ငါက
မိန်းမပျက်တစ်ယောက်ဖြစ်နေလို့ အဆင့်မရှိဘူး.. ဟုတ်လား..
ဘာ……..
ပြန်ပြောလိုက်စမ်းပါ… ငါက မိန်းမပျက်တစ်ယောက်ဖြစ်နေလို့ အဆင့်မရှိဘူး..
ဟုတ်လား.. နေစမ်းပါဦး.. ငါသန်ရာသန်ရာ လုပ်စားတာ နင်တို့နဲ့
ဘာဆိုင်လို့တုန်း…. အဆင့်အတန်းလို့ ပြောရအောင် နင်တို့ကရော
ဘယ်လောက်မြင့်နေလို့တုန်း.. ဟင်းဟင်း… နင်တို့ သိပ်တန်ဖိုးထားပါတယ်ဆိုတဲ့
နင်တို့ရဲ့ အိမ်ဦးနတ်တွေပဲ ပြန်မေးကြည့်လိုက်ပါဦး..
အဆင့်အတန်းမရှိဘူးဆိုတဲ့ ငါတို့လို အပျက်မတွေနဲ့ ကင်းရှင်းရဲ့လားဆိုတာ…
နင်တို့ ရင်ခွင်ထဲကနေ ငါတို့ဆီကို ပိုက်ဆံပေးပြီး တကူးတက လာတာနော်… အေး..
စဉ်းစားကြည့်ရင် နင်တို့ ဘယ်အဆင့်လဲ နင်တို့သိ…
စိတ်ထဲရှိတာ ပြောပြီး ချာကနဲလှည့်ထွက်လာခဲ့ချိန်တွင် မာယာ့မျက်ဝန်းမှာ
မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ချေပြီ… ဒီနေ့
ဆရာကန်တော့ပွဲသို့ လာခဲ့မိတာကိုက မာယာ့အမှားများလား… အကုသိုလ်ကြီးတဲ့ ဘဝမှာ
ကုသိုလ်အလုပ်လေးဖြစ်အောင် ဆရာ ဆရာမတွေကို ကန်တော့ချင်လွန်းလို့သာ
လာခဲ့ရတယ် ဒီအတန်းဖော်တွေနဲ့တော့ လားလားမှကို ပြန်မဆုံချင်မိတာ အမှန်ပဲ…
အခုပဲကြည့်လေ.. ဆရာကန်တော့ပွဲပြီးလို့ ကျောင်းသားဟောင်းတွေ
မိတ်ဆုံစားကြသောက်ကြတော့ စားပွဲတစ်ဝိုင်းတည်း စားရမှာ သနတယ်ဆိုပြီး
ပြောတာနဲ့ ပြသနာတက်လာခဲ့ရပြီ… ခုနက ကုသိုလ် အကြည်စိတ် လေးတောင်
ဘယ်ရောက်သွားမှန်းမသိ… ကျလာနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့
ခပ်ကြမ်းကြမ်းသုတ်ပြစ်ရင်း လာနေတဲ့ Taxi တစ်စီးကို တားလိုက်တော့သည်…
Taxi သမားက ပြောင်စပ်စပ်မျက်နှာနှင့် အမသွားနေကျနေရာပဲလားဟု မေးနေသော အခါမှ
စီးဖူးသော taxi ဖြစ်မယ်ဟု မှတ်ထင်ကာ အေး ဟုတ်တယ်ဟု ဖြေရင်း မျက်စိကို
မှိတ်ကာ ကားနောက်ခန်းတွင် ငြိမ်သက်စွာ အတွေးနယ်ချဲ့နေခဲ့မိသည်….
ကျမနာမည်အရင်းက မာမာ… ဒီလုပ်ငန်းလုပ်တဲ့အချိန်မှာတော့ လှတပတဖြစ်အောင်
မာယာရယ်လို့ ကိုယ်တိုင် သမုတ်ထားခဲ့တာပေါ့… ကျမ အလယ်တန်း ကျောင်းသူဘဝမှာ
ဖေဖေဆုံးပါးသွားခဲ့သည်။ အဲဒီအချိန်က ကျမတို့ မိသားစု အခြေအနေက စားဝတ် နေရေး
ပြေလည်တယ်ဆိုရုံသာ.. အဖေမရှိတော့ အမေကပဲ ဦးဆောင်ကာ သားသမီး ၄ဦးစလုံး၏
စားဝတ်နေရေးနှင့် ပညာရေးကို တာဝန်ယူခဲ့သည်။ သည်မှာပင် အကြီးဆုံးသမီးဖြစ်သော
ကျမမှာ မျက်နှာလွှဲခဲပစ် နေလို့ မရတော့။
အမကြီး အမိရာဆိုသည့်အတိုင်း အမေ့ကို ဝင်ကူရန်ဖြစ်လာတော့သည်။
အမေကိုယ်တိုင်ပင် ရှိတာလေး ထုခွဲပြီး မုန့်ဟင်းခါး ဆိုင်လေးဖြင့်
မနည်းရပ်တည်နေရတာ ကျမအနေနဲ့လည်း အထက်တန်းမပြီးသေးတဲ့
မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်အလုပ်ကို လုပ်ရမှန်းမသိခဲ့။ ဒါနဲ့ပဲ
ရပ်ကွက်ထဲရှိ ဆံပင်ညှပ်ဆိုင်မှာ ခေါင်းလျှော် အကူအဖြစ် ပညာသင်စပြီး
တစ်စတစ်စ အလှအပ ရေးရာကို တတ်သိခဲ့ရသည်။ လှလှပပ ကျော့ကျော့ရှင်းရှင်း နေရသော
ပတ်ဝန်းကျင်တွင် နဂိုရုပ်ရည်လှပသော ကျမ သာယာ နေမိခဲ့သည်။
တစ်ဆိုင်မကောင်းတစ်ဆိုင်ပြောင်းဖြင့် အနှိပ်ခန်းတွဲဖွင့်သော အလှပြင်ဆိုင်
များမှာလည်း ကျမကျင်လည်ခဲ့ဖူးပြီ။ ဒါပေမယ့် ကျမ ကိုယ့်ကိုကိုယ်
တန်ဖိုးထားပါတယ်.. ကျမကိုယ်ကို အညစ်စွန်းမခံခဲ့ရိုး အမှန်ပါ.. ဒါပေမယ့် …
ဒါပေမယ့်ပေါ့လေ…
အဆင်ပြေနေတဲ့ ကျမတို့ မိသားစုဘဝလေး အမေလေဖြတ်တဲ့နေ့မှာပဲ ကံဆိုးမှုက
ဆိုက်ရောက်လာတော့သည်။ အမေ့ဆေးကုသစရိတ်နှင့် ခွဲစိတ်ခန်းခအတွက်ရယ် လတ်တလော
၁၀တန်းစာမေးပွဲဖြေတော့မယ့် အလတ်မရဲ့ စရိတ်စက အားလုံးဟာ ကျမခေါင်းပေါ်
ရုတ်ချည်းကျရောက်လာတော့တယ်…. ကျမ မစဉ်းစားတတ်အောင် ထူပူနေခဲ့ရာကနေ ကျမရဲ့
အပျိုစင် အသွေးအသားကို ကြေးကြီးကြီးတင်ပြီး ရောင်းစား မိခဲ့တယ် ဆိုပါတော့ …
အဲဒီညကများ ကျမကိုယ့်ကိုကိုယ် တော်တော်ရွံရှာမိပါရဲ့ အမေ့အတွက် သွေးသားကို
စတေးခဲ့ပေမယ့် အမေ့အသက်ကိုလည်း မဝယ်ယူ နိုင်ခဲ့ပါဘူး… ဒါပေမယ့်
အမေမရှိတော့တဲ့နောက်ပိုင်း ကျန်တဲ့ မောင်နှမ ၃ ယောက်ကို တာဝန်ယူနိုင်ဖို့
ကျမ ဒီအလုပ်ကိုပဲ နှစ်မြှုပ်လုပ်ကိုင်ရတော့တာပေါ့ရှင်…
ကျမ ဘာအလုပ်လုပ်တယ်ဆိုတာကို အတတ်နိုင်ဆုံး ကျမရဲ့ ညီမတွေနဲ့ မောင်တွေကို
ပေးမသိခဲ့ပါဘူး… အမဖြစ်သူကို ငြိုငြင်ပြီး အကုသိုလ်မဖြစ်စေချင်ဘူးလေ..
ဒီတော့ ကျမအသွးအသားကို ဖလှယ်လို့ သူတို့လေးတွေ အဆင်ပြေပြေ
နေထိုင်နိုင်နေရင်ပဲ ကျမ ဝမ်းသာနေမိတော့တာပါ… အခုဆို အလတ်မက ဆရာမအဖြစ်နဲ့
သူ့ချစ်သူ ဗိုလ်လောင်းလေးနဲ့ အိမ်ထောင်ရက်သား ကျတော့မယ်… အလတ်ကောင်ကလည်း
ကွန်ပျူတာလိုင်းယူထားပြီး ကြိုးစားနေတော့ ဝမ်းသာမိသေးရဲ့…
အငယ်ဆုံးလေးကိုတော့ အချစ်ဆုံးပဲ.. ဆေးကျောင်းသားလေး ဆရာဝန်ဖြစ်ရင် ကျမ
ခေါင်းငုံ့ရင်ဆိုင်ခဲ့ရသမျှ ဆရာဝန်ကြီးရဲ့ အမရယ်လို့ ခေါင်းမော့
နေရာယူလိုက်ချင်သေးရဲ့… တွေးရင်း ပီတိတွေနဲ့ အပြုံးပန်ဝေဆာရတာလည်း
အခေါက်ပေါင်းမနည်းတော့တဲ့ မိမာယာရယ်ပါ….
လက်တွေ့မှာတော့ သိတဲ့ ပတ်ဝန်းကျင်က အထင်သေး… အဖက်မလုပ်သလို ဆက်ဆံ..
မလေးမစားနဲ့ မထိခလုတ် ထိခလုတ်ကရှိသေး၊ အခုပဲကြည့်လေ taxi သမားက
အလကားရမလားဆိုတဲ့ အထာနဲ့ မှန်ထဲကနေ ပြီတီတီ လှမ်းလှမ်းကြည့်နေသေးရဲ့…
ကျမတို့က ဝါသနာပါလို့ လုပ်စားနေတယ်များ တွက်လားမသိပါဘူး… အမှန်တော့
ရာနှုန်းပြည့်နီးပါးသော ကျမနဲ့ ဘဝတူတွေက အကြောင်းကြောင်းသော အခြေအနေ
တွေကြောင့် ငွေနဲ့ ဖလှယ်ယူနေတယ်ဆိုတာ ရှင်တို့ ရှင်တို့တွေ
သိနိုင်ကြပါ့မလား… ပြောသာပြောတာပါ… ယောက်ျားတွေ တဏှာကြောမှာ မျောလို့လည်း
ကျမတို့ ဝင်ငွေကောင်းတာ ဆိုတော့ အပြစ်မဆိုတော့ပါဘူးလေ.. ဒီ taxi သမားလည်း
ကျမ ဝင်ငွေ အတွက် သားကောင် ဖြစ်မလာဘူးရယ်လို့ မပြောနိုင်ဘူးဆိုတော့
နောက်ကြည့်မှန်က ကြည့်နေတဲ့ သူရဲ့ မျက်လုံးကို အကြည့်နက်နက်တွေ
ပစ်လွှတ်လိုက်ရင်း….
Nyein Chan Kyaw Facebook
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments