LH test က ၂ ကြောင်းလုံးထင်းနေမှ မျိုးဥကြွေတာလားဆရာ။ တကြောင်းကနဲနဲမှိန်နေတာ nrgative လားလို့ သိချင်ပါတယ်ရှင့်။
အမျိုးသမီးတိုင်း အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့အရွယ်အထိ မျိုးဥကခု လတိုင်းထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတ
လစဉ် မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ကရိယာကို Ovulation test ခေါ်တယ်။ Ovulation Predictor Kits လို့လည်း ခေါ်တယ်။ မျိုးဥဟာ မျိုးဥအိမ်ကနေထွက်ပြီး ၂၄ နာရီအထိခံတယ်။ လအလယ်မှာ မျိုးဥထွက်ဘို့ (LH) ဟော်မုန်းနည်းနည်း ပိုထွက်လာရတယ်။ ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။ ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။ အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ရာသီလာပြီး ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ရာသီလာပြီး ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း မဆက်ဆံသူတွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ရာသီလာပြီး ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဆက်ဆံသူတွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ရာသီလာပြီး ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ အတူနေရင် ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေရင် ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေရင် ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေရင် ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။
စမ်းသပ်ကိရိယာတစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာ တခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေတွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။ ဆီးကို စမ်းရမဲ့အကွက်လေးမှာထည့်လို
ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။
မျဉ်း ၂ ကြောင်းရှိမယ်။ Test line စမ်းသပ်လိုင်းက Reference line မှီးရမဲ့လိုင်းတက် နဲနဲမှိန်တယ်။ ကိရိယာတွေက မတူတတ်ပါ။ အညွှန်းကိုအရင်ဖတ်ပါ။ ဆီးကို မနက် ၁ဝ နာရီကနေ ည ၈ နာရီအတွင်းသွားတာကိုယူတာကော
ကွန်ထရိုးမျဉ်းနဲ့ နောက်ပေါ်လာမယ့်မျဉ်းကို ယှဉ်ကြည့်ရမယ်။ နောက်ပေါ်မျဉ်းက ကွန်ထရိုးလိုအရောင်တူနေရင် အပေါင်း။ ပိုပြီးထင်းနေတာလည်းရှိမယ်။
အပေါင်းပြတယ်ဆိုတာ LH surge ဟော်မုန်းတက်လာလို့ခေါ်တယ်။ မှားပြီးအပေါင်းပြတာ ရှားတယ်။ နေ့ဆက် စမ်းရတာမို့ အချိန်တူမှာ စမ်းပါ။ ဆီးစမ်းမဲ့အချိန် မတိုင်ခင် ၂ နာရီလောက်မှာ ရေ-အရည် လျော့သောက်ပါ။ ရာသီသွေးစဆင်းတဲ့ ပဌမနေ့ကနေ နောက်တလအတွက် ဆင်းမဲ့နေ့ မတိုင်ခင်ရက်အထိ ဖြစ်တယ်။ စမ်းသပ်မဲ့လ မတိုင်ခင် လအနည်းငယ်အတွင်းက ရာသီခွင်ကို မှတ်ပါ။ ဘယ်ရက်မှာ မျိုးဥ ထွက်နိုင်တယ် ဆိုတာ ခန့်မှန့်နိုင်မယ်။
LH surge ဟော်မုန်းတက်လာချိန်နောက် ၁၂-၄၈ (ပျမ်းမျှ ၃၆) နာရီအတွင်းမှာ မျိုးဥထွက်ပါမယ်။ ကလေးရချင်သူများ LH surge ဟော်မုန်း တက်တဲ့ရက်ကနေ ၃ ရက်အတွင်း အတူနေသင့်ကြတယ်။ ကိုယ်ဝန်ကိုစမ်းတဲ့အခါ မျဉ်းကြောင်းက ခပ်မှုံမှုံပေါ်နေတာကိုလဲ အပေါင်းလက္ခဏာလို့ သတ်မှတ်နိုင်ပေမဲ့ မျိုးဥစမ်းတာမှာတော့ မှုံနေတာကို အနုတ်လက္ခဏာလို့ သတ်မှတ်တယ်။
Clomid ဆိုတဲ့ ကလေးရဘို့ပေးတဲ့ဆေးသောက်နြေ
ဒီစမ်းသပ်ကရိယာဟာ ၉၉% စိတ်ချရတယ်။ Cassettes အမျိုးအစားက Strips ထက်ကောင်းတယ်။ အိန္ဒိယမှာ ၅ ခုပါ Cassette ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ Cassette တခု၊ Pipette တခုနဲ့ အထားခံအောင် စမ်းရာမှာ မလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။ ၃ မိနစ်နဲ့ အဖြေထွက်တယ်။
LH blood test သွေးစမ်းနည်းလဲရှိတယ်။ အရွယ်ရောက် အမျိုးသမီးတယောက်မှာ ပုံမှန် 5 to 25 IU/L (6 and 30 U/L) ရှိတယ်။ ယောက်ျားတွေပုံမှန် = 7 and 24 U/L ရှိရမယ်။ 2 mIU/ml ထက်နည်းနေရင် Hypogonadotropic hypogonadism ရောဂါရှိနေမယ်။
LH တွေ ပုံမှန်ထက် များနေတာဟာ ဒါတွေကနေဖြစ်စေတယ်။ Anorchia ယောက်ျားအစိမရှိသူ၊ Hypogonadism ရောဂါ၊ Klinefelter syndrome ရောဂါ၊ သွေးဆုံးပြီးချိန်၊ မျိုးဥအိမ်အလုပ်မလုပ်ခြင်း၊
LH တွေ ပုံမှန်ထက် နည်းနေတာဟာ ဒါတွေကနေဖြစ်စေတယ်။ Anovulatory bleeding မျိုးဥမထွက်ဘဲ ရာသီသာဆင်းသူ၊ Infertility ကလေးမရနိုင်သူ၊ Multiple endocrine neoplasia (MEN) (အင်ဒိုခရိုင်မ်) ရောဂါ၊ Ovarian cysts မျိုးဥအိမ်အကျိတ်။
LH urine tests မျိုးဥအတွက် ဟော်မုန်းတက်လာမှု စမ်းသပ်နည်းဟာ Home fertility monitors မျိုးပွါးနိုင်စွမ်း စောင့်ကြည်ခြင်းနည်းနဲ့ မတူပါ။ Fertility monitors ဆိုတာ Digital handheld devices လက်ကိုင် ဒစ်ဂျစ်တယ်ကိရိယာ ဖြစ်တယ်။ မျိုးဥထွက်မှာကို တံတွေးထဲက ဓါတ်ဆားအနည်းအများ၊ ဆီးထဲက ဟော်မုန်းအနည်းအများနဲ့ ကိုယ်အပူချိန်တွေကို စောင့်ကြည့်နည်းဖြစ်တယ်။
ကိုယ်ဝန် ရှိ-မရှိ စမ်းတဲ့ hCG pregnancy test နဲ့လည်းမတူပါ။ ကိုယ်ဝန်ကို စမ်းရင် မနက်ခင်းသွားတဲ့ ဆီးကိုစမ်းတာ ကောင်းပေမဲ့ မျိုးဥထွက်တာ စမ်းရင်တော့ နေ့ ၂ နာရီလောက် သွားတဲ့ဆီးက အကောင်းဆုံးဖြစ်တယ်။ မနက် ၁ဝ နာရီ နောက်ပိုင်းသွားတဲ့ဆီးလဲ ရပါတယ်။
ဒီဟော်မုန်းတက်လာတာမို့ မျိုးဥထွက်သူဟာ ကိုယ်ဝန်ရချင်ရင် အဲဒီရက်တွေမှာ အကာအကွယ်နည်း တခုမှမသုံးပဲ အတူနေရမယ်။ တလနဲ့မရသေးရင် နောက်လ၊ နောက်လတွေမှာ ဆက်စမ်းပါ။ လတွေကြာလို့မှ မရသေးရင် နည်းလမ်းသစ်ကို ကြံဆရပါမယ်။
Dr. တင့်ဆွေ
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments