လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျောင်းတွေမှာ ပညာပေး
သင်ကြားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ်မှာ ကလေးငယ်တွေဟာ
ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် မီဒီယာအမျိုးမျိုးကနေ လိင်ကိစ္စနဲ့ ပတ် သက်
လို့ ထိတွေ့သိရှိနိုင်စရာတွေ အလွန်များပြားနေလို့ ဖြစ်ပါတယ်။ လိင်မှုဆိုင်ရာ
ကျန်းမာရေး ကိုသင်ကြားပေးရတဲ့ ရည် ရွယ် ချက်က တချို့သူတွေ
ယုံကြည်ထားကြသလို (ဒီကိစ္စကို) လုံးဝရှောင်ရှားရမယ်၊ ဒီလိုရှောင်ရှားနိုင်မှ
အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရခြင်းတွေ၊ လိင်ဆက်ဆံမှုကနေ
ကူးစက်တတ်တဲ့ရောဂါတွေကနေ ကာကွယ်နိုင်မယ် ဆိုတဲ့ ပညာပေးခြင်း မျိုးနဲ့
ကွာခြားပါတယ်။ အခြားသူတွေကတော့ စနစ်တကျ စီစဉ်ထားတဲ့ လိင်ကျန်းမာရေး
ပညာပေးခြင်း အစီအစဉ်ရှိရမယ် ဆိုတဲ့ ဘက်ကနေ အခိုင်အမာ ထောက်ခံကြပါတယ်။
ဒီနေ့ခေတ်မှာ လိင်ကိစ္စက အလွန်ပွင့်လင်းလာတဲ့ အတွက် ရှောင်ရှားဖို့ကိုသာ
ဦးတည်တဲ့ ပညာပေးမှုမျိုးကိုသာ အားကိုး မယ်ဆိုရင် အန္တရယ်ပိုများလာနိုင်ပါတယ်။
လူငယ်တွေဟာ တမျိုး တစားထဲမဟုတ်ပါဘူး။ လိင်ကွဲပြားမှု၊ စာသင်တဲ့ အတန်း
ကွဲပြားခြင်း၊ အသက်အရွယ်၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုစတဲ့ အခြေခံတွေကြောင့်
သူတို့ရဲ့ အခြေခံ အကြောင်းတရားတွေနဲ့ အလေ့အထ အမူအကျင့်တွေ ကိုလိုက်ပြီးတော့
သက်ရောက်မှုတွေ အမျိုးမျိုးရှိပါတယ်။ လိင်မှုဆိုင်ရာ ကျန်းမာရေးကို က
လေးတွေကို မသင်ကြားပေးခင်မှာ သုတေသီတွေ ဆရာတွေက ကလေးတွေ သူတို့ရဲ့
လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ပတ် သက်လို့ ဆုံးဖြတ်ချက်ပေးနိုင်စေမယ့်
လူမှုရေး၊ ယဉ်ကျေးမှု တွေနဲ့သက်ဆိုင်တာတွေကို အရင် သုံးသပ် စစ်ဆေး သင့်ပါ
တယ်။
တကယ်လို့ မိဘတွေက အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေကို ဒီလိုကိစ္စတွေ
သွန်သင်ညွှန်ပြပေးနိုင်ခြင်း မရှိဘူးဆို ရင် ကလေးတွေ အနေနဲ့ ဒီလို
အချက်အလက်မျိုးတွေကို ကျောင်းကနေသင်ကြားပေးတာက အများကြီး ပိုကောင်းပါ တယ်။
ကလေးငယ်တွေကို အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒ၊ ကိုယ်ဝန်ဆောင်ခြင်း၊
လိင်ဆက်ဆံမှုကနေ ကူးစက် တဲ့ ရောဂါတွေနဲ့ ပဋိသန္ဓေတားဆီးခြင်း စတဲ့
လိင်မှုဆိုင်ရာ ကျန်းမာရေး အခြေခံ အချက်တွေ ရှင်းပြသင့်ပါတယ်။
လုံးဝရှောင်ကျဉ်ဖို့ ဦးတည်ပြီး သင်ကြားပေးတာမျိုးက ဒီနေ့ခေတ်မှာ
အလုပ်မဖြစ်တော့ပါဘူး။ လိင်မှုကိစ္စနဲ့ ပတ်သက်တာ တွေကို အင်တာနက်၊
ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ပုံနှိပ်မီဒီယာတွေမှာတောင်မှ အလွယ်တကူ
မြင်တွေ့သိရှိနိုင်နေပြီ ဖြစ်တဲ့ အချိန်မှာ စနစ်တကျ ပညာပေးမှုမရှိဘူးဆိုရင်
ကလေးတွေ အနေနဲ့ လိင်ကိစ္စထဲကို အကာအကွယ်မဲ့စွာရောက်ရှိသွားနိုင် ပါတယ်။
ဒါကြောင့် အင်တာနက်လိုမျိုး၊ သူငယ်ချင်းအပေါင်းအသင်းတွေလိုမျိုး
စိတ်မချရတဲ့ နေရာတွေကနေ သူတို့ဖာသာ လေ့လာမယ့် အစား မိဘတွေ ဆရာတွေက
မှန်ကန်တဲ့ အချက်အလက်တွေနဲ့ ပညာပေး တာက ပိုပြီးသင့်လျော်ပါလိမ့် မယ်။
တချို့ကတော့ ဒီလို အသိပညာပေးလိုက်ခြင်းကြောင့် ကလေးတွေက လိင်ကိစ္စ၊
ကျားနဲ့မ လိင်ကွဲပြားမှု စတာတွေကို အရင်ကထက်ပိုပြီး သတိထားမိလာကြပြီးတော့
အချိန်မတိုင်မီ လိင်ဆက်ဆံတာမျိုးတွေ ဖြစ်ကုန်နိုင်တယ်လို့ စိုးရိမ်ကြ
တာတွေရှိပါတယ်။ ဒါလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ အကြောင်းတခုဖြစ်ပါတယ်။
ဒါပေမယ့် မီဒီယာ ပုံစံအမျိုးမျိုးကနေ အတုမြင်အတတ်သင်နိုင်စရာ လှုံ့ဆော်မှုတွေ
အလွန်များပြားနေတဲ့ အချိန်မှာ ကလေးတွေကို ကာကွယ်ပြင်ဆင်နိုင်မယ့်
အချက်အလက်တွေကို ပညာမပေးဘဲထားလိုက်ရင် လိင်ဆက်ဆံမှုကနေ
တဆင့်ရောဂါကူးစက်မှုတွေ၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရတာတွေ ဖြစ်လာနိုင်တာက
ပိုပြီး အန္တရာယ်များပါတယ်။
လိင်မှုဆိုင်ရာ ကျန်းမာရေး ကို သင်ကြားပေးတဲ့နေရာမှာ မိဘတွေရဲ့
အခန်းကဏ္ဍကလည်း အရေး ကြီးပါတယ်။ ဘာ ကြောင့်လဲ ဆိုတော့ မိဘနဲ့ သားသမီးကြား
ဆက်သွယ်မှုတန်ဘိုးကြောင့် ဖြစ်ပါတယ်။ ကျောင်းမှာ ကလေးတွေကို လိင်မှု ဆိုင်ရာ
ကျန်းမာရေး သင်ကြားပေးတဲ့ နေရာမှာ ဒီအကြောင်းအရာတွေကို သိရုံသက်သက်ပဲ
(တာဝန်အရ) ပြောပြတာမျိုး မဟုတ်ဘဲ သူတို့ရဲ့ မိဘတွေလို ဂရုဏာ ထားပြီး
စောင့်ရှောက် ပညာပေးတဲ့ ပုံစံမျိုး ကို အခြေခံမယ် ဆိုရင် ပိုကောင်းပါ တယ်။
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments