သင့်အနေနဲ့
သင့်အမျိုးသမီးကို အရမ်းချစ်ကောင်း ချစ်လိမ့်မယ်။ ဒါပေမယ့် သူမကို
အလေးထားကြောင်း အပြုအမူတစ်ချို့ကို ဘယ်တုန်းကမှ မပြမိခဲ့ဘူးဆိုရင်တော့
သူမကို ရည်ရှည် သိမ်းပိုက်ထားနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါကတော့
သင့်ရဲ့အမျိုးသမီးကို အလေးထားကြောင်း ထိထိရောက်ရောက်ဖော်ပြနိုင်မယ့်
အသုံးဝင်တဲ့အချက်တစ်ချို့ပါပဲ။
(၁) အမျိုးသမီးတွေက
အမျိုးသားတွေနဲ့ ကွဲပြားပါတယ်။ သူမတို့မှာ ယေဘုယျအားဖြင့် တူညီတဲ့
ဥာဉ်တွေရှိတတ်ကြတယ်။ ဥပမာ “ဒီဝတ်စုံနဲ့ဆို ကျွန်မအရမ်းဝနေလားဟင်” စသဖြင့်
အမျိုးသားတွေ မေးလေ့မရှိတတ်တဲ့ မေးခွန်းမျိုး မေးတတ်ကြတယ်။ ဒီတော့
သင့်ရဲ့ယူဆချက်တစ်ချို့နဲ့ သူမရဲ့ အတွေးအမြင်တစ်ချို့ကို
ပစ်ပယ်ပြစ်လိုက်ဖို့ တတ်နိုင်သမျှ မကြိုးစားပါနဲ့။ သူမရဲ့ အတွေးအမြင်
တွေကို အလေးထားပေးပါ။
(၂) သင့်ရဲ့အမျိုးသမီးက
သင်အမြဲတမ်းကြုံဖူးသမျှတွေထက် သင့်ကိစ္စတွေကို ပိုပြီးစွက်ဖက် တတ်ပါတယ်။
ဒါပေမယ့် သူမရဲ့နေရာတစ်ခုကို သတ်သတ်မှတ်မှတ်တန်ဖိုးထားပေးပါ။ ရုတ်တရက်
တွေးကြည့်မယ်ဆိုရင်တော့ သူမဟာ သင့်ကို အသိမပေးဘဲ
လုပ်မိလိုက်တာတွေရှိတဲ့အတွက် သင့်အပေါ် လေးစားမှုမရှိဘူးလို့ ထင်မိတတ်တယ်။
ဒါပေမယ့်လည်း သူမကို သင့်ရဲ့နောက်မှာချည်း အမြဲတမ်းထားဖို့ မကြိုးစားပါနဲ့။
တကယ်လို့များ သူမဟာ အလုပ်လုပ်နေသူ တစ်ယောက်ဆိုရင် တစ်နေ့တာလုံး
သင်အလိုရှိတဲ့အခါတိုင်း ခေါ်နေတာမျိုး မလုပ်ပါနဲ့။ ဒါဟာ အနှောင့်အယှက်
ပေးတာပါ။ ချစ်တာမဟုတ်ပါဘူး။
(၃) သင့်ရဲ့အမျိုးသမီးက သင့်ထက်
ပညာအရည်အချင်းနိမ့်ပါးသူ တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒါမှ မဟုတ်လည်း
အပြင်လောကရဲ့ အတွေ့အကြုံကို သင့်လောက် မနှံ့စပ်ဘူးဆိုကြပါစို့။
သတိထားသင့်တာက ဒီအချက်ဟာ သူမရဲ့အသေးစိတ် တွေးထင်ချက်လေးတွေကိုပါ သင့်ရဲ့
အတွေးအခေါ်တွေက ဖုံးလွှမ်းပစ်လိုက်ရမယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် သူမရဲ့
ရွေးချယ်မှုတွေကို အလေးထား ထည့်စဉ်းစားပေးပါ။
(၄)
မိန်းမတစ်ယောက်ဟာ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ သက်တောင့်သက်သာ
ရှိတယ်၊ လုံခြုံတယ်လို့ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် သူမမကြာခဏ မိသားစု
(သို့) သူငယ်ချင်း တွေနဲ့ ဆုံတွေ့ချင်တာကို ခွင့်ပြုရပါလိမ့်မယ်။
ပြီးရင်တော့ သူမရဲ့မိသားစုကို သင့်ရဲ့မိသားစုကဲ့သို့ပဲ ရင်းရင်းနှီးနှီးနဲ့
တလေးတစားဆက်ဆံပေးတာကို သူမကို မျက်နှာပွင့်စေပါတယ်။
ဆိုခဲ့သလိုမျိုး အမျိုးသမီးတွေကို တလေးတစားဆက်ဆံခြင်းက သူမလိုချင်တဲ့
မှန်ကန်တဲ့ ပုံစံမျိုးနဲ့ သူမကိုချစ်မြတ်နိုးရာရောက်ပါတယ်။ ဒီနည်းလမ်းတွေက
သူမရဲ့ နှလုံးသားဆီ ချဉ်းနင်းဝင်ရောက်ဖို့ အလွယ်ဆုံးနဲ့
အမြန်ဆုံးနည်းလမ်းတွေပါပဲ။
Credit:Trend Myanmar
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments