Last post

ဝှေးစေ့ (သို့) အမျိုးသားမျိုးပွားအင်္ဂါများ (၄)

အမျိုးသားမျိုးပွားအင်္ဂါများမှ ဝှေးစေ့အကြောင်းကို အရင်ဦးဆုံး တင်ပေးလိုက်ပါတယ်။
ဝှေးစေ့က ပုံမှာ ပြထားတဲ့အတိုင်း ဘဲဥပုံ ရှိပြီး ဘယ်၊ညာ တဖက် တခုစီရှိပါတယ်။ အရွယ်အစားက အလျား၂လက်မ၊ အနံ ၁လက်မခန့် ရှိပါတယ်။ ဝှေးစေ့က ဘယ်ဘက်က ညာဘက်ထက်အောက်ကို အနည်းငယ်ပိုကျနေပါတယ်။ ဒါက ပုံမှန်ဖြစ်ပါတယ်။
ဝှေးစေ့က ကပ္ဗါယ်အိတ်ထဲမှာ ရှိပါတယ်။ ဗိုက်ထဲမှာနေရင် ကိုယ်အပူချိန်က
သုက်ကောင်တွေထုတ်ဖို့ များလွန်းနေတဲ့အတွက် ကိုယ်ခန္ဓာ အပြင်ကို
ထွက်နေပြီး ကပ္ဗါယ်အိတ်ထဲမှာနေတာပါ။ ကပ္ဗါယ်အိတ်က အထူး ပြုလုပ်ထားတဲ့အရေပြားဖြစ်ပြီး အထဲမှာရှိ တဲ့ ဝှေးစေ့က သုက်ကောင်တွေကို ထုတ်ဖို့ လိုအပ်တဲ့ အပူချိန်ဖြစ်အောင် လုပ်ပေးတယ်။ ဒါကြောင့်နွေရာသီ အိုက်တဲ့အချိန်ဆို ကပ္ဗါယ်အိတ်ကအရည်ပြားက ပါးပြီးတွဲကျနေတာပါ။ အထဲကဝှေးစေ့
မအိုက်အောင်လုပ်ပေးတဲ့သဘောပေါ့။
ဝှေးစေ့ ထဲမှာ မွေးလာကထဲက သုက်ပိုးဖြစ်လာမယ့် အရာတွေပါလားပြီးသား။ အရွယ်ရောက်လာတဲ့အခါမှ ဝှေးစေ့က သုက်ပိုး(အမျိုးသားမျိုးစေ့၊
ကျားလိင်ဆဲလ်) တွေကို ထုတ်ပါတယ်။ ဝှေးစေ့မှာ သန်းနဲ့ချီတဲ့ သုက်ကောင်
တွေကို နေ့စဉ်ထုတ်ပါတယ်။ ဝှေးစေ့ က ထုတ်တဲ့သုက်ကောင်တွေက ဝှေးညှာမှာ အချောသတ်ပြီး အဲဒီမှာ သိမ်းထားပါတယ်။ ဝှေးစေ့က ကျားဟော်မုန်း တက်စထရိုစတုန်း (Testosterone) ကိုထုတ်ပေးပါတယ်။ အဲဒီ ကျားဟော်
မုန်းကြောင့် ယောကျာ်းလေး သွင်ပြင် လက္ခဏာများတွေဖြစ်စေပါတယ်။
သုက်ကောင်တွေထုတ်ဖို့ လှုံဆော်ပေးတယ်။ တက်စတရိုစတုန်း Testosterone က ကာမဆန္ဒ ကိုဖြစ်ပေါ်စေပါတယ်။ ဝှေးစေ့မှာ အာရုံကြော အမြောက်အများရှိတဲ့အတွက် ထိတွေ့ခြင်းနှင့် ဖိခြင်းတို့ကိုခံစားလွယ်ပါတယ်။
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments