အမ်ဳိးသားတုုိ႔၏ လိင္အဂၤါ က်န္းမာေရး
အမ်ိဳးသားတေယာက္ရဲ႕ လိင္အဂၤါဟာ ႀကီးမားတဲ့ေပ်ာ္စရာ သုခကိုေပးတဲ့ ကိုယ္ခႏၶာ အစိတ္အပိုင္းတခုလို႔ ဆိုႏိုင္သလို တခါ တရံ က်ျပန္ေတာ့လည္း စိတ္ အေႏွာင့္ အယွက္ျဖစ္စရာေတြ ေပးတတ္ျပန္ပါတယ္။ အမ်ိဳးသားေတြ ကိုယ့္ရဲ႕ လိင္ အဂၤါ အရြယ္အစားအေပၚ စိတ္တိုင္းမက်မႈ၊ လိင္အဂၤါ ေတာင့္တင္းျခင္းအတိုင္းအတာနဲ႔ လိင္မႈစြမ္းေဆာင္ရည္ေတြ ေၾကာင့္ စိတ္အေႏွာင့္ အယွက္ျဖစ္ရတာေတြ ရွိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေသာ စိတ္ပ်က္စရာေတြဟာ ေရာဂါ အရေသာ္လည္း ေကာင္း မိမိရဲ႕ ဘ၀ေနထိုင္မႈပံုစံ ေၾကာင့္ ေသာ္လည္း ေကာင္း ျဖစ္ႏိုင္သလို လိင္အဂၤါနဲ႔ ပတ္သက္လို႔ မသိတဲ့ အခ်က္ေတြ ရွိေနတာေၾကာင့္လည္း ျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ သိထားသင့္တဲ့ အခ်က္တခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။
(၁) ေဆးလိပ္ေသာက္ျခင္းက အမ်ိဳးသားေတြရဲ႕ လိင္အဂၤါကို ၁ စင္တီမီတာေလာက္အထိ တိုေစပါတယ္။ လိင္အဂၤါ ေတာင့္တင္းလာဖို႔က ေကာင္းမြန္တဲ့ ေသြးစီးဆင္းမႈ ရွိဖို႔ လိုအပ္ပါတယ္။ ေဆးလိပ္ေၾကာင့္ ေသြးေၾကာငယ္ေလးေတြ က်ဥ္း ေျမာင္းပိတ္ဆို႔ ႏိုင္တဲ့ အတြက္ လိင္အဂၤါေတာင့္တင္းလာတဲ့ အခ်ိန္မွာ ရွိသင့္တဲ့ မာေက်ာမႈနဲ႔ အရြယ္အစားကို ရႏိုင္ေတာ့ မွာ မဟုတ္ပါဘူး။ အမ်ိဳးသား က်န္းမာေရး ဆိုင္ရာ ၀က္ဘ္ဆိုက္တခုျဖစ္တဲ့ menhealth.com ကေတာ့ အဆုတ္ပ်က္စီးမွာ၊ အေသေစာမွာကို မေၾကာက္ရင္ေနပါ။ ညီေလးကို ေတာ့ ညွာတာသင့္ပါတယ္ လို႔ ေဆးလိပ္ႀကိဳက္တဲ့ အမ်ိဳးသားေတြကို အႀကံျပဳထားပါတယ္။
(၂) ဆီးႀကိတ္(prostate gland) ႀကီးေနျခင္းေၾကာင့္ လိင္အဂၤါတင္းမာႏိုင္မႈမရွိျခင္း ျဖစ္ႏိုင္သလို သုက္လႊတ္ေစာျခင္းကို လည္း ျဖစ္ေစႏိုင္ပါတယ္။ တကယ္လို႔ ဒီျပႆနာ ၂ ခုထဲက တခု သို႔မဟုတ္ ၂ ခုလံုး ရွိေနခဲ့ရင္ ဆရာ၀န္က ဆီးက်ိတ္ ကို အရင္ စစ္ေဆးမွာ ျဖစ္ပါတယ္။ ၿပီးမွ ေနာက္ထပ္ျဖစ္ႏိုင္ေခ်ေတြကို ဆက္လက္စစ္ေဆးမွာပါ။
(၃) အမ်ိဳးသားေတြ လိင္ဆက္ဆံျခင္းရဲ႕ အျမင့္ဆံုး အထြဋ္အထိပ္ကို ခံစားရတဲ့ အခ်ိန္က ဖ်မ္းမွ်အားျဖင့္ ၆ စကၠန္႔ ေလာက္ ၾကာ ၿပီးေတာ့ အမ်ိဳးသမီးေတြရဲ႕ အထြဋ္အထိပ္ကာလ ကေတာ့ ဖ်မ္းမွ် ၂၃ စကၠန္႔ ၾကာျမင့္ပါတယ္။
(၄) လိင္တံ ထိပ္အေရျပားကို ျဖတ္ထားေပမယ့္လည္း ထိပ္ကို ျပန္ဖံုးလို႔ရပါတယ္။ ေရႊ႔ႏိုင္ ဆြဲႏိုင္တဲ့ လိင္တံေပၚက အေရ ျပား ကို ထိပ္ကိုေရာက္တဲ့ အထိဆြဲၿပီး တိပ္နဲ႔ ကပ္ထားလို႔ ရပါတယ္။ ဆရာ၀န္ေတြကေတာ့ ဒီလို ျပန္ဖံုးဖို႔ အတြက္ ပလပ္ စတစ္ကြင္းေတြ၊ အစြပ္ေတြနဲ႔ အေလးေတြ သံုးတတ္ၾကပါတယ္။ ဒါေပမယ့္ အျပည့္အ၀ ျပန္ဖံုးအုပ္သြားဖို႔ ကေတာ့ စိတ္ရွည္ရွည္ထားၿပီး ႏွစ္နဲ႔ ခ်ီၿပီး လုပ္ရမွာ ျဖစ္ပါတယ္။
(၅) မိမိရဲ႕လိင္တံကို မိမိရဲ႕ပါးစပ္နဲ႔ ျပန္ ငံုလို႔ ရတဲ့ အထိ ကိုယ္ခႏၶာကို ေကြးညႊတ္ႏိုင္တဲ့ အမ်ိဳးသားကေတာ့ လူ ၄၀၀ ရာမွာ ၁ ေယာက္ သို႔ မဟုတ္ ၀ ဒသမ ၂၅ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။
(၆) လိင္အဂၤါ အမ်ိဳးအစား ၂ မ်ိဳး ရွိပါတယ္။ တမ်ိဳးကေတာ့ ေတာင့္တင္းလာခ်ိန္မွာ အရြယ္အစားပိုႀကီး ၿပီး ပိုရွည္လာ တတ္တဲ့ အမ်ိဳးအစား(growerလို႔ ေခၚပါတယ္) ျဖစ္ၿပီးေတာ့ ေနာက္တမ်ိဳးကေတာ့ နဂိုေနမွာတင္ ႀကီးမား ရွည္လ်ားၿပီး လိင္စိတ္ေၾကာင့္ ေတာင့္တင္းလာတဲ့ အခ်ိန္မွာလည္း ပိုထူးၿပီး ႀကီးမလာတဲ့ အမ်ိဳးအစား (showerလို႔ ေခၚပါတယ္)ျဖစ္ပါ တယ္။ menhealth.com က ျပဳလုပ္ခဲ့တဲ့ စစ္တမ္းတခုအရ အမ်ိဳးသား ၇၉ ရာခိုင္ႏႈန္းဟာ grower ေတြ ျဖစ္ၿပီးေတာ့ shower ကေတာ့ ၂၁ ရာခိုင္ႏႈန္းပဲရွိပါတယ္။
(၇) မိမိရဲ႕ လိင္အဂၤါကို အမ်ားအသံုးခ်ခဲ့သူကေတာ့ တြန္ဂါဘုရင္ Fatefehi ျဖစ္တယ္လို႔ မွတ္တမ္းေတြက ဆိုပါတယ္။ သူက ၁၇၇၀ ကေန ၁၇၈၄ ခုႏွစ္ အထိ ၁၄ ႏွစ္တာကာလအတြင္းမွာ အမ်ိဳးသမီး ၃၇၈၀၀ ရဲ႕ အပ်ိဳစင္ ဘ၀ေတြကို သိမ္း ပိုက္ခဲ့တယ္လို႔ ဆိုၾကပါတယ္။ အဲဒီႏႈန္း အရဆိုရင္ သူက တေန႔ကို အပ်ိဳစင္ ၇ ေယာက္နဲ႔ လိင္ဆက္ဆံခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။
(၈) ႐ုပ္ရည္ၾကည့္ေကာင္းတဲ့ အမ်ိဳးသားေတြရဲ႕ သုက္ရည္က တျခားအမ်ိဳးသားေတြ ထက္ပိုၿပီး သန္စြမ္းက်န္းမာပါတယ္။ စပိန္ႏိုင္ငံက သုေတသီေတြက သုက္ရည္သန္စြမ္းအားေကာင္းတဲ့ အမ်ိဳးသားေတြ၊ ပံုမွန္ေလာက္ရွိသူေတြ၊ အားနည္းသူ ေတြ အမ်ိဳးစံုပါ၀င္ေနတဲ့ အမ်ိဳးသားေတြရဲ႕ ဓာတ္ပံံုေတြကို အမ်ိဳးသမီးေတြကို ျပၿပီး သူတို႔ အေခ်ာဆံုးလို႔ ထင္တဲ့ အမ်ိဳး သားေတြရဲ႕ ဓာတ္ ပံုေတြကို ေရြးခိုင္းၾကည့္ခဲ့ပါတယ္။ အဲဒီအခါမွာ အမ်ိဳးသမီးေတြ ေရြးထုတ္လိုက္တဲ့ ဓာတ္ပံု ပိုင္ရွင္ ေတြက သုက္ရည္ သန္စြမ္း အားေကာင္းတဲ့ သူေတြ ျဖစ္ေနတတ္တာကို ေတြ႔ခဲ့ ရပါတယ္။
(၉) သုက္ရည္ထြက္တာ (ၿပီးတာ)က ဦးေႏွာက္ေၾကာင့္ မဟုတ္ပါဘူး။ ေက်ာ႐ိုးမႀကီးထဲမွာရွိတဲ့ အာရံုေၾကာ(spinal cord) ေၾကာင့္ ျဖစ္ပါတယ္။
(၁၀) လိင္တံက်ိဳးတဲ့ ျပႆနာ အမ်ားဆံုးျဖစ္ေစတာကေတာ့ တကိုယ္ေရ အာသာေျဖမႈကို ၾကမ္းၾကမ္းတမ္းတမ္း လုပ္မိလို႔ ျဖစ္ေလ့ရွိပါတယ္။
(၁၁) လိင္ကိစၥနဲ႔ ပတ္သက္တဲ့ အိပ္မက္ေတြ မက္သည္ျဖစ္ေစ မမက္သည္ျဖစ္ေစ နံနက္ခင္းအိပ္ရာက ႏိုးလာတဲ့ အခ်ိန္မွာ လိင္တံက အစြမ္းကုန္ေတာင့္တင္း သန္မာေနတာကို ႀကံဳရတတ္ပါတယ္။ အဲဒါ အားနည္းခ်က္တခုခု ရွိေနလို႔ မဟုတ္ပါဘူး။ မ်ားေသာ အားျဖင့္ အမ်ိဳးသားေတြဟာ ႏွစ္ႏွစ္ ခ်ိဳက္ခ်ိဳက္ အိပ္ေပ်ာ္ေနစဥ္အတြင္း တညကို ၃ ႀကိမ္ကေန ၅ ႀကိမ္အထိ လိင္ အဂၤါ ေတာင့္တင္းေနမႈကို ႀကံဳရႏိုင္ပါတယ္။ တကယ္ ေတာ့ အဲဒါက ကိုယ့္မွာ လိင္အဂၤါေတာင့္တင္းႏိုင္မႈ မရွိတဲ့ေရာဂါ သို႔မဟုတ္ ပန္းေသ တဲ့ေရာဂါ မရွိဘူးလို႔ ယံုၾကည္စိတ္ခ် ထားႏိုင္တဲ့ သေကၤတ တခုလည္း ျဖစ္ပါတယ္။
Source: menshealth.com
Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ
Unicode
အမျိုးသားတယောက်ရဲ့ လိင်အင်္ဂါဟာ ကြီးမားတဲ့ပျော်စရာ သုခကိုပေးတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတခုလို့ ဆိုနိုင်သလို တခါ တရံ ကျပြန်တော့လည်း စိတ် အနှောင့် အယှက်ဖြစ်စရာတွေ ပေးတတ်ပြန်ပါတယ်။ အမျိုးသားတွေ ကိုယ့်ရဲ့ လိင် အင်္ဂါ အရွယ်အစားအပေါ် စိတ်တိုင်းမကျမှု၊ လိင်အင်္ဂါ တောင့်တင်းခြင်းအတိုင်းအတာနဲ့ လိင်မှုစွမ်းဆောင်ရည်တွေ ကြောင့် စိတ်အနှောင့် အယှက်ဖြစ်ရတာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့သော စိတ်ပျက်စရာတွေဟာ ရောဂါ အရသော်လည်း ကောင်း မိမိရဲ့ ဘဝနေထိုင်မှုပုံစံ ကြောင့် သော်လည်း ကောင်း ဖြစ်နိုင်သလို လိင်အင်္ဂါနဲ့ ပတ်သက်လို့ မသိတဲ့ အချက်တွေ ရှိနေတာကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သိထားသင့်တဲ့ အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။
(၁) ဆေးလိပ်သောက်ခြင်းက အမျိုးသားတွေရဲ့ လိင်အင်္ဂါကို ၁ စင်တီမီတာလောက်အထိ တိုစေပါတယ်။ လိင်အင်္ဂါ တောင့်တင်းလာဖို့က ကောင်းမွန်တဲ့ သွေးစီးဆင်းမှု ရှိဖို့ လိုအပ်ပါတယ်။ ဆေးလိပ်ကြောင့် သွေးကြောငယ်လေးတွေ ကျဉ်း မြောင်းပိတ်ဆို့ နိုင်တဲ့ အတွက် လိင်အင်္ဂါတောင့်တင်းလာတဲ့ အချိန်မှာ ရှိသင့်တဲ့ မာကျောမှုနဲ့ အရွယ်အစားကို ရနိုင်တော့ မှာ မဟုတ်ပါဘူး။ အမျိုးသား ကျန်းမာရေး ဆိုင်ရာ ၀က်ဘ်ဆိုက်တခုဖြစ်တဲ့ menhealth.com ကတော့ အဆုတ်ပျက်စီးမှာ၊ အသေစောမှာကို မကြောက်ရင်နေပါ။ ညီလေးကို တော့ ညှာတာသင့်ပါတယ် လို့ ဆေးလိပ်ကြိုက်တဲ့ အမျိုးသားတွေကို အကြံပြုထားပါတယ်။
(၂) ဆီးကြိတ်(prostate gland) ကြီးနေခြင်းကြောင့် လိင်အင်္ဂါတင်းမာနိုင်မှုမရှိခြင်း ဖြစ်နိုင်သလို သုက်လွှတ်စောခြင်းကို လည်း ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ဒီပြဿနာ ၂ ခုထဲက တခု သို့မဟုတ် ၂ ခုလုံး ရှိနေခဲ့ရင် ဆရာဝန်က ဆီးကျိတ် ကို အရင် စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြီးမှ နောက်ထပ်ဖြစ်နိုင်ချေတွေကို ဆက်လက်စစ်ဆေးမှာပါ။
(၃) အမျိုးသားတွေ လိင်ဆက်ဆံခြင်းရဲ့ အမြင့်ဆုံး အထွဋ်အထိပ်ကို ခံစားရတဲ့ အချိန်က ဖျမ်းမျှအားဖြင့် ၆ စက္ကန့် လောက် ကြာ ပြီးတော့ အမျိုးသမီးတွေရဲ့ အထွဋ်အထိပ်ကာလ ကတော့ ဖျမ်းမျှ ၂၃ စက္ကန့် ကြာမြင့်ပါတယ်။
(၄) လိင်တံ ထိပ်အရေပြားကို ဖြတ်ထားပေမယ့်လည်း ထိပ်ကို ပြန်ဖုံးလို့ရပါတယ်။ ရွှေ့နိုင် ဆွဲနိုင်တဲ့ လိင်တံပေါ်က အရေ ပြား ကို ထိပ်ကိုရောက်တဲ့ အထိဆွဲပြီး တိပ်နဲ့ ကပ်ထားလို့ ရပါတယ်။ ဆရာဝန်တွေကတော့ ဒီလို ပြန်ဖုံးဖို့ အတွက် ပလပ် စတစ်ကွင်းတွေ၊ အစွပ်တွေနဲ့ အလေးတွေ သုံးတတ်ကြပါတယ်။ ဒါပေမယ့် အပြည့်အဝ ပြန်ဖုံးအုပ်သွားဖို့ ကတော့ စိတ်ရှည်ရှည်ထားပြီး နှစ်နဲ့ ချီပြီး လုပ်ရမှာ ဖြစ်ပါတယ်။
(၅) မိမိရဲ့လိင်တံကို မိမိရဲ့ပါးစပ်နဲ့ ပြန် ငုံလို့ ရတဲ့ အထိ ကိုယ်ခန္ဓာကို ကွေးညွှတ်နိုင်တဲ့ အမျိုးသားကတော့ လူ ၄၀၀ ရာမှာ ၁ ယောက် သို့ မဟုတ် ၀ ဒသမ ၂၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။
(၆) လိင်အင်္ဂါ အမျိုးအစား ၂ မျိုး ရှိပါတယ်။ တမျိုးကတော့ တောင့်တင်းလာချိန်မှာ အရွယ်အစားပိုကြီး ပြီး ပိုရှည်လာ တတ်တဲ့ အမျိုးအစား(growerလို့ ခေါ်ပါတယ်) ဖြစ်ပြီးတော့ နောက်တမျိုးကတော့ နဂိုနေမှာတင် ကြီးမား ရှည်လျားပြီး လိင်စိတ်ကြောင့် တောင့်တင်းလာတဲ့ အချိန်မှာလည်း ပိုထူးပြီး ကြီးမလာတဲ့ အမျိုးအစား (showerလို့ ခေါ်ပါတယ်)ဖြစ်ပါ တယ်။ menhealth.com က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ အမျိုးသား ရ၉ ရာခိုင်နှုန်းဟာ grower တွေ ဖြစ်ပြီးတော့ shower ကတော့ ၂၁ ရာခိုင်နှုန်းပဲရှိပါတယ်။
(၇) မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင် ဘဝတွေကို သိမ်း ပိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီနှုန်း အရဆိုရင် သူက တနေ့ကို အပျိုစင် ရ ယောက်နဲ့ လိင်ဆက်ဆံခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
(၈) ရုပ်ရည်ကြည့်ကောင်းတဲ့ အမျိုးသားတွေရဲ့ သုက်ရည်က တခြားအမျိုးသားတွေ ထက်ပိုပြီး သန်စွမ်းကျန်းမာပါတယ်။ စပိန်နိုင်ငံက သုတေသီတွေက သုက်ရည်သန်စွမ်းအားကောင်းတဲ့ အမျိုးသားတွေ၊ ပုံမှန်လောက်ရှိသူတွေ၊ အားနည်းသူ တွေ အမျိုးစုံပါ၀င်နေတဲ့ အမျိုးသားတွေရဲ့ ဓာတ်ပုံံတွေကို အမျိုးသမီးတွေကို ပြပြီး သူတို့ အချောဆုံးလို့ ထင်တဲ့ အမျိုး သားတွေရဲ့ ဓာတ် ပုံတွေကို ရွေးခိုင်းကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာ အမျိုးသမီးတွေ ရွေးထုတ်လိုက်တဲ့ ဓာတ်ပုံ ပိုင်ရှင် တွေက သုက်ရည် သန်စွမ်း အားကောင်းတဲ့ သူတွေ ဖြစ်နေတတ်တာကို တွေ့ခဲ့ ရပါတယ်။
(၉) သုက်ရည်ထွက်တာ (ပြီးတာ)က ဦးနှောက်ကြောင့် မဟုတ်ပါဘူး။ ကျောရိုးမကြီးထဲမှာရှိတဲ့ အာရုံကြော(spinal cord) ကြောင့် ဖြစ်ပါတယ်။
(၁၀) လိင်တံကျိုးတဲ့ ပြဿနာ အများဆုံးဖြစ်စေတာကတော့ တကိုယ်ရေ အာသာဖြေမှုကို ကြမ်းကြမ်းတမ်းတမ်း လုပ်မိလို့ ဖြစ်လေ့ရှိပါတယ်။
(၁၁) လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အိပ်မက်တွေ မက်သည်ဖြစ်စေ မမက်သည်ဖြစ်စေ နံနက်ခင်းအိပ်ရာက နိုးလာတဲ့ အချိန်မှာ လိင်တံက အစွမ်းကုန်တောင့်တင်း သန်မာနေတာကို ကြုံရတတ်ပါတယ်။ အဲဒါ အားနည်းချက်တခုခု ရှိနေလို့ မဟုတ်ပါဘူး။ များသော အားဖြင့် အမျိုးသားတွေဟာ နှစ်နှစ် ချိုက်ချိုက် အိပ်ပျော်နေစဉ်အတွင်း တညကို ၃ ကြိမ်ကနေ ၅ ကြိမ်အထိ လိင် အင်္ဂါ တောင့်တင်းနေမှုကို ကြံုရနိုင်ပါတယ်။ တကယ် တော့ အဲဒါက ကိုယ့်မှာ လိင်အင်္ဂါတောင့်တင်းနိုင်မှု မရှိတဲ့ရောဂါ သို့မဟုတ် ပန်းသေ တဲ့ရောဂါ မရှိဘူးလို့ ယုံကြည်စိတ်ချ ထားနိုင်တဲ့ သင်္ကေတ တခုလည်း ဖြစ်ပါတယ်။
Source: menshealth.com

0 Comments