ကော်ဖီသောက်တဲ့ အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ
လျော့ကျနိုင်ကြောင်း သုတေသနအသစ်က ဆိုပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ
တစ်နေ့လျှင် ကော်ဖီ လေးခွက်နဲ့အထက် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ ကော်ဖီ
မသောက်သူတွေထက် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း
လျော့နည်းကြောင်း သိရပါတယ်။
သုတေသနရလဒ်အရ ကော်ဖီသောက်ခြင်းနဲ့
သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကြား ဆက်နွယ်မှုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကော်ဖီသောက်ခြင်းက အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေအပေါ်
သက်ရောက်မှုကို သိရှိနိုင်ရန်အတွက် သိပ္ပံပညာရှင်တွေက ယခင်က ပြုလုပ်ထားတဲ့
သုတေသန ၁၉ ခုကို လေ့လာခဲ့ကြပါတယ်။
အဆိုပါ သုတေသနတွေမှာ အမျိုးသမီး
၄၀,၀၀၀ ပါဝင်ပြီး ၎င်းတို့အနက် ၁၂,၀၀၀ က သားအိမ်ခေါင်းကင်ဆာ
ရှိနေသူများဖြစ်ပြီး အခြား ၂၈,၀၀၀ က သားအိမ်ခေါင်းကင်ဆာ မရှိသူများ
ဖြစ်ပါတယ်။
တစ်နေ့လျှင် ကော်ဖီ လေးခွက်နဲ့အထက် သောက်သုံးတဲ့
အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ အများဆုံး
လျော့ကျနိုင်ပြီး နှစ်ခွက်မှ သုံးခွက် သောက်သူတွေမှာ သားအိမ်ခေါင်းကင်ဆာ
ဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ ဆိုပါတယ်။
Credit: Duwun
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments