၁)သင်က ခဏတာ အချိန်ကုန်ဆုံးဖို့ပဲ ကောင်းပြီး တစ်ဘဝလုံးစာအတွက် မကောင်းနိုင်ဘူးလို့ ယုံကြည်တာ
လူတွေက သင့်ဘဝထဲကို အကြောင်းပြချက်တစ်ခုအတွက်၊ အချိန်ပိုင်းလေးတစ်ခုအတွက် ဒါမှမဟုတ် တစ်ဘဝလုံးစာအတွက် ရောက်လာလေ့ရှိကြပါတယ်တဲ့။ ဒီတော့ ကိုယ့်ဘဝထဲကို ရောက်လာတဲ့သူက တစ်ခဏတာလား၊ တစ်ဘဝစာလားဆိုတာ သိနိုင်ဖို့ အဖြေရှာတာက ကိုယ့်တာဝန်ပဲပေါ့။ သူကိုယ့်ကို ထားခဲ့တဲ့ အဖြစ်နိုင်ဆုံး အကြောင်းရင်းကတော့ သူနဲ့ကိုယ့်အတွက် အရမ်းပျော်စရာကောင်းတဲ့အချိန်တွေ ရှိခဲ့ကောင်းရှိခဲ့နိုင်ပေမဲ့ တစ်ဘဝလုံး သင်နဲ့အတူ အချိန်ကုန်ဆုံးရရင် ပျော်စရာကောင်းနိုင်မယ်လို့ သူမထင်လို့ပါ။ကိုယ်နဲ့အတူ အကောင်းအဆိုးတွေအားလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်စိတ်မရှိလို့ပဲ ဖြစ်ပါတယ်။
၂)သင်က သူ့နားမှာရှိတဲ့သူတွေ သဘောကျတဲ့သူတစ်ယောက် မဟုတ်လို့
သင်ပြောချင်တာ ပြောနေပါစေ ။ ယောက်ျားတွေက သူနဲ့အရင်းနှီးဆုံးသူတွေရဲ့ ထင်မြင်ချက်ကို အရမ်းတန်ဖိုးထားတတ်ပါတယ်တဲ့။ ဒါက ကလေးဆန်တယ်လို့ ပြောချင်ပြောလို့ရပေမဲ့ ယောက်ျားလေးအများစုက တကယ်ပဲ မိဘ၊ဆွေမျိုးနဲ့သူငယ်ချင်းတွေ သဘောကျတဲ့သူမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တာ များပါတယ်။ ဒါက မသိစိတ်ရဲ့ လွှမ်းမိုးမှုလို့ ဆိုရမှာပါ။ မိန်းကလေးတွေရဲ့ သဘာဝက ချစ်မိပြီဆိုရင် ဘယ်သူတားတား၊ဘယ်လို ခွဲခွဲ နောက်မဆုတ်တမ်း လက်တွဲလေ့ရှိပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှု လုပ်နိုင်တဲ့ ယုံကြည်မှုရှိပြီး အတွေးအခေါ်တော်တော်လေးကို လွတ်လပ်တဲ့ ယောက်ျားတွေကပဲ မိဘအသိုင်းအဝိုင်းတွေနဲ့ ဆန့်ကျင်ပြီး ရွေးချယ်တတ်တာကြောင့် သင့်ကို မရွေးချယ်ခဲ့တာက သင်က သူ့အသိုင်းအဝိုင်းက သဘောကျတဲ့သူတစ်ယောက် မဟုတ်လို့ဘဲ ဖြစ်ပါတယ်။
၃) အရေးကြီးတဲ့အချက်တွေမှာ နက်ရှိုင်းတဲ့ နားလည်ပတ်သက်မှုမျိုး မရှိကြတာ
လူနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ပြောစရာမလိုဘဲ သိနေတတ်တဲ့ အချက်တွေတူတာများရင် သံယောဇဉ်ပိုပြီး နက်ရှိုင်းပါတယ်တဲ့။ဘာသာရေး အမြင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေး အမြင်ပဲဖြစ်ဖြစ် အနည်းဆုံး နှစ်ယောက်စလုံးရယ်မောနိုင်တဲ့ ဟာသမျိုး ရှိရဲ့လားဆိုတာ ရေရှည်လက်တွဲဖို့အတွက် ထည့်စဉ်းစားလိုက်တဲ့အခါ သင်တို့နှစ်ယောက်ကြားမှာ ဒီလို နားလည်မှုမျိုး မရှိလို့ပဲ ဖြစ်ပါလိမ့်မယ်။သင်တို့နှစ်ယောက် မျှဝေခံစားနိုင်တဲ့ အရာတွေနည်းပါးရင် အချစ်တစ်ခုတည်းကို ဦးစားမပေးတတ်တဲ့ ယောက်ျားတွေအတွက် လက်တွဲဖို့ တွန့်ဆုတ်သွားတာ ဖြစ်ပါလိမ့်မယ်။
Credit : Trend Myanmar
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments