Last post

ခင်ပွန်းသည်ကို အမျိုးသမီးတိုင်း လိမ်ညာပြီး ပြောဆိုတဲ့ လိင်ကိစ္စ အကြောင်း ၈ ချက်



သုတေသန ပြုလုပ်မှုတွေအရ အမျိုးသမီးတွေရဲ. လိင်ကိစ္စနဲ့ ပတ်သတ်ပြီး သူတို့ရဲ. အိမ်ထောင်ဖက် ခင်ပွန်းအပေါ်မှာ လိမ်ညာပြောတက်တဲ့ ကိစ္စလေးတွေ ရှိပါသတဲ့ ။
1. သင်နဲ့ အတူချစ်တင်းနှောရတာဟာ စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းတယ်
သင်နဲ့ ချစ်တင်းနှောတိုင်း စိတ်လှုပ်ရှားဖွယ် ကောင်းတယ်လို့ ဆိုကောင်း ဆိုပါလိမ့်မယ် ၊ ဒါဟာ အမြဲမမှန်ပါဘူး ၊ သင်က ရံဖန်ရံခါ အပြောင်းအလဲလေး လုပ်ပေးကြည့်မှ (ပုံစံပြောင်းတာမျိုး) စိတ်လှုပ်ရှားဖွယ် ကောင်းမှာပါ ၊ တစ်နေ့လာလည်း ဒီလို နောက်တစ်ရက်လည်း ဒီလိုဆိုရင်တော့ သင်တို့နှစ်ဦးလုံးကြားမှာ စိတ်လှုပ်ရှားစရာ ဘာမှ ရှိတော့မှာမဟုတ်ပါဘူး။
2. အင်း ... ၊ သင်ပြီးတဲ့အချိန်မှာ သူမလည်း ခရီးဆုံးပန်းတိုင်ရောက်တယ်
 နှစ်ယောက်စလုံး တစ်ပြိုင်တည်းပြီးတယ်ဆိုတာ အပြာရုပ်ရှင်တွေ ဝတ္တုတွေထဲမှာပဲ ရှိပါတယ် ၊ အပြင်လောကမှာတော့ ဒါဟာ အမြဲမဖြစ်နိုင်ပါဘူး ။ ဒီတော့ သင်က ခရီးဆုံးပန်းတိုင်ရောက်ရင်တောင် သင့်လက်တွဲဖော်က ရောက်ချင်မှ ရောက်မှာပါ ၊ ဒါပေမယ့် သူမကတော့ ခရီးဆုံးပန်းတိုင် ရရှိတယ်လို့ ပြောကောင်းပြောပါလိမ့်မယ်။

3. လိင်ကိစ္စ အမြဲတမ်းလုပ်ဖြစ်တယ်
 လေ့လာမှုတွေအရ လက်လပ်ပြီးကြာလာတဲ့ လင်မယားတွေဟာ တစ်ပတ်ကို တစ်ကြိမ်လောက်သာ ဆက်ဆံမှု ရှိကြတယ်လို့ ဆိုပါတယ် ။
4. ချစ်တင်းနှောရာမှာ ပြဿနာ ရှိခဲ့ရင် အခြားလူကို ဖွင့်ဟတိုင်ပင်တာမျိုး မလုပ်ဘူး
 အမေရိကန်က သုတေတန ပြုလုပ်ချက်တွေအရ ၆၃ ရာခိုင်နှုန်းသော လင်မယားတွေဟာ သူတို့ရဲ. အခက်အခဲတွေကို အခြားယုံကြည်ရသူတစ်ယောက်ကို တိုင်ပင်ဖို့ ဝင်မလေးဘူးလို့ ဆိုပါတယ် ။ ဒီထဲမှာ ၃၇.၇ ရာခိုင်နှုန်းလောက်က ချစ်တင်းနှောရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို တိုင်ပင်တက်ပြီး ၅၀.၈ ရာခိုင်နှုန်းကတော့ ဖောက်ပြန်ခြင်းနဲ့ ဆိုင်တာတွေကို ဆွေးနွေးလေ့ ရှိပါသတဲ့။
5. ခရီးဆုံး ပန်းတိုင်ရတယ်လို့ ဘယ်တော့မှ ဆိုကြတယ်
 ခရီးဆုံး ပန်းတိုင်ရတယ်လို့ ဘယ်တော့မှ ဆိုကြတယ်
 အမျိုးသမီးတွေ တကယ်ပဲ ခရီးဆုံးပန်းတိုင် ရရှိလား မရှိဘူးလားဆိုတာ ခန့်မှန်းသိရှိဖို့ မလွယ်လှပါဘူး ၊ ဒီတော့ရှင်းပါတယ် ၊ များစွာသော အမျိုးသမီးတွေဟာ သူတို့ရဲ. ခင်ပွန်းသည် စိတ်ကျေနပ်ဖို့ ပြီးဆုံးမှု ဖြစ်တယ်လို့ လိမ်ညာတက်လေ့ ရှိပါတယ်။
6. ဘယ်တော့မှ အပြာကား မကြည့်ဘူး
 များစွာသော လေ့လာမှုတွေအရ အမျိုးသား ၉၅ ရာခိုင်နှုန်းကနေ ၉၈ ရာခိုင်နှုန်းဟာ အပြာကားကြည့်ပါသတဲ့ ၊ အမျိုးသမီးတွေကရော ငါးဆယ့်ငါးရာခိုင်နှုန်းခန့်ဟာ ချစ်ခန်းကြိုက်ခန်းအနည်းငယ် ပါဝင်တဲ့ ဇာတ်ကားလေးတွေကို တစ်လတစ်ကားလောက် ကြည့်တက်ကြပါတယ် ။ လေးဆယ်ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ အပတ်စဉ် တစ်ကားလောက် ကြည့်တက်ပြီး ၉၆ ရာခိုင်နှုန်းကတော့ လူလစ်ရင် သို့တည်းမဟုတ် အခြေအနေပေးရင် ကြည့်တက်ပါတယ်တဲ့ ။
7. ဘယ်တော့မှ တစ်ကိုယ်ရည် အာသာဖြေခြင်း မလုပ်ဘူး
 ၁၉၅၀ က သုတေသနအရ အမျိုးသား ၉၂ ရာနှုန်း အမျိုးသမီး ၅၈ ရာခိုင်နှုန်းက တစ်ကိုယ်ရည် အာသာဖြေမှု ပြုလုပ်တယ်လို့ ဆိုပါတယ် ။ နောက်ပိုင်း ၂၀၁၀ ခုနှစ် စစ်တမ်းတွေအရတော့ အသက် ၂၅ ကနေ ၂၉ ကြား အမျိုးသား ၆၈.၈ ရာခိုင်နှုန်းနဲ့ အမျိုးသမီးကတော့ ၅၁.၇ ရာခိုင်နှုန်းထိ တစ်ကိုယ်ရည် အာသာဖြေမှု ပြုလုပ်တယ်လို့ ဆိုထားပါတယ် ။
8. ချစ်တင်းနှောနေစဉ်မှာ သင့်ကိုယ်ပဲ ခေါင်းထဲမှာ ရှိပြီး ၊ သင့်အကြောင်းပဲ စဉ်းစားတယ်
 ဒါဟာလည်းတစ်ခါတစ်လေမှာ မဖြစ်နိုင်တဲ့ ကိစ္စအဖြစ် လေ့လာမှုတွေ အရသိရပါတယ်။
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ


0 Comments