Last post

Coca-Cola ၊ Pepsi နဲ့ တခြား အမြုပ်တစီစီထတဲ့ အချိုရညတွေ အလွန်အကျွံသောက်ခြင်းက ယောက်ျားလိင်အင်္ဂါ ထိခိုက်စေနိုင်

ကိုကာကိုလာ အရမ်းသောက်သုံးတဲ့ အမျိုးသားတွေ ယောက်ျားပီသမှုကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း လေ့လာမှုတစ်ရပ်က အခိုင်အမာပြောဆိုပါတယ်။ ယင်းအချိုရည်ကို တစ်နေ့ ၁ လီတာ သောက်သုံးခြင်းက သုတ်ရည် ၃၀% ထိ လျှော့ကျစေနိုင်ပြီး အမျိုးသားလိင်အင်္ဂါတောင့်တင်းမှု အားနည်းစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ခဲ့ပါတယ်။
ကိုကာကိုလာ စွဲလန်းသူလို့ မိမိကိုယ်ကို ခံယူထားတဲ့ အမျိုးသားတွေဟာ ဒီအချိုရည် မသောက်သူများထက် ထိရောက်စွာ ရေမကူးနိုင်ကြကြောင်း Copenhagen University Hospital က ပြုလုပ်တဲ့ လေ့လာက တွေ့ရှိခဲ့ပါတယ်။ ယင်းလေ့လာချက်က အမျိုးသား ၂,၅၅၄ ကို စစ်ဆေးလေ့လာခဲ့ပြီး ကိုလာစွဲနေသူတွေ ၁ မီလီလီတာမှာ ပျှမ်းမျှ သုတ်ကောင်ရေ ၃၅ မီလျှံရှိပြီး သိပ်မသောက်ဖြစ်သူတွေမှာတော့ ၁ မီလီလီတာမှာ ၅၆ မီလျှံရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ကိုကာနဲ့ တခြားအချိုရည်က ကဖိန်းပမာဏနဲ့ ဆက်နွယ်မှုမရှိပါဘူး။ ဒီတော့ အမျိုးသားတွေမှာ သုတ်ကောင်ရေကျဆင်းစေတာ နောက်ပါဝင်ပစ္စည်းတစ်ခု ဖြစ်နိုင်ခြေရှိကြောင်း ညွန်းဆိုနေတယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ ကိုကာနဲ့ တခြားအမြုပ်တစီစီထတဲ့ အချိုရည်တွေကို အလွန်အကျွံသောက်သုံးခြင်းက အမျိုးသားများ လိင်တံတောင့်တင်းမှု လျှော့ကျမှုပြသနာ ရင်ဆိုင်ရခြင်းနဲ့ ဆက်စပ်မှုတွေ ရှိနေကြောင်းလည်း ရှာတွေ့ရှိခဲ့ပါတယ်။ 
Ref: Mirror
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments