Last post

မိန်းကလေးတွေတော်တော်များများက အိမ်ထောင်ကျ၊ ကလေးမွေးပြီးရင် အလှအပသိပ်မပြင်ဖြစ်ကြတော့ဘူး။ တချို့က အရေးမကြီးတော့ဘူးလို့ထင်တယ်။ ပြင်လဲ တစ်ယောက်၊ မပြင်လဲ တစ်ယောက်ပဲရတာပဲ၊ ရလဲရပြီးနေပြီ ... ဆိုပြီးတော့ပေါ့။ တချို့ကတော့ အိမ်အလုပ်၊ ကလေးတစ်ဖက်နဲ့မအားတော့ လှလှပပ မနေနိုင်ကြဘူး။
အကျိုးဆက်အားဖြင့်ကတော့ အားလုံးသိတဲ့အတိုင်းပဲ "ကိုယ်က မလှတော့ဘူး၊ အပျိုတုန်းကနဲ့ တခြားစီပဲ" ဆိုပြီး ကိုယ်ကိုယ်တိုင်လဲ အဲဒီလိုထင်လာတယ်။ သူများတွေကလဲ အဲဒီလိုမြင်လာတယ်။ သူများတွေက မမြင်ရင်တောင် "ငါ့ကို အဲဒီလိုမြင်နေကြမလားမသိဘူး" ဆိုပြီး တွေးမိတတ်ကြတယ်။ အဲဒီလိုကနေ ကိုယ့်ကိုယ်ကို အားငယ်လာတတ်တယ်။ Insecure ဖြစ်လာတာပေါ့။ အဲဒီ Insecurity က သိပ်ကြောက်ဖို့ကောင်းတယ်။ Insecurity ကြောင့် အိမ်ထောင်ရေးထိခိုက်လောက်တဲ့အထိဖြစ်ကြတာ အများကြီးပါ။ မိမိကိုယ်ကို အားငယ်လာ၊ ယုံကြည်မှုနည်းလာတာနဲ့အမျှ စိတ်ချခြင်းလဲ နည်းလာတယ်။ "ငါက လှတယ်၊ ငါ့ယောက်ျားကို ဆွဲဆောင်နိုင်သေးတယ်" ဆိုတဲ့စိတ်ချခြင်း မရှိတော့တဲ့အခါ ကိုယ့်ယောက်ျားက အမျိုးသမီးတစ်ယောက်ကို ရိုးရိုးသားသားကြည့်မိရင်တောင် "သူက အဲဒီတစ်ယောက်ကို ငါ့ထက်လှတယ်ထင်လို့လား၊ မသိဘူး" လို့ထင်လာမယ်။ အဲဒီကနေအစပျိုးပြီး ယောက်ျားကို မယုံချင်တော့ဘူး။ စိတ်မချဘူး။ အဲဒါနဲ့ မကြာခဏပြဿနာရှာမိမယ်။ သူ့အလုပ်ထဲကလူတွေနဲ့ရော၊ တခြားသူတွေနဲ့ရော စွပ်စွဲပြောဆိုမိမယ်။ အဲဒီကနေ ရန်တွေခဏ ခဏဖြစ်၊ အိမ်ထောင်ရေးမသာမယာဖြစ်တာနဲ့အမျှ လမ်းခွဲတာ၊ နောက်တစ်ယောက်ရှာတာတွေဖြစ်ကုန်တတ်ကြတယ်။ (တချို့အလကားနေရင်း နောက်တစ်ယောက်ရှာချင်တဲ့သူများကို မဆိုလိုပါဘူး။)
ကိုယ်က သပ်ရပ်လှပနေရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ ကိုယ်က သပ်ရပ်လှပနေရက်နဲ့ သူက နောက်တစ်ယောက်ရှာရင် ကိုယ့်ကြောင့် မဟုတ်တော့ပဲ သူ့ကိုယ်ကျင့်တရားကြောင့်ဖြစ်သွားပြီ။ ကိုယ်က မလှမပ၊ အိမ်ပြန်လာရင် အမောမပြေ ဖြစ်နေတယ်ဆိုရင်တော့ သူနောက်တစ်ယောက်ရှာရင် ကိုယ့်အပြစ်လဲသိပ်မကင်းဘူးလို့ ပြောလို့ရပါတယ်။ "ငါတို့ကျတော့ complain မတက်ရဘူး၊ သူတို့လဲ ဗိုက်ကြီးတွေပူလာတာပဲ" လို့လဲ ပြောလို့မရပါဘူး။ "ယောက်ျားမှာ အချင်း၊ မိန်းမမှာ အဆင်း" လို့ ပြောကြသလို ယောက်ျားတွေက အရည်အချင်းရှိဖို့ အရေးကြီးသလို၊ မိန်းမတွေက လှလှပပနေဖို့လိုပါတယ်။ လှလှပပနေတယ်ဆိုတာ အဓိကအားဖြင့် အဝမလွန်ပါစေနဲ့။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းရှိပါစေ။
အမျိုးသားတွေအနေနဲ့လဲ ကလေးတွေမွေးထားပေးပြီး ကိုယ့်ကိုဂရုစိုက်၊ ကိုယ့်သားသမီးကိုဂရုစိုက်၊ ကိုယ့်အိမ်ထောင်ကို ဂရုစိုက်နေရတဲ့အမျိုးသမီးကို အပျိုတုန်းကလို မလှတော့လို့တော့ စိတ်မပျက်ပါနဲ့။ ကလေးမွေးကာစမှာ ခန္ဒာကိုယ်ပုံပျက်ပန်းပျက်ဖြစ်နေနိုင်တယ်။ ခဏနေရင် ပုံစံပြန်မှန်လာနိုင်တယ်။ ပြီးတော့ ကိုယ့်မိန်းမကို လှလှပပသပ်သပ်ရပ်ရပ်လေးနေစေချင်ရင် သူအချိန်ရဖို့ ကိုယ်ကလဲ အိမ်အလုပ်တွေကူပေးပါ။ ကလေးကူကြည့်ပေးပါ။
ကိုယ့်သားသမီးလေးတွေကလဲ ကိုယ့်အမေကိုလှစေချင်တယ်နော်။ ကျွန်မငယ်ငယ်ကအကြောင်း ကျွန်မမှတ်မိသေးတယ်။ ကျွန်မအမေနဲ့အဖေဟာ အသက်ဆယ့်ရှစ်၊ ဆယ့်ကိုးမှာ အိမ်ထောင်ကျကြတော့ ကျွန်မတို့မောင်နှမသုံးယောက်စလုံးကို မွေးပြီးတဲ့အချိန်မှာ အမေက အသက် နှစ်ဆယ့်ရှစ်ပဲ ရှိသေးတယ်။ ကျွန်မကို ကျောင်းလိုက်ပို့တော့လဲ အမေက လှလှလေး၊ ဝလဲမဝဘူး။ ကျွန်မ အရမ်းသဘောကျတော့ "ငါ့အမေက အပျိုလေးကွ" သူငယ်ချင်းတွေကိုကြွားတယ်။ အမေက ငယ်ငယ်ချောချောလေး၊ အပျိုလေးလိုပဲလို့ ကြွားချင်တာနေမှာပေါ့။ ကျွန်မသူငယ်ချင်းကတော့ သူ့အမေက အသက်နည်းနည်းကြီးမှ သူ့ကိုမွေးတော့ သူငယ်ချင်းတွေ အမေနဲ့ယှဉ်ရင် နည်းနည်းကြီးနေတာပေါ့။ သူက သူ့အမေကို ပြောထားတယ်။ မေကြီး ကျောင်းကိုလာရင် အမြဲ နှုတ်ခမ်းနီဆိုးလာနော်တဲ့၊ သူလဲသူ့အမေလှတာ ကြွားချင်လို့လေ။ အစ်မတို့ ညီမတို့ သားသမီးလေးတွေလဲ အဲဒီလိုကြွားချင်မှာနော်။
ဘာပဲဖြစ်ဖြစ် အမျိုးသမီးများ ဖြစ်သလိုမနေကြဖို့ အရေးကြီးပါတယ်။ အဲဒါတွေ အရေးမကြီးပါဘူးကွာလို့ ပြောတဲ့ယောက်ျားကလဲ မိန်းမလှနေရင် သဘောကျမှာပါပဲ။ လှတာမက်ရင် ညစာခက်ဆိုသလောက်လဲ အဖြစ်မခံပါနဲ့။ အလှအပအရေးကြီးသလို အစားအသောက်လဲ အရေးကြီးတာကိုး။ The way to a man's heart is through his stomach. (ယောက်ျားတစ်ယောက်ရဲ့နှလုံးသားဆီကို သူ့အစာအိမ်ကနေတဆင့် သွားရတယ်) ဆိုတဲ့စကားကလဲ ရှိသေးတာလေ။
ဒါပေမယ့် အိမ်ထောင်ဖက်အတွက်၊ သားသမီးအတွက်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် ကိုယ်လှလှပပနေနိုင်ဖို့လဲ အချိန်ပေးပါ။ အိမ်အလုပ်တွေချည်း ဖိမလုပ်နေပါနဲ့။ ကလေးတွေနဲ့မနိုင်ရင် ယောက်ျားကို အကူအညီတောင်းပါ။ အိမ်အကူခေါ်ဖို့လိုအပ်ရင် ခေါ်ပါ။ အဆင်မပြေရင် မိဘမောင်နှမ သူငယ်ချင်းတွေ အကူအညီတောင်းပါ။
(ဒါက လူလှဖို့ပါ၊ စိတ်လှဖို့ ပိုအရေးကြီးပါတယ်။ စိတ်လှဖို့အတွက်၊ နားလည်မှုရှိတဲ့အိမ်ထောင်ဖက်ဖြစ်ဖို့အတွက် ကြုံရင်ကြုံသလို ရေးသွားပါ့မယ်။

Credit >>> ဂျက်ဆီကာ မိုးဇက်
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ 

0 Comments