Last post

သင် အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြတဲ့ လက္ခဏာ (၈) ရပ်

သင်ဟာ အိမ်ထောင်ပြုဖို့ အရွယ်ရောက်လို့ အိမ်ထောင်ပြုသင့်ပြီလို့ ဇွတ်မတွေးပါနဲ့။ အိမ်ထောင်ပြုတယ်ဆိုတာ နောင်ပြင်ဖို့ ခက်တာမို့ ကိုယ်တကယ်ပဲ အဆင်သင့်ဖြစ်မှ ပြုသင့်ပါတယ်။ သင် အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်မဖြစ် ဒီအချက်တွေကြည့်ပြီး သိနိုင်ပါတယ်။

၁။ သင်ဘာလိုချင်လဲ သင်သိတယ်

ဘဝမှာရော အချစ်ရေးမှာပါ သင် ဘာလိုချင်တယ်၊ ဘာမလိုချင်ဘူးဆိုတာ လုံးဝသေချာသိတဲ့သူ။ သင်ဘာကို ရှာဖွေနေတယ်ဆိုတာကို သေချာလေ့လာပြီး ဆုံးဖြတ်ပြီးသွားပြီ။

၂။ သင့်ရဲ့မင်္ဂလာဆောင်နေ့အတွက် စိတ်ကူးယဉ်ထားတယ်

မင်္ဂလာဝတ်စုံကို ဘယ်လိုအရောင် ဝတ်ရမယ်ဆိုတာ သင်စိတ်ကူးပြီးပြီ။ အဲဒီနေ့အတွက် ကြောက်လန့်နေတာမျိုး မဖြစ်တော့ဘူး။

၃။ ခမ်းနားထည်ဝါတဲ့ မင်္ဂလာပွဲလုပ်ဖို့ လက်ထပ်ချင်တာ မဟုတ်ဘူး

မင်္ဂလာပွဲဆိုတာ သင့်ရဲ့အချစ်အတွက် ကျင်းပတဲ့ ပါတီကြီးတစ်ခုပဲဆိုတာ သင်နားလည်တယ်။ အိမ်ထောင်ပြုဖို့ စဉ်းစားလိုက်ချိန်မှာ အိမ်ထောင်သည်ဘဝကို ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေသူ ဖြစ်တယ်။

၎။ သင်ဘာလုပ်လုပ် သူ့ကို ထည့်စဉ်းစားမိနေပြီ

နှစ်ယောက်အတူနေရမယ့်ဘဝကို တွေးမိချိန်မှာ စိတ်ပူကြောက်လန့်တာတွေ သင့်မှာ မရှိဘူး။ နှစ်ယောက်အတူ လက်တွဲပြီး ဘဝကို ရင်ဆိုင်လျှောက်လှမ်းချင်စိတ် ရှိနေတယ်။ သင် ဆုံးဖြတ်ချက်တစ်ခုခု ချတော့မယ်ဆိုရင် သူ့အတွေးနဲ့ သူ့ခံစားချက်တွေကို ထည့်သွင်းစဉ်းစားတတ်တယ်။

၅။ သူနဲ့အတူ အိုမင်းရမယ့်ဘဝကို တွေးပြီး ပြုံးမိတယ်

သူန့ လက်ထပ်ပြီးတဲ့နောက် သားသမီးတွေရမယ်၊ ဆံဖြူသွားကျိုးတဲ့အထိ ပျော်ရွှင်စွာ နေထိုင်ကြမယ်လို့ နာရီပေါင်းများစွာကြာအောင် စိတ်ကူးယဉ်မိတယ်။

၆။ တစ်ခုခု ဆုံးရှုံးရမယ်လို့ သင်မခံစားမိဘူး

အိမ်ထောင်ပြုဖို့ စဉ်းစားလိုက်တိုင်းမှာ သင့်ရဲ့တစ်ကိုယ်ရေဘဝ ပျော်ရွှင်မှုတွေ ဆုံးရှုံးရမယ်ဆိုတဲ့ အတွေးမျိုး သင့်မှာ မရှိဘူး။

၇။ တစ်ယောက်တည်းတည်းနေရတဲ့ဘဝက ပြီးဆုံးသင့်ပြီလို့ တွေးမိပြီ

တစ်ယောက်တည်းနေရတာ ဘယ်လိုလဲဆိုတာ သင်သိတယ်။ သင့်ချစ်သူနဲ့ အတူနေရတာ သက်သောင့်သက်သာ ရှိရုံမက သူနဲ့နေရတာကို နှစ်သက်တယ်။ မိသားစုဘဝကို စတင်ချင်စိတ် ဖြစ်နေပြီ။

၈။ ညှိနှိုင်းတဲ့အတတ်ပညာကို သင်ကျွမ်းကျင်သွားပြီ

ပြဿ     နာဖြစ်လာတဲ့အခါ နှစ်ဖက်စလုံးအတွက် အဆင်ပြေအောင် ဘယ်လို ညှိနှိုင်းဆွေးရမယ်ဆိုတာ သင်ကောင်းကောင်းသိတယ်။ သင့်ရဲ့ချစ်သူကို အပြည့်အဝနားလည်ပြီး သူ့အတွက်လည်းအဆင်ပြေ၊ ကိုယ်လည်း စိတ်ကျေနပ်စေမယ့် အဖြေမျိုးထွက်လာအောင် သင်လုပ်နိုင်တယ်။
Credit : Duwun
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

 

0 Comments