Last post

အကာအကြယ္မသံုးဘဲအတူေနဖူးတဲ့သမီးရည္းစားမ်ား အထူးသတိထားရမည့္ ေရာဂါ



UNFPA လက္ေထာက္ဌာေနကိုယ္စားလွယ္ ေဒါက္တာေနဝင္းႏွင့္ ေတြ႕ဆံုျခင္း

သမီးရည္းစား အတူေနၾကတာဟာ ယဥ္ေက်းမႈတစ္ခုလို ျဖစ္ေနတာေတြ႕ရတယ္။ အဲဒီယဥ္ေက်းမႈဟာ HIV ပ်ံ႕ႏွံ႔ မႈအေပၚ ဘယ္ေလာက္အထိ သက္ေရာက္ေစပါသလဲ။

သမီးရည္းစားအတူေနၾကတယ္ဆုိတာ ဟိုအရင္တုန္းကေတာ့ ဒါဟာ ရွက္စရာအလုပ္တစ္ခု ျဖစ္တယ္။ လူသိခံရမွာလည္း ေၾကာက္ၾကတယ္။ ဒီလို ျဖစ္ဖို႔လည္း ခဲယဥ္း တယ္။ အေျခအေန လည္း မေပးေသးဘူးေပါ့။ ဒါေပမဲ့ ခု ေနာက္ပိုင္းကေတာ့ ဒါဟာ ရွက္စရာ မဟုတ္ဘူးလို႔ ထင္လာတာေလးေတြ လည္း ပါတယ္။ အေျခအေနက လည္း အေၾကာင္းေၾကာင္းေတြ ပ့ံပိုးတယ္ လြတ္လြတ္လပ္လပ္ေတြ ျဖစ္လာၾကတာ လည္း ပါတယ္။ အဲဒါေၾကာင့္ ဒါဟာ လူငယ္ေတြၾကားမွာ ေတာ္ေတာ္ေလး ပ်ံ႕ပ်ံ ႕ႏွံ႔ႏွံ႔ ျဖစ္ေနတယ္ဆုိတာကို ေတြ႕ တယ္၊ ျမင္တယ္၊ ၾကားတယ္၊ သိတယ္ဆုိ information က တစ္ဆင့္ သိရတာ။ ဒါေပမဲ့ တကယ့္ တကယ္မွာ အေထာက္အထား တိတိက်က်ရိွလား ဆုိရင္လည္း မရိွဘူးေလ။ ဒါမ်ိဳးက စာရင္းဇယား ေကာက္ထားတာမ်ဳိး မဟုတ္ပဲ။ ဘာပဲ ေျပာေျပာ ျမင္ေတြ႕ေနရတဲ့ ဟာေတြမွာ ေတာ့ ဒီလိုမ်ဳိးရိွတယ္ ဆုိတာ သိတယ္။ အဲဒီေတာ့ အဲဒီလိုဟာမ်ဳိးက်ေတာ့ ဘာ ေတြ ျဖစ္လာလဲဆိုေတာ့ သမီးရည္းစား အိမ္ေထာင္မက်ေသးခင္ အတူတူေန ၾကတဲ့အခါမွာ ျဖစ္လာႏို င္တဲ့ ေနာ က္ ဆက္တြဲေတြမွာေတာ့ ႏွစ္ခုပဲ ရိွတယ္။

တစ္ခုက ဘာလဲဆုိေတာ့ အိမ္ေထာင္ မက်ခင္ တရားဝင္ မျဖစ္ ေသးခင္မွာကို မေမွ်ာ္လင့္ဘဲနဲ႔ ကိုယ္ဝန္ ရသြားတာ။ ေနာက္တစ္ခုက ဘာလဲဆုိေတာ့ သမီး ရည္းစားအ ခ်င္းခ်င္း ဆုိေသာ္လည္းပဲ၊ မိန္းကေလးက ေယာ က်္ားေလးအေၾကာင္း တစ္ခါတေလမွာ ျပည့္ျပည့္စံုစံု မသိ ႏိုင္တာျဖစ္ႏုိင္တယ္။ ေယာက်္ားေလးက လည္းမိန္း ကေလး အေၾကာင္း ျပည့္ျပည့္ စံုစံု မသိႏုိင္တာဆုိရင္ သူ႕ရဲ႕ေနာက္ ေၾကာင္း ရာဇဝင္သူသည္ ဘယ္လိုလူ မ်ဳိးလဲ ကိုယ့္အျပင္ တျခားတဲြတဲ့ လူရိွသ လားဆုိတာေတြ အေပၚမွာ HIV ရိွ သလားဆုိတာေတြ ရိွလာႏုိင္တယ္။ ဘယ္လုိပဲျဖစ္ျဖစ္ သတ္သတ္မွတ္မွတ္ သူနဲ႔ကိုယ္နဲ႔က သူကလဲြလို႔ ကိုယ့္မွာ ဘယ္သူမွ မရိွဘူး။ ကိုယ္ကလဲြလို႔ သူ႕ မွာ ဘယ္သူ႕မွ မရိွဘူးဆုိတဲ့ ဟာဆုိရင္ HIV ကျပႆနာ မဟုတ္ေလာက္ေသာ္ လည္း အကယ္၍ ဒီလိုမသိဘူးဆုိလဲ HIVကအတုိင္းအတာ တစ္ခုထိေတာ့ ကူးဖို႔ျဖစ္ လာၿပီေပ့ါ။ ဘာေၾကာင့္ဆုိေတာ့ သူက သမီးရည္းစားလို႔ ေျပာရင္ အကာ အကြယ္သံုးရင္ သံုးမယ္။ ေစာေစာက HIV လို႔ ေျပာရင္ HIV မကူးခ်င္ရင္ ေတာ့ အကာအကြယ္သံုးရင္ သံုး မယ္။ ဒါက အခုကေတာ့ အျပင္လူနဲ႔ မဟုတ္ဘူး။ ကိုယ့္သမီးရည္း စားၾကား အခ်င္း ခ်င္းဆုိေတာ့ ဘာပဲေျပာေျပာ တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္မႈဆို တာေတြ ရိွေနတဲ့အခါက်ေတာ့ အကာ အကြယ္မသံုးဘူးဆုိရင္သူ႕ေနာက္ေၾကာင္း ကိုယ္မသိ၊ ကိုယ့္ေနာက္ေၾကာင္းသူမသိ၊ သူက ကုိယ့္အျပင္အျခား လူရိွတယ္ဆို ရင္ေတာ့ HIV ပိုးကူးႏုိင္တာေပါ့။ ဘာပဲေျပာေျပာ အတုိင္းအတာတစ္ခုအထိေတာ့ HIV ကူးဆက္ပ်ံ႕ႏွံ႔မႈမွ ဒီလိုကိစၥ ေလးေတြက တစ္စိတ္တစ္ပိုင္းပါေနတယ္ေပါ့။

မွန္းဆၾကည့္ရသေလာက္ အတူတူ ေနတဲ့အခါမ်ားေသာအားျဖင့္ condom မသံုးမိၾကဘူး။ အဲဒါနဲ႔ပတ္သက္ၿပီး ဆရာ ဘာေျပာလိုသလဲ။

ေစာေစာက ေျပာတဲ့ အကာ အကြယ္မသံုးဘူးဆုိတဲ့ကိစၥမွာ ေစာေစာက ေျပာသလိုပဲ သူနဲ႔သမီးရည္းစားျဖစ္ေနၿပီဆုိတဲ့အခါမွာ ေစာေစာက ေျပာတဲ့ ျပႆနာႏွစ္ခုထဲက တစ္ခုေပါ့။ ဥပမာ ဆုိရင္ ငါတုိ႔ အဆင္သင့္ မျဖစ္ေသးခင္ ကိုယ္ဝန္ရသြားႏိုင္တဲ့အတြက္ေၾကာင့္ ဒီကိုယ္ဝန္မရေအာင္ တားခ်င္တဲ့ အ တြက္ေၾကာင့္ တားမယ္ဆုိတဲ့ ရည္မွန္း ခ်က္ဒါမ်ဳိးရိွခဲ့ရင္လည္း သူတို႔က သံုး ေကာင္းသံုးမယ္။ သုိ႔ေသာ္ဒီလို ရိွခ်င္မွ လည္း ရိွမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုျဖစ္ၿပီဆုိရင္ ဒီလုိျဖစ္ဖို႔သည္ ႀကိဳ တင္ျပင္ဆင္မႈ ဟုတ္ခ်င္မွဟုတ္မယ္။ ႀကိဳတင္ျပင္ဆင္ထားၾကတာ မဟုတ္ဘူး။ ဒီလိုပဲ အေျခအေနေပးလို႔ ျဖစ္သြားၾက တာ။ တစ္ခါတေလမွာလည္း ဒီလူနဲ႔ ပံုမွန္ေမွ်ာ္လင့္ထားတဲ့ အေနအထား ေလးမွာပဲ အေနအထားက အေျခအေန ေပးသြားမယ္။ အဲဒီအတြက္ေၾကာင့္ စိတ္အလို လိုက္တယ္။ စိတ္ရဲ႕ေခၚရာ ေနာက္ကို လိုက္သြားတယ္ဆုိေတာ့ ဘာ ပဲေျပာေျပာ ျပင္ျပင္ဆင္ဆင္ ရိွဖို႔က ခဲ ယဥ္းတယ္ဆုိေတာ့ ေတာ္ေတာ္မ်ားမ်ား သည္ ကြန္ဒံုးမသံုးျဖစ္ဖုိ႔ မ်ားတယ္။ ကြန္ဒံုးမသံုးျဖစ္ဖို႔ မ်ားၿပီဆုိကတည္းက ေစာေစာက ဆ ရာေျပာျဖစ္တဲ့ ျပႆနာ ႏွစ္ခုစလံုး ျဖစ္လာႏုိင္တာပဲ။ မေမွ်ာ္လင့္ ဘဲနဲ႔ ကိုယ္ဝန္ရသြားႏုိင္တာေရာ၊ HIV ကူးစက္ႏုိင္တဲ့ အႏၲရာယ္တစ္ေယာက္ ေယာက္မွာ ရိွခဲ့ ရင္ ေယာက်္ားေလး တစ္ေယာက္ကို ေျပာရင္ ဒီေယာက်္ား ေလးသည္ မူးယစ္ေဆး သံုးတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ မူးယစ္ေဆး သံုးတယ္ဆုိရင္ မူးယစ္ေဆး သည္ အ ေၾကာထဲ အပ္နဲ႔ ထိုးတာမ်ဳိး လုပ္တယ္ဆုိရင္ သူက HIV ကူးစက္မႈကို ဗဟုသုတ ဘယ္ေလာက္ရိွလဲ။

ဘယ္ေလာက္အတုိင္းအတာအထိ သူကာကြယ္ထားလဲ ေပၚမူတည္ၿပီး သူသည္ HIV ကင္းမကင္း မေသခ်ာေတာ့ဘူး။ ဒါ့အျပင္ တျခား ဒီမိန္းကေလးအျပင္ တျခားအျပင္ မွာ အေပ်ာ္အပါးလိုက္စား၊ မစားဆုိတာလည္း မေသခ်ာဘူး။ ဒီလိုမ်ဳိး ေယာက်္ားေလးမွာ HIV ပုိးကူးႏုိင္တဲ့ အႏၲရာယ္ရိွ ႏုိင္တယ္။ HIV ရိွေနတယ္ ဆုိတာကို မိန္းကေလး က မသိရင္ မိန္း ကေလးက HIV ကူးသြားႏုိင္တယ္။ ထို နည္းလည္းေကာင္းပဲ အျပန္အလွန္ေပါ့။ မိန္းကေလးမွာ HIV ရိွ၊ မရိွ ေယာက်္ားေလးဘက္က မသိတာ လည္း ျဖစ္ႏုိင္တယ္။ မိန္းကေလးမွာလည္း ဒီေယာက်္ား ေလးအျပင္ တျခားေယာက်္ားေလးရည္းစားျဖစ္ခ်င္ျဖစ္ႏုိင္မယ္ဆုိေတာ့ မိန္းကေလးမွာ HIV ရိွ၊မရိွမေသ ခ်ာရင္ နဂိုကေယာက်္ားေလးမွာ မရိွေပမယ့္ ကိုယ့္ရဲ႕ ရည္းစားကေနတစ္ဆင့္ ကူးသြားတာလည္း ျဖစ္ခ်င္ျဖစ္ႏုိင္တယ္။ Condom မသံုးဘူးဆုိ တာနဲ႔ေတာ့ ေစာေစာ က ျပႆ နာႏွစ္ရပ္လံုးသည္ ျဖစ္လာႏုိင္စရာရိွတယ္။ မသံုးၾကဘူးဆုိတာလည္း အေၾကာင္းေၾကာင္းေၾကာင့္ ျဖစ္တယ္။ အဆင္သင့္မျဖစ္ လို႔။ ႀကိဳတင္မျပင္ဆင္ထားလို႔ သို႔မဟုတ္ မျဖစ္ေလာက္ဘူးထင္လို႔လည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ ေနာက္တစ္ခုကတစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ယံုၾကည္ၾက တာလည္း ျဖစ္ႏုိင္တယ္။ ဒီလို အေၾကာင္းေၾကာင္း ေၾကာင့္ ျဖစ္ဖို႔မ်ားတယ္။

သမီးရည္းစား အတူေနရာကေန HIV ကူးစက္ႏႈန္း ဘယ္ေလာက္ရိွလဲ ဆုိတာနဲ႔ပတ္သက္ၿပီး Research လုပ္ထားတာရိွလား။

ဆရာတုိ႔ Research လုပ္ထားတာ မရိွေတာ့ HIV ကူးစက္ႏႈန္းကို အတိအက် မေျပာႏုိင္ဘူး။

အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ Research ေသခ်ာမလုပ္သင့္ေသးဘူးလား။

Research လို႔ ေျပာရင္ ဆရာတုိ႔ လုပ္တဲ့ အလုပ္တုိင္းမွာက အေထာက္ အထားရိွဖို႔ လိုတယ္။ အေထာက္အထား ကေတာ့ ရေလ ဆရာတုိ႔အတြက္ အ ေကာင္းဆံုးပဲ။ ဒါေပမဲ့ အေထာက္အ ထားလို႔ ေျပာလို႔ အခ်က္အလက္နဲ႔ ပတ္ သက္လို႔ ဆရာတုိ႔ မွတ္တမ္းမွတ္ရာေတြ ကေနပဲျဖစ္ျဖစ္၊ သီးသန္႔ေကာက္ယူ တာပဲျဖစ္ျဖစ္ ရတယ္ဆုိေပ မယ့္ တခ်ဳိ႕ ကိစၥေတြက်ေတာ့ မွတ္တမ္းမွတ္ရာ အရလည္း ရဖို႔ခက္သလို သီးသန္႔သု ေတသန လုပ္ငန္းကလည္း ရဖို႔ကလည္း ပိုဆိုးသြားၿပီ။ သူတုိ႔ သမီးရည္း စား ႏွစ္ေယာက္ၾကားထဲမွာ ဒီလို ကိစၥမ်ဳိး ရိွသလားလို႔ ေမးရမယ္ဆုိ ဘယ္သူမွ မေျဖဘူးေပါ့။ အဲဒီေတာ့ ဒီလိုဟာေတြ က်ရင္ ဆရာတုိ႔က အခက္အခဲရိွသြားၿပီ။ မင္းတုိ႔ သမီးရည္းစား ႏွစ္ေယာက္အတူတူေနၾကလားဆုိ ေျဖၾကတယ္ဆုိ ရင္ေတာင္ ဟုတ္ၿပီ။ ကြန္ဒံုးသံုးလား၊ မသံုးဘူးလားဆုိရင္ ေျဖဖို႔ ခက္သြားၿပီ။ ဒီကိစၥနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ ေတြ ေတာ္ေတာ္မ်ားမ်ားက လူေတြအ တြက္ အလြယ္တကူ ေျဖရခက္တဲ့ sensitive question လူေတြ ေျဖရခက္ တဲ့ မေျဖတဲ့ ေမးခြန္းေတြဆုိ တကယ့္ အခ်က္အလက္ အတိအက် မွန္မွန္ကန္ ကန္ရဖို႔ အခက္အခဲရိွႏိုင္တယ္။ ဒီလို ဟာမ်ဳိးဆိုရင္ ဆရာတုိ႔ ဘာလုပ္ရလဲ ဆုိေတာ့ လူေတြ႕ေမးတဲ့ ေမးခြန္းမဟုတ္ ေတာ့ဘူး။ အခ်ဳိ႕ႏုိင္ငံေတြက် ဘာလုပ္ လဲ။ Anonymous မျမင္ရဘဲနဲ႔ အြန္လုိင္း survey ေတြဆုိတာ ရိွလာတာေပါ့။ အဲဒီလိုဆုိေတာ့ ျပႆနာမရိွဘူး။ အြန္လိုင္းမွာ ဆုိေတာ့ ဘယ္သူမွန္းလဲ မသိဘူး။ Anonymous ဆိုေတာ့ မ်က္ ႏွာခ်င္းလည္း ေတြ႕ရတာ မဟုတ္ဘူး။ ကိုယ္ဘာေျဖလဲ မေျဖလဲ ဘယ္သူမွ မသိၾကဘူး။ အဲဒါမ်ဳိးဆုိရင္ေတာ့ စာ ရင္းကို ရႏိုင္တယ္။ ေနာက္ပိုင္းလည္း ဒါမ်ဳိးက ျဖစ္ေကာင္းျဖစ္လာ ႏုိင္ပါတယ္။

အဲဒါဆုိရင္ ဆရာတုိ႔ဆီမွာ အြန္လိုင္း survey ေတြ ေပၚလာတယ္ ဆုိရင္ ကိုယ္လိုခ်င္တဲ့ အသက္အပိုင္း အျခားေတြမွာ ရိွေနတဲ့ အမူအက်င့္ေတြ၊ ရိွေနတဲ့အေလ့ အထေတြ ကို ေမးႏုိင္ မယ္ဆုိရင္ေတာ့ ဒါေတြက အခုလက္ရိွ အေနအထားမွာေတာ့ ဆရာတုိ႔မွာ မရိွ ေသးသလို လုပ္ဖို႔လည္း လက္ရိွသံုးေန တဲ့ ပံုစံနည္းစနစ္ေတြနဲ႔ဆုိရင္ ဆရာတုိ႔ အခက္အခဲရိွႏိုင္တယ္။ တခ်ဳိ႕ကေတာ့ စာတုိက္ကေန ပို႔ၿပီးေမးတယ္တို႔၊ ဒါက် ေတာ့ တခ်ဳိ႕ ျဖစ္ခ်င္ျဖစ္ႏုိင္တယ္။ ဒါေပ မဲ့ ဒီမွာေတာ့ စာတုိက္ကေန ဘယ္ ေလာက္ အတုိင္းအတာအထိ ေခ်ာေခ်ာ ေမြ႕ေမြ႕ လုပ္ႏုိင္တယ္ဆိုတာ Question ပဲဆုိေတာ့။ အြန္လိုင္းလုပ္ႏုိင္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီလုိဟာမ်ဳိး သူမ်ားႏုိင္ငံမွာ သံုးတယ္ ဆိုတာ အခု ေတြ႕ၿပီး ဒီေမးခြန္းေျဖလို႔ ေျပာရင္ အခက္အခဲရိွသြားၿပီ။ ဘာလို႔လဲဆုိေတာ့ မ်က္ႏွာခ်င္းဆုိင္ ေတြ႕ေနေတာ့။ အဲဒါ ေၾကာင့္ မ်က္ႏွာခ်င္းဆုိင္စရာ မလိုဘဲနဲ႔ သူမွန္း ကိုယ္မွန္းကိုမသိတဲ့နည္းနဲ႔ သြား ၾကတယ္။ အဲဒီေတာ့ စာတုိက္ကပို႔ၿပီး ေျဖခုိင္းတဲ့ဟာမ်ဳိး၊ အြန္လုိင္းကေန ေျဖ ခုိင္းတာမ်ဳိး။ ဆရာတုိ႔လည္း တစ္ခ်ိန္ ခ်ိန္မွာ ဒါမ်ဳိးသံုးမယ္လို႔ စဥ္းစားမယ္ ဆုိရင္ေတာ့ ကုိယ္လိုခ်င္တဲ့ အခ်က္ အလက္ေတြ ရႏုိင္တာေပါ့။

အခု ကြၽန္မတုိ႔ သိထားသေလာက္ ဒီဘက္ႏွစ္မွာ HIV ကူးစက္ႏႈန္းက်ဆင္း သြားတယ္ဆိုတာဟုတ္ပါသလား။ ဟုတ္ရင္ အဲဒါကေရာ စိတ္ခ်ရတဲ့စာရင္းဇယားလား။

အခုေနာက္ပိုင္းမွာေတာ့ ဟုတ္တယ္။ HIV အေနအထားနဲ႔ ေျပာရင္ေတာ့ ၂ဝဝ၅ ခုႏွစ္ မတုိင္မီက ဆရာ တုိ႔ ျမန္မာျပည္မွာ HIV ရိွတယ္လို႔ ေျပာလာတဲ့ ၁၉၈၈ ခုႏွစ္ကေန စၿပီးေတာ့ ၂ဝဝ၅ ခုႏွစ္အထိ ေတာက္ေလွ်ာက္ မ်ဥ္းေၾကာင္းႀကီးက အေပၚေထာင္တက္လာခဲ့တာ။ ၂ဝဝ၅ ခုႏွစ္က စၿပီး ေတာ့ ဒါက အေပၚကို ေထာင္မတက္ေတာ့ဘဲနဲ႔ အတည့္ျပန္ျဖစ္သြားၿပီးေတာ့ ၂ဝဝ၇ ခုႏွစ္ ေနာက္ပိုင္းမွာ က်လာခဲ့ၿပီ လို႔ သိထားခဲ့တယ္ေပါ့။ ေနာက္ဆံုးထြက္ တဲ့ စာရင္းဇယား အရေတာ့ ဝ ဒသမ ၅၉ ရာခုိင္ႏႈန္းေပါ့။ HIV ျဖစ္ပြားမႈႏႈန္း ေပါ့။ သို႔ေသာ္လည္း ဒါကလည္း ဆရာတုိ႔က ဒါကေသြးစစ္တဲ့လူကို အေျခခံၿပီးလုပ္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ နည္းနည္းေလးေတာ့ အေျပာင္းအ လဲ အတိမ္းအေစာင္း ရိွႏုိင္တယ္။ သူတုိ႔ ကေတာ့ စိတ္ခ်ရေလာက္တဲ့ နည္းစနစ္ ေတြနဲ႔ တြက္ရခ်က္ရတာေပါ့။ သန္း ၆ဝ ရိွရင္ သန္း ၆ဝ စလံုးကို စစ္ထားတာ မဟုတ္ဘူးေ လ။ ဒီထဲက တစ္စိတ္ တစ္ပိုင္းကိုပဲ စစ္ထားၿပီးေတာ့ ေတြ႕တဲ့ ဟာကိုပဲ မူတည္ၿပီး ရာခုိင္ႏႈန္း ျပန္တြက္ ၾကတာဆုိေတာ့ စစ္ထားတဲ့လူကေန တစ္ဆင့္ပဲယူၿပီး တြက္ထား တာဆုိေတာ့ အမွန္တကယ္ ကိန္းဂဏန္းနဲ႔ေတာ့ ကြာဟေကာင္း ကြာဟႏုိင္တယ္။ ဘာလို႔ လဲဆုိေတာ့ အနီးစပ္ဆံုး မွန္းလို႔ရတဲ့ ကိန္းဂဏန္းပဲ ဆုိေတာ့ ၂ဝဝ၇ ခုႏွစ္ ေနာက္ ပိုင္းေတာ့ တျဖည္းျဖည္း က်လာတယ္။

လူငယ္ေတြၾကားမွာ HIV ကူးစက္ ႏႈန္းအေပၚ ဆရာဘယ္လိုျမင္ထားလဲ။

လူငယ္ေတြၾကားထဲမွာကေတာ့ အၾကမ္းဖ်င္း ေျပာရင္ေတာ့ လူငယ္မွာ လည္း အမ်ဳိးအစားကခဲြမယ္ဆုိရင္ General Youth သူလိုကိုယ္လိုပဲ လူ ငယ္ေတြရိွသလုိ။ ဒီထဲထဲ မွာမွ ကူးစက္ မႈ အႏၲရာယ္မ်ားႏုိင္တယ္ဆုိတဲ့ လူငယ္ အုပ္စုေတြ ရိွတယ္။ ဥပမာ မူးယစ္ေဆး ဝါးထုိးတဲ့ လူငယ္ေတြ ျဖစ္ႏုိင္တယ္။ ေနာက္လိင္ အေပ်ာ္အပါး လုိက္စားတဲ့ လူငယ္ေတြ ျဖစ္ႏုိင္တယ္။ ခႏၶာကိုယ္ ရင္းၿပီး လုပ္စားတဲ့လူငယ္အမ်ဳိးသမီးေတြ ျဖစ္ႏုိင္တယ္။ ဒီလိုမ်ဳိးဟာေတြကေတာ့ ဘာပဲေျပာေျပာ အခုအခ်ိန္အထိ ကူး စက္မႈ က ျမင့္ေနတုန္းပဲ။ ေစာေစာက ေျပာတဲ့ ဝ ဒသမ ၅၉ ဆုိတာ ျမန္မာ တစ္ႏုိင္ငံလံုးမွာ ရိွတဲ့ လူဦးေရအကုန္ လံုးကတြက္ထားတာ ဆုိေပမယ့္လို႔ အဲဒီ ထဲကမွ တစ္ဆင့္ လူငယ္ဆုိတဲ့ ဟာကို ၾကည့္မယ္။ အဲဒီလူငယ္ထဲကမွ ကူးစက္ မႈႏႈန္း ျမင့္ႏုိင္တဲ့ အႏၲရာယ္ရိွတဲ့ လူငယ္ အုပ္စုေတြကို ၾကည့္မယ္ဆုိရင္ေတာ့ သူတုိ႔က မ်ားေနေသး တာ ေတြ႕ရတယ္။

ဘာေၾကာင့္လဲလို႔ ေျပာရင္ေတာ့ လူငယ္ေတြမွာ ဘာေၾကာင့္မ်ားလဲဆို ရင္ေတာ့ ေစာေစာက ေဆြးေႏြးခဲ့တဲ့ အတုိင္းအတာက ဗဟုသုတ မရိွေသး တာ ျဖစ္ႏုိင္ တယ္ ။ ေနာက္တစ္ခုက ဗဟုသုတရိွေသာ္လည္း ”ငါတုိ႔ မျဖစ္ ေလာက္ေသးပါဘူး” လို႔ကိုယ့္ကိုယ္ကုိယ္ ေလွ်ာ့တြက္ေနတာ။ ေနာက္တစ္ခုက ကာကြယ္ဖို႔အတြက္ ပစၥည္း ပစၥ ယေတြကို လက္လွမ္းမမီၾကတာေပါ့။ ဥပမာ ကြန္ ဒံုးသံုးခ်င္ေသာ္လည္း ကိုယ္က သံုးဖို႔ ႀကိဳတင္ ျပင္ဆင္မထားေတာ့ တကယ့္ တကယ္မွာ ကြန္ဒံုးက လက္ထဲမွာ ရိွ မေန ဘူး။ အဲဒီလို အေၾကာင္းကိစၥေတြ ေၾကာင့္ လူငယ္ေတြၾကားထဲမွာ ပိုၿပီး မ်ားေနတာ ေတြ႕ရတယ္။ ဒီထဲထဲမွာ ပိုၿပီး ဆိုးသြားတာက ဘာလဲဆုိေတာ့ လူငယ္ဆိုေတာ့ လက္ တည့္စမ္းခ်င္တာ ေပါ့။ သူမ်ားေျပာလို႔ မယံုတာမ်ဳိးေတြ ရိွတယ္။ ”ဒါကေတာ့ ကိစၥမရိွပါဘူး။ တစ္ခါေလးနဲ႔လည္း မျဖစ္ေလာက္ပါ ဘူးဆုိၿပီး ငါစမ္းၾကည့္ဦးမွ ဆုိၿပီးေတာ့ အဲဒါမ်ဳိးက အႏၲရာယ္ထဲကို တြန္းပို႔ တာပဲ။

လြန္ခဲ့တဲ့ ၄၊ ၅ ႏွစ္ေတြကတည္းက Group Sex ေတြ ရိွေနၿပီလို႔ သိရတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး သိထားတာ မ်ားရိွသလား။

Group Sex ဆိုတဲ့ ကိစၥေတြက ေတာ့ ၾကားလာရတဲ့ သတင္းေတြအရ သိေနရတယ္။ ဒါေတြကေတာ့ ျဖစ္ႏုိင္ ေလာက္တဲ့ အေနအထားရိွတယ္လို႔ ဆုိ ႏုိင္တာကေတာ့ မီဒီ ယာေတြရဲ႕ လႊမ္းမုိး မႈရိွေနတယ္ဆုိေတာ့ ကေလးေတြက Website ေတြ၊ တျခားႏုိင္ငံေတြရဲ႕ Information ေတြ၊ တျခားႏုိင္ငံရဲ႕ အေလ့အထေတြ၊ တျခားႏုိင္ငံရဲ႕ ယဥ္ ေက်းမႈေတြ လြယ္လြယ္ကူကူ သိလာရ တယ္။ လက္လွမ္းမီလာတယ္ဆုိေတာ့ အတု ျမင္အတတ္သင္ ျဖစ္ဖို႔ နီးစပ္ တယ္ေပါ့။အဲဒီအတြက္ေၾကာင့္ တကယ္ တမ္း လက္ေတြ႕ ရိွႏုိင္ေလာက္တယ္လို႔ ဆရာတုိ႔ ေျပာလို႔ ရတယ္။ ဒါနဲ႔ ပတ္ သက္လို႔ တကယ္တမ္း အခ်က္အလက္ သိလားဆုိေတာ့ ေစာေစာက ေျပာသလို ဆရာတုိ႔ HIV နဲ႔ပတ္သက္လို႔ အခ်ဳိ႕ အခ်က္အလက္ေတြေတာင္မွ ဆရာတုိ႔ မရႏုိင္ေတာ့ ဒါမ်ဳိးဆိုရင္ ပိုၿပီးဆုိးတယ္။ အခ်က္အလက္အတိ အက်ကေတာ့ ဆရာတုိ႔မွာ မရႏုိင္ဘူး။

လူငယ္ေတြၾကားက HIV ကာကြယ္ေရးအသိဟာ အင္မတန္အားနည္းေသးတယ္လို႔ မထင္ဘူးလား။

လူငယ္ေတြမွာ HIV ကာကြယ္ဖို႔ အတြက္ အသိပညာလို႔ ေျပာေတာ့ တကယ္တမ္းေျပာရင္ ဟိုအရင္ကထက္ စာရင္အသိပညာက ဒီေလာက္ႀကီး မနိမ့္ေတာ့ဘူး။ အဲဒီေတာ့ အသိပညာ ဗဟုသုတ Level ကိုစစ္ၾကည့္လိုက္လို႔ ရိွရင္ သာမန္ေလာက္ကို သိတယ္ဆုိတဲ့ အေနအထားက ၈ဝ ရာခုိင္ႏႈန္းေက်ာ္ ရိွတယ္။ ဒီထဲမွာထဲထဲဝင္ဝင္ ဂဃနဏ သိတယ္ဆုိတာ ၄ဝ၊ ၅ဝ ရာခုိင္ႏႈန္း ၾကားမွာရိွတယ္။ HIV လို႔ေျပာရင္သာမန္သိလို႔ မရဘူး။ ထဲထဲဝင္ဝင္ ဂဃနဏသိမွရမယ္။ ဥပမာဆုိရင္ HIV ကိုကာကြယ္ဖို႔အတြက္ Condom သံုးရင္ရတယ္ဆုိတာသိတယ္။ ကြန္ဒံုးဘယ္လို သံုးတယ္မသံုးဘူးဆုိတဲ့ အေပၚမူတည္ၿပီး HIV သည္ Condom သံုးလ်က္နဲ႔ ကူးသြားႏုိင္ တယ္။ ေစာေစာ က ေျပာတဲ့ ဂဃနဏ ဆုိတာ အဲဒါပဲ။ကြန္ဒံုး သံုးတယ္။ HIV ကာကြယ္ ႏုိင္တယ္။ ဒါက အေပၚယံသိတာ။ သို႔ေသာ္ ကြန္ဒံုးႏွစ္ထပ္သံုးတာသည္ HIV ကာကြယ္ႏုိင္မႈ ပိုထိေရာက္တာလား။ HIV ကာကြယ္ႏိုင္မႈ အေႏွာင့္အယွက္ ျဖစ္ေစတာလားဆုိတာ အဲဒါမ်ဳိးေတြေပါ့။ မဟုတ္ဘူး ကြန္ဒံုးသည္ ႏွစ္ထပ္သံုးလို႔ မရဘူး။ ၄ဝ ရာခုိင္ႏႈန္း နဲ႔ ၅ဝ ရာခုိင္ႏႈန္း လူငယ္ေတြက ဂဃနဏသိတာ က်န္တဲ့ တစ္ဝက္ေက်ာ္က ဂဃနဏ သိတဲ့အထဲ မပါေသးဘူး။ ဂဃနဏ မသိေသးသေရြ႕ ကာလပတ္လံုး HIV ကူးဖို႔ အခြင့္အလမ္း ေတြ ရိွေနေသးတယ္။ ေနာက္ၿပီး သိရက္နဲ႔ ေတာင္ လက္ေတြ႕က်င့္သံုးဖို႔ေတာင္ ကြာျပန္ေရာ။ လူေတြမွာ သိတာက သိတာတစ္ပိုင္း သိတာကို လက္ေတြ႕ က်င့္တာကတစ္ပိုင္း ဆုိေတာ့ အၿမဲတမ္းအသိထက္ လက္ေတြ႕က်င့္တာသည္ ရာခုိင္ႏႈန္းနည္းေနမယ္ ဆုိရင္ သာမန္သိတာ ၈ဝ ရာခုိင္ႏႈန္း ဆိုရင္ သာမန္သိ တာထက္ လက္ေတြ႕ လိုက္လုပ္ေနတာသည္ ၈ဝ ရာခုိင္ႏႈန္း ထက္က်မယ္။ ဂဃနဏ သိတာသည္ ၄ဝ နဲ႔ ၅ဝ ရာခုိင္ႏႈန္းၾကား ဆုိရင္လည္း ဂဃနဏ သိတဲ့အတုိင္း လိုက္လုပ္တဲ့ ကိစၥ သည္ ၄ဝ နဲ႔ ၅ဝ ရာခုိင္ႏႈန္းေအာက္ မွာရိွမယ္ဆုိရင္ ဒါကိုၾကည့္တာနဲ႔ ဆရာတုိ႔မွန္းလို႔ရတယ္။ ဘာလဲ၊ လူငယ္ေတြသည္ HIV ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး အသိပညာ ရိွ႐ုံတင္မကဘူး။ အဲဒီမွာ အသိပညာအတိုင္းလိုက္ၿပီး လက္ေတြ႕က်င့္သံုးရမယ္။ ဥပမာ HIV သည္ ကူးႏုိင္တယ္။ HIV ကာကြယ္ခ်င္ရင္ Condom သာ သံုးရမယ္ဆိုရင္ ကိုယ္သည္ အႏၲရာယ္ရိွတဲ့ လိင္ဆက္ဆံမႈ ရိွတုိင္းရိွတုိင္း ကြန္ဒံုးသံုးရမယ္။ ကိုယ့္ရည္းစား မို႔လို႔ မသံုးဘူးဆုိတာ မဟုတ္ဘူး။ ငါကေတာ့ အေပ်ာ္အပါးလိုက္ရင္ေတာ့ ငါသံုးပါတယ္။ သို႔ေသာ္ ငါ့ရည္းစားနဲ႔ဆုိရင္ေတာ့ ငါမသံုးပါဘူး။ ဒါဆုိရင္ေတာ့ မဟုတ္ေတာ့ ျပန္ဘူး။ တကယ္ေတာ့ ဗဟုသုတေတြ လိုအပ္ေနေသးတယ္။ ဒါေပမဲ့ ဟုိတုန္း က လို အရမ္းႀကီးေတာ့ မဟုတ္ဘူး ဆိုေပမယ့္ လိုေနေသးတယ္။

ကာကြယ္ေရးအသိကုိ ျမႇင့္တင္ဖို႔အတြက္ ဘာေတြလုပ္ေနလဲ။ ဘာေတြ ထပ္လုပ္သင့္ပါသလဲ။

ဒါနဲ႔ပတ္သက္ၿပီး HIV ကာကြယ္ ေရးနဲ႔ပတ္သက္ၿပီး လူငယ္ေတြ အသိပညာရဖို႔အတြက္ကေတာ့ ဆရာတုိ႔ နည္းမ်ဳိးစံုနဲ႔ လုပ္ေနၾကတယ္။ အဖဲြ႕အစည္းေပါင္းစံု လုပ္တယ္။ အစိုးရဌာန ေတြလည္းပါတယ္။ အစိုးရမဟုတ္တဲ့ အဖဲြ႕အစည္းေတြလည္း ပါတယ္။ ႏုိင္ငံ တကာအဖဲြ႕အစည္းေတြလည္း ပါတယ္။ အဖဲြ႕အစည္းေပါင္းစံုက ကုိယ္လုပ္လို႔ ရႏုိင္တဲ့ အေ နအထားေလးေတြကေန လုပ္ၾကတယ္။ သို႔ေသာ္လည္း နယ္နဲ႔ၿမိဳ႕ နဲ႔ေတာ့ မတူဘူး။ ၿမိဳ႕ျပကလူေတြက ေတာ့ဘာပဲေျပာေျပာ နယ္က လူေတြ ထက္စာရင္ ဒီလို အသိပညာရဖို႔ အခြင့္ အလမ္းေတြ ပိုမ်ားတယ္။ နယ္ကလူေတြ မွာက ဒီလိုအခြင့္အလမ္းေတြ နည္း ေနေသးတယ္။ နယ္ေတြကို ေရာက္တဲ့အထိ ဆရာတုိ႔ လုပ္ဖို႔ လိုေနေသးတယ္။ အဲဒါေၾကာင့္လုပ္တယ္ဆိုတဲ့ နည္းလမ္း ေတြမွာ အမ်ဳိးစံုရိွရေတာ့မွာေပါ့။ ေဟာေျပာတယ္။ ေဟာေျပာပဲြက တစ္ႏုိင္ငံလံုး အတုိင္းအတာနဲ႔ လုပ္ဖို႔အတြက္ မလြယ္ကူဘူး။ သင္တန္းေတြ လုပ္တယ္။ တစ္ႏုိင္ ငံ လံုးအတုိင္းအတာနဲ႔ လုပ္ဖို႔မလြယ္ဘူး။ အဲဒီေတာ့ ဆရာတုိ႔က ေဟာေျပာပဲြေတြ၊ သင္တန္းေ တြလုပ္တာ ကတစ္ပိုင္း ျပည္သူေတြဆီကို က်ယ္က်ယ္ျပန္႔ျပန္႔ ေရာက္ ႏုိင္တာသည္ မီဒီယာပဲ။

အဲဒီေတာ့ TV Channel ေတြ FM Radio ေတြ ဒီဟာ ေတြကေန တစ္ဆင့္ ဆရာတုိ႔ လုပ္ဖို႔လုိ တယ္။ အရင့္အရင္ကေတာ့ ဒီမီဒီယာ ေတြသည္ သံုးဖို႔မလြယ္ဘူး။ ခက္ တယ္။ အရင္တုန္းက အေနအထားနဲ႔က်ေတာ့ ဒီမီဒီယာေတြ အသံုးျပဳခြင့္ရဖို႔ကို ေငြေရး ေၾကးေရးေတြ သံုးရတယ္။ ပညာေပး လုပ္ငန္းေတြအတြက္ ေနရာမရိွဘူး။ ရိွဦး ေ တာင္မွပဲ ေစ်းႀကီးတယ္။ Business ေတြနဲ႔အၿပိဳင္ စီးပြားေရးေၾကာ္ျငာေတြ အၿပိဳင္ေပးရတာဆုိေတာ့ ေစ်းႀကီးတယ္။ပညာေပး လုပ္ငန္းေတြကုိ အဲဒီေလာက္ အတုိင္း အတာ အထိ လုပ္ႏုိင္တဲ့လူမရိွဘူး။ ပညာေပးလုပ္ငန္းေတြအတြက္သည္ Free ရတဲ့ မီဒီယာေတြသည္ Free Access ျဖစ္မွ လူေတြကိုေရာက္မွာေပါ့။ အခုေတာ့ လည္း အခ်ဳိ႕ေ နရာေတြမွာ Free ရေနၿပီ ဆုိေတာ့ ဘာပဲေျပာေျပာေရွ႕ဆုိရင္ေတာ့ ပိုၿပီးေတာ့ အေျခအေနေလးေတြ ေကာင္း လာမယ္ထင္တယ္ေပါ့။ ဆရာ့အေနနဲ႔ ေျပာ ရရင္ Free Education လိုင္းေလး ေတြရိွလာတာသည္ ေကာင္းတယ္။ ဒါမွပဲ က်ယ္က်ယ္ျပန္႔ျပန္႔ ေရာက္ႏုိင္မွာကိုး။ Radio နဲ႔ ေရာက္ႏုိင္ တဲ့ ေနရာေတြရိွတယ္။ တခ်ဳိ ႕ေန ရာေတြမွာ TV ေရာက္ႏုိင္တဲ့ ေနရာေတြရိွတယ္။ လူမေရာက္ႏုိင္တဲ့ ေနရာေတြ အမ်ားႀကီးပဲ။ သြားၿပီး သင္တန္းမေပးႏုိင္ဘူး။ သြားၿပီး မေဟာေျပာ ႏုိင္ဘူး။ သို႔ေသာ္ Radio နားေ ထာင္ရင္ ေရဒီယိုကေန ေပးသြားမွာေပါ့။ ဒါမ်ဳိး ေလးေတြေပါ့။

အတုိင္းအတာတစ္ခု အထိ လုပ္ေနေသာ္လည္း လုပ္ဖို႔ လိုပါ ေသးတယ္။ လုပ္ပံုလုိပါေသးတယ္။ က်ယ္ က်ယ္ျပန္႔ျပန္႔ ေနရာအႏွံ႔ေတာေရာ ၿမိဳ႕ပါ မက်န္ေရာက္ဖို႔ အတြက္ ဆုိရင္ေတာ့ အရိွန္ အဟုန္ေတာ့ ထိန္းထားရဦးမယ္။ တစ္ခုပဲ ရိွတယ္ တစ္ခါတေလမွာ ျဖစ္တတ္တာက ဘာလဲဆုိေတာ့ သူတုိ႔ကေျပာတယ္ HIV က ၂ဝဝ၇ ေနာက္ပိုင္း က်ေနၿပီဆုိတဲ့အခါမွာ သူတုိ႔က ေနာက္ပုိင္းလူေတြက ဘာျဖစ္ လာလဲဆုိေတာ့ အားေလ်ာ့ေလ်ာ့ သြား တယ္။ မလိုေတာ့ ပါဘူးဆုိ။ မဟုတ္ဘူး။ ဒီတုိင္းဆက္ လုပ္ေနမွ ဒါဆက္က်မွာေလ။ ရပ္လိုက္တာနဲ႔ ျပန္ၿပီးေတာ့ ေထာင္တက္ လာမွာပဲ။ တခ်ဳိ႕ႏုိင္ငံေတြမွာဆုိရင္ ဒီလို မ်ဳိး အေတြ႕အႀကံဳေတြ ရိွဖူးတယ္။ အရိွန္ လည္း ခ်လုိ က္ေရာ ျပန္ထုိးေထာင္တက္ သြား ေရာ။ ဒါမ်ဳိး မျဖစ္ဖို႔လည္း လိုတယ္။ အရိွန္အဟုန္မပ်က္ေအာင္ လုပ္ေနတဲ့ လူကလည္း ဆက္လုပ္ဖို႔ လိုတယ္။ ၿပီးရင္ ေနာက္ ဆံုးအ လွဴရွင္ေတြကလည္း ေနာက္ပိုင္း HIV ဆုိ သိပ္မဟုတ္ေတာ့ဘူး။ အဲဒီလိုဟာမ်ဳိးေတြ အမွန္ေတာ့ အဲဒါ မဟုတ္ဘူး။ Prevention သည္ လုပ္ကိုလုပ္ေနရမွာ။ အဲဒီေတာ့ အရိွန္အဟုန္ သည္ ရပ္လို႔လည္း မရေသးဘူး။ ေလွ်ာ့လို႔ လည္း မရေသးဘူး။ လုပ္ေနတဲ့အတိုင္း ဆက္ လုပ္သြားရမယ္။ အဲဒါမွ အခုက် ေနတဲ့ ျမားသည္ ဆက္က် သြားမယ္။

သမီးရည္းစားဘဝ အတူေနျခင္းနဲ႔ ပတ္သက္ၿပီး ဆရာဘာေျပာခ်င္ပါသလဲ။

သမီးရည္းစားဘဝ အတူတူေန တာနဲ႔ ပတ္သက္လို႔ ဆရာေျပာခ်င္တာ ကေတာ့ ဒီလိုအခ်ိန္မွာ အရြယ္ေရာက္ လာရင္ေတာ့ သမီးရည္းစားျဖစ္ၾကတာ သဘာဝပဲ။ ဒါ မမွား ဘူး။ ဒါလူ႕ရဲ႕ ခႏၶာ ကိုယ္မွာရိွတဲ့ေဟာ္မုန္းရဲ႕ လႈံ႔ေဆာ္မႈ ေၾကာင့္ သဘာဝျဖစ္တယ္။ ဒါေပမဲ့ သမီး ရည္းစားအတူေနတယ္ဆုိတဲ့ အျဖစ္က ေတာ့ ထည့္ၿပီးစဥ္းစားရေ တာ့ မယ့္ အ ခ်က္ေတြ ရိွတယ္ထင္တယ္။ ဆရာ အၿမဲ တမ္း ေျပာတဲ့စကားကေတာ့ အဆင္သင့္ ျဖစ္ၿပီလားေပါ့။ သမီးရည္းစားကေတာ့ ဟုတ္ၿပီ၊ သမီးရည္းစား အေနနဲ႔ ကေတာ့ ျဖစ္တယ္။ သမီးရည္းစား အဆင့္ကေန ေက်ာ္ဖို႔က်ေတာ့ ႏွစ္ေယာက္စလံုးသည္ အဆင္သင့္ျဖစ္ၿပီလား။ ကိုယ့္ကိုယ္ကုိယ္ ေမးဖို႔လိုမယ္ထင္တယ္။ ဒီေမးခြန္းကို မေမးဘဲနဲ႔ေတာ့ Blind ႀကီး အဆင့္ေက်ာ္ သြားရင္ အခက္အခဲေတြျဖစ္ၾကမွာ။အဲဒီ ေတာ့ အဆင္သင့္မျဖစ္ဘဲ ကိုယ္ဝန္ရ သြားရင္ ဘာလုပ္ၾကမလဲ။ အခုရိွတယ္။ အျပင္မွာ တစ္ခါတေလၾကားရတာအဆင္ သင့္မျဖစ္ဘဲ ကိုယ္ဝန္ရသြားတယ္။ ၿပီး ေတာ့မွ ဘာလုပ္ရမွန္းမသိဘူး။ ေနာက္ ဆံုး ဘာပဲေျပာေျပာ ေျဖရွင္းဖို႔ အတြက္ ျပႆနာ က ေလာေလာဆယ္ အိမ္ေထာင္ ျပဳလို႔မရ။ ေယာက်္ားေလးဘက္ကလည္း လက္မခံေသး။ မိန္းက ေလးဘက္ကလည္း လက္မခံေသး အသက္အားျဖင့္လည္း Ready မျဖစ္၊ ပညာေရးလည္း မၿပီးေသး ဘူးဆုိရင္ ေနာက္ဆံုးက်ေတာ့လည္း မထူးပါဘူး။ ဖ်က္ခ်လိုက္ဆုိတဲ့ဟာမ်ဳိး အျပင္မွာ ရိွေနၾကတယ္။ ၾကားေနၾကတယ္ ဆုိေတာ့။ ဘယ္လိုေျပာေျပာ ဖ်က္ခ်တယ္ ဆုိကတည္းက အတုိင္းအတာတစ္ခုအထိ ေတာ့ မိန္းကေလးမွာ ထိခုိက္နစ္နာမႈ ရိွတာပဲ။ အသက္ထိခိုက္ နစ္နာႏုိင္တာ ရိွတယ္။ အသက္ ထိခုိက္ မနစ္နာရင္ ေတာင္မွပဲ အခ်ဳိ႕ဆုိရင္ ပိုးဝင္သြားတယ္။

ဘာေၾကာင့္လဲဆုိေတာ့ ဖ်က္ခ်ဖို႔ႀကိဳးစား တဲ့အခါမွာ စနစ္တက်မွ မရိွတာေလ။ စနစ္တက် ဖ်က္ခ်ေပးတယ္ဆုိတာ ဆရာ တုိ႔ ျမန္မာႏုိင္ငံမွာမွ မရိွေသးဘူး။ တရား ဝင္ ဘယ္မွာမွ မရိွေသးဘူး။ အဲဒီေတာ့ ခုိးေၾကာင္ခုိးဝွက္လုပ္ၾကတယ္။ ခုိးေၾကာင္ ခုိးဝွက္လုပ္ၿပီ ဆုိကတည္းက တတ္ကြၽမ္း တဲ့လူ လုပ္တာလည္း ဟုတ္ခ်င္မွ ဟုတ္ မယ္။ မတတ္ကြၽမ္းတဲ့လူလုပ္တာ ပုိမ်ား တယ္။ ဒီေတာ့ မတတ္ကြၽမ္းဘဲလုပ္တယ္ ဆုိကတည္းက လုပ္တဲ့ နည္းလမ္းသည္ စနစ္မက်ရင္ ေရာဂါပိုး ဝင္တယ္။ တခ်ဳိ႕ မိန္းကေ လးေတြဆုိရင္ ဒီေရာဂါပဲ။ အဲဒီ ေတာ့ အထဲထဲကို ေရာဂါပိုးဝင္သြားတဲ့ အတြက္ေၾကာင့္ ေနာက္ဆံုး ဒီသားအိမ္ႀကီး ပ်က္စီးသြားတယ္။ တစ္သက္လံုး ကိုယ္လို ခ်င္တဲ့ အခ်ိန္ေရာက္ရင္ေတာင္မွ ကေလး မရေတာ့ဘူး။ တစ္သက္လံုး ၿမံဳသြားတဲ့ ကိစၥေပါ့။ ဒါေတြကေတာ့ မိန္းကေလး တစ္ေယာက္အတြက္ ထိခိုက္နစ္နာမႈဘဲ။ တစ္ခုေ တာ့ ေျပလည္သြားတယ္။ ဒါေပမဲ့ တစ္သက္လံုးအတြက္ ဘာျဖစ္သြားမလဲ။ ဒါဟာ အမာရြတ္က်န္ခဲ့တဲ့ သေဘာပဲ။ ကဲေနာက္ဆံုး ယူမယ္ဆုိျပန္ေတာ့ေရာ အဆင္ သင့္မျဖစ္ဘဲယူတယ္။ ေက်ာင္း မၿပီးဘူး။ တုိ႔လို႔တန္းလန္း ျဖစ္တယ္။ တခ်ဳိ႕ ေက်ာင္းၿပီးဦးေတာင္မွ အလုပ္ အကိုင္ မရိွေသးဘူး။ ကိုယ့္အိမ္ေထာင္ တစ္ခု တည္ေထာင္ ဖို႔အတြက္ Ready မျဖစ္ေသးဘူးဆုိေတာ့ အဲဒီမွာ တစ္ခါ ထပ္ၿပီး ဘာေတြဆင့္လာလဲဆုိေတာ့ အိမ္ ေထာင္ေရးျပႆနာေတြက ထပ္ဆင့္လာ တယ္။ အဲဒီေတာ့ ႏွစ္ေ ယာက္ စလံုးက အဆင္သင့္မျဖစ္ေသးဘဲ ယူလိုက္ၾကတဲ့ အခါ ႏွစ္ေယာက္စလံုးက အခက္အခဲ တစ္ခုရိွတုိင္း တစ္ေယာက္ နဲ႔တစ္ေယာက္ အျပန္ အလွန္ ျ ပႆနာရွာ တယ္။ အျပစ္ ဖို႔ၾကတယ္နဲ႔ပဲ အဆင္မေျပၾကဘူး။ ဘယ္ အထိသြားလဲဆုိေတာ့ ကေလးအထိ သြား တယ္။ အဲဒီေတာ့ ဆရာေျပာခ်င္တာက တစ္ေယာက္နဲ႔ တစ္ေယာက္ လည္း တူ ခ်င္မွ တူမွာ။ အဆင္သင့္ျဖစ္ၿပီ။

ျပႆနာ မရိွဘူး။ အဆင္သင့္မျဖစ္ေသးတဲ့ လူအတြက္ က်ေတာ့အဆင္သင့္ မျဖစ္ ေသးသေရြ႕ ကာလပတ္လံုး ေခါင္းထဲမွာ ထည့္ထားရမွာက ကိုယ့္မွာ အခက္အခဲ ေတြ အမ်ား ႀကီးရိွႏိုင္တယ္ဆုိတဲ့ဟာပဲ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အဆင္သင့္ ျဖစ္မျဖစ္ ေမးခြန္းေမးၿပီးမွ ကိုယ္ပိုင္ ဆံုး ျဖတ္ခ်က္နဲ႔ လုပ္ေပါ့။ မွားတယ္၊ မွန္တယ္ ေတာ့ ဆရာမေျပာလိုဘူး။ လူတုိင္းမွာ လုပ္သင့္မလုပ္သင့္ ကိုယ္တုိင္ ဆံုးျဖတ္ မယ္။ သို႔ေသာ္ လုပ္ၿပီးရင္လည္း တာဝန္ ယူ တတ္တဲ့အက်င့္ ရိွရမယ္။ ဒါပဲ။ တခ်ဳိ႕ ေယာ က်္ားေ လးေတြ ရိွတယ္။ ျဖစ္ႏုိင္တယ္ ဒါမ်ဳိးက။ ႏွစ္ေယာက္စလံုး ပထမေတာ့ စိတ္ခံစားခ်က္အရ လုပ္လိုက္တာပဲ။ ေနာက္က်ေတာ့ မဟုတ္ဘူး။ ဟုတ္လား တာဝန္မ ယူႏုိင္ဘူး ဆုိတာေတြလည္းရိွတဲ့ အတြက္ေၾကာင့္ အဲဒီေတာ့ မိန္းကေလး ဘက္ကလည္း ဒါေတြ သတိထားဖို႔လိုတာ ေလ။ တစ္ခါတေလမွာေတာ့ ကုိယ့္စိတ္ တစ္ခုတည္း နဲ႔ပဲ တကယ္တမ္းက်ေတာ့ သူကတာဝန္မယူဘူးဆုိရင္ ကုိယ့္မွာနစ္နာ တာေတြအမ်ားႀကီး။ တကယ္တမ္းတာဝန္ ယူဦးေတာ့ တကယ္တမ္းက်ေတာ့လည္း အဆင္ေျပ ခ်င္ မွေျပမယ္။ အဲဒါေၾကာင့္ ကိုယ့္ကိုယ္ကုိယ္အဆင္သင့္ ျဖစ္ၿပီလား ဆိုတဲ့ ေမးခြန္းရဲ႕အေျဖက ကိုယ့္ဆီမွာပဲ ရိွတယ္။ ဒီအေျဖသည္ ကိုယ့္မွာရိွတယ္ ဆုိရင္ ဆက္သြား လို႔ရ မယ္။ မရိွရင္ေတာ့ သတိထားရမယ္ေပါ့။ အဲဒီေတာ့ ဒါဆုိရင္ ႀကိဳႀကိဳတင္တင္ ငါတုိ႔ဘာလုပ္သင့္လဲဆုိတဲ့ အေျဖ။ ဒီလိုမ်ဳိး ျဖစ္လာႏုိင္တယ္ဆုိတာ သိတယ္။ ဒီလို မ်ဳိး ျဖစ္လာႏုိင္တာကို သိ ရင္ ငါတုိ႔ဘယ္လို ႀကိဳတင္ကာကြယ္ထား မလဲ။ ျဖစ္ၿပီးမွလုပ္ရတာထက္စာရင္ မျဖစ္ ခင္ ႀကိဳတင္ကာ ကြယ္ထား တာသည္ ႏွစ္ ေယာက္စ လံုးအ တြက္ အဆင္ေျပတယ္။ အဲဒီေတာ့ ႏွစ္ေယာက္စလံုးအတြက္ ႀကိဳတင္ ကာကြယ္ဖို႔ကို ဗဟုသုတရွိဖို႔ လုိတယ္။ ဗဟုသုတရိွဖို႔ဆုိရင္ လူငယ္ တစ္ေယာက္ အတြက္ ရိွသင့္ ရိွထိုက္တဲ့ ဗဟုသုတရိွဖို႔ အတြက္ စာအုပ္ေတြ ဖတ္ထားလို႔ရတယ္။ သူမ်ားေျပာတာ နားေထာင္လို႔ရတယ္။

လူငယ္ေတြၾကားကအတူေနတဲ့အေျခအေနကိုလံုးဝဖ်က္ပစ္လို႔ မရႏုိင္တာေသခ်ာပါတယ္။ ကိုယ္ဝန္ဖ်က္ခ်မႈ ျပႆနာလည္းမ်ားလာတယ္လို႔ ၾကား ေနရတယ္။ ဒီမွာေ ရာ တရားဝင္ကိုယ္ဝန္ဖ်က္ခ်မႈဥပေဒ လုပ္သင့္ပါသလား။

ေယာက်္ားေလးနဲ႔ မိန္းကေလး သည္ အိမ္ေထာင္မက်ေသးဘူး။ သို႔ ေသာ္လည္း အေၾကာင္းေၾကာင္းေၾကာင့္ မေမွ်ာ္လင့္ဘဲနဲ႔ တရားဝင္ အိမ္ေထာင္ မက်ေသးခင္မွာ ကိုယ္ဝန္ရၾကတယ္ ဆုိ တာရိွေနတာပဲတဲ့။ အဲဒီေတာ့ ရၿပီးၿပီ ဆုိရင္ ဒီကိုယ္ဝန္ေၾကာင့္ ျဖစ္လာႏိုင္ တာေတြကုိ စဥ္းစားရမယ္။ ဖ်က္ခ်တယ္ ဆုိတာ မေကာင္းဘူး။ ယူမယ္ ဆုိျပန္ ေတာ့လည္း အဆင္သင့္မျဖစ္။ အိမ္ ေထာင္တစ္ခု တည္ေဆာက္ဖို႔အတြက္ ႏွစ္ေယာက္စလံုးအတြက္ အေျခအေန မေပးေသးဘူးဆုိရင္ ဖ်က္ခ် သင့္သလား ေပါ့။ ဖ်က္ခ်သင့္သလားဆုိေတာ့ ဖ်က္ ခ်သင့္တယ္လို႔ ေျဖတဲ့လူလည္း ရိွမွာပဲ။ မဖ်က္ခ်သင့္ဘူးလုိ႔ ေျဖတဲ့လူလည္း ရိွ မွာပဲ။ ဘာလို႔လဲဆုိေတာ့ ဆရာတု႔ိ ဆီမွာ ျမန္မာ့ ယ ဥ္ေ က်းမႈဆုိတာေတာ္ေတာ္ေလး ဟိုးအရင္ကတည္းက ရိွခဲ့ၾကတာဆုိေတာ့ ဒါေပမဲ့လည္း အေၾကာင္းေၾကာင္းေၾကာင့္ အခ်ဳိ႕ေသာယဥ္ေက်းမႈေ တြ သည္ ေျပာင္း ဖို႔ လို လာတာလည္း ျဖစ္ေကာင္းျဖစ္ ႏုိင္မယ္။ မိန္းကေလးနဲ႔ ေယာက်္ားေလး အိမ္ေထာင္ မက်ေသးဘဲ အေၾကာင္း ေၾကာင္းေၾကာင့္ ကိုယ္ဝန္ရသြား ခဲ့ေ သာ္ ဒီကိုယ္ဝန္ကုိ တရားဝင္ဖ်က္ခ်ခြင့္။ က်န္း မာေရး ႐ႈေထာင့္အရေျပာရင္ ရိွသင့္တယ္ လို႔ ေျပာလို႔ရတယ္။

ဘာေၾကာင့္လဲဆုိေတာ့ မဟုတ္တာေတြ လုပ္လို႔ရိွရင္ လုပ္ခ်င္တာ ေတြ လုပ္လို႔ရိွရင္ ျပႆနာက ပိုဆိုးသြား မွာ။ စနစ္တက်လုပ္လိုက္ေတာ့ ဘာပဲ ေျပာေျပာ အႏၲရာယ္ ကင္းတယ္လို႔ပဲ ဆုိ ရမွာေပါ့။ ႏို႔မို႔ဆိုရင္ တရားဝင္ မလုပ္ေပး ဘူး။ မလုပ္ေပးေတာ့ လုပ္ေပးတဲ့လူက စနစ္မက်ဘူး။ ကြၽမ္းက်င္မႈမရိွဘူးဆုိေတာ့။ သုိ႔ေသာ္ ဒါေပမဲ့ တစ္ခါ တစ္ဖက္က ဒီလို ရိွျပန္ရင္လည္း လူေတြက ဒါကုိ အလဲြ သုံးစား လုပ္မွာလား။ ဒီဟာႀကီးရိွ ျပန္ ရင္လည္း ဒါႀကီးရိွေနတာပဲ ငါတုိ႔ကိစၥမရိွ ဘူး။ ေနခ်င္သလို ေနလို႔ရတယ္။ ကာ ကြယ္စရာလည္း မလိုဘူး။ ၿပီးရင္ ဒီလို လုပ္သြားလို႔ရတယ္ဆုိေတာ့ ဘာပဲေျပာ ေျပာ ေကာင္းတာနဲ႔ ဆုိးတာနဲ႔ေပါ့။ ရိွတဲ့ အတြက္ေၾကာင့္ ေကာင္းသြားႏုိင္တယ္။ မရိွတဲ့ အတြက္ေၾကာင့္ မေကာင္းသြား တာလည္း ရိွေတာ့ ဒါကေတာ့ က်န္းမာ ေရး ႐ႈေထာင့္အရ ရိွသင့္တယ္လို႔ ေျပာလု႔ိလဲပဲ။ ရိွျခင္း မရိွျခင္း အတြက္ ကေတာ့ ေတာ္ေ တာ္ႀကီးကို ေဆြးေႏြးရမယ္။ ပညာ ရွင္ေတြ အကုန္လံုး ပါရမယ္။

ဒါေပမဲ့ ဒီဟာကို စဥ္းစားဖို႔ အခ်ိန္ေတာ့ တန္ၿပီ။ ဘာလို႔လဲဆုိေတာ့ မစဥ္းစားရင္ အခုလက္ ရိွ အေနအထားအ တုိင္းပဲ ရိွေနမယ္ဆုိရင္ ဆရာတုိ႔မွာ ျပႆနာ အခက္အခဲေတြ က မ်ဳိးစံုရိွတယ္။ ဆုိေတာ့ တခ်ဳိ႕ႏုိင္ငံေတြ မွာလည္း တစ္ႏုိင္ငံနဲ႔တစ္ႏုိင္ငံ မတူၾက ဘူး။ အေလ့ အထေတြ မတူၾကဘူးဆုိေတာ့ ဆရာတို႔ သူမ်ားႏုိင္ငံေတြမွာ ဘယ္လို လုပ္လဲဆုိတာ ပတ္ဝန္းက်င္ႏုိင္ငံေတြမွာ ေလ့လာၿပီးရင္ ကုိယ့္ႏုိင္ငံမွာ ဘယ္လို လုပ္သင့္သလဲဆုိတာ အေကာင္းဆံုး အ ေျဖက ဘာလဲေပါ့။ ေနာက္ဆံုးအေျဖက ရိွသင့္ တယ္လို႔ တြက္တာလည္း ရိွမယ္။ မရိွသင့္ေသးဘူးလို႔ တြက္တာလည္း ရိွ ခ်င္ရိွမယ္။ ရိွသင့္တယ္ဆုိရင္လည္း ရိွဖို႔အတြက္ ဘယ္လို အေျခအေနမ်ဳိး ဆိုရင္ေတာ့ ဘယ္လို အေျခအေနမ်ဳိး ျဖစ္ ႏုိင္လဲဆုိတာကိုပါ တစ္ခါတည္း တဲြၿပီး သတ္မွတ္ရမွာေပါ့။ အဲဒီေတာ့ ဒါစၿပီး စဥ္းစားရမယ့္ အခ်ိန္တန္ၿပီ။ အထူးသ ျဖင့္ေတာ့ ကိုယ္ေတြနဲ႔ ယဥ္ေက်းမႈ အေန အထားခ်င္း မတိမ္းမယိမ္းရိွတဲ့ ႏုိင္ငံမ်ဳိး ေတြမွာေရာ ဘာေတြလုပ္ေနလဲ။ ရိွတဲ့ ႏိုင္ငံ ရိွမယ္။ မရိွတဲ့ႏုိင္ငံ ရွိမယ္။ မရိွတဲ့ ႏုိင္ငံ မွာေရာ ကိုယ္နဲ႔အ တူတူပဲျ ပႆနာေ တြ ျဖစ္ေနလား။ ျပႆနာေတြ မရိွဘူးဆုိရင္ သူတုိ႔မွာ မရိွရက္နဲ႔ မျဖစ္ဘူးဆုိရင္ သူတုိ႔ မွာ တျခားဘာေတြလုပ္ေနတဲ့ နည္းလမ္း ေတြ ရိွလဲ။ ရိွတဲ့ႏုိင္ငံမွာေရာ ရိွတဲ့အ တြက္ ေၾကာင့္ ပိုၿပီးေကာင္းလား တစ္လဲြသံုး တာေတြ ရိွလားဆုိတာေလ့လာရမွာေပါ့။ အဲဒီကေနေတာ့ အေျဖတစ္ခုေတာ့ ထြက္မွာေပါ့။

By Popular Myanmar
Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ


Unicode

UNFPA လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း

သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။

သမီးရည်းစားအတူနေကြတယ်ဆိုတာ ဟိုအရင်တုန်းကတော့ ဒါဟာ ရှက်စရာအလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်း တယ်။ အခြေအနေ လည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်း ပါတယ်။ အခြေအနေက လည်း အကြောင်းကြောင်းတွေ ပ့ံပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်း ပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြားမှာ တော်တော်လေး ပျံ့ပျံ ့နှံ့နှံ့ ဖြစ်နေတယ်ဆိုတာကို တွေ့ တယ်၊ မြင်တယ်၊ ကြားတယ်၊ သိတယ်ဆို information က တစ်ဆင့် သိရတာ။ ဒါပေမဲ့ တကယ့် တကယ်မှာ အထောက်အထား တိတိကျကျရှိလား ဆိုရင်လည်း မရှိဘူးလေ။ ဒါမျိုးက စာရင်းဇယား ကောက်ထားတာမျိုး မဟုတ်ပဲ။ ဘာပဲ ပြောပြော မြင်တွေ့နေရတဲ့ ဟာတွေမှာ တော့ ဒီလိုမျိုးရှိတယ် ဆိုတာ သိတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးကျတော့ ဘာ တွေ ဖြစ်လာလဲဆိုတော့ သမီးရည်းစား အိမ်ထောင်မကျသေးခင် အတူတူနေ ကြတဲ့အခါမှာ ဖြစ်လာနို င်တဲ့ နော က် ဆက်တွဲတွေမှာတော့ နှစ်ခုပဲ ရှိတယ်။

တစ်ခုက ဘာလဲဆိုတော့ အိမ်ထောင် မကျခင် တရားဝင် မဖြစ် သေးခင်မှာကို မမျှော်လင့်ဘဲနဲ့ ကိုယ်ဝန် ရသွားတာ။ နောက်တစ်ခုက ဘာလဲဆိုတော့ သမီး ရည်းစားအ ချင်းချင်း ဆိုသော်လည်းပဲ၊ မိန်းကလေးက ယော ကျ်ားလေးအကြောင်း တစ်ခါတလေမှာ ပြည့်ပြည့်စုံစုံ မသိ နိုင်တာဖြစ်နိုင်တယ်။ ယောကျ်ားလေးက လည်းမိန်း ကလေး အကြောင်း ပြည့်ပြည့် စုံစုံ မသိနိုင်တာဆိုရင် သူ့ရဲ့နောက် ကြောင်း ရာဇဝင်သူသည် ဘယ်လိုလူ မျိုးလဲ ကိုယ့်အပြင် တခြားတွဲတဲ့ လူရှိသ လားဆိုတာတွေ အပေါ်မှာ HIV ရှိ သလားဆိုတာတွေ ရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတ်သတ်မှတ်မှတ် သူနဲ့ကိုယ်နဲ့က သူကလွဲလို့ ကိုယ့်မှာ ဘယ်သူမှ မရှိဘူး။ ကိုယ်ကလွဲလို့ သူ့ မှာ ဘယ်သူ့မှ မရှိဘူးဆိုတဲ့ ဟာဆိုရင် HIV ကပြဿနာ မဟုတ်လောက်သော် လည်း အကယ်၍ ဒီလိုမသိဘူးဆိုလဲ HIVကအတိုင်းအတာ တစ်ခုထိတော့ ကူးဖို့ဖြစ် လာပြီပေ့ါ။ ဘာကြောင့်ဆိုတော့ သူက သမီးရည်းစားလို့ ပြောရင် အကာ အကွယ်သုံးရင် သုံးမယ်။ စောစောက HIV လို့ ပြောရင် HIV မကူးချင်ရင် တော့ အကာအကွယ်သုံးရင် သုံး မယ်။ ဒါက အခုကတော့ အပြင်လူနဲ့ မဟုတ်ဘူး။ ကိုယ့်သမီးရည်း စားကြား အချင်း ချင်းဆိုတော့ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုဆို တာတွေ ရှိနေတဲ့အခါကျတော့ အကာ အကွယ်မသုံးဘူးဆိုရင်သူ့နောက်ကြောင်း ကိုယ်မသိ၊ ကိုယ့်နောက်ကြောင်းသူမသိ၊ သူက ကိုယ့်အပြင်အခြား လူရှိတယ်ဆို ရင်တော့ HIV ပိုးကူးနိုင်တာပေါ့။ ဘာပဲပြောပြော အတိုင်းအတာတစ်ခုအထိတော့ HIV ကူးဆက်ပျံ့နှံ့မှုမှ ဒီလိုကိစ္စ လေးတွေက တစ်စိတ်တစ်ပိုင်းပါနေတယ်ပေါ့။

မှန်းဆကြည့်ရသလောက် အတူတူ နေတဲ့အခါများသောအားဖြင့် condom မသုံးမိကြဘူး။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ ဘာပြောလိုသလဲ။

စောစောက ပြောတဲ့ အကာ အကွယ်မသုံးဘူးဆိုတဲ့ကိစ္စမှာ စောစောက ပြောသလိုပဲ သူနဲ့သမီးရည်းစားဖြစ်နေပြီဆိုတဲ့အခါမှာ စောစောက ပြောတဲ့ ပြဿနာနှစ်ခုထဲက တစ်ခုပေါ့။ ဥပမာ ဆိုရင် ငါတို့ အဆင်သင့် မဖြစ်သေးခင် ကိုယ်ဝန်ရသွားနိုင်တဲ့အတွက်ကြောင့် ဒီကိုယ်ဝန်မရအောင် တားချင်တဲ့ အ တွက်ကြောင့် တားမယ်ဆိုတဲ့ ရည်မှန်း ချက်ဒါမျိုးရှိခဲ့ရင်လည်း သူတို့က သုံး ကောင်းသုံးမယ်။ သို့သော်ဒီလို ရှိချင်မှ လည်း ရှိမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပြီဆိုရင် ဒီလိုဖြစ်ဖို့သည် ကြို တင်ပြင်ဆင်မှု ဟုတ်ချင်မှဟုတ်မယ်။ ကြိုတင်ပြင်ဆင်ထားကြတာ မဟုတ်ဘူး။ ဒီလိုပဲ အခြေအနေပေးလို့ ဖြစ်သွားကြ တာ။ တစ်ခါတလေမှာလည်း ဒီလူနဲ့ ပုံမှန်မျှော်လင့်ထားတဲ့ အနေအထား လေးမှာပဲ အနေအထားက အခြေအနေ ပေးသွားမယ်။ အဲဒီအတွက်ကြောင့် စိတ်အလို လိုက်တယ်။ စိတ်ရဲ့ခေါ်ရာ နောက်ကို လိုက်သွားတယ်ဆိုတော့ ဘာ ပဲပြောပြော ပြင်ပြင်ဆင်ဆင် ရှိဖို့က ခဲ ယဉ်းတယ်ဆိုတော့ တော်တော်များများ သည် ကွန်ဒုံးမသုံးဖြစ်ဖို့ များတယ်။ ကွန်ဒုံးမသုံးဖြစ်ဖို့ များပြီဆိုကတည်းက စောစောက ဆ ရာပြောဖြစ်တဲ့ ပြဿနာ နှစ်ခုစလုံး ဖြစ်လာနိုင်တာပဲ။ မမျှော်လင့် ဘဲနဲ့ ကိုယ်ဝန်ရသွားနိုင်တာရော၊ HIV ကူးစက်နိုင်တဲ့ အန္တရာယ်တစ်ယောက် ယောက်မှာ ရှိခဲ့ ရင် ယောကျ်ားလေး တစ်ယောက်ကို ပြောရင် ဒီယောကျ်ား လေးသည် မူးယစ်ဆေး သုံးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ မူးယစ်ဆေး သုံးတယ်ဆိုရင် မူးယစ်ဆေး သည် အ ကြောထဲ အပ်နဲ့ ထိုးတာမျိုး လုပ်တယ်ဆိုရင် သူက HIV ကူးစက်မှုကို ဗဟုသုတ ဘယ်လောက်ရှိလဲ။

ဘယ်လောက်အတိုင်းအတာအထိ သူကာကွယ်ထားလဲ ပေါ်မူတည်ပြီး သူသည် HIV ကင်းမကင်း မသေချာတော့ဘူး။ ဒါ့အပြင် တခြား ဒီမိန်းကလေးအပြင် တခြားအပြင် မှာ အပျော်အပါးလိုက်စား၊ မစားဆိုတာလည်း မသေချာဘူး။ ဒီလိုမျိုး ယောကျ်ားလေးမှာ HIV ပိုးကူးနိုင်တဲ့ အန္တရာယ်ရှိ နိုင်တယ်။ HIV ရှိနေတယ် ဆိုတာကို မိန်းကလေး က မသိရင် မိန်း ကလေးက HIV ကူးသွားနိုင်တယ်။ ထို နည်းလည်းကောင်းပဲ အပြန်အလှန်ပေါ့။ မိန်းကလေးမှာ HIV ရှိ၊ မရှိ ယောကျ်ားလေးဘက်က မသိတာ လည်း ဖြစ်နိုင်တယ်။ မိန်းကလေးမှာလည်း ဒီယောကျ်ား လေးအပြင် တခြားယောကျ်ားလေးရည်းစားဖြစ်ချင်ဖြစ်နိုင်မယ်ဆိုတော့ မိန်းကလေးမှာ HIV ရှိ၊မရှိမသေ ချာရင် နဂိုကယောကျ်ားလေးမှာ မရှိပေမယ့် ကိုယ့်ရဲ့ ရည်းစားကနေတစ်ဆင့် ကူးသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ Condom မသုံးဘူးဆို တာနဲ့တော့ စောစော က ပြဿ နာနှစ်ရပ်လုံးသည် ဖြစ်လာနိုင်စရာရှိတယ်။ မသုံးကြဘူးဆိုတာလည်း အကြောင်းကြောင်းကြောင့် ဖြစ်တယ်။ အဆင်သင့်မဖြစ် လို့။ ကြိုတင်မပြင်ဆင်ထားလို့ သို့မဟုတ် မဖြစ်လောက်ဘူးထင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုကတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်ကြ တာလည်း ဖြစ်နိုင်တယ်။ ဒီလို အကြောင်းကြောင်း ကြောင့် ဖြစ်ဖို့များတယ်။

သမီးရည်းစား အတူနေရာကနေ HIV ကူးစက်နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ပတ်သက်ပြီး Research လုပ်ထားတာရှိလား။

ဆရာတို့ Research လုပ်ထားတာ မရှိတော့ HIV ကူးစက်နှုန်းကို အတိအကျ မပြောနိုင်ဘူး။

အဲဒါနဲ့ပတ်သက်ပြီးတော့ Research သေချာမလုပ်သင့်သေးဘူးလား။

Research လို့ ပြောရင် ဆရာတို့ လုပ်တဲ့ အလုပ်တိုင်းမှာက အထောက် အထားရှိဖို့ လိုတယ်။ အထောက်အထား ကတော့ ရလေ ဆရာတို့အတွက် အ ကောင်းဆုံးပဲ။ ဒါပေမဲ့ အထောက်အ ထားလို့ ပြောလို့ အချက်အလက်နဲ့ ပတ် သက်လို့ ဆရာတို့ မှတ်တမ်းမှတ်ရာတွေ ကနေပဲဖြစ်ဖြစ်၊ သီးသန့်ကောက်ယူ တာပဲဖြစ်ဖြစ် ရတယ်ဆိုပေ မယ့် တချို့ ကိစ္စတွေကျတော့ မှတ်တမ်းမှတ်ရာ အရလည်း ရဖို့ခက်သလို သီးသန့်သု တေသန လုပ်ငန်းကလည်း ရဖို့ကလည်း ပိုဆိုးသွားပြီ။ သူတို့ သမီးရည်း စား နှစ်ယောက်ကြားထဲမှာ ဒီလို ကိစ္စမျိုး ရှိသလားလို့ မေးရမယ်ဆို ဘယ်သူမှ မဖြေဘူးပေါ့။ အဲဒီတော့ ဒီလိုဟာတွေ ကျရင် ဆရာတို့က အခက်အခဲရှိသွားပြီ။ မင်းတို့ သမီးရည်းစား နှစ်ယောက်အတူတူနေကြလားဆို ဖြေကြတယ်ဆို ရင်တောင် ဟုတ်ပြီ။ ကွန်ဒုံးသုံးလား၊ မသုံးဘူးလားဆိုရင် ဖြေဖို့ ခက်သွားပြီ။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ တော်တော်များများက လူတွေအ တွက် အလွယ်တကူ ဖြေရခက်တဲ့ sensitive question လူတွေ ဖြေရခက် တဲ့ မဖြေတဲ့ မေးခွန်းတွေဆို တကယ့် အချက်အလက် အတိအကျ မှန်မှန်ကန် ကန်ရဖို့ အခက်အခဲရှိနိုင်တယ်။ ဒီလို ဟာမျိုးဆိုရင် ဆရာတို့ ဘာလုပ်ရလဲ ဆိုတော့ လူတွေ့မေးတဲ့ မေးခွန်းမဟုတ် တော့ဘူး။ အချို့နိုင်ငံတွေကျ ဘာလုပ် လဲ။ Anonymous မမြင်ရဘဲနဲ့ အွန်လိုင်း survey တွေဆိုတာ ရှိလာတာပေါ့။ အဲဒီလိုဆိုတော့ ပြဿနာမရှိဘူး။ အွန်လိုင်းမှာ ဆိုတော့ ဘယ်သူမှန်းလဲ မသိဘူး။ Anonymous ဆိုတော့ မျက် နှာချင်းလည်း တွေ့ရတာ မဟုတ်ဘူး။ ကိုယ်ဘာဖြေလဲ မဖြေလဲ ဘယ်သူမှ မသိကြဘူး။ အဲဒါမျိုးဆိုရင်တော့ စာ ရင်းကို ရနိုင်တယ်။ နောက်ပိုင်းလည်း ဒါမျိုးက ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။

အဲဒါဆိုရင် ဆရာတို့ဆီမှာ အွန်လိုင်း survey တွေ ပေါ်လာတယ် ဆိုရင် ကိုယ်လိုချင်တဲ့ အသက်အပိုင်း အခြားတွေမှာ ရှိနေတဲ့ အမူအကျင့်တွေ၊ ရှိနေတဲ့အလေ့ အထတွေ ကို မေးနိုင် မယ်ဆိုရင်တော့ ဒါတွေက အခုလက်ရှိ အနေအထားမှာတော့ ဆရာတို့မှာ မရှိ သေးသလို လုပ်ဖို့လည်း လက်ရှိသုံးနေ တဲ့ ပုံစံနည်းစနစ်တွေနဲ့ဆိုရင် ဆရာတို့ အခက်အခဲရှိနိုင်တယ်။ တချို့ကတော့ စာတိုက်ကနေ ပို့ပြီးမေးတယ်တို့၊ ဒါကျ တော့ တချို့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေ မဲ့ ဒီမှာတော့ စာတိုက်ကနေ ဘယ် လောက် အတိုင်းအတာအထိ ချောချော မွေ့မွေ့ လုပ်နိုင်တယ်ဆိုတာ Question ပဲဆိုတော့။ အွန်လိုင်းလုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဟာမျိုး သူများနိုင်ငံမှာ သုံးတယ် ဆိုတာ အခု တွေ့ပြီး ဒီမေးခွန်းဖြေလို့ ပြောရင် အခက်အခဲရှိသွားပြီ။ ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင် တွေ့နေတော့။ အဲဒါ ကြောင့် မျက်နှာချင်းဆိုင်စရာ မလိုဘဲနဲ့ သူမှန်း ကိုယ်မှန်းကိုမသိတဲ့နည်းနဲ့ သွား ကြတယ်။ အဲဒီတော့ စာတိုက်ကပို့ပြီး ဖြေခိုင်းတဲ့ဟာမျိုး၊ အွန်လိုင်းကနေ ဖြေ ခိုင်းတာမျိုး။ ဆရာတို့လည်း တစ်ချိန် ချိန်မှာ ဒါမျိုးသုံးမယ်လို့ စဉ်းစားမယ် ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အချက် အလက်တွေ ရနိုင်တာပေါ့။

အခု ကျွန်မတို့ သိထားသလောက် ဒီဘက်နှစ်မှာ HIV ကူးစက်နှုန်းကျဆင်း သွားတယ်ဆိုတာဟုတ်ပါသလား။ ဟုတ်ရင် အဲဒါကရော စိတ်ချရတဲ့စာရင်းဇယားလား။

အခုနောက်ပိုင်းမှာတော့ ဟုတ်တယ်။ HIV အနေအထားနဲ့ ပြောရင်တော့ ၂ဝဝ၅ ခုနှစ် မတိုင်မီက ဆရာ တို့ မြန်မာပြည်မှာ HIV ရှိတယ်လို့ ပြောလာတဲ့ ၁၉၈၈ ခုနှစ်ကနေ စပြီးတော့ ၂ဝဝ၅ ခုနှစ်အထိ တောက်လျှောက် မျဉ်းကြောင်းကြီးက အပေါ်ထောင်တက်လာခဲ့တာ။ ၂ဝဝ၅ ခုနှစ်က စပြီး တော့ ဒါက အပေါ်ကို ထောင်မတက်တော့ဘဲနဲ့ အတည့်ပြန်ဖြစ်သွားပြီးတော့ ၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှာ ကျလာခဲ့ပြီ လို့ သိထားခဲ့တယ်ပေါ့။ နောက်ဆုံးထွက် တဲ့ စာရင်းဇယား အရတော့ ဝ ဒသမ ၅၉ ရာခိုင်နှုန်းပေါ့။ HIV ဖြစ်ပွားမှုနှုန်း ပေါ့။ သို့သော်လည်း ဒါကလည်း ဆရာတို့က ဒါကသွေးစစ်တဲ့လူကို အခြေခံပြီးလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးတော့ အပြောင်းအ လဲ အတိမ်းအစောင်း ရှိနိုင်တယ်။ သူတို့ ကတော့ စိတ်ချရလောက်တဲ့ နည်းစနစ် တွေနဲ့ တွက်ရချက်ရတာပေါ့။ သန်း ၆ဝ ရှိရင် သန်း ၆ဝ စလုံးကို စစ်ထားတာ မဟုတ်ဘူးေ လ။ ဒီထဲက တစ်စိတ် တစ်ပိုင်းကိုပဲ စစ်ထားပြီးတော့ တွေ့တဲ့ ဟာကိုပဲ မူတည်ပြီး ရာခိုင်နှုန်း ပြန်တွက် ကြတာဆိုတော့ စစ်ထားတဲ့လူကနေ တစ်ဆင့်ပဲယူပြီး တွက်ထား တာဆိုတော့ အမှန်တကယ် ကိန်းဂဏန်းနဲ့တော့ ကွာဟကောင်း ကွာဟနိုင်တယ်။ ဘာလို့ လဲဆိုတော့ အနီးစပ်ဆုံး မှန်းလို့ရတဲ့ ကိန်းဂဏန်းပဲ ဆိုတော့ ၂ဝဝ၇ ခုနှစ် နောက် ပိုင်းတော့ တဖြည်းဖြည်း ကျလာတယ်။

လူငယ်တွေကြားမှာ HIV ကူးစက် နှုန်းအပေါ် ဆရာဘယ်လိုမြင်ထားလဲ။

လူငယ်တွေကြားထဲမှာကတော့ အကြမ်းဖျင်း ပြောရင်တော့ လူငယ်မှာ လည်း အမျိုးအစားကခွဲမယ်ဆိုရင် General Youth သူလိုကိုယ်လိုပဲ လူ ငယ်တွေရှိသလို။ ဒီထဲထဲ မှာမှ ကူးစက် မှု အန္တရာယ်များနိုင်တယ်ဆိုတဲ့ လူငယ် အုပ်စုတွေ ရှိတယ်။ ဥပမာ မူးယစ်ဆေး ဝါးထိုးတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ နောက်လိင် အပျော်အပါး လိုက်စားတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် ရင်းပြီး လုပ်စားတဲ့လူငယ်အမျိုးသမီးတွေ ဖြစ်နိုင်တယ်။ ဒီလိုမျိုးဟာတွေကတော့ ဘာပဲပြောပြော အခုအချိန်အထိ ကူး စက်မှု က မြင့်နေတုန်းပဲ။ စောစောက ပြောတဲ့ ဝ ဒသမ ၅၉ ဆိုတာ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေအကုန် လုံးကတွက်ထားတာ ဆိုပေမယ့်လို့ အဲဒီ ထဲကမှ တစ်ဆင့် လူငယ်ဆိုတဲ့ ဟာကို ကြည့်မယ်။ အဲဒီလူငယ်ထဲကမှ ကူးစက် မှုနှုန်း မြင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ လူငယ် အုပ်စုတွေကို ကြည့်မယ်ဆိုရင်တော့ သူတို့က များနေသေး တာ တွေ့ရတယ်။

ဘာကြောင့်လဲလို့ ပြောရင်တော့ လူငယ်တွေမှာ ဘာကြောင့်များလဲဆို ရင်တော့ စောစောက ဆွေးနွေးခဲ့တဲ့ အတိုင်းအတာက ဗဟုသုတ မရှိသေး တာ ဖြစ်နိုင် တယ် ။ နောက်တစ်ခုက ဗဟုသုတရှိသော်လည်း ”ငါတို့ မဖြစ် လောက်သေးပါဘူး” လို့ကိုယ့်ကိုယ်ကိုယ် လျှော့တွက်နေတာ။ နောက်တစ်ခုက ကာကွယ်ဖို့အတွက် ပစ္စည်း ပစ္စ ယတွေကို လက်လှမ်းမမီကြတာပေါ့။ ဥပမာ ကွန် ဒုံးသုံးချင်သော်လည်း ကိုယ်က သုံးဖို့ ကြိုတင် ပြင်ဆင်မထားတော့ တကယ့် တကယ်မှာ ကွန်ဒုံးက လက်ထဲမှာ ရှိ မနေ ဘူး။ အဲဒီလို အကြောင်းကိစ္စတွေ ကြောင့် လူငယ်တွေကြားထဲမှာ ပိုပြီး များနေတာ တွေ့ရတယ်။ ဒီထဲထဲမှာ ပိုပြီး ဆိုးသွားတာက ဘာလဲဆိုတော့ လူငယ်ဆိုတော့ လက် တည့်စမ်းချင်တာ ပေါ့။ သူများပြောလို့ မယုံတာမျိုးတွေ ရှိတယ်။ ”ဒါကတော့ ကိစ္စမရှိပါဘူး။ တစ်ခါလေးနဲ့လည်း မဖြစ်လောက်ပါ ဘူးဆိုပြီး ငါစမ်းကြည့်ဦးမှ ဆိုပြီးတော့ အဲဒါမျိုးက အန္တရာယ်ထဲကို တွန်းပို့ တာပဲ။

လွန်ခဲ့တဲ့ ၄၊ ၅ နှစ်တွေကတည်းက Group Sex တွေ ရှိနေပြီလို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သိထားတာ များရှိသလား။

Group Sex ဆိုတဲ့ ကိစ္စတွေက တော့ ကြားလာရတဲ့ သတင်းတွေအရ သိနေရတယ်။ ဒါတွေကတော့ ဖြစ်နိုင် လောက်တဲ့ အနေအထားရှိတယ်လို့ ဆို နိုင်တာကတော့ မီဒီ ယာတွေရဲ့ လွှမ်းမိုး မှုရှိနေတယ်ဆိုတော့ ကလေးတွေက Website တွေ၊ တခြားနိုင်ငံတွေရဲ့ Information တွေ၊ တခြားနိုင်ငံရဲ့ အလေ့အထတွေ၊ တခြားနိုင်ငံရဲ့ ယဉ် ကျေးမှုတွေ လွယ်လွယ်ကူကူ သိလာရ တယ်။ လက်လှမ်းမီလာတယ်ဆိုတော့ အတု မြင်အတတ်သင် ဖြစ်ဖို့ နီးစပ် တယ်ပေါ့။အဲဒီအတွက်ကြောင့် တကယ် တမ်း လက်တွေ့ ရှိနိုင်လောက်တယ်လို့ ဆရာတို့ ပြောလို့ ရတယ်။ ဒါနဲ့ ပတ် သက်လို့ တကယ်တမ်း အချက်အလက် သိလားဆိုတော့ စောစောက ပြောသလို ဆရာတို့ HIV နဲ့ပတ်သက်လို့ အချို့ အချက်အလက်တွေတောင်မှ ဆရာတို့ မရနိုင်တော့ ဒါမျိုးဆိုရင် ပိုပြီးဆိုးတယ်။ အချက်အလက်အတိ အကျကတော့ ဆရာတို့မှာ မရနိုင်ဘူး။

လူငယ်တွေကြားက HIV ကာကွယ်ရေးအသိဟာ အင်မတန်အားနည်းသေးတယ်လို့ မထင်ဘူးလား။

လူငယ်တွေမှာ HIV ကာကွယ်ဖို့ အတွက် အသိပညာလို့ ပြောတော့ တကယ်တမ်းပြောရင် ဟိုအရင်ကထက် စာရင်အသိပညာက ဒီလောက်ကြီး မနိမ့်တော့ဘူး။ အဲဒီတော့ အသိပညာ ဗဟုသုတ Level ကိုစစ်ကြည့်လိုက်လို့ ရှိရင် သာမန်လောက်ကို သိတယ်ဆိုတဲ့ အနေအထားက ၈ဝ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီထဲမှာထဲထဲဝင်ဝင် ဂဃနဏ သိတယ်ဆိုတာ ၄ဝ၊ ၅ဝ ရာခိုင်နှုန်း ကြားမှာရှိတယ်။ HIV လို့ပြောရင်သာမန်သိလို့ မရဘူး။ ထဲထဲဝင်ဝင် ဂဃနဏသိမှရမယ်။ ဥပမာဆိုရင် HIV ကိုကာကွယ်ဖို့အတွက် Condom သုံးရင်ရတယ်ဆိုတာသိတယ်။ ကွန်ဒုံးဘယ်လို သုံးတယ်မသုံးဘူးဆိုတဲ့ အပေါ်မူတည်ပြီး HIV သည် Condom သုံးလျက်နဲ့ ကူးသွားနိုင် တယ်။ စောစော က ပြောတဲ့ ဂဃနဏ ဆိုတာ အဲဒါပဲ။ကွန်ဒုံး သုံးတယ်။ HIV ကာကွယ် နိုင်တယ်။ ဒါက အပေါ်ယံသိတာ။ သို့သော် ကွန်ဒုံးနှစ်ထပ်သုံးတာသည် HIV ကာကွယ်နိုင်မှု ပိုထိရောက်တာလား။ HIV ကာကွယ်နိုင်မှု အနှောင့်အယှက် ဖြစ်စေတာလားဆိုတာ အဲဒါမျိုးတွေပေါ့။ မဟုတ်ဘူး ကွန်ဒုံးသည် နှစ်ထပ်သုံးလို့ မရဘူး။ ၄ဝ ရာခိုင်နှုန်း နဲ့ ၅ဝ ရာခိုင်နှုန်း လူငယ်တွေက ဂဃနဏသိတာ ကျန်တဲ့ တစ်ဝက်ကျော်က ဂဃနဏ သိတဲ့အထဲ မပါသေးဘူး။ ဂဃနဏ မသိသေးသရွေ့ ကာလပတ်လုံး HIV ကူးဖို့ အခွင့်အလမ်း တွေ ရှိနေသေးတယ်။ နောက်ပြီး သိရက်နဲ့ တောင် လက်တွေ့ကျင့်သုံးဖို့တောင် ကွာပြန်ရော။ လူတွေမှာ သိတာက သိတာတစ်ပိုင်း သိတာကို လက်တွေ့ ကျင့်တာကတစ်ပိုင်း ဆိုတော့ အမြဲတမ်းအသိထက် လက်တွေ့ကျင့်တာသည် ရာခိုင်နှုန်းနည်းနေမယ် ဆိုရင် သာမန်သိတာ ၈ဝ ရာခိုင်နှုန်း ဆိုရင် သာမန်သိ တာထက် လက်တွေ့ လိုက်လုပ်နေတာသည် ၈ဝ ရာခိုင်နှုန်း ထက်ကျမယ်။ ဂဃနဏ သိတာသည် ၄ဝ နဲ့ ၅ဝ ရာခိုင်နှုန်းကြား ဆိုရင်လည်း ဂဃနဏ သိတဲ့အတိုင်း လိုက်လုပ်တဲ့ ကိစ္စ သည် ၄ဝ နဲ့ ၅ဝ ရာခိုင်နှုန်းအောက် မှာရှိမယ်ဆိုရင် ဒါကိုကြည့်တာနဲ့ ဆရာတို့မှန်းလို့ရတယ်။ ဘာလဲ၊ လူငယ်တွေသည် HIV ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အသိပညာ ရှိရုံတင်မကဘူး။ အဲဒီမှာ အသိပညာအတိုင်းလိုက်ပြီး လက်တွေ့ကျင့်သုံးရမယ်။ ဥပမာ HIV သည် ကူးနိုင်တယ်။ HIV ကာကွယ်ချင်ရင် Condom သာ သုံးရမယ်ဆိုရင် ကိုယ်သည် အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှု ရှိတိုင်းရှိတိုင်း ကွန်ဒုံးသုံးရမယ်။ ကိုယ့်ရည်းစား မို့လို့ မသုံးဘူးဆိုတာ မဟုတ်ဘူး။ ငါကတော့ အပျော်အပါးလိုက်ရင်တော့ ငါသုံးပါတယ်။ သို့သော် ငါ့ရည်းစားနဲ့ဆိုရင်တော့ ငါမသုံးပါဘူး။ ဒါဆိုရင်တော့ မဟုတ်တော့ ပြန်ဘူး။ တကယ်တော့ ဗဟုသုတတွေ လိုအပ်နေသေးတယ်။ ဒါပေမဲ့ ဟိုတုန်း က လို အရမ်းကြီးတော့ မဟုတ်ဘူး ဆိုပေမယ့် လိုနေသေးတယ်။

ကာကွယ်ရေးအသိကို မြှင့်တင်ဖို့အတွက် ဘာတွေလုပ်နေလဲ။ ဘာတွေ ထပ်လုပ်သင့်ပါသလဲ။

ဒါနဲ့ပတ်သက်ပြီး HIV ကာကွယ် ရေးနဲ့ပတ်သက်ပြီး လူငယ်တွေ အသိပညာရဖို့အတွက်ကတော့ ဆရာတို့ နည်းမျိုးစုံနဲ့ လုပ်နေကြတယ်။ အဖွဲ့အစည်းပေါင်းစုံ လုပ်တယ်။ အစိုးရဌာန တွေလည်းပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း ပါတယ်။ နိုင်ငံ တကာအဖွဲ့အစည်းတွေလည်း ပါတယ်။ အဖွဲ့အစည်းပေါင်းစုံက ကိုယ်လုပ်လို့ ရနိုင်တဲ့ အေ နအထားလေးတွေကနေ လုပ်ကြတယ်။ သို့သော်လည်း နယ်နဲ့မြို့ နဲ့တော့ မတူဘူး။ မြို့ပြကလူတွေက တော့ဘာပဲပြောပြော နယ်က လူတွေ ထက်စာရင် ဒီလို အသိပညာရဖို့ အခွင့် အလမ်းတွေ ပိုများတယ်။ နယ်ကလူတွေ မှာက ဒီလိုအခွင့်အလမ်းတွေ နည်း နေသေးတယ်။ နယ်တွေကို ရောက်တဲ့အထိ ဆရာတို့ လုပ်ဖို့ လိုနေသေးတယ်။ အဲဒါကြောင့်လုပ်တယ်ဆိုတဲ့ နည်းလမ်း တွေမှာ အမျိုးစုံရှိရတော့မှာပေါ့။ ဟောပြောတယ်။ ဟောပြောပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့အတွက် မလွယ်ကူဘူး။ သင်တန်းတွေ လုပ်တယ်။ တစ်နိုင် ငံ လုံးအတိုင်းအတာနဲ့ လုပ်ဖို့မလွယ်ဘူး။ အဲဒီတော့ ဆရာတို့က ဟောပြောပွဲတွေ၊ သင်တန်းေ တွလုပ်တာ ကတစ်ပိုင်း ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ရောက် နိုင်တာသည် မီဒီယာပဲ။

အဲဒီတော့ TV Channel တွေ FM Radio တွေ ဒီဟာ တွေကနေ တစ်ဆင့် ဆရာတို့ လုပ်ဖို့လို တယ်။ အရင့်အရင်ကတော့ ဒီမီဒီယာ တွေသည် သုံးဖို့မလွယ်ဘူး။ ခက် တယ်။ အရင်တုန်းက အနေအထားနဲ့ကျတော့ ဒီမီဒီယာတွေ အသုံးပြုခွင့်ရဖို့ကို ငွေရေး ကြေးရေးတွေ သုံးရတယ်။ ပညာပေး လုပ်ငန်းတွေအတွက် နေရာမရှိဘူး။ ရှိဦး ေ တာင်မှပဲ စျေးကြီးတယ်။ Business တွေနဲ့အပြိုင် စီးပွားရေးကြော်ငြာတွေ အပြိုင်ပေးရတာဆိုတော့ စျေးကြီးတယ်။ပညာပေး လုပ်ငန်းတွေကို အဲဒီလောက် အတိုင်း အတာ အထိ လုပ်နိုင်တဲ့လူမရှိဘူး။ ပညာပေးလုပ်ငန်းတွေအတွက်သည် Free ရတဲ့ မီဒီယာတွေသည် Free Access ဖြစ်မှ လူတွေကိုရောက်မှာပေါ့။ အခုတော့ လည်း အချို့ေ နရာတွေမှာ Free ရနေပြီ ဆိုတော့ ဘာပဲပြောပြောရှေ့ဆိုရင်တော့ ပိုပြီးတော့ အခြေအနေလေးတွေ ကောင်း လာမယ်ထင်တယ်ပေါ့။ ဆရာ့အနေနဲ့ ပြော ရရင် Free Education လိုင်းလေး တွေရှိလာတာသည် ကောင်းတယ်။ ဒါမှပဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်မှာကိုး။ Radio နဲ့ ရောက်နိုင် တဲ့ နေရာတွေရှိတယ်။ တချို ့နေ ရာတွေမှာ TV ရောက်နိုင်တဲ့ နေရာတွေရှိတယ်။ လူမရောက်နိုင်တဲ့ နေရာတွေ အများကြီးပဲ။ သွားပြီး သင်တန်းမပေးနိုင်ဘူး။ သွားပြီး မဟောပြော နိုင်ဘူး။ သို့သော် Radio နားေ ထာင်ရင် ရေဒီယိုကနေ ပေးသွားမှာပေါ့။ ဒါမျိုး လေးတွေပေါ့။

အတိုင်းအတာတစ်ခု အထိ လုပ်နေသော်လည်း လုပ်ဖို့ လိုပါ သေးတယ်။ လုပ်ပုံလိုပါသေးတယ်။ ကျယ် ကျယ်ပြန့်ပြန့် နေရာအနှံ့တောရော မြို့ပါ မကျန်ရောက်ဖို့ အတွက် ဆိုရင်တော့ အရှိန် အဟုန်တော့ ထိန်းထားရဦးမယ်။ တစ်ခုပဲ ရှိတယ် တစ်ခါတလေမှာ ဖြစ်တတ်တာက ဘာလဲဆိုတော့ သူတို့ကပြောတယ် HIV က ၂ဝဝ၇ နောက်ပိုင်း ကျနေပြီဆိုတဲ့အခါမှာ သူတို့က နောက်ပိုင်းလူတွေက ဘာဖြစ် လာလဲဆိုတော့ အားလျော့လျော့ သွား တယ်။ မလိုတော့ ပါဘူးဆို။ မဟုတ်ဘူး။ ဒီတိုင်းဆက် လုပ်နေမှ ဒါဆက်ကျမှာလေ။ ရပ်လိုက်တာနဲ့ ပြန်ပြီးတော့ ထောင်တက် လာမှာပဲ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလို မျိုး အတွေ့အကြုံတွေ ရှိဖူးတယ်။ အရှိန် လည်း ချလို က်ရော ပြန်ထိုးထောင်တက် သွား ရော။ ဒါမျိုး မဖြစ်ဖို့လည်း လိုတယ်။ အရှိန်အဟုန်မပျက်အောင် လုပ်နေတဲ့ လူကလည်း ဆက်လုပ်ဖို့ လိုတယ်။ ပြီးရင် နောက် ဆုံးအ လှူရှင်တွေကလည်း နောက်ပိုင်း HIV ဆို သိပ်မဟုတ်တော့ဘူး။ အဲဒီလိုဟာမျိုးတွေ အမှန်တော့ အဲဒါ မဟုတ်ဘူး။ Prevention သည် လုပ်ကိုလုပ်နေရမှာ။ အဲဒီတော့ အရှိန်အဟုန် သည် ရပ်လို့လည်း မရသေးဘူး။ လျှော့လို့ လည်း မရသေးဘူး။ လုပ်နေတဲ့အတိုင်း ဆက် လုပ်သွားရမယ်။ အဲဒါမှ အခုကျ နေတဲ့ မြားသည် ဆက်ကျ သွားမယ်။

သမီးရည်းစားဘဝ အတူနေခြင်းနဲ့ ပတ်သက်ပြီး ဆရာဘာပြောချင်ပါသလဲ။

သမီးရည်းစားဘဝ အတူတူနေ တာနဲ့ ပတ်သက်လို့ ဆရာပြောချင်တာ ကတော့ ဒီလိုအချိန်မှာ အရွယ်ရောက် လာရင်တော့ သမီးရည်းစားဖြစ်ကြတာ သဘာဝပဲ။ ဒါ မမှား ဘူး။ ဒါလူ့ရဲ့ ခန္ဓာ ကိုယ်မှာရှိတဲ့ဟော်မုန်းရဲ့ လှုံ့ဆော်မှု ကြောင့် သဘာဝဖြစ်တယ်။ ဒါပေမဲ့ သမီး ရည်းစားအတူနေတယ်ဆိုတဲ့ အဖြစ်က တော့ ထည့်ပြီးစဉ်းစားရေ တာ့ မယ့် အ ချက်တွေ ရှိတယ်ထင်တယ်။ ဆရာ အမြဲ တမ်း ပြောတဲ့စကားကတော့ အဆင်သင့် ဖြစ်ပြီလားပေါ့။ သမီးရည်းစားကတော့ ဟုတ်ပြီ၊ သမီးရည်းစား အနေနဲ့ ကတော့ ဖြစ်တယ်။ သမီးရည်းစား အဆင့်ကနေ ကျော်ဖို့ကျတော့ နှစ်ယောက်စလုံးသည် အဆင်သင့်ဖြစ်ပြီလား။ ကိုယ့်ကိုယ်ကိုယ် မေးဖို့လိုမယ်ထင်တယ်။ ဒီမေးခွန်းကို မမေးဘဲနဲ့တော့ Blind ကြီး အဆင့်ကျော် သွားရင် အခက်အခဲတွေဖြစ်ကြမှာ။အဲဒီ တော့ အဆင်သင့်မဖြစ်ဘဲ ကိုယ်ဝန်ရ သွားရင် ဘာလုပ်ကြမလဲ။ အခုရှိတယ်။ အပြင်မှာ တစ်ခါတလေကြားရတာအဆင် သင့်မဖြစ်ဘဲ ကိုယ်ဝန်ရသွားတယ်။ ပြီး တော့မှ ဘာလုပ်ရမှန်းမသိဘူး။ နောက် ဆုံး ဘာပဲပြောပြော ဖြေရှင်းဖို့ အတွက် ပြဿနာ က လောလောဆယ် အိမ်ထောင် ပြုလို့မရ။ ယောကျ်ားလေးဘက်ကလည်း လက်မခံသေး။ မိန်းက လေးဘက်ကလည်း လက်မခံသေး အသက်အားဖြင့်လည်း Ready မဖြစ်၊ ပညာရေးလည်း မပြီးသေး ဘူးဆိုရင် နောက်ဆုံးကျတော့လည်း မထူးပါဘူး။ ဖျက်ချလိုက်ဆိုတဲ့ဟာမျိုး အပြင်မှာ ရှိနေကြတယ်။ ကြားနေကြတယ် ဆိုတော့။ ဘယ်လိုပြောပြော ဖျက်ချတယ် ဆိုကတည်းက အတိုင်းအတာတစ်ခုအထိ တော့ မိန်းကလေးမှာ ထိခိုက်နစ်နာမှု ရှိတာပဲ။ အသက်ထိခိုက် နစ်နာနိုင်တာ ရှိတယ်။ အသက် ထိခိုက် မနစ်နာရင် တောင်မှပဲ အချို့ဆိုရင် ပိုးဝင်သွားတယ်။

ဘာကြောင့်လဲဆိုတော့ ဖျက်ချဖို့ကြိုးစား တဲ့အခါမှာ စနစ်တကျမှ မရှိတာလေ။ စနစ်တကျ ဖျက်ချပေးတယ်ဆိုတာ ဆရာ တို့ မြန်မာနိုင်ငံမှာမှ မရှိသေးဘူး။ တရား ဝင် ဘယ်မှာမှ မရှိသေးဘူး။ အဲဒီတော့ ခိုးကြောင်ခိုးဝှက်လုပ်ကြတယ်။ ခိုးကြောင် ခိုးဝှက်လုပ်ပြီ ဆိုကတည်းက တတ်ကျွမ်း တဲ့လူ လုပ်တာလည်း ဟုတ်ချင်မှ ဟုတ် မယ်။ မတတ်ကျွမ်းတဲ့လူလုပ်တာ ပိုများ တယ်။ ဒီတော့ မတတ်ကျွမ်းဘဲလုပ်တယ် ဆိုကတည်းက လုပ်တဲ့ နည်းလမ်းသည် စနစ်မကျရင် ရောဂါပိုး ဝင်တယ်။ တချို့ မိန်းကေ လးတွေဆိုရင် ဒီရောဂါပဲ။ အဲဒီ တော့ အထဲထဲကို ရောဂါပိုးဝင်သွားတဲ့ အတွက်ကြောင့် နောက်ဆုံး ဒီသားအိမ်ကြီး ပျက်စီးသွားတယ်။ တစ်သက်လုံး ကိုယ်လို ချင်တဲ့ အချိန်ရောက်ရင်တောင်မှ ကလေး မရတော့ဘူး။ တစ်သက်လုံး မြံုသွားတဲ့ ကိစ္စပေါ့။ ဒါတွေကတော့ မိန်းကလေး တစ်ယောက်အတွက် ထိခိုက်နစ်နာမှုဘဲ။ တစ်ခုေ တာ့ ပြေလည်သွားတယ်။ ဒါပေမဲ့ တစ်သက်လုံးအတွက် ဘာဖြစ်သွားမလဲ။ ဒါဟာ အမာရွတ်ကျန်ခဲ့တဲ့ သဘောပဲ။ ကဲနောက်ဆုံး ယူမယ်ဆိုပြန်တော့ရော အဆင် သင့်မဖြစ်ဘဲယူတယ်။ ကျောင်း မပြီးဘူး။ တို့လို့တန်းလန်း ဖြစ်တယ်။ တချို့ ကျောင်းပြီးဦးတောင်မှ အလုပ် အကိုင် မရှိသေးဘူး။ ကိုယ့်အိမ်ထောင် တစ်ခု တည်ထောင် ဖို့အတွက် Ready မဖြစ်သေးဘူးဆိုတော့ အဲဒီမှာ တစ်ခါ ထပ်ပြီး ဘာတွေဆင့်လာလဲဆိုတော့ အိမ် ထောင်ရေးပြဿနာတွေက ထပ်ဆင့်လာ တယ်။ အဲဒီတော့ နှစ်ေ ယာက် စလုံးက အဆင်သင့်မဖြစ်သေးဘဲ ယူလိုက်ကြတဲ့ အခါ နှစ်ယောက်စလုံးက အခက်အခဲ တစ်ခုရှိတိုင်း တစ်ယောက် နဲ့တစ်ယောက် အပြန် အလှန် ြ ပဿနာရှာ တယ်။ အပြစ် ဖို့ကြတယ်နဲ့ပဲ အဆင်မပြေကြဘူး။ ဘယ် အထိသွားလဲဆိုတော့ ကလေးအထိ သွား တယ်။ အဲဒီတော့ ဆရာပြောချင်တာက တစ်ယောက်နဲ့ တစ်ယောက် လည်း တူ ချင်မှ တူမှာ။ အဆင်သင့်ဖြစ်ပြီ။

ပြဿနာ မရှိဘူး။ အဆင်သင့်မဖြစ်သေးတဲ့ လူအတွက် ကျတော့အဆင်သင့် မဖြစ် သေးသရွေ့ ကာလပတ်လုံး ခေါင်းထဲမှာ ထည့်ထားရမှာက ကိုယ့်မှာ အခက်အခဲ တွေ အများ ကြီးရှိနိုင်တယ်ဆိုတဲ့ဟာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆင်သင့် ဖြစ်မဖြစ် မေးခွန်းမေးပြီးမှ ကိုယ်ပိုင် ဆုံး ဖြတ်ချက်နဲ့ လုပ်ပေါ့။ မှားတယ်၊ မှန်တယ် တော့ ဆရာမပြောလိုဘူး။ လူတိုင်းမှာ လုပ်သင့်မလုပ်သင့် ကိုယ်တိုင် ဆုံးဖြတ် မယ်။ သို့သော် လုပ်ပြီးရင်လည်း တာဝန် ယူ တတ်တဲ့အကျင့် ရှိရမယ်။ ဒါပဲ။ တချို့ ယော ကျ်ားေ လးတွေ ရှိတယ်။ ဖြစ်နိုင်တယ် ဒါမျိုးက။ နှစ်ယောက်စလုံး ပထမတော့ စိတ်ခံစားချက်အရ လုပ်လိုက်တာပဲ။ နောက်ကျတော့ မဟုတ်ဘူး။ ဟုတ်လား တာဝန်မ ယူနိုင်ဘူး ဆိုတာတွေလည်းရှိတဲ့ အတွက်ကြောင့် အဲဒီတော့ မိန်းကလေး ဘက်ကလည်း ဒါတွေ သတိထားဖို့လိုတာ လေ။ တစ်ခါတလေမှာတော့ ကိုယ့်စိတ် တစ်ခုတည်း နဲ့ပဲ တကယ်တမ်းကျတော့ သူကတာဝန်မယူဘူးဆိုရင် ကိုယ့်မှာနစ်နာ တာတွေအများကြီး။ တကယ်တမ်းတာဝန် ယူဦးတော့ တကယ်တမ်းကျတော့လည်း အဆင်ပြေ ချင် မှပြေမယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အဆင်သင့် ဖြစ်ပြီလား ဆိုတဲ့ မေးခွန်းရဲ့အဖြေက ကိုယ့်ဆီမှာပဲ ရှိတယ်။ ဒီအဖြေသည် ကိုယ့်မှာရှိတယ် ဆိုရင် ဆက်သွား လို့ရ မယ်။ မရှိရင်တော့ သတိထားရမယ်ပေါ့။ အဲဒီတော့ ဒါဆိုရင် ကြိုကြိုတင်တင် ငါတို့ဘာလုပ်သင့်လဲဆိုတဲ့ အဖြေ။ ဒီလိုမျိုး ဖြစ်လာနိုင်တယ်ဆိုတာ သိတယ်။ ဒီလို မျိုး ဖြစ်လာနိုင်တာကို သိ ရင် ငါတို့ဘယ်လို ကြိုတင်ကာကွယ်ထား မလဲ။ ဖြစ်ပြီးမှလုပ်ရတာထက်စာရင် မဖြစ် ခင် ကြိုတင်ကာ ကွယ်ထား တာသည် နှစ် ယောက်စ လုံးအ တွက် အဆင်ပြေတယ်။ အဲဒီတော့ နှစ်ယောက်စလုံးအတွက် ကြိုတင် ကာကွယ်ဖို့ကို ဗဟုသုတရှိဖို့ လိုတယ်။ ဗဟုသုတရှိဖို့ဆိုရင် လူငယ် တစ်ယောက် အတွက် ရှိသင့် ရှိထိုက်တဲ့ ဗဟုသုတရှိဖို့ အတွက် စာအုပ်တွေ ဖတ်ထားလို့ရတယ်။ သူများပြောတာ နားထောင်လို့ရတယ်။

လူငယ်တွေကြားကအတူနေတဲ့အခြေအနေကိုလုံးဝဖျက်ပစ်လို့ မရနိုင်တာသေချာပါတယ်။ ကိုယ်ဝန်ဖျက်ချမှု ပြဿနာလည်းများလာတယ်လို့ ကြား နေရတယ်။ ဒီမှာေ ရာ တရားဝင်ကိုယ်ဝန်ဖျက်ချမှုဥပဒေ လုပ်သင့်ပါသလား။

ယောကျ်ားလေးနဲ့ မိန်းကလေး သည် အိမ်ထောင်မကျသေးဘူး။ သို့ သော်လည်း အကြောင်းကြောင်းကြောင့် မမျှော်လင့်ဘဲနဲ့ တရားဝင် အိမ်ထောင် မကျသေးခင်မှာ ကိုယ်ဝန်ရကြတယ် ဆို တာရှိနေတာပဲတဲ့။ အဲဒီတော့ ရပြီးပြီ ဆိုရင် ဒီကိုယ်ဝန်ကြောင့် ဖြစ်လာနိုင် တာတွေကို စဉ်းစားရမယ်။ ဖျက်ချတယ် ဆိုတာ မကောင်းဘူး။ ယူမယ် ဆိုပြန် တော့လည်း အဆင်သင့်မဖြစ်။ အိမ် ထောင်တစ်ခု တည်ဆောက်ဖို့အတွက် နှစ်ယောက်စလုံးအတွက် အခြေအနေ မပေးသေးဘူးဆိုရင် ဖျက်ချ သင့်သလား ပေါ့။ ဖျက်ချသင့်သလားဆိုတော့ ဖျက် ချသင့်တယ်လို့ ဖြေတဲ့လူလည်း ရှိမှာပဲ။ မဖျက်ချသင့်ဘူးလို့ ဖြေတဲ့လူလည်း ရှိ မှာပဲ။ ဘာလို့လဲဆိုတော့ ဆရာတို့ ဆီမှာ မြန်မာ့ ယ ဉ်ေ ကျးမှုဆိုတာတော်တော်လေး ဟိုးအရင်ကတည်းက ရှိခဲ့ကြတာဆိုတော့ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် အချို့သောယဉ်ကျေးမှုေ တွ သည် ပြောင်း ဖို့ လို လာတာလည်း ဖြစ်ကောင်းဖြစ် နိုင်မယ်။ မိန်းကလေးနဲ့ ယောကျ်ားလေး အိမ်ထောင် မကျသေးဘဲ အကြောင်း ကြောင်းကြောင့် ကိုယ်ဝန်ရသွား ခဲ့ေ သာ် ဒီကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့်။ ကျန်း မာရေး ရှုထောင့်အရပြောရင် ရှိသင့်တယ် လို့ ပြောလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ မဟုတ်တာတွေ လုပ်လို့ရှိရင် လုပ်ချင်တာ တွေ လုပ်လို့ရှိရင် ပြဿနာက ပိုဆိုးသွား မှာ။ စနစ်တကျလုပ်လိုက်တော့ ဘာပဲ ပြောပြော အန္တရာယ် ကင်းတယ်လို့ပဲ ဆို ရမှာပေါ့။ နို့မို့ဆိုရင် တရားဝင် မလုပ်ပေး ဘူး။ မလုပ်ပေးတော့ လုပ်ပေးတဲ့လူက စနစ်မကျဘူး။ ကျွမ်းကျင်မှုမရှိဘူးဆိုတော့။ သို့သော် ဒါပေမဲ့ တစ်ခါ တစ်ဖက်က ဒီလို ရှိပြန်ရင်လည်း လူတွေက ဒါကို အလွဲ သုံးစား လုပ်မှာလား။ ဒီဟာကြီးရှိ ပြန် ရင်လည်း ဒါကြီးရှိနေတာပဲ ငါတို့ကိစ္စမရှိ ဘူး။ နေချင်သလို နေလို့ရတယ်။ ကာ ကွယ်စရာလည်း မလိုဘူး။ ပြီးရင် ဒီလို လုပ်သွားလို့ရတယ်ဆိုတော့ ဘာပဲပြော ပြော ကောင်းတာနဲ့ ဆိုးတာနဲ့ပေါ့။ ရှိတဲ့ အတွက်ကြောင့် ကောင်းသွားနိုင်တယ်။ မရှိတဲ့ အတွက်ကြောင့် မကောင်းသွား တာလည်း ရှိတော့ ဒါကတော့ ကျန်းမာ ရေး ရှုထောင့်အရ ရှိသင့်တယ်လို့ ပြောလို့လဲပဲ။ ရှိခြင်း မရှိခြင်း အတွက် ကတော့ တော်ေ တာ်ကြီးကို ဆွေးနွေးရမယ်။ ပညာ ရှင်တွေ အကုန်လုံး ပါရမယ်။

ဒါပေမဲ့ ဒီဟာကို စဉ်းစားဖို့ အချိန်တော့ တန်ပြီ။ ဘာလို့လဲဆိုတော့ မစဉ်းစားရင် အခုလက် ရှိ အနေအထားအ တိုင်းပဲ ရှိနေမယ်ဆိုရင် ဆရာတို့မှာ ပြဿနာ အခက်အခဲတွေ က မျိုးစုံရှိတယ်။ ဆိုတော့ တချို့နိုင်ငံတွေ မှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြ ဘူး။ အလေ့ အထတွေ မတူကြဘူးဆိုတော့ ဆရာတို့ သူများနိုင်ငံတွေမှာ ဘယ်လို လုပ်လဲဆိုတာ ပတ်ဝန်းကျင်နိုင်ငံတွေမှာ လေ့လာပြီးရင် ကိုယ့်နိုင်ငံမှာ ဘယ်လို လုပ်သင့်သလဲဆိုတာ အကောင်းဆုံး အ ဖြေက ဘာလဲပေါ့။ နောက်ဆုံးအဖြေက ရှိသင့် တယ်လို့ တွက်တာလည်း ရှိမယ်။ မရှိသင့်သေးဘူးလို့ တွက်တာလည်း ရှိ ချင်ရှိမယ်။ ရှိသင့်တယ်ဆိုရင်လည်း ရှိဖို့အတွက် ဘယ်လို အခြေအနေမျိုး ဆိုရင်တော့ ဘယ်လို အခြေအနေမျိုး ဖြစ် နိုင်လဲဆိုတာကိုပါ တစ်ခါတည်း တွဲပြီး သတ်မှတ်ရမှာပေါ့။ အဲဒီတော့ ဒါစပြီး စဉ်းစားရမယ့် အချိန်တန်ပြီ။ အထူးသ ဖြင့်တော့ ကိုယ်တွေနဲ့ ယဉ်ကျေးမှု အနေ အထားချင်း မတိမ်းမယိမ်းရှိတဲ့ နိုင်ငံမျိုး တွေမှာရော ဘာတွေလုပ်နေလဲ။ ရှိတဲ့ နိုင်ငံ ရှိမယ်။ မရှိတဲ့နိုင်ငံ ရှိမယ်။ မရှိတဲ့ နိုင်ငံ မှာရော ကိုယ်နဲ့အ တူတူပြဲ ပဿနာေ တွ ဖြစ်နေလား။ ပြဿနာတွေ မရှိဘူးဆိုရင် သူတို့မှာ မရှိရက်နဲ့ မဖြစ်ဘူးဆိုရင် သူတို့ မှာ တခြားဘာတွေလုပ်နေတဲ့ နည်းလမ်း တွေ ရှိလဲ။ ရှိတဲ့နိုင်ငံမှာရော ရှိတဲ့အ တွက် ကြောင့် ပိုပြီးကောင်းလား တစ်လွဲသုံး တာတွေ ရှိလားဆိုတာလေ့လာရမှာပေါ့။ အဲဒီကနေတော့ အဖြေတစ်ခုတော့ ထွက်မှာပေါ့။

By Popular Myanmar

0 Comments