Last post

Polyurethane ကွန်ဒုံးနှင့် Latex ကွန်ဒုံးရဲ့ကွဲပြားခြားနားချက်။

Polyurethane ကွန်ဒုံးနှင့် Latex ကွန်ဒုံးရဲ့ကွဲပြားခြားနားချက်။
ကွန်ဒုံးတွေဟာ Latex (ရာဘာစေး)နှင့်သာထုတ်လုပ်တာမဟုတ်ဘဲ၊ Polyurethane (ပိုလီယူရသိန်း) PU လို့ခေါ်တဲ့ ပါးလွှာတဲ့ ပလတ်စတစ်အသားနဲ့ပါ ထုတ်လုပ်ထားသေးတယ်ဆိုတာ သင်သိပါသလား? အကိုတို့ ၀.၀၂ - ၀.၀၃ ကွန်ဒုံးတွေ ကြားဘူးလား? ဒီလို ကွန်ဒုံးအမျိုးအစားတွေကို ဂျပန်နိုင်ငံမှာ အများဆုံးထုတ်လုပ်ပြီး PU နဲ့ထုတ်လုပ်လေ့ရှိပါတယ်။
Latex ကွန်ဒုံးနှင့် PU ကွန်ဒုံးဟာဘာကွာခြားသလဲ?
Thickness (အထူ)
PU ကွန်ဒုံးတွေက ပုံမှန်အားဖြင့် Latex ကွန်ဒုံးတွေထက်ပိုမိုပါးလွှာပါတယ်။ နောက်ပြီး ဒီလိုကွန်ဒုံးတွေက အပူပိုကူးနိုင်တဲ့အတွက် ခံစားချက်ကို ပိုမိုမြှင့်တင်နိုင်ပါတယ်။
Toughness (ခိုင်မာမူ)
PU ကွန်ဒုံးတွေက Latex ကွန်ဒုံးတွေထက်စာရင် ခိုင်မာပျော့ပြောင်းမူ အားနည်းနိုင်ပါတယ်။Latex ကွန်ဒုံးတွေက ပုံမှန်ဆိုဒ်ထက် ၈၀၀%အထိဆွဲဆန့်နိုင် ပါတယ်။ဒါကြောင့် လေ့လာချက်များအရ လိင်ဆက်ဆံတဲ့အခါ လှုပ်ရှားမူ၊ ပွတ်တိုက်မူအခြေအနေတွေမှာ Latex ကွန်ဒုံးတွေက ပုံမှန်အားဖြင့်ပို၍ စိတ်ချရပါတယ်။ လက်တွေ့ကွန်ဒုံးပေါက်ပြဲမူနှုန်းတွေမှာ နှိုင်းယှဉ်ချက်များအရ PU ကွန်ဒုံးတွေက ၇.၂% ရှိပြီး၊ Latex ကွန်ဒုံးတွေက ၁.၁% သာရှိပါတယ်။
ဈေးနှုန်း
ရာဘာပင်မှထွက်သော ရာဘာစေးကိုယူ၍ ကွန်ဒုံးထုတ်လုပ်ခြင်းက ဓာတ်ခွဲခန်းမှာ ဓာတုနည်းဖြင့်ဖန်တီးထားတဲ့ PU ကွန်ဒုံးတွေထက် ပုံမှန်အားဖြင့် ဈေးပိုသက်သာပါတယ်။ ဒီအချက်တွေကြောင့် Latex ကွန်ဒုံးတွေက PU ကွန်ဒုံးထက်ဈေးပိုသက်သာပြီး၊ Latex ကွန်ဒုံးတွေကို အပြင်မှာပိုမိုမြင်တွေ့ နေရတာပေါ့။
PU နဲ့မတူတာက Latex ကွန်ဒုံးတွေက သဘာဝပစ္စည်း ၁၀၀% ပါဝင်တဲ့အတွက် ပို၍စိတ်ချရပါတယ်။ ကျန်းမာရေး သတိပိုရှိတဲ့ လူတွေအတွက်တော့ ဒီလိုဓာတုနည်းပညာနဲ့ဖန်တီးထားတဲ့ပစ္စည်းတွေ လိင်ဆက်ဆံဖော်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ မမျော်လင့်ထားတဲ့ အကျိုးသက်ရောက်မှု့ ရှိနိုင်မလားဆိုပြီး စိတ်ပူပန်လေ့ရှိပါတယ်။
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments