Last post

Ovulation Date မျိုးဥမေးခွန်း

ဆရာမင်္ဂလာပါရှင့် သမီးအသက်က ၂၇ ထဲမှာပါ။ အိမ်ထောင်ကျတာ ၁ နှစ် ၄ လရှိပါပြီ။ တားဆေးလဲမစားဘူးပါ။ ကလေးလဲလိုချင်နေလို့ပါ။ သမီးကရာသီရက်ကလည်း မမှန်ပါဘူး။ ၆ လပိုင်းက ၂ ရက်နေ့ ကစပါတယ်။ ခု ၇ လပိုင်းမှာ
၆ ရက်နေ့ ကစပါတယ်။ မနေ့ ကပေါ့။ ရာသီကတော့ ၁ လကို ၃ ရက်ပေါ်ပါတယ်။ အဲဒါဘယ်ရက်လောက်မှာ သားဥကြွေတက်လဲမသိလို့ပါရှင့်။ သားဥကြွေတဲ့ရက်ကို အကြမ်းဖျင်းသိချင်ပါတယ်ရှင့်။ စကားလုံးရိုင်းတာများပါရင် ခွင့်လွှတ်ပါရှင်။

မျိုးဥ၊ သားဥ အတူတူဖြစ်တယ်။ အမျိုးသမီးတိုင်း အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့အထိ မျိုးဥကခု လတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကိုသိမှ စိတ်ချနိုင်တယ်။ ရာသီရက်တွက်ရင် သွေးစဆင်းတဲ့နေို့ ပဌမနေ့လို့သတ်မှတ်တယ်။

• ၃ဝ% လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Ovulation test မျိုးဥထွက်-မထွက် စမ်းသပ်ကိရိယာနဲ့ မျိုးဥထွက်-မထွက်စမ်းနိုင်တယ်။
• တစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။
• အမျိုးသမီးရဲ့ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာတခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေ တွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။
• ဆီးကို စမ်းရမဲ့အကွက်လေးမှာထည့်လိုက်ရင် အရောင်ပြောင်းလာမယ်။ အဲလို အပေါင်းပြတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ နောက် ၂၄ ကနေ ၆ နာရီအတွင်း မျိုးဥ ထွက်ပါမယ်။ တယောက်နဲ့တယောက် မတူတာတော့ ရှိမယ်။
• (LH) ဟော်မုန်းက တက်လာတယ်ဆိုရင် အပေါင်းပြပါမယ်။ မျိုးဥအိမ်ကနေ မျိုးဥထွက်တယ်လို့ မှတ်ယူနိုင်တယ်။
• ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။
• Estrogens, Progesterone, Testosterone ခေါ်တဲ့ ဟော်မုန်းဆေးတွေဖြစ်တယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါတယ်။
• မျဉ်း ၂ ကြောင်းရှိမယ်။ စမ်းသပ်လိုင်းက အကိုးအကားလုပ်ရမဲ့လိုင်းတက် နဲနဲမှိန်တယ်။ အပေါင်းပြတယ်ဆိုတာ LH ဟော်မုန်း တက်လာလို့ ခေါ်တယ်။ မှားပြီး အပေါင်းပြတာ ရှားတယ်။

မျိုးဥမထွက်ရင် မျိုးဥထွက်ဆေးသောက်နိုင်ပါတယ်။ မျိုးဥကြွေအတူတူဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၈-၇-၂ဝ၁၆

Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ


0 Comments