Last post

လိင်စိတ်၊ လိင်ပညာပေး၊ လိင်ဆက်ဆံမှု

လိင်စိတ်၊ လိင်ပညာပေး၊ လိင်ဆက်ဆံမှု စတဲ့ Sex education နဲ့ သက်ဆိုင်တဲ့ စကားလုံးမျိုးတွေ တွေ့လိုက်ရင်ပဲ ညစ်ညမ်းစာပေလို နှုတ်ခမ်းတွန့်ချင်ကြတယ်... ဒီစကားလုံးတွေ သုံးရင်ပဲ ဘာသာရေးအရ ရှုတ်ချတဲ့အရာမို့ Automatic အကုသိုလ်ဖြစ်ပြီး ငရဲကျတော့မှာလိုလို၊ ယဉ်ကျေးမှုမရှိတဲ့ အရိုင်းအစိုင်းတွေလိုလို ရှုတ်ချတတ်ကြတယ်...
စေ့စေ့တွေးကြည့်ရင် ဒီကိစ္စတွေနဲ့ ဘယ်သူကင်းနိုင်တာလိုက်လို့ (ဘုန်းကြီးနဲ့ မယ်သီလတွေလို ဒီကိစ္စတွေကို ရှောင်ကြင်ပါမယ်လို့ သူ့ဆုံးဖြတ်ချက်နဲ့သူ Sexual abstinence လုပ်ထားသူ လက်တစ်ဆုပ်စာကလွဲရင်)... အိပ်ယာထက်က ကိစ္စတွေ အပါအဝင် (Reproductive process) ဟာ လူ့မျိုးနွယ်ရှင်သန်တည်တန့်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက် (Basic survival needs) တွေထဲက တစ်ခုပဲ... ဒီလိုအပ်ချက်တွေကို အကုသိုလ်ဖြစ်စေတဲ့၊ ရှောင်ကြဉ်အပ်တဲ့ ရွံစရာကိစ္စတွေလို လူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ထိန်းချုပ်ချင်ကြတယ်... Mustarbation လို သဘာဝအင်မတန်ကျတဲ့ ကိစ္စမျိုးကိုတောင်မှ လူတွေရဲ့ စိတ်ထဲမှာ အကုသိုလ်အကြီးကြီးပြုမိပြီဆိုပြီး စိတ်အနာတရဖြစ်အောင် ခြောက်လှန့်ကြတာမျိုး...
ကလေးတွေကို ဒေဝေါကြီးလာပြီဆိုပြီး ခြောက်ရင် ကြောက်ပြီး အငိုရပ်သွားသလိုမျိုး ခြောက်ချင်ကြတာ… အသိဉာဏ်နုနယ်စဉ်မှာ အခြေအမြစ်မဲ့အရာတွေနဲ့ ခြိမ်းခြောက်ကြောက်ရွံ့စေပြီး လူ့အသိဉာဏ်နဲ့ စဉ်းစားတွေးခေါ်မှု (Reasoning) ကို သင်းသတ်ပစ်ချင်ကြတာ... ဒီလို indoctrinate လုပ်တာမျိုးတွေကို မျိုးဆက်သစ်ဆီ လက်ဆင့်မကမ်းမိကြဖို့ လိုတယ်...
ဒီလိုကိစ္စတွေဟာ သဘာဝလိုအပ်ချက်တွေပဲလို့ မြင်ဖို့ရယ်၊ ကောင်းကျိုးဆိုးကျိုးတွေကို သိပ္ပံနည်းကျတဲ့ ဆေးပညာဗဟုသုတရှိရှိနဲ့ ပြုမူနေထိုင်ဖို့ပဲလိုတယ်... ကြီးဆေး၊ ကြာဆေး၊ ထဆေး၊ လာဆေး ဆိုရင်တော့ စားဆေး၊ ထိုးဆေးအမျိုးမျိုးနဲ့ လူမသိအောင် ကြိတ်ကြိတ်တိုးမေးကြတယ်... လူငယ်တွေ လိင်ဗဟုသုတရှိဖို့ လိင်ပညာပေးကိစ္စမျိုးကိုကျတော့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ဘာညာကွိကွဆိုပြီး ရှေးရိုးစွဲချင်တယ်... လိင်ဗဟုသုတ မရှိ၊ ဒီကိစ္စကို ရှက်စရာထင်ပြီး ပုံးလျှိုးကွယ်လျှိုးနဲ့ နေကြတော့ အကာအကွယ်မသုံးမိလို့ STD ဖြစ်တာတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရပြီး ဘဝအခြေပျက်တာတွေ ဖြစ်ကုန်တယ်...
အရင်းစစ်လိုက်ရင် ဘာသာတရားပါ၊ ကျမ်းစာလာ ယူဆချက်တွေကသာ Absolute truth လို့ ယုံကြည်ပြီး သာမန်လူ Lay man တွေရဲ့ လူမှုဘဝကို ဝင်ရောက်ဩဇာလွှမ်းချင်တဲ့ ဘာသာရေးဆရာတွေ၊ ဘာသာရေးတဖက်ပိတ်တွေရဲ့ တယူသန်မှုက Fundamental cause တွေထဲက တစ်ခုပဲ... တခြားကိစ္စတွေလည်း ဥပမာထုတ်ပြချင်စရာအများ ရှိနေသေးတယ်...
Credit >>>org
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments