မျိုးပွားနိုင်ရေးအတွက် အမျိုးသမီးရဲ့ ရာသီစက်ဝန်းနဲ့ ချိန်ကိုက်ပြီးဖြစ်စေ စုံတွဲတွေဟာ ရင်သွေးလေးရရှိဖို့အတွက် ကြိမ်ဖန်များစွာ ကြိုးစားကြသော်လည်း ဒါဟာကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အရေးရှိနိုင်အောင် ဘယ်လိုကူညီပေးနေတယ်ဆိုတာ မသိရှိကြသေးပါဘူး။
လိင်ဆက်ဆံခြင်းက အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းရှိ ခုခံအားစနစ် ကို ကိုယ်ဝန်ဆောင်နိုင်မှုအခြေအနေအတွက် ပြုပြင်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အသစ်တွေအရ သိရပါတယ်။ ဒီလေ့လာချက်တွေဟာ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပိုမိုသိရှိနိုင်ခြင်းသာမက လေ့လာသူတွေအနေနဲ့လည်း autoimmunity disorders ကို ကုသရာမှာလည်း အသုံးဝင်လာမယ်လို့ ဆိုပါတယ်။
Indiana University ရှိ Kinsey Institute မှ သိပ္ပံပညာရှင် Tierney Lorenz က “ ကလေးလိုချင်ကြတဲ့ စုံတွဲတွေကို အမျိုးသမီးရဲ့ ကိုယ်ဝန်ဆောင်နိုင်စွမ်း တိုးတက်ပြောင်းလဲနိုင်ဖို့အတွက် သားဥမကြွေခင်လည်း ပုံမှန်ဆက်ဆံမှုတွေ ပြုလုပ်ဖို့ အကြံဥာဏ်ပေးတာ ပုံမှန်လိုဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ဒါဟာဘယ်လိုအလုပ်လုပ်တယ်ဆိုတာ အတိအကျမသိခဲ့ပါဘူး။ ဒီလေ့လာတွေ့ရှိချက်က လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်တွင်း ထောက်ပံ့မှုပေးနိုင်တဲ့ Immunity ကို ပိုမိုတိုးပွားစေတယ်ဆိုတာကို ပထမဆုံး ပြသပေးသွားတာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပြထားပါတယ်။
လေ့လာသူတွေဟာ အမျိုးသမီး ၃၀ မှာ တစ်ဝက်စီကို လိင်ပိုင်းဆိုင်ရာ တက်ကြွစေပြီး တစ်ဝက်ကိုတော့ ပုံမှန်အတိုင်းထားရှိ လေ့လာခဲ့ကြပါတယ်။အကူအညီပေးတဲ့T ဆဲလ်တွေနဲ့ Antibodies အဆင့်တွေဟာ အုပ်စု၂ခုမှာရှိတဲ့ အမျိုးသမီးတွေမှာ မတူညီတာကို တွေ့ရှိရပါတယ်။
လိင်ပိုင်းဆိုင်ရာ တက်ကြွတဲ့အမျိုးသမီးတွေမှာ ရာသီစက်ဝန်းအတွင်းမှာ ကိုယ်ဝန်ရနိုင်ခြင်းကို ကာကွယ်စွမ်းအားပြည့်ဝတဲ့ ဆဲလ်များပါဝင်မှုမြင့်မားနေတာကို တွေ့ရှိရပါတယ်။ အခြားအမျိုးသမီးတွေမှာတော့ ဒီလိုကာကွယ်စွမ်းအားတွေ ပြောင်းလဲခြင်းမရှိဘူးလို့ ဆိုပါတယ်။
"လူမှုရေးဆိုင်ရာ အပြုအမူတစ်ခုဖြစ်တဲ့ လိင်ဆက်ဆံခြင်းဟာ ကာကွယ်စွမ်းအားစနစ်အပေါ် သက်ရောက်မှုရှိကြောင်း ကျွန်တော်တို့ အမှန်တကယ်တွေ့ရှိခဲ့ကြပါတယ်။ လိင်ပိုင်းဆိုင်ရာတက်ကြွမှု ရှိတဲ့ အမျိုးသမီးတွေရဲ့ immune systems ဟာ ကိုယ်ဝန်ဆောင်နိုင်ခြေကို နည်းပါးစေဖို့ ပိုပြီး ပြုပြင်ပေးနိုင်ပါတယ်” လို့ Lorenz က ဆိုပါတယ်။
( Paing A K )
Ref : UPI
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments