပထားပါ။

၃။ Body boundaries ေတြ သင္ထားေပးပါ။

သူမ်ားက သူ႕ကို ကိုင္လို႔မရဘူး။ သူကလည္း သူမ်ားကို ကိုင္လို႔ မရဘူးဆိုတာ သင္ထားေပးပါ။ Sexual abuse လုပ္တဲ့သူေတြဟာ ကေလးေတြကို အဲသည္လို ကိုင္တြယ္ရင္း ၊ သူတို႔ကို ကိုင္ခိုင္းရင္းက ေန စတာပါ။

၄။ ခႏၶာကိုယ္နဲ႔ ပတ္သက္လို႔ ဘာမွ လွ်ိဳ႕ဝွက္ထားစရာ  မလိုဘူးဆိုတာ ေျပာျပ ထားပါ။

က်ဴးလြန္သူေတြဟာ ကေလးေတြကို လွ်ိဳဝွက္ခိုင္းထားတာခ်ည္းပါပဲ။ “မင္းနဲ႔ ကစားရတာ ေပ်ာ္တယ္၊ ဒီလို မ်ိဳး ကစားရတာ  ႀကိဳက္လား၊ မင္း အေမတို႔ကို သြားမေျပာနဲ႔ေနာ္၊ သြားေျပာရင္ ေနာက္တစ္ခါ မင္းနဲ႔ လာမကစား ေတာ့ဘူး˘ ဆိုတာမ်ိဳး ျဖစ္တတ္သလို “ဒါကို သူမ်ားကို ေျပာရင္ မင္းကို ငါသတ္ပစ္မယ္”ဆိုတာမ်ိဳး၊ “နင္ကစၿပီး ငါ့ကိုင္တာလို႔ ငါေျပာမွာ”ဆိုတာမ်ိဳးေတြ ရွိ တတ္ပါတယ္။ ခႏၶာကိုယ္ကို ကိုင္တာ ၊ ထိတာနဲ႔ ပတ္သက္လို႔ တစ္ ေယာက္ ေယာက္ က ‘မင္း အေမတို႔ကို မေျပာနဲ႔ ေနာ္”လို႔ ေျပာရင္ ေသခ်ာေပါက္ ျပန္ေျပာရမယ့္ အရာ ျဖစ္တယ္ဆိုတာ သင္ထားပါ။

၅။ သူတို႔ရဲ႕ private part ေတြကို ဘယ္သူမွဓာတ္ပံု႐ိုက္ မယူေစနဲ႔ဆိုတာ သင္ထားပါ။

တဏွာ႐ူးေတြ အရမ္းမ်ားတဲ့ ေလာကမွာ ကိုယ့္ကေလးရဲ႕   private  part ကို ဓာတ္ ပံုလာ႐ိုက္သြားမွာလည္း ရွိပါေသးတယ္။   private  part ဆိုကတည္းက privacy ထားရတယ္ဆိုတာ ရွင္းျပထားပါ။

၆။ ကေလးအတြက္ စိတ္မသက္မသာ ျဖစ္ေစတဲ့ အေနအထားကေန ဘယ္လို ေဖာက္ထြက္ရမယ္ဆိုတာလည္း သင္ထားပါ။

“မလုပ္ဘူး၊ မလာဘူး၊ မကိုင္ဘူး၊ မလုပ္နဲ႔ စသျဖင့္ No ေျပာခြင့္ရွိတယ္ ဆိုတာ သင္ထားပါ။ ကိုယ့္ကို  အဆင္မေျပေအာင္ ၊ စိတ္အေႏွာင့္အယွက္ ျဖစ္ေအာင္ လာကိုင္ေနတာကို လူႀကီးေတြမို႔လို႔ ဆိုၿပီး သည္းခံၿပီး ဆက္ေနစရာ မလိုဘူးဆိုတဲ့ အ ေၾကာင္းနဲ႔ သူတို႔မွာ ထြက္သြားခြင့္ရွိတယ္ ဆိုတာ သင္ထားပါ။  သူတို႔ရဲ႕ private part ကို လာထိတာ၊ ကိုင္တာနဲ႔ သား/သမီး အိမ္သာ သြားခ်င္လို႔ဆိုၿပီး ထြက္သြားခိုင္းပါ။ အေဖနဲ႔ အေမကို လွမ္း ေျပာခိုင္းပါ။

၇။ ကေလးနဲ႔ ကိုယ္နဲ႔ၾကားမွာ အႏၱရာယ္အသိေပး code ထားထားပါ။

သူတို႔ အႏၱရာယ္ ျဖစ္ေနတာ၊ လာႀကိဳ ေစခ်င္တာမ်ိဳးဆိုရင္ အသိေပးဖို႔  စကားဝွက္တစ္ခု လုပ္ထားပါ။

၈။ ကေလးက သူ႕ကိုတစ္ေယာက္ေယာက္က ကိုင္တဲ့ထိတဲ့အေၾကာင္း၊ သူျဖစ္ခဲ့တဲ့ ျပႆနာကို ကိုယ့္ကိုေျပာျပရင္ ကိုယ္သူ႕ကိုမဆူဘူးဆိုတာ ေျပာျပထားပါ။

ကေလးေတြ ကိုယ့္ဆီက ဖံုးကြယ္ထားတယ္ဆိုတာ အဆူခံရမွာ ေၾကာက္လို႔ကမ်ားပါတယ္။ အဲသည္ ေၾကာက္စိတ္ကို တဏွာ႐ူးေတြက ေကာင္းေကာင္းသိလို႔  ေကာင္းေကာင္း အသံုးခ်ပါတယ္။ ျပႆ နာ တက္လို႔ ကိုယ့္ကို ေျပာျပရင္ ကိုယ္ သူ႔ကို မဆူဘူး၊ မ႐ိုက္ဘူးဆိုတာ ကေလးကို ေသခ်ာေျပာျပထားပါ။
*ကေလးက  သူ႕ရဲ႕ ေန႔စဥ္ျပႆနာ ေတြ၊ အေသးအမႊားေလးေတြကအစ ဖြင့္ေျပာ တိုင္ပင္တိုင္းမွာ ကဲ့ရဲ႕တာေတြ၊ ေလွာင္သလိုလုပ္မိတာေတြ၊ ဆူတာေတြ၊ ႐ိုက္တာေတြ လုပ္ထားရင္ တကယ့္ျပႆ နာ အႀကီးမွာ ကေလးက လာေျပာေတာ့မွာ မဟုတ္ဘူးဆိုတာကိုလည္း သတိထားပါ။

၉။ ကိုင္တြယ္ထိေတြ႕တာေတြက တစ္ခါတေလယားသလိုလို၊ ေနလို႔ ေကာင္းသလိုလို ျဖစ္တတ္တယ္ဆိုတာ ေျပာျပထားပါ။

ႏူးႏူးညံ့ညံ့ လာကိုင္တဲ့အခါ  အႏၱရာယ္မရွိဘူးလို႔ ကေလးေတြက ထင္တတ္ပါတယ္။ ေနလို႔ေကာင္းသလိုလို၊ ႏူးညံ့သလို လို ျဖစ္ေပမဲ့ သူ႕ရဲ႕ private part  ကို သူမ်ား ကိုင္တာ မေကာင္းဘူး၊ မမွန္ဘူး၊ ေပးမ ကိုင္ရဘူးဆိုတာ ေျပာထားပါ။

၁၀။ အေပၚက ေျပာခဲ့တဲ့ အခ်က္ေတြဟာ မိဘနဲ႔ ရင္းႏွီးတဲ့သူေတြ ၊ ေဆြမ်ိဳးနီးစပ္ေတြ သာမက တျခားကေလးရဲ႕ မိဘေတြပါ ပါတယ္ဆိုတာ ေျပာျပထားပါ။

ဗဟုသုတရွိေအာင္ ကေလးေတြကို ေျပာျပထားပါ။  တစ္ႀကိမ္တစ္ခါ  ေျပာ႐ံုနဲ႔ မလံုေလာက္ပါဘူး။  သူတို႔ကို ေရခ်ိဳးေပးတဲ့အခ်ိန္၊ သူတို႔ အိမ္ထဲမွာ  အက်ႌမပါဘဲ ေလွ်ာက္ေျပးလႊား ကစားေနတဲ့အခ်ိန္ ၊ ေဖေဖ ေမေမက သူတို႔ကို သန္႔ရွင္းေရး လုပ္ေပးတဲ့အခါ ေတြမွာ ႀကံဳရင္ႀကံဳသလို ေျပာျပပါ။
Source Nang Nyi ေဖ့စ္ဘုုတ္စ္


Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ


Unicode


 ကျောင်းတွေမှာ လိင်ပညာပေး သင်ခန်းစာတွေ သင်ကြားဖို့ ပြဋ္ဌာန်းထားပေမဲ့ သင်ကြားပေးမှု အားနည်းတယ်လို့ အခြေခံပညာ ဆရာ ဆရာမတချို့ဆီက သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာ စည်မြို့နယ် အမှတ် (၃၅) အခြေခံပညာ အထက်တန်းကျောင်းက မူလတန်းပြ ဆရာမ ဒေါ်နီလာဝင်းက “အဓိက က အောင်ချက်အတွက်ကို မနည်းလုပ်နေတဲ့ အချိန်မှာ ဒီဘာသာရပ်အပိုင်းကို ပြောရရင် ဒီသင်ခန်းစာကို ကျွန်မတို့ ကျယ်ကျယ်ပြန့်ပြန့် မသင်နိုင်သေးပါဘူး၊ တွဲဖက်သင်ရိုးလဲဖြစ်နေတယ်၊ ဖိအားတွေ အများ ကြီး မရှိရင်တော့ ကျယ်ကျယ်ပြန့်ပြန့် သင်လို့ရတယ်”လို့ ပြောပါတယ်။

ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ပညာပေးအနေနဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ထဲမှာ ခေါင်းစဉ်တစ်ခုအနေနဲ့ မူလတန်းအဆင့်မှာ တတိယတန်း ကနေ စတင်သင်ကြားပေးတယ်လို့ သိရပါတယ်။

သင်ကြားပေးတဲ့ အခါမှာလည်း အတန်း၊ အသက်အရွယ်အလိုက် ခေါင်းစဉ်တွေ ခွဲခြားထားပါတယ်။ အလယ်တန်းအဆင့်မှာဆိုရင် ပဥ္စမတန်းကနေ အဋ္ဌမတန်း အထိ သင်ကြားပေးတာတွေ ရှိတယ်လို့ သိရပါတယ်။
မူလတန်းအဆင့်မှာ သင်ကြားဖို့ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်မှာ အိတ်ချ်အိုင်ဗီနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ သင်ကြားပေးတဲ့ အခါမှာ လိင်ပိုင်းဆိုင် ရာ ပညာပေး အကြောင်းတွေကိုပါ ထည့်သွင်းသင်ကြားပေးရတယ်လို့ သိရပါတယ်။

အလယ်တန်းအဆင့် သင်ကြားတဲ့အခါမှာ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ထဲမှာပဲ ဆယ်ကျော်သက်အရွယ် သတိထားဖွယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်ကြားပေးရတာဖြစ်တယ်။တစ်စုံတစ်ယောက်က လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေ ပြုလုပ်လာရင် ပြန်လည်ရှောင်ထွက်နည်းတွေအပါအဝင် သတိထားသင့်တဲ့ အချက်တွေကို သင်ကြားပေးတယ်လို့ သိရပါတယ်။

‘ရှောင်ရတိမ်းရမယ့်အချက်တွေကို အဓိကထားပြီးပြောတယ်၊ ငါးတန်းကနေ ရှစ်တန်းအထိက ဆယ်ကျော်သက်အရွယ် သတိထားဖွယ်ဆိုတဲ့ ခေါင်းစဉ်နဲ့လာတာ၊ အဲဒီထဲမှာ ခေါင်းစဉ်ခွဲလေးတွေကို သူ့အဆင့်နဲ့လိုက်ပြီး သင်ပေးရတယ်၊ ယောကျာ်းလေးတွေက ဆွဲဆောင်ရင်ကိုယ်ဘယ်လို ငြင်းနိုင်မလဲပေါ့၊  အဲဒီလို သင်ပေးရတယ်၊ သူတို့ဆီက ရတဲ့အချက် အလက်နဲ့ ကျွန်မတို့က ထောက်ပေးတဲ့ အချက်အလက်နဲ့ပေါင်းပြီး သင်ရတာပေါ့၊ စကားလုံးအသုံးအနှုန်းကအစ ဂရု စိုက်ရတယ်၊ သင်ရတာတော့ နည်းနည်းခက်တာပေါ့၊ ကလေးတွေကို အရင်စဉ်းစားခိုင်းပြီး သူတို့ဖြေတဲ့ အဖြေကို မူတည် ပြီး ပြောပြရတာပေါ့၊ အခြေအနေမှာကျတော့ အစုံရှိနိုင်တော့သူတို့ပြောပြတဲ့ အခြေအနေမှာ ဘယ်လို လုပ်မလဲလို့ ပြန် မေးရတာပေါ့၊ ကြုံရတဲ့ အခြေအနေချင်းက မတူညီကြဘူးလေ၊ ဖြစ်ရပ်ကိုချပြပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာသူတို့ဘက်က အကြဉာဏ်ယူပြီးသင်ရတယ်”လို့ ဆရာမ ဒေါ်နီလာဝင်းကရှင်းပြပါတယ်။

အချိန်မလုံလောက်

အခြေခံပညာကျောင်းတွေမှာ လိင်ပညာပေးနဲ့ ပတ်သက်ပြီး သင်ကြားပေးတဲ့ အခါမှာ စာသင်ချိန် မလုံလောက်တာ ကြောင့် သတ်မှတ်ထားတဲ့ အချိန်တွေမှာ  သင်ကြား မပေးနိုင်တာတွေလည်းရှိတယ်။

ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာပညာရေးနဲ့ပတ်သက်ပြီး သင်ကြားမှု အား နည်းတာက ဆရာ ဆရာမတွေအနေနဲ့ ဘာသာရပ်တွေနဲ့ပတ်သက်ပြီး သတ်မှတ် ထားတဲ့ လပိုင်းမာတိကာတွေ ပြီးအောင် သင်ကြားရတာကြောင့် တွဲဖက်ဝင် ဘာသာရပ်အတွက် အချိန်မပေးနိုင်တာ ဖြစ်တယ်။

ပဲခူးတိုင်းဒေသကြီး အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းက အထက် တန်းပြဆရာ ဦးဆန်းမျိုးအောင်က “လက်ရှိ ပညာရေးစနစ်က အဲဒါတွေကို အဓိက ထားလို့မရတဲ့ ပညာရေးစနစ်ဖြစ်နေတယ်၊ စာရိတ္တတွေ ၊ ရသတွေဆိုတာ မပြောနဲ့၊ သင်ရတဲ့ သင်ခန်းစာက များနေတော့ အချိန်မပေးနိုင်တာ လက်တွေ့ကြံုနေရတာပဲ၊ အချိန်မပေးနိုင်ဘူး၊ သင်ခန်းစာ ဖိ အားတွေက တအားများတယ်၊ စာမေးပွဲတွေကလဲ ကုစားတွေရော၊ အချိန်ပိုတွေ ရော၊ ညနေတွေရော ၊ မနက်တွေရော သင်ရတာတွေ များနေတော့ တွဲဖက်သင်ရိုးတွေကို ဘာမှလုပ်မပေးနိုင်ဘူး ဖြစ်နေတယ် ”လို့ ပြောပါတယ်။

တချို့ကျောင်းတွေမှာ ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာတွေနဲ့ ပတ်သတ်လို့ လုံးဝမသင်ကြားတာမျိုး ရှိနေပြီး ကျောင်းစစ်ဆေးရေးတွေ လာရောက်တဲ့ အခါမှသာ ရုပ်ပြအနေနဲ့ သင်ကြားပေး တယ်လို့ သိရပါတယ်။
ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ကို တွဲဖက်သင်ရိုးဝင် ဘာသာရပ် အဖြစ် ပြဋ္ဌာန်းထားပါတယ်။ လိင်ပိုင်းဆိုင် ရာ ပညာရေးသင်ခန်းစာတွေကို ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ စတင် သင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲသည်သင်ခန်းစာကို သင်ကြားပေး တဲ့အခါမှာ စကားလုံးအသုံးအနှုန်းတွေက အစ ဂရုတစိုက် သင်ကြားပေးဖို့နဲ့ လိုအပ် တဲ့ ဆိုလိုရင်းကို သဘောပေါက် နားလည်လွယ်အောင် သင်ကြားပေးဖို့ ဆရာ  ဆရာမတွေကို လေ့ကျင့်သင်ကြားပေးထား တယ်လို့ သိရပါတယ်။

‘ဂရုတစိုက်နဲ့ ဒီသင်ခန်းစာကို သင် နိုင်မယ်ဆို ကလေးတွေအတွက် အများကြီး အကျိုးရှိတယ်၊ ဒါပေမဲ့ ကျွန်မတို့မှာ ကျန်တဲ့ သင်ရိုးညွှန်းတမ်း ဖိအားတွေက များတော့ ဒါကိုအားပျော့တယ်”လို့ ဒေါ်နီ လာဝင်းက ပြောပါတယ်။

စီမံချက်နဲ့လုပ်ပါ

လတ်တလောမှာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာပညာပေးလုပ်ငန်းတွေကို စီမံချက်ရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ဖို့လိုတယ်လို့ လေ့လာသူ တစ်ချို့က ထောက်ပြပြောဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက “လုပ်မယ်ဆိုရင်တော့ လုပ်စရာတွေချည်းပါပဲ၊ ကျောင်းတွေမှာ လုပ်မယ်ဆိုရင် တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး အဆင့်အလိုက် အသက်အရွယ်အလိုက် စီမံချက်ရေးဆွဲပြီး လုပ်ရမှာပါ”လို့ ပြောပါတယ်။

ကျောင်းတွေမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ လိင်ပိုင်းဆိုင်ရာ ပညာပေးသင်ခန်းစာတွေကို ထိရောက်အောင် သင်ကြားပေးနိုင်မယ်ဆိုရင် ကျောင်းသူကျောင်းသားတွေအတွက် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုတွေ၊  အနိုင်ကျင့်ခံရမှုတွေ နည်းပါးလာပြီး လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်သူတွေနဲ့ တွေ့ ကြံုလာရင် ရှောင်ထွက်ဖို့ အခွင့်အရေးကို စဉ်းစားနိုင်တယ်လို့ လိင်ပိုင်းဆိုင်ရာ ပညာပေး ဆောင်ရွက်နေသူတချို့ကဆိုပါတယ်။

“ကျန်တဲ့စာရင်းဇယားတွေ လုပ်နေရတော့ သင်ခန်းစာက မမီဘူး၊ မမီတော့ ရသ ချိန်လို၊ ဘဝတွက်တာ ချိန်တွေမှာ ဝင်ပြီးသင်ရတယ်၊ လိင်ပညာပေး မပြောနဲ့ အခြားလဲ ဘာမှမပြောနိုင်ဘူး၊ သင်ခန်းစာပဲအမီလိုက်သင်ရတယ်”လို့ အထက်တန်းပြ ဆရာတစ်ဦးက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ ပညာပေး သင်ခန်းစာတွေကို ကျောင်းတွေမှာ သင်ကြားပေးရုံနဲ့ ကလေးတွေအတွက် စိတ်ချမှုမရနိုင်သေးဘဲ ကျောင်းသားမိဘတွေနဲ့ ဆရာ၊  ဆရာမတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုသူလည်း ရှိပါတယ်။

‘ကျောင်းကနေ ကျယ်ကျယ်ပြန့်ပြန့် သင်လိုက်တယ်ဆိုပေမဲ့ နေထိုင်တဲ့ ပတ် ဝန်းကျင် မလုံခြံုမှုဆိုတာ ရှိနေတယ်၊ နေထိုင်မှုပုံစံကလဲ အများကြီးမူတည်တော့ ကျောင်းက ဆရာဆရာမတွေရော ၊ မိဘတွေရော ပူးပေါင်းဖို့လိုတယ်˘လို့ ဒေါ်နီလာ ဝင်းက ပြောပါတယ်။

ကျောင်းသူကျောင်းသားတွေအတွက် လိင်ပိုင်းဆိုင်ရာ ပညာပေး အသိတွေတိုးလာဖို့ ကျောင်းတွေမှာ စာကြည့်တိုက်တွေကို အသက်ဝင်လာအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ကျင့်ဝတ်နဲ့ဆိုင်တဲ့ သင်ခန်းစာတွေကို သင်ကြားပေးဖို့ လိုပါတယ်။

အခြေခံပညာ ဦးစီးဌာန ဦးစီးအရာရှိ ဦးငွေတိုးက “အဓိကကတော့ လူ့ကျင့်ဝတ်သိက္ခာနဲ့ဆိုင်တယ်၊ ကလေးတွေကို အရှက်အကြောက်ရှိအောင်၊ သိမ်သိမ်မွေ့ မွေ့နေတတ်အောင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ၊  အမူအကျင့်နဲ့ဆိုင်တဲ့ လေ့ ကျင့်မှုတွေကို လေ့ကျင့်ပေးမယ်ဆိုရင် ဒီလိင်ပိုင်းဆိုင်ရာ ပညာပေးဆိုတာ အထူး သင်စရာ မလိုတော့ဘူး၊ သူ့အသိစိတ်ဓာတ်နဲ့သူ ပြင်သွားမှာပဲ၊ အသိပညာ ဗဟုသုတရအောင် ကျောင်းစာကြည့်တိုက်တွေကို ဖွင့်ပေးရမယ်”လို့ ပြောပါတယ်။

သင့်ကလေးကို ဒါတွေ ပြောပြထားပါ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ – အသက်ငယ်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေကနေ ရှောင်ရှားနိုင်အောင် မိဘတွေအနေနဲ့ ဂရုတစိုက်မှာ ကြားထားဖို့ လို ပါတယ်။ အဲသည်လို မှာတဲ့အခါမှာကလေးတွေအတွက် နားလည်လွယ်မယ့်  စကားအသုံးအနှုန်းတွေနဲ့ မှာထားသင့်တဲ့ အချက်တွေထဲက တချို့ကို ကောက်နုတ်ဖော်ပြပါတယ်။

မိဘတွေ မှားတတ်တဲ့ အမှားက ကလေးတွေကို သူတို့ ခန္ဓာကိုယ်အကြောင်း သိပ်မပြောကြဘူး။ ကလေးတွေ ငယ်သေးတယ်၊ လိင်နဲ့ ပတ်သက်တာကြီး မပြောချင် ပါဘူး စသဖြင့် စဉ်းစားကြတယ်။ တကယ်က  အရမ်းစောတယ်ဆိုတာ မရှိပါ ဘူး။ ကြမ်းတမ်းတဲ့ စကားအသုံးအနှုန်း ၊  မသင့်တော်တဲ့ စကားလုံးတွေမပါဘဲ  ပြောလို့ရပါတယ်။

သူတို့ကို ဘယ်လို သင်ပေးရမလဲ ဆိုတဲ့ အချက် ၁၀ ချက် ပြောပြပါမယ်။

၁။ သူတို့ရဲ့  ကိုယ်ခန္ဓာအစိတ်အပိုင်းလေးတွေအကြောင်း ပြောပြထားပါ။

ပြောပြတဲ့အခါမှာ ကိုယ်က အေးအေးဆေးဆေး ပြောပြပါ။  ကိုယ်ကစပြီး ရှက်သလို၊ မပြောရမယ့် ကိစ္စလိုလို မလုပ်ပါနဲ့။ မျက်လုံး၊ နှာခေါင်းကစပြီး ဘယ်အပိုင်း ကို ဘယ်လို ခေါ်တယ်ဆိုတာ သင်ပေးထားပါ။ ဒါကို “အောက်ပိုင်း” လို့ ခေါ်တယ်ဆိုတာမျိုး မသင်ပေးပါနဲ့။ တစ်ခုခုဆို သူကလည်း ရှင်းရှင်းလင်းလင်း မပြောတတ်၊ ကိုယ်လည်း နားမလည် ဖြစ်တတ်ပါတယ်။ နာမည်ခေါ်ရမှာ ခက်ရင် အရှေ့ပိုင်းက “ရှက်ရှက်”၊ အနောက်ပိုင်းကတော့ “တင်ပါး” စ သည်ဖြင့် ခွဲပြီး သင်ပေးပါ။

၂။ ဘယ်အပိုင်းကို လူတွေကို ပေးကိုင်လို့၊ ပြလို့ မရဘူးဆိုတာ  သင်ထားပေးပါ။

ဖေဖေနဲ့ မေမေကပဲ သားသား၊ မီးမီးရဲ့ ခန္ဓာကိုယ် အားလုံး မြင်ခွင့်ရှိတယ်။  သူများတွေ မြင်လို့ မရဘူး။ ပြခိုင်းရင် ပြလို့ မရဘူးဆိုတာ ပြောပြထားပါ။  ဆရာဝန်တွေ ကျန်းမာရေးအတွက် စစ်ဆေးရင်တော့ရတယ်ဆိုတာလည်း ပြောပြထားပါ။

၃။ Body boundaries တွေ သင်ထားပေးပါ။

သူများက သူ့ကို ကိုင်လို့မရဘူး။ သူကလည်း သူများကို ကိုင်လို့ မရဘူးဆိုတာ သင်ထားပေးပါ။ Sexual abuse လုပ်တဲ့သူတွေဟာ ကလေးတွေကို အဲသည်လို ကိုင်တွယ်ရင်း ၊ သူတို့ကို ကိုင်ခိုင်းရင်းက နေ စတာပါ။

၄။ ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ ဘာမှ လျှို့ဝှက်ထားစရာ  မလိုဘူးဆိုတာ ပြောပြ ထားပါ။

ကျူးလွန်သူတွေဟာ ကလေးတွေကို လျှိုဝှက်ခိုင်းထားတာချည်းပါပဲ။ “မင်းနဲ့ ကစားရတာ ပျော်တယ်၊ ဒီလို မျိုး ကစားရတာ  ကြိုက်လား၊ မင်း အမေတို့ကို သွားမပြောနဲ့နော်၊ သွားပြောရင် နောက်တစ်ခါ မင်းနဲ့ လာမကစား တော့ဘူး˘ ဆိုတာမျိုး ဖြစ်တတ်သလို “ဒါကို သူများကို ပြောရင် မင်းကို ငါသတ်ပစ်မယ်”ဆိုတာမျိုး၊ “နင်ကစပြီး ငါ့ကိုင်တာလို့ ငါပြောမှာ”ဆိုတာမျိုးတွေ ရှိ တတ်ပါတယ်။ ခန္ဓာကိုယ်ကို ကိုင်တာ ၊ ထိတာနဲ့ ပတ်သက်လို့ တစ် ယောက် ယောက် က ‘မင်း အမေတို့ကို မပြောနဲ့ နော်”လို့ ပြောရင် သေချာပေါက် ပြန်ပြောရမယ့် အရာ ဖြစ်တယ်ဆိုတာ သင်ထားပါ။

၅။ သူတို့ရဲ့ private part တွေကို ဘယ်သူမှဓာတ်ပုံရိုက် မယူစေနဲ့ဆိုတာ သင်ထားပါ။

တဏှာရူးတွေ အရမ်းများတဲ့ လောကမှာ ကိုယ့်ကလေးရဲ့   private  part ကို ဓာတ် ပုံလာရိုက်သွားမှာလည်း ရှိပါသေးတယ်။   private  part ဆိုကတည်းက privacy ထားရတယ်ဆိုတာ ရှင်းပြထားပါ။

၆။ ကလေးအတွက် စိတ်မသက်မသာ ဖြစ်စေတဲ့ အနေအထားကနေ ဘယ်လို ဖောက်ထွက်ရမယ်ဆိုတာလည်း သင်ထားပါ။

“မလုပ်ဘူး၊ မလာဘူး၊ မကိုင်ဘူး၊ မလုပ်နဲ့ စသဖြင့် No ပြောခွင့်ရှိတယ် ဆိုတာ သင်ထားပါ။ ကိုယ့်ကို  အဆင်မပြေအောင် ၊ စိတ်အနှောင့်အယှက် ဖြစ်အောင် လာကိုင်နေတာကို လူကြီးတွေမို့လို့ ဆိုပြီး သည်းခံပြီး ဆက်နေစရာ မလိုဘူးဆိုတဲ့ အ ကြောင်းနဲ့ သူတို့မှာ ထွက်သွားခွင့်ရှိတယ် ဆိုတာ သင်ထားပါ။  သူတို့ရဲ့ private part ကို လာထိတာ၊ ကိုင်တာနဲ့ သား/သမီး အိမ်သာ သွားချင်လို့ဆိုပြီး ထွက်သွားခိုင်းပါ။ အဖေနဲ့ အမေကို လှမ်း ပြောခိုင်းပါ။

၇။ ကလေးနဲ့ ကိုယ်နဲ့ကြားမှာ အန္တရာယ်အသိပေး code ထားထားပါ။

သူတို့ အန္တရာယ် ဖြစ်နေတာ၊ လာကြို စေချင်တာမျိုးဆိုရင် အသိပေးဖို့  စကားဝှက်တစ်ခု လုပ်ထားပါ။

၈။ ကလေးက သူ့ကိုတစ်ယောက်ယောက်က ကိုင်တဲ့ထိတဲ့အကြောင်း၊ သူဖြစ်ခဲ့တဲ့ ပြဿနာကို ကိုယ့်ကိုပြောပြရင် ကိုယ်သူ့ကိုမဆူဘူးဆိုတာ ပြောပြထားပါ။

ကလေးတွေ ကိုယ့်ဆီက ဖုံးကွယ်ထားတယ်ဆိုတာ အဆူခံရမှာ ကြောက်လို့ကများပါတယ်။ အဲသည် ကြောက်စိတ်ကို တဏှာရူးတွေက ကောင်းကောင်းသိလို့  ကောင်းကောင်း အသုံးချပါတယ်။ ပြဿ နာ တက်လို့ ကိုယ့်ကို ပြောပြရင် ကိုယ် သူ့ကို မဆူဘူး၊ မရိုက်ဘူးဆိုတာ ကလေးကို သေချာပြောပြထားပါ။

*ကလေးက  သူ့ရဲ့ နေ့စဉ်ပြဿနာ တွေ၊ အသေးအမွှားလေးတွေကအစ ဖွင့်ပြော တိုင်ပင်တိုင်းမှာ ကဲ့ရဲ့တာတွေ၊ လှောင်သလိုလုပ်မိတာတွေ၊ ဆူတာတွေ၊ ရိုက်တာတွေ လုပ်ထားရင် တကယ့်ပြဿ နာ အကြီးမှာ ကလေးက လာပြောတော့မှာ မဟုတ်ဘူးဆိုတာကိုလည်း သတိထားပါ။

၉။ ကိုင်တွယ်ထိတွေ့တာတွေက တစ်ခါတလေယားသလိုလို၊ နေလို့ ကောင်းသလိုလို ဖြစ်တတ်တယ်ဆိုတာ ပြောပြထားပါ။

နူးနူးညံ့ညံ့ လာကိုင်တဲ့အခါ  အန္တရာယ်မရှိဘူးလို့ ကလေးတွေက ထင်တတ်ပါတယ်။ နေလို့ကောင်းသလိုလို၊ နူးညံ့သလို လို ဖြစ်ပေမဲ့ သူ့ရဲ့ private part  ကို သူများ ကိုင်တာ မကောင်းဘူး၊ မမှန်ဘူး၊ ပေးမ ကိုင်ရဘူးဆိုတာ ပြောထားပါ။

၁၀။ အပေါ်က ပြောခဲ့တဲ့ အချက်တွေဟာ မိဘနဲ့ ရင်းနှီးတဲ့သူတွေ ၊ ဆွေမျိုးနီးစပ်တွေ သာမက တခြားကလေးရဲ့ မိဘတွေပါ ပါတယ်ဆိုတာ ပြောပြထားပါ။

ဗဟုသုတရှိအောင် ကလေးတွေကို ပြောပြထားပါ။  တစ်ကြိမ်တစ်ခါ  ပြောရုံနဲ့ မလုံလောက်ပါဘူး။  သူတို့ကို ရေချိုးပေးတဲ့အချိန်၊ သူတို့ အိမ်ထဲမှာ  အကျႌမပါဘဲ လျှောက်ပြေးလွှား ကစားနေတဲ့အချိန် ၊ ဖေဖေ မေမေက သူတို့ကို သန့်ရှင်းရေး လုပ်ပေးတဲ့အခါ တွေမှာ ကြံုရင်ကြံုသလို ပြောပြပါ။
Source Nang Nyi ဖေ့စ်ဘုုတ်စ်

0 Comments