ဗာဂျီးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာကိုစတာဒင် ကူရှက်ဗ် ဦးဆောင်သော ပညာရှင်များသည် စမတ်ဖုန်းများက လူသားများ၏ ဘ၀များထဲသို့ မည်မျှထိုးဖောက် ၀င်ရောက် နေရာယူသည်ကို သိရှိရန် လေ့လာမှုပြုလုပ်ခဲ့သည်။
အင်တာနက် ချိတ်ဆက်ထားသော ဖုန်းကို ပိုင်ဆိုင်သူများသည် အီးမေးလ်၊ မက်ဆေ့ဂ်ျ၊ လူမှုမီဒီယာများ၏ အချက်ပေးမှုကို စက္ကန့်မလပ် ခံစားနေရကြောင့် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့တွင် အာရုံစိုက်နိုင်စွမ်း ကျဆင်းပြီး အငြိမ်မနေနိုင်သည့် စိတ်အခြေအနေများ ရှိလာတတ်ကြောင်း ဒေါက်တာ ကူရှက်ဗ်က ပြောသည်။
စမတ်ဖုန်းပိုင်ရှင် (၉၅) ရာခိုင်နှုန်းသည် လူမှုရေးဆိုင်ရာ အခမ်းအနားများအတွင်း ဖုန်းသုံးလေ့ရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ လူ (၁၀) ဦးလျှင် ခုနှစ်ဦးသည် အလုပ်လုပ်ရင်း ဖုန်းသုံးလေ့ရှိပြီး (၁၀) ဦးလျှင် တစ်ဦးသည် လိင်ဆက်ဆံနေရင်း ဖုန်းသုံးလေ့ရှိကြောင်း လေ့လာမှုအရ သိရှိခဲ့ရသည်။
ဖုန်းပိုင်ရှင်များသည် တစ်ရက်လျှင် အနည်းဆုံး နှစ်နာရီနှုန်းဖြင့် ဖုန်းသုံးလေ့ ရှိကြသည်။ စမတ်ဖုန်း သုံးလွန်းသောကြောင့် လူများတွင် အာရုံစိုက်နိုင်စွမ်း ကျဆင်းပြီး အငြိမ်မနေနိုင်သည့် အခြေအနေီ (ADHD) ရှိလာတတ်ကြောင်း ၎င်းကပြောသည်။
ADHD ခံစားနေရသူများသည် အာရုံမစိုက်နိုင်ခြင်း၊ အာရုံစိုက်ရန် ကြိုးပမ်းနေချိန်တွင် လွယ်လွယ်ကူကူ ပျင်းရိလာခြင်း၊ ခြေလှုပ်၊ လက်လှုပ်နေတတ်ခြင်း၊ ငြိမ်ငြိမ်မထိုင်နိုင်ခြင်း၊ ငြိမ်သက်စွာ လုပ်ရမည့် အလုပ်များကို မလုပ်နိုင်တော့ခြင်း အစရှိသည့် အခြေအနေများနှင့် ကြုံတွေ့ရတတ်သည်။
Credit:Messenger
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments