အမ်ိဳးသားတိုင္း သိထားရမယ့္ လိင္အဂၤါသန္႔ရွင္းေရး
အမ်ိဳးသားတိုင္း မိမိလိင္အဂၤါကို တန္ဖိုးထားတတ္ၾကပါတယ္။ အဲ့လိုဂ႐ုတစိုက္တန္ဖိုးထားျခင္းဟာ မိမိအတြက္သာမက မိမိရဲ႕အေဖာ္အတြက္ပါ ေကာင္းမြန္ပါတယ္။ လိင္အဂၤါကို မွန္ကန္စြာ ဂ႐ုစိုက္တတ္ပါက ကာမသုခ ျပည့္ဝမွာ ေသခ်ာပါတယ္။
ဒါေၾကာင့္ အမ်ိဳးသားတိုင္း သိထားသင့္တာကေတာ့ လိင္အဂၤါကို ေန႔စဥ္ စနစ္တက် သန္႔ရွင္းေရး ဘယ္လိုလုပ္မလဲဆိုတာ ျဖစ္ပါတယ္။ လိင္အဂၤါကို ေန႔စဥ္ေဆးေၾကာပီး သန္႔ရွင္းစြာထားမွသာ အနံ႕အသက္ကင္းေဝးပီး ေရာဂါကင္းစင္ကာ ေဒါင္ေဒါင္ျမည္ျဖစ္လာမွာပါ။
ေန႔စဥ္လုပ္ေဆာင္သင့္တဲ့ လိင္အဂၤါသန္႔ရွင္းေရး အဆင့္ဆင့္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ဆပ္ျပာေရြးခ်ယ္ပါ။
- အနံ႕မပါတဲ့ ဆပ္ျပာအေပ်ာ့စားမ်ိဳးကို အသံုးျပဳသင့္ပါတယ္။ ေရခ်ိဳးဆပ္ျပာမ်ား၊ လက္ေဆးဆပ္ျပာမ်ားဟာ လိင္အဂၤါကို ယားယံမႈေတြ အနီကြက္ေတြ ျဖစ္ေစႏိုင္ပါတယ္။
၂။ ေရခ်ိဳးပါ။
- ျဖစ္ႏိုင္ရင္ ေရေႏြးေႏြးေလးနဲ႔ ခ်ိဴးတာပိုေကာင္းပါတယ္။ ပံုမွန္ေရခ်ိဳးတဲ့အတိုင္း တကိုယ္လံုးကို ဆပ္ျပာပြတ္တိုက္ပီး ေရခ်ိဳးပါ။
၃။ လိင္အဂၤါတဝိုက္ကို ေဆးေၾကာပါ။
- ဆပ္ျပာကို လက္ႏွစ္ဖက္နဲ႔ ပြတ္တိုက္ပီး အျမႇပ္ထေအာင္လုပ္ပါ။ ၿပီးရင္ လိင္တံ ကပ္ပယ္အိပ္နဲ႔ ေပါင္ျခံတဝိုက္ကို ဆပ္ျပာျမႇပ္မ်ားနဲ႔ ပြတ္တိုက္ပါ။ ထိပ္ငံုအေရျပား မျဖတ္ထားသူမ်ားအတြက္ အေရးႀကီးတာက ထိပ္ငံုအေရျပားကို ေနာက္သို႔ဆြဲလွန္ပီး ေဆးေၾကာဖို႔ပါပဲ။ ထိပ္ငံုအေရးျပားကို ဆြဲလွန္တဲ့ေနရာမွာ အားသံုးပီး မဆြဲပါနဲ႔။ သဘာဝတိုင္း ရသေလာက္သာ ဆြဲလွန္ပါ။ ဒစ္တဝိုက္နဲ႔ အေရျပားေအာက္မွာရွိေနတဲ့ အညစ္အေၾကး အဖတ္မ်ားကို ပြတ္တိုက္ေဆးေၾကာပါ။ ၿပီးရင္ ေသခ်ာေျပာင္စင္ေအာင္ ေရေဆးခ်ပါ။ ၿပီးရင္ ထိပ္ငံုအေရျပားကို နဂိုအတိုင္း ျပန္ဆြဲတင္ပါ။
- ေနာက္ထပ္သတိျပဳရမွာက လိင္တံအရင္းနဲ႔ ကပ္ပယ္အိတ္ကို ဂ႐ုတစိုက္ ေဆးေၾကာဖို႔ မေမ့ပါနဲ႔။ အဲ့ဒီ့ေနရာေတြဟာ တေနကုန္ အတြင္းခံထဲမွာရွိေနပီး အေမႊးအမွ်င္မ်ား၊ ေခၽြးမ်ားေၾကာင့္ အနံ႕ဆိုးမ်ားကို ျဖစ္ေပၚေစလို႔ပါပဲ။ ေနာက္တခုက ကပ္ပယ္အိတ္နဲ႔ စအိုၾကားက ေနရာကိုလည္း ေသခ်ာစြာေဆးေၾကာသင့္ပါတယ္။
၄။ လိင္အဂၤါကို ေျခာက္ေသြ႕ေအာင္လုပ္ပါ။
- ေဆးေၾကာပီးရင္ ေျခာက္ေသြ႕ေအာင္ လိင္အဂၤါကို ခပ္ဖြဖြ သုတ္ေပးပါ။ ေရမေျခာက္ပါက ဂ်ီးမ်ားျဖစ္လာပီး ဘတ္တီးရီးယားမ်ား ေပါက္ဖြားလာတတ္ပါတယ္။
၅။ လိင္အဂၤါကို ေန႔တိုင္းသန္႔ရွင္းစြာထားပါ။
- လိင္အဂၤါကို ေန႔စဥ္ ေဆးေၾကာပီး သန္႔ရွင္းစြာထားပါ။ သို႔ေသာ္ မၾကာခဏ အလြန္အကၽြံ မေဆးေၾကာပါနဲ႔။ အထူးသျဖင့္ ဆပ္ျပာအျပင္းစားမ်ား၊ မသန္႔ရွင္းတဲ့ ေရမ်ားနဲ႔ မေဆးပါနဲ႔။ ေယာင္ယမ္း နာက်င္ ယားယံတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ကိုယ္လိမ္းေပါင္ဒါသံုးသူမ်ား သတိျပဳရမွာက ေပါင္ဒါကို ကပ္ပယ္အိတ္ေပၚကိုပဲ လိမ္းပါ။ လိင္တံေပၚကို မလိမ္းမိပါေစနဲ႔။
📌📌📌ထိင္ငံုအေရျပား မျဖတ္ထားသူမ်ားအတြက္ အေရျပားေအာက္က အညစ္အေၾကးမ်ားကို ေျပာင္စင္ေအာင္ ေဆးေၾကာဖို႔က အထူးအေရးႀကီးပါတယ္။ မဟုတ္ရင္ ေယာင္ယမ္းနာက်င္တာမ်ိဳး ယားယံတာမ်ိဳး ေနာက္ဆံုးမွာ ေရာဂါပိုးဝင္တာမ်ိဳးေတြအထိ ျဖစ္တတ္ပါတယ္။
Photo credit:
Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ
Unicode
အမ်ိဳးသားတိုင္း သိထားရမယ့္ လိင္အဂၤါသန္႔ရွင္းေရး
.................................................................
အမျိုးသားတိုင်း မိမိလိင်အင်္ဂါကို တန်ဖိုးထားတတ်ကြပါတယ်။ အဲ့လိုဂရုတစိုက်တန်ဖိုးထားခြင်းဟာ မိမိအတွက်သာမက မိမိရဲ့အဖော်အတွက်ပါ ကောင်းမွန်ပါတယ်။ လိင်အင်္ဂါကို မှန်ကန်စွာ ဂရုစိုက်တတ်ပါက ကာမသုခ ပြည့်ဝမှာ သေချာပါတယ်။
ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တာကတော့ လိင်အင်္ဂါကို နေ့စဉ် စနစ်တကျ သန့်ရှင်းရေး ဘယ်လိုလုပ်မလဲဆိုတာ ဖြစ်ပါတယ်။ လိင်အင်္ဂါကို နေ့စဉ်ဆေးကြောပီး သန့်ရှင်းစွာထားမှသာ အနံ့အသက်ကင်းဝေးပီး ရောဂါကင်းစင်ကာ ဒေါင်ဒေါင်မြည်ဖြစ်လာမှာပါ။
နေ့စဉ်လုပ်ဆောင်သင့်တဲ့ လိင်အင်္ဂါသန့်ရှင်းရေး အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆပ်ပြာရွေးချယ်ပါ။
- အနံ့မပါတဲ့ ဆပ်ပြာအပျော့စားမျိုးကို အသုံးပြုသင့်ပါတယ်။ ရေချိုးဆပ်ပြာများ၊ လက်ဆေးဆပ်ပြာများဟာ လိင်အင်္ဂါကို ယားယံမှုတွေ အနီကွက်တွေ ဖြစ်စေနိုင်ပါတယ်။
၂။ ရေချိုးပါ။
- ဖြစ်နိုင်ရင် ရေနွေးနွေးလေးနဲ့ ချိူးတာပိုကောင်းပါတယ်။ ပုံမှန်ရေချိုးတဲ့အတိုင်း တကိုယ်လုံးကို ဆပ်ပြာပွတ်တိုက်ပီး ရေချိုးပါ။
၃။ လိင်အင်္ဂါတဝိုက်ကို ဆေးကြောပါ။
- ဆပ်ပြာကို လက်နှစ်ဖက်နဲ့ ပွတ်တိုက်ပီး အမြှပ်ထအောင်လုပ်ပါ။ ပြီးရင် လိင်တံ ကပ်ပယ်အိပ်နဲ့ ပေါင်ခြံတဝိုက်ကို ဆပ်ပြာမြှပ်များနဲ့ ပွတ်တိုက်ပါ။ ထိပ်ငုံအရေပြား မဖြတ်ထားသူများအတွက် အရေးကြီးတာက ထိပ်ငုံအရေပြားကို နောက်သို့ဆွဲလှန်ပီး ဆေးကြောဖို့ပါပဲ။ ထိပ်ငုံအရေးပြားကို ဆွဲလှန်တဲ့နေရာမှာ အားသုံးပီး မဆွဲပါနဲ့။ သဘာဝတိုင်း ရသလောက်သာ ဆွဲလှန်ပါ။ ဒစ်တဝိုက်နဲ့ အရေပြားအောက်မှာရှိနေတဲ့ အညစ်အကြေး အဖတ်များကို ပွတ်တိုက်ဆေးကြောပါ။ ပြီးရင် သေချာပြောင်စင်အောင် ရေဆေးချပါ။ ပြီးရင် ထိပ်ငုံအရေပြားကို နဂိုအတိုင်း ပြန်ဆွဲတင်ပါ။
- နောက်ထပ်သတိပြုရမှာက လိင်တံအရင်းနဲ့ ကပ်ပယ်အိတ်ကို ဂရုတစိုက် ဆေးကြောဖို့ မမေ့ပါနဲ့။ အဲ့ဒီ့နေရာတွေဟာ တနေကုန် အတွင်းခံထဲမှာရှိနေပီး အမွှေးအမျှင်များ၊ ချွေးများကြောင့် အနံ့ဆိုးများကို ဖြစ်ပေါ်စေလို့ပါပဲ။ နောက်တခုက ကပ်ပယ်အိတ်နဲ့ စအိုကြားက နေရာကိုလည်း သေချာစွာဆေးကြောသင့်ပါတယ်။
၄။ လိင်အင်္ဂါကို ခြောက်သွေ့အောင်လုပ်ပါ။
- ဆေးကြောပီးရင် ခြောက်သွေ့အောင် လိင်အင်္ဂါကို ခပ်ဖွဖွ သုတ်ပေးပါ။ ရေမခြောက်ပါက ဂျီးများဖြစ်လာပီး ဘတ်တီးရီးယားများ ပေါက်ဖွားလာတတ်ပါတယ်။
၅။ လိင်အင်္ဂါကို နေ့တိုင်းသန့်ရှင်းစွာထားပါ။
- လိင်အင်္ဂါကို နေ့စဉ် ဆေးကြောပီး သန့်ရှင်းစွာထားပါ။ သို့သော် မကြာခဏ အလွန်အကျွံ မဆေးကြောပါနဲ့။ အထူးသဖြင့် ဆပ်ပြာအပြင်းစားများ၊ မသန့်ရှင်းတဲ့ ရေများနဲ့ မဆေးပါနဲ့။ ယောင်ယမ်း နာကျင် ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်လိမ်းပေါင်ဒါသုံးသူများ သတိပြုရမှာက ပေါင်ဒါကို ကပ်ပယ်အိတ်ပေါ်ကိုပဲ လိမ်းပါ။ လိင်တံပေါ်ကို မလိမ်းမိပါစေနဲ့။
📌📌📌ထိင်ငုံအရေပြား မဖြတ်ထားသူများအတွက် အရေပြားအောက်က အညစ်အကြေးများကို ပြောင်စင်အောင် ဆေးကြောဖို့က အထူးအရေးကြီးပါတယ်။ မဟုတ်ရင် ယောင်ယမ်းနာကျင်တာမျိုး ယားယံတာမျိုး နောက်ဆုံးမှာ ရောဂါပိုးဝင်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။
Photo credit:
0 Comments