Last post

ကောင်မလေးတွေ တစ်လတစ်ခါဘာလို့စိတ်တိုတာလဲ

ကျွန်မတို့ မိန်းကလေးတွေ အများစုဟာ ဓမ္မတာ အတောအတွင်းမှာ စိတ်တိုတတ်ပါတယ်။ အဲဒီအခါ မသိတဲ့ သူတွေက သွားပြီး စကားပြောမိတာတို့ ပတ်သက်မိတာတို့ လုပ်မိတဲ့အခါ ဘုတော,တောခံရနိုင်ပါတယ်။ ဒါ ကို ဘယ်လိုနည်းနဲ့ သိနိုင်စေသလဲ ဆိုရင် အောက်ပါ အခြေအနေ (9)ရပ်မှာ အမျိုးသမီးတွေ ရာသီလာနေ တယ်ဆိုတာ သိသာစေပါတယ်။

1. ခုံပေါ်မှာ ရေနွေးပုလင်းကို ဗိုက်ပေါ်တင်ထားတဲ့အခါမျိုးမှာ ခုံပေါ်မှာ အမျိုးသမီးတစ်ယောက် လဲလျှောင်းလျှက်သားအနေအထားနဲ့ သူမ ဗိုက်ပေါ်ကို ရေနွေးပုလင်းတင် ထားတယ်ဆိုရင် ဒါဟာ သူမ ဓမ္မတာနေတဲ့ ရက်ဆိုတာ သိနိုင်ပါတယ်။ ဓမ္မတာတဲ့အခါမျိုးမှာ ဗိုက်သားတွေ အောင့်တာမျိုး ဖြစ်တတ်လို့ ရေးနွေးအိတ်၊ ရေနွေးပုလင်းကပ်ပေးတဲ့အခါ သက်သာပါတယ် … ဒါကို သဘော ပေါက်ထားဖို့ လိုအပ်တယ်။

2. ဘောင်းဘီအပွကြီးတဲ့ဝတ်ထားတဲ့အခါမျိုးမှာ ဒါကတော့ မြင်သာစေတဲ့ အရာပေါ့။ ကျွန်မတို့ဟာ ပုံမှန်အားဖြင့် Sexyကျကျ ကျစ်ကျစ်လစ်လစ် လှလှပပ အဝတ်အစားလေးတွေပဲ ဝတ်ချင်ပေမယ့် အဲ့ဒိအချိန်မှာတော့ ဘောင်းဘီပွကြီးတွေ ဝတ်ထားတတ်ပါတယ်။

3. သာမန်ထက် စိတ်တိုလွယ်နေတယ်ဆိုရင် သာမာန်အချိန်မှာ ကျွန်မတို့ဟာ အေးအေးဆေးဆေး ဖြစ်ကောင်း ဖြစ်ပါလိ့မ်မယ်။ ဒါပေမယ့် ဓမ္မတာလာနေ တဲ့အချိန်မှာ အမျိုးသမီးတော်တော်များများ တူညီစွာ စိတ်တို စိတ်ဆက် တတ်ကြပါတယ်။ ဒီလို ပုံမှန်မဟုတ် တဲ့ အခြေအနေမျိုးဆိုရင်လည်း အကင်းပါး ထားဖို့ လိုအပ်ပါတယ်။

4. သက်သောင့်သက်သာရှိတဲ့ ပုံစံမျိုး မဟုတ်ရင် မျက်နှာလေးက နွမ်းနယ်နေတယ်၊ အားပျက် မောပန်းနေတဲ့ ပုံစံပေါက်နေတယ်၊ မျက်ကွင်းတွေ အနည်းငယ် ညိုနေတယ်ဆိုတာကို မြင်ရင်လည်း ကျွန်မတို့ရဲ့ အခြေအနေကို အကြမ်းဖျင်းအားဖြင့် သဘောပေါက်နိုင်ပါ တယ်။

5. ရယ်စရာ ဇာတ်ကားကို ငိုပြီးကြည့်နေတယ်ဆိုရင် စောစောက ပြောသလို ဓမ္မတာလာတဲ့အခါ ၀မ်းဗိုက်သားတွေ နာပါတယ်။ ရယ်စရာဇာတ်ကားကို ကြည့်တဲ့ အခါမှာတော့ သူတို့တစ်တွေ မနေနိုင်ဘဲ ရယ်မိမှာပါ။ အဲဒီလိုအခါမျိုးမှာ ၀မ်းဗိုက်က မခံချင်လောက်အောင် ကို နာကျင်မှုကို ခံစားရတော့ ငိုမိတတ်ကြပါတယ်။ 6. ကျွန်မတို့မထိနဲ့ဆိုမထိပါနဲ့။ မထိနဲ့လို့ပြောရင် အလိုက်သိပါ။
Source:ShweMOM
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ



0 Comments