Last post

အမျိုးသမီးများ ဓမ္မတာချိန်မှာ ဖြစ်ပွားတက်တဲ့ ဝေဒနာများနဲ့ ကုသနည်းများ



အမျိုးသမီးများ ဓမ္မတာချိန်မှာ ဖြစ်ပွားတက်တဲ့ ဝေဒနာများနဲ့ ဒါတွေကို ဘယ်လိုသက်သာပျောက်ကင်းအောင် လုပ်မလဲဆိုတဲ့ နည်းလမ်းများ
အမျိုးသမီး အများစုဟာ ဓမ္မတာလာချိန်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဝေဒနာအမျိုးမျိုး ခံစားရလေ့ ရှိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် ကိုက်ခဲမှုတွေ ဖြစ်ပေါ်တက်ပါတယ် ၊ ဒါပေမယ့် ကိုက်ခဲမှုတွေဟာ အသက်ကြီးလာတာနဲ့ ဝေဒနာခံစားရမှု လျှော့နည်းလာနိုင်ပြီး ကလေးမွေးဖွားပြီးချိန်မှာ သက်သာသွားတက်ပါတယ် ။ ဝေဒနာခံစားရမှုမှာ ပထမဆင့် နာကျင်ခြင်းနဲ့ ဒုတိယဆင့် နာကျင်ခြင်းဆိုပြီး ၂ မျိုး သတ်မှတ်နိုင်ပါတယ်။

ပထမဆင့်

- ဝမ်းဗိုက်နှင့်ရင်သားများ နာကျင်ကိုက်ခဲခြင်း
- သွေးပမာဏာများစွာ ဆင်းခြင်း
- ခေါင်းကိုက်ခြင်း
-ဝမ်းချုပ်ခြင်း (သို့မဟုတ်) ဝမ်းသွားခြင်း
- အော်ဂလီလန်သလိုဖြစ်ခြင်း
- အန်ခြင်း

ဒုတိယဆင့်

-သားအိမ် အနားစွန်းများ လောင်ကျွမ်းထိခိုက်ခြင်း
-မျိုးဥအိမ် ပြည်တည်နာဖြစ်ခြင်း
-သားအိမ်တွင်း ပိုးဝင်ခြင်း
-တင်ပါးဆုံရိုး နာကျင်ကိုက်ခဲခြင်း
-သားအိမ်နှင့် ဆိုင်သော ရောဂါများဖြစ်ပွားခြင်း

သက်သာပျောက်ကင်းအောင် ဘယ်လိုစားသောက်နေထိုင်ရမလဲ ?

- အကိုက်အခဲပျောက်ဆေးများ မှီဝဲနိုင် (အစာနှင့်တွဲပြီးမှသာ သောက်သုံးရန်)
- ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူပါ
- တရားထိုင်ခြင်း ၊ ယောဂကျင့်ခြင်းတို့ ပြုလုပ်ပါ
- ပဲအမျိုးမျိုး ၊ ဗာဒံစေ့ ၊ အစိမ်းရောင် အသီးအရွက်များ 
- ဘလူးဘယ်ရီသီး ၊ ချယ်ရီသီး ၊ ခရမ်းချဉ်သီး 
- အရောင်ချွတ်ထားတဲ့ အစားအစာမျိုး ရှောင်ကျဉ်ပါ။
- အရက် ၊ ဆေးလိပ် ၊ ကော်ဖီတို့ သောက်သုံးခြင်းကို ရှောင်ပါ
- တစ်နေ့လျှင် ရေ ခြောက်ခွက်ကနေ ရှစ်ခွက်ကြား သောက်ပေးပါ
- လေ့ကျင်ခန်းပုံမှန်လုပ်ပါ
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments