တစ်နည်းအားဖြင့်ဆိုရသော် ယင်းသို့အမြဲ ပြစ်တင်ဝေဖန် ရှုတ်ချနေမည်ဆိုပါ က ယောက်ျားအဖို့၌လည်း ကာမဆန္ဒ ပိုမိုလျှော့နည်းကျဆင်းကာ စိတ်ကျရောဂါပါ ရတတ်လေ၏။ ထို့ကြောင့် ပန်းသေပန်းညှိုးရောဂါ အစရှိသော လိင်ပိုင်းဆိုင်ရာ ချို့တဲ့မှု၊ (ချို့ယွင်းမှု) အားနည်းမှု၊ ရောဂါဝေဒနာစွဲကပ်နေသော လင်ယောက်ျား ခင်ပွန်းသည် အပေါ်၌ ဇနီးသည် (မယား) ဖြစ်သူက အမြဲတစေ အားပေးနှစ်သက်မှု လိုအပ်နေကြောင်း သက်ဆိုင်ရာ လိင်ပိုင်းဆိုင်ရာဆရာဝန်က သတိပေးနှိုးဆော် ထားပါသည်။
ထို့ပြင် လင်ယောက်ျားခင်ပွန်းသည်အနေဖြင့် ဖန်ပြွန်သန္ဓေသား ကလေးမွေးမြူ နည်း ကျန်းမာသော အခြားယောက်ျား၏ သုက်ရည်၊ သုက်ပိုး အငှားမွေးမြူနည်း စသည်ဖြင့် ခေတ်မီသိပ္ပံနည်းကျသော ကလေးမွေးနည်းကို သဘောထားကြီးစွာနှင့် လက်ခံပေးဖို့ လိုအပ်နေပါသည်။ ယင်းနည်းဖြင့် ကလေးသိပ်လိုချင်နေသော ဇနီးသည် (မယား) အပေါ် တုံ့ပြန်ပြီး နှစ်သိမ့်ဖြေရှင်း ပေးကောင်းလှပေသည်။ မိမိ၏ ဇနီးသည် (မယား) အဖို့၌လည်း တစ်နည်းအားဖြင့် ကိုးလလွယ်၊ ဆယ်လမွေးသည့် ဒုက္ခ မှသော်လည်းကောင်း ကလေးမရကောင်းလားဆိုသော စိတ်ဒုက္ခ၊ စိတ်ဆင်းရဲရခြင်း မှ မြန်မြန်လွတ်မြောက်နိုင်ပေမည်။
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments