တစ်ကိုယ်တည်းသမားတွေဟာ အိမ်ထောင်သည်တွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ ပိုများ
တစ်ကိုယ်တည်းသမား Single လေးတွေအတွက်တော့ စိတ်မကောင်းစရာ သတင်းတစ်ခုထွက်ပေါ်လာပါတယ်။ လေ့လာမှု အသစ်တစ်ခုကနေ ရှာဖွေတွေ့ရှိခဲ့တာကတော့ အိမ်ထောင်ရှင်တွေဟာ တစ်ကိုယ်တည်း သမား တွေ ထက် နှလုံး ရောဂါနဲ့ သေဆုံးဖို့ ၁၄ ရာခိုင်နှုန်းတိတိ အခွင့်အလမ်းနည်းပါးတယ်ဆိုတာပါပဲ။
ပျမ်းမျှအားဖြင့်တော့ ဆေးရုံတွေဟာ နှလုံးရောဂါကြောင့် ဆေးရုံတက်နေရသူတွေထဲမှာမှ အိမ်ထောင်ရှင်တွေဟာ တစ်ကိုယ်တည်းသမားတွေထက် ၂ ရက်ခန့် စောပြီး ဆေးရုံက ဆင်းရလေ့ရှိတယ်လို့ လည်း ထိုလေ့လာမှုက တဆင့် သိရပါတယ်။ ဒါဟာ အိမ်ထောင်ပြုခြင်းရဲ့  ကောင်းကျိုးတွေ ကို ရှင်းပြပေးမယ့် ပထမဆုံး လေ့လာမှု တော့မဟုတ်ပါဘူး။ ဘာကြောင့် အိမ်ထောင်ရှင်တွေထက် တစ်ကိုယ်တည်းသမားတွေဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေ များရသလဲဆိုတာကိုတော့ Medical Daily ဆိုတဲ့ သတင်းဌာနမှာ ဖော်ပြထားတဲ့ ဆောင်းပါး အပိုင်းအစ တစ်ခုက ရှင်းပြပေးထားပါတယ်။
“အိမ်ထောင်ရှင်တွေဟာ ဘာကြောင့် နှလုံးရောဂါကို ရင်ဆိုင်နိုင်စွမ်း ပိုရှိတာလဲဆိုတဲ့ အဖြေအတိအကျ တော့ မသိရှိထားပါဘူး။ ဒါပေမယ့်လည်း အိမ်ထောင်ရှင်တွေဟာ ကိုယ့်ရဲ့  အိမ်ထောင်ဖက်ဆီကနေ ရုပ်ပိုင်းဆိုင်ရာ နဲ့ ခံစားချက်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ရရှိနိုင်စွမ်းရှိနေပါတယ်။ တစ်နည်းအားဖြင့် အိမ်ထောင်ရှင် တွေဟာ သူတို့ကို လွှမ်းခြုံပေးထားနိုင်မယ့် အရင်းအမြစ် တွေ ရှိနေတယ်လို့ ဆိုနိုင်ပြီး အဲဒီလို အရင်းအမြစ် မျိုးတွေဟာ တစ်ကိုယ်တည်းသမားတွေမှာတော့ မရှိနိုင်ပါဘူး။ အဲဒီလို အထောက်အပံ့တွေဟာ အသက်အန္တရာယ် ရှိစေနိုင်တဲ့ နာမကျန်းဖြစ်မှုတွေကနေ ပြန်လည်သက်သာလာဖို့အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေလည်း ဖြစ်ပါတယ်” လို့ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။
Credit :Trend Myanmar
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments