လင်စိတ်သားစိတ်ကုန်တာဟာ
အပျိုတွေမှာလည်း ဖြစ်နိုင်သလို အိမ်ထောင်ကျပြီးသား
အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လင်စိတ်သားစိတ်ကုန်တယ်လို့
ဘယ်လိုသိနိုင်မလဲဆိုရင် လင်ယူသားမွေးမှုကို ကြောက်ရွံ့၍ အမျိုးသားနှင့်
အိပ်ယာထက်က ဆက်ဆံရေးကို မပျော်ခြင်း ၊ အမျိုးသားနှင့်
အတူနေဆက်ဆံရမှာကို ကြောက်ရွံ့နေခြင်း ဖြစ်ပါတယ်။ အထူးသဖြင့်
လင်စိတ်သားစိတ်ကုန်ခြင်းဟာ အိမ်ထောင်ရှင် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့
သိရပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုရင်
ခင်ပွန်းနှင့် အိပ်ယာထက်မှာ အပေးအယူမမျှလို့ ပျော်ရွှင်မှုမခံစားရဘဲ
အိမ်ထောင်ရေးမှာ ကိုယ်ကလိင်ပေးဆပ်နေရတဲ့ အဖြည့်ခံလို့ ခံစားလာရတာဟာ
အကြောင်းတစ်ချက် ဖြစ်နိုင်ပါတယ်။
အိမ်ထောင်ပြုသက် နှစ် ၊
လကြာလာပေမယ့် လိင်ပျော်ရွှင်မှုဆိုတာကို မခံစားရဘဲ အခြားအိမ်ထောင်ရေး
အဆင်မပြေမှုတွေဝင်လာတဲ့အခါ ဒီဘက်မှာ ပိုစိတ်ပျက်လက်ပျက် ဖြစ်သွားတာလဲ
အကြောင်းတစ်ချက် ဖြစ်ပါတယ်။
အမျိုးသမီးအင်္ဂါမှာ ချို့ယွင်းချက်တွေ
ရှိနေတဲ့အတွက် ဒီဘက်မှာ စိတ်ပျော်ရွှင်မှုမရဘဲ လင်စိတ်သားစိတ်
ကုန်လာတာ ဖြစ်ပါတယ်။
အပေးအယူမမျှခြင်း
ခင်ပွန်းဖြစ်သူတဲ့ စလက်ထပ်လိုက်တဲ့
အိမ်ထောင်ဦးညမှာ အမျိုးသမီးက အပျိုစင်ဖြစ်ပြီး နှစ်ဦးစလုံးက
ရှက်ကြောက်နေကြတဲ့အခါ အစပျိုး နိဒါန်းမချီဘဲ ဒီအမှုကိစ္စပြီးသွားခဲ့ပေမယ့်
အမျိုးသမီးဟာ အပျိုမြှေးစုတ်ပြဲနာကျင်မှုကြောင့်
ဒီဘက်မှာ ကြောက်ရွံ့သွားတတ်ပါတယ်။ ဒီကနေစပြီး အိမ်ထောင်သားမွေးပြုခြင်းဟာ
အမျိုးသားတွေ သာယာဖို့အတွက်ပါလားလို့ အယူလွဲသွားပါတော့တယ်။ အိမ်ထောင်သားမွေးမှုမှာ
ကိုယ်ကအဖြည့်ခံလို့ ခံစားနေပြီး ကြာလာတာနဲ့အမျှ လင်စိတ်သားစိတ်ကုန်လာပါတယ်။
အိမ်ထောင်မှုသာယာဖို့ဆိုတာ
အမျိုးသမီးတွေအတွက် အိမ်မှုကိစ္စထိန်းသိမ်းမှုနိုင်ရုံ ၊
သားသမီးထိန်းကျောင်းမှုကောင်းရုံ ၊ ခင်ပွန်းဝေယျာဝစ္စနိုင်ရုံ
၊ ပေါင်းသင်းဆက်ဆံရေး ကောင်းရုံနဲ့မပြီးသလို အမျိုးသားတွေကလည်း
လုံလောက်ပြည့်စုံအောင် ရှာဖွေပေးရုံ ၊ ဖြည့်ဆည်းပေးရုံ စတာတွေနဲ့လည်း
မပြည့်စုံပါဘူး။ ကိုယ်လိုတဲ့အရာကို သူပေးချင်လာအောင် ၊
သူလိုတဲ့အရာကို ကိုယ်ပေးနိုင်အောင် နားလည်မှုတည်ဆောက်ပြီး လိင်မှုကိစ္စအပါအဝင်
အမှုကိစ္စတွေမှာ ကိုယ်တွေလင်မယား စိတ်တူကိုယ်တူ ရှိသွားနိုင်မှ ၊ ညှိသွားနိုင်မှ
တကယ်သာယာတဲ့ အိမ်ထောင်ရေး ၊ အိမ်ထောင့်အရသာကို ခံစားရမှာဖြစ်ပါတယ်။
တကယ်ဆို ဇနီးမောင်နှံနှစ်ဦးဆိုတာ
ဘယ်သူက ဘယ်သူ့ကိုမှ ဖြည့်ဆည်းပေးနေတာမဟုတ်ဘဲ နှစ်ဦးသဘောတူညီစွာ
ဘဝခရီးကို ရိုးမြေကျ လက်တွဲသွားဖို့ ဆုံးဖြတ်ထားသူတွေပါ။ ဒီတော့ တစ်ဦးနဲ့တစ်ဦး အပေးအယူမျှတမှုဟာ အိပ်ယာထက်မှာ
ရှိနေဖို့လည်း အရေးကြီးလှပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ ကိုယ့်ဆန္ဒပြီးရုံ
ဆက်ဆံရေးကို ရှောင်ကြဉ်ပြီး ဇနီးဖြစ်သူကို သာယာမှုပေးသင့်ပါတယ်။
(ဘယ်လိုသာယာမှုလဲ Comment တွေမှာမမေးနဲ့နော်။ ကိုယ့်ဘာသာအဖြေရှာကြပါ။)
အိမ်ထောင့်အစကတည်းက အပေးအယူမမျှရင်
အိမ်ထောင်သက်ကြာလာတဲ့အခါ ပိုဆိုးလာတာပေါ့။ အိမ်ထောင်သက်ကြာလာတဲ့အခါ အဖြည့်ခံလို့
ခံစားနေရတဲ့ ဇနီးဖြစ်သူမှ လင်စိတ်သားစိတ်မကုန်ရင် ဘယ်သူကုန်မှာလဲ။
အိမ်ထောင်ရေးလိုအပ်ချက်တွေ ၊ သားသမီးလိုအပ်ချက်တွေ ၊
စီးပွားရေးလိုအပ်ချက်တွေဆိုတဲ့ အိမ်ထောင်ရေးအခက်အခဲတွေ ဝင်လာတဲ့အခါ “မှားပါတယ်”
လို့ အိမ်ထောင်ပြုမိတာကို နောင်တရလာတော့တယ်။ အိမ်ထောင်တခုမှာ ဇနီး
သို့မဟုတ် ခင်ပွန်း တစ်ဦးဦးက အိမ်ထောင်ထဲမပျော်ပိုက်ရင် သာယာပျော်ရွှင်တဲ့
အိမ်ထောင်ရေးဆိုတာကို အပြည့်အဝ ခံစားရပါတော့မလား။
ဒါ့အပြင် မိန်းမအင်္ဂါတွေ
မဖွံ့ဖြိုးခဲ့တဲ့အမျိုးသမီးတွေမှာ (အထူးသဖြင့်) သားအိမ်နဲ့ ယောနိအင်္ဂါဟာ
ကလေးဘဝကလိုပဲ သေးနေခဲ့ရင်လည်း ဆက်ဆံတိုင်း နာကျင်နေနိုင်တာမို့
သာယာမှုမရှိနိုင်သလို ကလေးလည်း မရနိုင်တော့ပါ။
လိင်ရောဂါခံစားနေရတဲ့အမျိုးသမီးတွေဟာလည်း ယောနိယောင်နေတာ
၊ ရောဂါဖြစ်နေတာတွေကြောင့် သာယာမှုမခံစားရဘဲ နာကျင်မှုခံစားရလို့
လင်စိတ်သားစိတ် ကုန်လာနိုင်ပါတယ်။
သားအိမ်နဲ့ ယောနိအင်္ဂါလျှောကျနေရင်လည်း
ဆက်ဆံတိုင်းနာကျင်နိုင်သလို ကလေးမွေးလို့ပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့်ဖြစ်ဖြစ် ယောနိအင်္ဂါတွေ စုတ်ပြဲသွားခဲ့လို့
ပြန်ပြုပြင်ကုသမှုတွေ မလုပ်ရင် ဇနီးမောင်နှံနှစ်ဦးစလုံး ကျေနပ်မှုမရတော့ဘဲ
လင်စိတ်သားစိတ် ကုန်လာပါတော့တယ်။ ဒါကြောင့် မွေးလမ်းကြောင်းအတိုင်း
ရိုးရိုးမွေးသူတွေဟာ မကျွမ်းကျင်တဲ့ အရပ်လက်သည်တွေကို မသုံးဘဲ
တတ်ကျွမ်းသူတွေနဲ့ မွေးဖွားပြီး ယောနိစုတ်ပြဲသွားခဲ့ရင် ပြန်ချုပ်ဖို့လိုပါတယ်။ နောက်ပိုင်းမှာ
ကလေးထပ်ရနိုင်ပေမယ့် ယောနိဟာ နဂိုထက်ပိုကျယ်သွားခဲ့မယ်ဆိုရင်
ဇနီးမောင်နှံနှစ်ဦးစလုံး သာယာမှုကို အပြည့်အဝမခံစားနိုင်တော့ပါ။
ဒေါက်တာမောင်မောင်ညို M.B.B.S (Ygn)
Ph.D(Lond) M.A(Mich) FOMERAD(USA) ရေးသားပြုစုခဲ့တဲ့ သိပ္ပံနည်းကျ
အိမ်ထောင်သည်ဘဝ စာအုပ်
ရတု (Burmesehearts.com)
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments