Last post

အမျိုးသမီးများ အမွေးအမျှင်ရိတ်ခြင်းက ပိုမိုသန့်ရှင်းတယ်ဆိုတာ မှားယွင်းနေ

အမျိုးသမီးတွေဟာ ပိုမို သန့်ရှင်းစေဖို့အတွက် သီးသန့်နေရာက အမွေးအမှင်တွေကို ရိတ်ကြပေမဲ့ အဲဒီအထင် မှားယွင်းနေတယ်လို့ ဆရာဝန်များက ဆိုပါတယ်။

တကယ်တော့ အဲဒီအမွေးအမှင်တွေက မိန်းမကိုယ်အတွင်းကို ပိုးမွှားတွေနဲ့ ပြင်ပက ညစ်ညမ်းတဲ့ အမှုန်အမွှားတွေ မဝင်စေဖို့ ကာကွယ်ပေးတာဖြစ်တဲ့အတွက် ဒီအတိုင်းထားတာက ပိုမိုသန့်ရှင်းတယ်လို့ ဆိုပါတယ်။

"မိန်းမကိုယ်က အမွေးအမှင်တွေက ပြင်ပက ဗိုင်းရက်စ်တွေနဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်မလာအောင် ကာကွယ်ပေးတဲ့ သဘာဝအဆီးအတားတစ်ခု ဖြစ်ပါတယ်" လို့ Royal College of Obstetricians and Gynaecologists က ဒေါက်တာ ဗန်နက်ဆာမက်ကေးက ပြောပါတယ်။

မိန်းမကိုယ်မွေးက ရောဂါပိုးတွေနဲ့ အရေပြား ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ယင်းဧရိယာရဲ့ အစိုဓာတ်ကိုလည်း ထိန်းထားပေးတယ်လို့ သူက ပြောပြခဲ့ပါတယ်။

Credit: duwun
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments