အမျိုးသားများ ဒါဖတ်ပြီးမှ ခမောက်ဆောင်းပါ
ကွန်ဒုံးလို့ ပြောလိုက်တာနဲ့ လိင်မှုဆက်ဆံရာမှာ အသုံးပြုကြတဲ့ ကာကွယ်ရေးပစ္စည်းတစ်ခုဆိုတာကို သိထားပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ လိင်ဆက်ဆံရာမှာ ကွန်ဒုံးအသုံးပြုခြင်းက HIV/AIDSနဲ့ ကာလသားရောဂါတွေလို လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ရုံသာမက သန္ဓေမတည်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် လုံခြုံစိတ်ချပြီး သာယာကျေနပ်စရာကောင်းတဲ့ လိင်မှုဘ၀ကို ရရှိနိုင်ဖို့ ကွန်ဒုံးအသုံးပြုတော့မယ်ဆိုရင် ရွေးချယ်သင့်တဲ့ အမျိုးအစား၊ အသုံးပြုရသည့် နည်းစနစ်၊ အမှားအယွင်းဖြစ်ခဲ့ရင် လိုက်နာစရာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားဖို့ လိုအပ်ပါတယ်။
ကွန်ဒုံးတွေ ဘယ်လိုအလုပ်လုပ်သလဲ ?
အခုခေတ်ကာလမှာတော့ အမျိုးသားသုံး၊ အမျိုးသမီးသုံး ကွန်ဒုံးမျိုးစုံကို အထူအပါး၊ အရွယ်အစား၊ မျက်နှာပြင်ပုံစံ၊ အရောင်၊ အနံ့ အမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ဘယ်လိုကွန်ဒုံးမျိုးပဲ ဖြစ်ဖြစ် သူတို့ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ သွေး၊ သုက်ရည်စတဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကို မကူးစက်၊ မထိတွေ့အောင် တားဆီးပေးတာပဲဖြစ်ပါတယ်။ လူသိအများဆုံး ကွန်ဒုံပုံစံကတော့ ပါးလွှားတဲ့ရော်ဘာသားနဲ့ ပြုလုပ်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။
ကွန်ဒုံးအသုံးပြုခြင်းက ဘာကြောင့်အရေးကြီးတာလဲ ??
အကာအကွယ်မပါပဲ လိင်ဆက်ဆံခြင်း ဒါမှမဟုတ် လိင်စိတ်နှိုးဆွပစ္စည်းတွေ ဝေမျှသုံးစွဲခြင်းက လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို အလွယ်တကူကူးစက်စေနိုင်ပါတယ်။ ဒါ့အပြင် အခန့်မသင့်ရင် တစ်ကြိမ်တစ်ခါတည်းနဲ့တင် ကိုယ်ဝန်ရသွားနိုင်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ချို့ကလည်း ကူးစက်ခံရခြင်းမှာ ရောဂါလက္ခဏာမပြတတ်ပဲ အချိန်ကြာလာမှ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့် ကာကွယ်ထားတာအကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် ရောဂါကူးစက်ခံရတာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ သန္ဓေမတည်အောင် တားဆီးချင်တာပဲဖြစ်ဖြစ် ကွန်ဒုံးသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။
ကွန်ဒုံးကို ဘယ်အချိန်မှာ သုံးသင့်သလဲ ???
ကလေးမလိုချင်တဲ့ စုံတွဲတွေ၊ လိင်ကတဆင့်ရောဂါကူးစက်မှုကို ကာကွယ်လိုသူတွေ အနေနဲ့ လိင်မှုကိစ္စဆောင်ရွက်ခါနီး ဘယ်အချိန်မှာမဆို ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။
ကွန်ဒုံးတစ်ခုကို ဘယ်လိုအသုံးပြုမလဲ ????
၁။ အသုံးပြုမည့် ကွန်ဒုံးက သက်တမ်းကိုကြည့်ပါ။ သက်တမ်းကုန်ဆုံးရက်ကို ကျော်လွန်နေပါက အသုံးမပြုပါနှင့်။
၂။ ကွန်ဒုံးကို အမျိုးသားလိင်တံထောင်မတ်နေချိန်မှသာ စွပ်ရမည်။ လိင်ဆက်ဆံဖက်၏ လိင်အင်္ဂါများနှင့် လုံးဝမထိတွေ့ရသေးခင်အချိန်တွင် ကွန်ဒုံးကို စွပ်ထားရမည်။
၃။ ကွန်ဒုံးထည့်သွင်းထားသည့် အိတ်ကို ဂရုတစိုက်ဖွင့်ပါ။ အတွင်းမှ ကွန်ဒုံးအား ထိခိုက်မိပြီး ပေါက်ပြဲမသွားစေရန် ဂရုစိုက်ပါ။ သွားဖြင့်ကိုက်ဖွင့်ခြင်း မပြုရ။
၎။ ကွန်ဒုံးများကို လိင်တံ၏ထိပ်ဖျားတွင် ဦးစွာချထားပြီး ဆွဲချရန်အတွက် လိပ်ထားလေ့ရှိသည်။ တချို့က စွပ်ရလွယ်ကူစေရန် ချောဆီတစ်မျိုးမျိုးကို အသုံးပြုလေ့ရှိသည်။ ထိုသို့ချောဆီအသုံးပြုလျှင် ရေဓာတ်ကိုအခြေခံ ထုတ်လုပ်ထားသည့် ချောဆီကိုသာအသုံးပြုပါ။ အခြားဆီများက ကွန်ဒုံးအားပေါက်ပြဲသွားစေနိုင်သည်။
၅။ ကွန်ဒုံးလိပ်အား လိင်တံတလျှောက်ဆွဲမချခင် ထိပ်ပိုင်းရှိ ဖုလုံးကလေးအား လက်ညှိုးလက်မဖြင့် ညစ်ထားပါ။ ထိုသို့ညစ်ထားခြင်းအားဖြင့် လေခိုပြီးပေါက်ပြဲမသွားစေရန်ဖြစ်သည်။ ပြီးမှ ကွန်ဒုံးလိပ်အား လိင်တံတစ်လျှောက်ဆွဲဖြည်ချပြီး စွပ်လိုက်ပါ။
၆။ ကွန်ဒုံအားလိင်တံတစ်လျှောက်ဆွဲချရတွင် အဆင်မပြေ ထစ်ငေါ့နေပါက အသစ်တစ်ခုကို လဲလှယ်အသုံးပြုပါ။
၇။ လိင်ဆက်ဆံပြီးပါက လိင်တံထောင်မတ်နေဆဲအချိန်တွင် အပြင်သို့ဆွဲထုတ်ပြီး ကွန်ဒုံးကို ချွတ်ပါ။ အဆုံးပိုင်းကို ထုံးချည်ပြီး သေချာစွန့်ပစ်ပါ။
၈။ နောက်တစ်ကြိမ် လိင်ဆက်ဆံမည်ဆိုပါက အသစ်တစ်ခုကို ထပ်မံအသုံးပြုပါ။
သတိပြုရန်။ ။ ကွန်ဒုံးနှစ်ခုထပ်အသုံးပြုခြင်းက ပေါက်ပြဲမှုကို ပိုဖြစ်စေနိုင်သည့်အတွက် ရှောင်ရန်ဖြစ်ပါသည်။
ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ ?????
ကွန်ဒုံးတွေကို မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် တကယ်ကို အကျိုးရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ မမျှော်လင့်ပဲ ကွန်ဒုံးပေါက်ပြဲသွားတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒီအခါမှာ အင်္ဂါအတွင်းရောက်ရှိသည့် သုက်ရည်များကို တတ်နိုင်သမျှညစ်ထုတ်ပါ။ မိန်းမကိုယ်ကို ရေဆေးခြင်းကို ရှောင်ကျဉ်ပါ။ လိင်မှုကျန်းမာရေးဆိုင်ရာ ပညာရှင်များကတော့ အကာကွယ်မဲ့လိင်ဆက်ဆံမှု၊ ဒါမှမဟုတ် ကွန်ဒုံးပေါက်ပြဲမှုကို ကြုံတွေ့ခဲ့မယ်ဆိုရင် (၁၀)ရက်ကြာပြီးတဲ့အခါမှာ ကျန်းမာရေးစစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။ ဒီလိုစစ်ဆေးပြီးနောက် (၃)လကြာရင် နောက်တစ်ခေါက်ထပ်စစ်ဆေးပါလို့လည်း အကြံပြုထားပါတယ်။ ဒီလိုစစ်ဆေးနေချိန်မှာ အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကို လုံးဝရှောင်ကြဉ်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
ပါတနာကို ကွန်ဒုံးသုံးဖို့ ဘယ်လိုပြောကြမလဲ ??????
တချို့သောစုံတွဲတွေ၊ အထူးသဖြင့် တွဲတာသိပ်မကြာသေးသူတွေမှာ ကွန်ဒုံးအသုံးပြုဖို့နဲ့ ပတ်သက်ပြီး ပြောရမှာကို ရှက်ကြောက် အားနာတတ်ကြပါတယ်။ ဒါပေမယ့် အရေးကြီးတာတစ်ခုကို သိထားရမှာက သင့်ပါတနာကလည်း လုံခြုံစိတ်ချတဲ့ လိင်ဆက်ဆံမှုကို လိုချင်တတ်ကြတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် လိင်ဆက်ဆံရာမှာ ကွန်ဒုံးအသုံးပြုဖို့ပြောတာက သင့်ပါတနာကို မယုံကြည်တဲ့သဘောမဟုတ်ပဲ နှစ်ဦးနှစ်ဖက်စလုံးအတွက် စိတ်ချရစေဖို့ဖြစ်တယ်ဆိုတာကို နားလည်ထားပါ။ ယုံကြည်မှုရှိရှိနဲ့ သဘောပေါက်အောင် ပြောပြဖို့ပြင်ဆင်ထားပါ။ သေချာပါတယ်။ သင့်ကိုအမှန်တကယ် ချစ်ခင်မြတ်နိုးပြီး ပိုပြီးနီးစပ်ချင်သူတွေဆိုရင် သင့်လိုပဲ လုံခြုံစိတ်ချရတဲ့လိင်ကိစ္စကို သဘောတူမှာဖြစ်ပါတယ်။
ဘယ်လို ကွန်ဒုံးအမျိုးအစားကို ရွေးချယ်မလဲ ???????
ကွန်ဒုံးအကြောင်းကို အတော်အသင့်သိပြီးပြီဆိုရင် မှန်ကန်တဲ့အမျိုးအစားကို ရွေးချယ်တတ်ဖို့ပဲ ကျန်ပါတော့တယ်။ သင့်အနေနဲ့ ရွေးချယ်နိုင်တဲ့ ကွန်ဒုံးအမျိုးအစားတွေကတော့ အများကြီးပါ။ ဒီအမျိုးအစားတွေကို မဖော်ပြခင်မှာ အရေးကြီးတဲ့အချက်တစ်ခုက အရွယ်အစားဖြစ်ပါတယ်။ အမျိုးသားအများစုက ကွန်ဒုံးတွေကို Free size လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အရွယ်အစားကြီးလွန်း သေးလွန်းတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာက ထောင်မတ်မှု မရှိခြင်း၊ သုက်လွှတ်ချိန် အခက်တွေခြင်းနဲ့ ကွန်ဒုံးပေါက်ပြဲခြင်းစတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် လိင်တံအရွယ်အစားနဲ့ ကိုက်ညီတဲ့ ဆိုက်ဒ်ကို ရွေးတတ်ဖို့လိုပါတယ်။ ဘယ်လိုရွေးရမှန်း မသိတဲ့သူတွေအတွက် နည်းလမ်းတစ်ခု ရှိပါတယ်။ အိမ်သာသုံးတစ်ရှုးစက္ကူလိပ်တစ်ခုအတွင်းက ကတ်ထူပိုက်ကို ယူပြီး လိင်တံထောင်မတ်နေချိန်တွင် စွပ်ကြည့်ပါ။ ချောင်နေမယ်ဆိုရင် Small size ကွန်ဒုံးကို အသုံးပြုရမှာ ဖြစ်ပြီး အနေတော်ပဲဆိုရင်တော့ Medium size ကို အသုံးပြုပါ။ စွပ်လို့မရအောင်ဖြစ်နေမယ် ဆိုရင်တော့ Large size ကွန်ဒုံးကို အသုံးပြုရမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံထုတ် Okamoto အမှတ်တံဆိပ်ကွန်ဒုံးတွေက ပါးလွှာမှုရှိသလောက် လုံခြုံစိတ်ချရတဲ့အတွက် နာမည်ကြီးပဲဖြစ်ပါတယ်။ Okamoto ရဲ့ Sheerlon အမည်နဲ့ ကွန်ဒုံးကတော့ အနံ့အသက်မရှိသလို ပုံမှန်ကွန်ဒုံးတွေရဲ့ တ၀က်မျှသာ အထူရှိပါတယ်။ ပါးလွှာလွန်းတယ်လို့ ထင်ရပေမယ့် အကာအကွယ်ပေးနိုင်စွမ်း နဲ့ အရည်အသွေးကတော့ စိတ်ချရပါတယ်။ ထူးခြားချက်က လိင်ဆက်ဆံသူနှစ်ဦးစလုံးအတွက် ဘာအကာအကွယ်မှ မသုံးထားသလို အကောင်းဆုံးထိတွေ့ခံစားမှုကို ရရှိစေတယ်လို့အသုံးပြု ဖူးသူများထံမှကြားသိရပါတယ်။
Credit :Gentleman Magazine
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments