Last post

ရာသီပန်းလေး လှလှပပပွင့်ဖို့ဆိုရင်.....

ရာသီပန်းလေး လှလှပပပွင့်ဖို့ဆိုရင်.....
အမျိုးသမီးတွေရာသီလာချိန်ဟာ အရမ်းကို အရေးကြီးပါတယ်။ အဲ့ဒီ့ဧည့်သည် မလာခင်နဲ့ လာနေစဉ်အချိန်မှာ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယော...က် ခံစားရတဲ့ စိတ်နဲ့ ဝေဒနာတွေကလည်း မတူကြပါဘူး။ ဒီလိုအချိန်မျိုးမှာ ခံစားရတဲ့ စိတ်အတတ်အကျများတာ၊ နေလို့ထိုင်လို့မကောင်းတာတွေအတွက် Vit E နဲ့ ညမွှေးပန်းအဆီ ( Evening Primrose) ပါဝင်တဲ့ဆေးမျိုး (Eve 500) ကို တစ်ပတ်ကြိုပြီးတစ်နေ့သုံးကြိမ်သောက်သုံးပေးလို့ရပါတယ်..အကိုက်အခဲပျောက်ဆေးတွေကို အမြဲသောက်သုံးခြင်းက ကောင်းတဲ့အလေ့အကျင့်တော့မဟုတ်ပါဘူး..
သဘောဝအတိုင်း ရာသီစက်ဝန်းမှာ နာကျင်ခြင်းကင်းဝေးဖို့အတွက်ဆိုရင်တော့-
-လေ့ကျင့်ခန်းလုပ်ပါ။
ခပ်သွက်သွက်လမ်းလျှောက်ခြင်း ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုက သင့်ရဲ့ ၀မ်းဗိုက်ပိုင်းနားကျင်ခြင်းတွေကို သက်သာစေပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာလဲ အရမ်းပျင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ သက်သက်သာသာကစားရတဲ့လေ့ကျင့်ခန်းမျိုးက ပိုသင့်တော်ပါတယ်... ဒီလိုလေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ ခန္ဓာကိုယ်ကနေ Endorphins တွေကို ပိုထုတ်ပေးလို့ နာကျင်မှုတွေကို လျော့ကျစေနိုင်ပါတယ်..တစ်ပါတ်မှာ ၃ကြိမ်ကနေ ၄ကြိမ်အထိ လေ့ကျင့်ခန်းလုပ်ပေးခြင်းက သင့်ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
-နွေးနွေးထွေးထွေးနေပါ။ သက်တောင့်သက်သာနှင့် ချောင်ချောင်ချိချိ အဝတ်အစားမျိုးကိုဝတ်ဆင်ပါ။
အပူဓာတ်က သင့်သားအိမ်အတွင်းက ကြွက်သားတွေကို ပြေလျော့ပြီး နာကျင်မှုကိုသက်သာစေပါတယ်။ သင့်မှာ ရေနွေးအိတ်တွေ အဆင်သင့်မရှိဘူးဆိုရင်တောင် ဗူးတစ်ဗူးထဲကို ရေနွေးနွေးလေးထည့်ကာ သင့်ဝမ်းဗိုက်ကို ကပ်ပေးခြင်းဖြင့် နာကျင်မှုတွေလျော့နည်းပျောက်ကွယ်ပါလိမ့်မယ်။
-ဗီတာမင်ဒီ လုံလောက်ပါစေ။
ကြိုတင်က်ာကွယ်ခြင်းကကုသခြင်းထက် အမြဲသာပါတယ်။ ရာသီလာစဉ်ကိုက်ခဲမှုတွေမဖြစ်ဖို့ သင့်ခန္ဓာကိုယ်က ဗီတာမင်ဒီဓာတ်ပြည့်ဝလုံလောက်နေဖို့ အရေးကြီးပါတယ်။ Coffee ကြိုက်တတ်သူများအဖို့တော့ရာသီမလာခင် ရက်အနည်းငယ်လောက်ကြို၍ Coffee အစား Green Tea လေးပြောင်းသောက်ပေးသင့်ပါတယ်.. နွားနို့ကြိုက်တတ်တဲ့သူတွေ အတွက် မနက်ကို နွားနို့ ၁ ခွက်သောက်ပေးပါ..နွားနို့မကြိုက်တတ်တဲ့ သူတွေအတွက် calcium အားဆေးကိုသောက်ပေးသင့်ပါတယ်..
Aloe Vera (ရှားစောင်းလက်ဖက်)ဖျော်ရည်ကိုလည်းလာနေစဉ်အချိန်အတွင်းမှာ သောက်ပေးသင့်ပါတယ်.
နောက်တစ်မျိုးကတော့ ဝမ်းဗိုက်ကို Lavender Oil လိမ်းပေးခြင်းအားဖြင့်လဲ ရာသီလာနေစဉ်ကိုက်ခဲမှုကိုလျော့ချပေးနိုင်ပါတယ်..
ထပ်မံသိရှိလိုပါ ၁၈၇၇ ကို အချိန်မရွေး၊ နေ့ရက်မရွေး ဆက်သွယ်မေးမြန်း အကြံညဏ်ရယူနိုင်ပါတယ်။
Credit Doctor On Call
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ  

0 Comments