Last post

FillyMor ဖြေရတာမောတဲ့ဆေး

FillyMor ဖြေရတာမောတဲ့ဆေး
Mizon Mizon ဆရာရှင့် ဒီဆေးလေးအကြောင်းသိချင်ပါတယ်ရှင်။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင်။
Tint Swe ဆေးဗူးမှာ 100% nutrinal တဲ့။ ကျွန်တော့်မှာေ...တာ့ ကြော်ငြာဆေးသာဖြစ်ပါကြောင်း အကြိမ်ပေါင်း ၁ဝဝ လောက်ဖြေရပါတယ်။
ဆရာရှင့် သမီးတစ်ခုလောက်မေးချင်လို့ပါ မေးခွင့်ပြုပါဆရာ။ Online မှာကြော်ငြာထားတဲ့ ဖလီမောလ် ၊ ကာဗာမောလ် ဆေးအကြောင်းလေးပါဆရာ။ အဲ့ဆေးတွေသောက်ရင် ကလေးရဖို့လွယ်ကူတယ်လို့ ကြားဖူးလို့ပါ။ သောက်သင့် မသောက်သင့် သမီးကိုညွှန်ပြပေးပါဆရာ။ ဝယ်သောက်ဖို့ဆိုတာလဲ မယုံရဲလို့ပါဆရာ။ သမီးကိုဖြေပေးပါနော်။ ဆရာ့ကို အားကိုးယုံကြည်လို့မေးလိုက်မိတာပါဆရာ။
ဖတ်ရတာတော့ မမောကြပါနဲ့။ မေးအားအလွန်ကောင်းလို့ ဖြေတာကိုမောလှပြီ။ ကြော်ငြာအားကောင်းလို့ပါ။ အဆုံးမှာ ဖေ့စ်ဘွတ်မှာတင်ရတဲ့ ရက်စွဲတွေထဲကများလို့ မှတ်ထားဖြစ်တာလောက်သာရေးနိုင်တယ်။ မက်ဆေ့ခ်ကနေဖြေရတာဆို မှတ်မထားနိုင်တော့ပါ။ စာမတင်ခင် ဒီစာခေါင်းစဉ်ဖတ်ပြီး ဘယ်မှာဝယ်ရမယ်လို့ မမေးပါနဲ့ချင်ဗျားလို့လည်း ရေးရသေးတယ်။ ကြော်ငြာဆေးပါပြောရင် ဘယ်မှာဝယ်ရ၊ ဘယ်လောက်သောက်ရ မေးကြပြီ။ မိန်းကလေးတွေက ဒီဆေးကို အလွန့်အလွန်မေးကြတယ်။ ယောက်ျားလေးတွေက ကယ်လ်စီယမ်အရပ်ရှည်ဆေး အမေးများကြတယ်။ ၆ လအတွင်းမှာ အနည်းဆုံး ၂ဝ ယောက်စီကျော်ပြီ။ အခုလည်းလာပြန်ပြီ။ မေးခွန်းနမူနာ နည်းနည်းတော့ထည့်ပါမယ်။ အခုမေးခွန်းပါထပ်ထည့်လိုက်အုန်းမယ်။
၁။ မင်္ဂလာပါဆရာ။ သမီး မေးချင်တာလေးရှိလို့ပါ။ အယ့်ဆေးက အွန်လိုင်းမှာ ကြော်ငြာတာတွေ့လို့ပါ။ သမီးက မိန်းမကိုယ် အတွင်းဘယ်ဘက်တခြမ်းက တပတ်ကို တခါနှစ်ခါ ယားတယ်ဆရာ။ ကန်တော့ဆရာ အရင်တုန်းက အဖုလေးတွေ ပေါက်တယ်ဆရာ။ အခုတာ့သက်သာတယ်။ အခုက ယားတာမပျောက်ဘူးဆရာ။ အခုပြထားတဲ့ ဆေးကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်လို့ရပါ့မလားဆရာ။ သမီးအခုလက်ရှိဖြစ်နေတာနဲ့ ရော သက်ဆိုင်ပါသလားဆရာ။
၂။ ဆရာရေ တစ်ခုလောက်မေးချင်လို့ပါ။ ရင်သွေးရလိုသူများအတွက်ဆိုပြီးညွှန်းတဲ့ Fillymor (အမျိုးသား)၊ Covermor (အမျိုးသမီး) အဲဒီဆေးတွေက သောက်သုံးလို့ရပါလားရှင့်။ သောက်ရင် အခြားဘေးထွက် ဆိုးကျိုးတွေရော ရနိုင်ပါလားရှင်။
၃။ ဒီကြော်ငြာထဲကဆေးက သောက်လို့ရပါသလားရှင်။ သမီးက ကလေးအရမ်းလိုချင်တော့ ကလေးရဖို့ အမျိုးသားရော အမျိုးသမီးရော ဘာဆေးတွေသောက်ဖို့လိုဘဲရှင်။ သမီးက ၂၁ နှစ် အမျိုးသားက၂၅ ပါ။ သမီး ၁၈ နှစ်တုန်းက သားအိမ် ခြစ်ဖူးပါတယ်။့။့။
၎။ ဆရာရှင့် success more ကထုတ်တဲ့ဆေးတွေအကြောင်း သိချင်ပါတယ်။ ရာသီမမှန်ပါဘူး။ အပျိုဖော်ဝင် ကတည်းကပါ။ တခါတလေ နှစ်လမှတခါ သုံးလမှတခါ လာပါတယ်။ ကွှန်မအသက်က ၃၅ ပါ။ ဒီဆေးကို စမ်းသောက်ကြည့်ချင်ပါတယ်။ ကျေးဇူးပြု၍အကြုံပြုပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင်ဖြေပေပါရှင်။
၅။ ဒီဆေးက မိန်းကလေးတွေ တကယ်သောက်သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။ Side effect ရှိမရှိ သိချင်လို့ပါ။
၆။ ဆရာရှင့် ခုခေတ်စားနေတဲ့ ဖီလီမော်ဆေးက ကောင်းမကောင်းသိချင်ပါတယ်ရှင်။ ဆေးဝါထောက်ခံချက် FDA ရပြီးသားပါရှင့် အမျိုးသမီးတွေတွက် ကောင်းတယ်ဆိုလို့ ကိုယ်တိုင်လည်သောက်သုံးနေလို့ ရှင်းပြပေပါရှင့်။
၇။ အခုခေတ်စားနေတဲ့ FillyMor ဆိုတဲ့ ဆေးလေးအကြောင်း ဆရာ့ ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ အဲ့ဒီ fillymor က မိန်းကလေး သားအိမ်ကိုအားပြုပေးတယ်၊ ကလေးရအောင်လဲ စွမ်းဆောင်နိုင်တယ်၊ မိန်းကလေး ဟော်မုန်းကိုလဲ ထိန်းညှိပေးတယ်ဆိုပြီး နံမည်ကြီးနေလို့လေ။ ထိုင်းက ပါရဂူ ဆရာဝန်ကြီးကိုယ်တိုင်ထုပ်လုပ်ပြီး မြန်မာနိုင်ငံ တရားဝင် ရောင်းချခွင့် လုပ်ငန်းလိုင်စင်လဲ ရှိထာတယ်လို့တော့ ပြောတယ်ဆရာ။ ဒါပေမယ့် အဲ့ဒီဆေးရဲ့ အာနိသင်ကို ဆရာ့ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။
၈။ ဆရာရေ မင်္ဂလာပါ Online က ကြော်ငြာတဲ့ဆေးတွေက စိတ်ချရပါသလားရှင်။ သမီးရဲ့ သူငယ်ချင်းက သားအိမ် ပြန်ကျဉ်းတဲ့ဆေး Fillymor ကိုသောက်ချင်လို့ပါတဲ့။ ဘေးထွက်ဆိုးကျိုးတွေရော ရှိနိုင်ပါသလား ဆရာ။
၉။ ဒီဆေးက မိန်းကလေးတွေတကယ်သောက်သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။ Side effect ရှိမရှိ သိချင်လို့ပါ။
၁ဝ။ ဒီကြော်ငြာထဲကဆေးက သောက်လို့ရပါသလားရှင်။ သမီးက ကလေးအရမ်းလိုချင်တော့ ကလေးရဖို့ အမျိုးသားရော အမျိုးသမီးရော ဘာဆေးတွေသောက်ဖို့လိုဘဲရှင်။ သမီးက ၂၁ နှစ် အမျိုးသားက၂၅ ပါ။ သမီး ၁၈ နှစ်တုန်းက သားအိမ် ခြစ်ဖူးပါတယ်။
FillyMor ဟာကြော်ငြာဆေးသာဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာ ၂ ဘာသာနဲ့ ဝဘ်ဆိုက် လုပ်ထားတယ်။ ဆေးသုတေသန မတွေ့ပါ။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိကျကျမပြောနိုင်ပါ။ ဆေးကြော်ငြာ ဖေ့စ်ဘွတ်မှာ Fillymor FinFin - Vitamins/Supplements လို့ရေးထားတယ်။ FDA ခေါ်တဲ့ ဆေးဝါးနဲ့ အစားအသောက်အာဏာပိုင်အဖွဲ့ သတ်မှတ် စည်းကမ်းကနေလွတ်အောင် အဲလို ဗီတာမင်နဲ့အာဟာရ အမျိုးအစား လုပ်ကြတာဖြစ်တယ်။ အမေရိကားနဲ့ ဥရောပ မှာလည်း အဲလိုပဲ။ အဲလိုရောင်းကုန်တချို့ကို ဆေးကမ္ပဏီကဆေးတွေ ပြန်သိမ်းတဲ့သတင်း တင်လိုက်သေးတယ်။
ဆေးနဲ့ဆိုင်တာကို FDA ကနေစိစစ်ရပေမယ့် အဲလိုရောင်းကုန်ကို ဆေးဝါးစာရင်အနေနဲ့ လျှောက်လွှာမတင်ပဲ ဖြည့်စွက်ကုန်လို့တင်ရင်လွတ်တယ်။ အမေရိကာမှာလည်း သည်အတိုင်းပဲ ရောင်းနိုင်ကြတယ်။
ဆေးကြော်ငြာတွေထဲက မိန်းကလေးတွေဟာ ဆေးမထုတ်ခင်ကတည်းက လှနေတာဖြစ်ပါတယ်။ ဆေးအကြောင်းလဲ သိကြသူတွေမဟုတ်ပါ။ အသားဖြူဆေးကြော်ငြာမိန်းကလေးက ဆေးမပေါ်ခင်ကတည်းဖြူပြီးသား။ ဆရာဝန်ဆိုတာ ဆေးကိုကောင်းမကောင်းပြောရင် ဆေးထဲမှာ ဘယ်လိုဓါတ်တွေပါသလည်း။ အဲတာတွေရဲ့ ဆေးစွမ်းနဲ့ ဘေးထွက် ဆိုးကျိုးတွေကို ဆေးသုတေသနနဲ့ လေ့လာဆန်းစစ်မှုအရသာ ပြောရတယ်။ သက်သေခံချက်ဆိုတာတွေ ကြော်ငြာဆေးတိုင်းမှာ ဘယ်သူကတော့ ဘယ်လို ကောင်းပါတယ်လို့ပါတာကိုတော့ အတည်မယူသင့်ပါ။ သူများစီးပွါးရေးကိုတော့ ထိခိုက်စေချင်တာမဟုတ်ပါ။
ကလေးရဖို့မေး၊ ရင်သားလှဖို့မေး၊ သားအိမ်ကောင်းဖို့မေး၊ ဒီသုံးမျိုးက တခြားစီဖြစ်တယ်။ တင်းတိတ်နဲ့ ဝက်ခြံတွေလည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်မယ်အထိပါလာတယ်။ ဖြစ်စေတဲ့အကြောင်းတွေက တခြားစီကို ဆေးတမယ်တည်းနဲ့ပျောက်မယ်လို့ ဝယ်ချင်သူအမျိုးမျိုးကို လွတ်မထွက်အောင် ဆွဲဆောင်တာသာ ဖြစ်ပါတယ်။ မေးတဲ့သူနဲ့ မေးတဲ့သူရဲ့သူငယ်ချင်းမှာ အခြေခံခြင်း တူပါသလား။ အပျိုနဲ့ အအို၊ ရာသီမှန်သူနဲ့ မမှန်သူ၊ ရိုးရိုးမွေးနဲ့ ခွဲမွေး၊ ပိန်သူနဲ့ ဝသူ၊ ရောဂါရှိသူနဲ့ မရှိသူ၊ အိမ်ထောင်ကျကာစနဲ့ သွေးဆုံးပြီး၊ ကလေးအမွေးများထားသူ၊ ကလေးရချင်နေသူ၊့သူနဲ့သူ။့သူနဲ့သူ။
ဒေါက်တာတင့်ဆွေ
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ 

0 Comments