Ovarian cancer Screening မျိုးဥအိမ်ကင်ဆာစစ်နည်း
မျိုးဥအိမ်ကင်ဆာ ဆန်ခါတင်စစ်ဆေးပါက သေဆုံးမှုငါးပုံတပုံ လျှော့ကျစေနိုင်တယ်လို့ ထပ်သိလာရပါတယ်။ မျိုးဥအိမ်ကင်ဆာဟာ များသောအားဖြင့် နောက်ကျမှသာသိကြရတယ်။ မျိုးဥအိမ်ကင်ဆာကို သွေးစစ်တာနဲ့ ကြိုတင်သိနိုင်တယ်။
အမျိုးသမီးပေါင်း ၂ သိန်းကို ၁၄ နှစ်ကြာလေ့လာရာကနေ မျိုးဥအိမ်ကင်ဆာ
ဆန်ခါတင်စစ်ဆေးပါက သေဆုံးမှုငါးပုံတပုံ လျှော့ကျစေနိုင်တယ်လို့
ပြောနိုင်လာပါပြီ။ ဒါပေမယ့် သားအိမ်ဝကင်ဆာကို (ပက်စမီးယား) စစ်သလို
လူအများစုကို ဆန်ခါတင်စစ်ဆေးကြဘို့ နိုးဆော်ချက်ထုတ်ဘို့ကတော့ စောပါသေးတယ်။
မျိုးဥအိမ်ကင်ဆာဟာ တနှစ်မှာ တကမ္ဘာလုံးမှာ အမျိုးသမီးပေါင်း ၂ သိန်း ၎
သောင်းလောက်မှာဖြစ်နေကြတယ်။ မျိုးဥအိမ်ကင်ဆာရှိနေရင် ဗိုက်အောင့်တာ၊
ဗိုက်ကယ်တာ၊ အစားပျက်တာစတဲ့ ယေဘုယျဆန်တဲ့ ရောဂါလက္ခဏာသာ ဖြစ်လို့
စောသိဘို့ခက်ပါတယ်။ သွေးစစ်တယ်ဆိုတာ သွေးထဲက CA125 အနည်းအများကိုစစ်တာပါ။
CA 125 ကင်ဆာစမ်းသပ်ခြင်း http://doctortintswe.blogspot.com/2015/12/ca-125.html
Ovarian cancer မျိုးဥအိမ်ကင်ဆာ http://doctortintswe.blogspot.com/2015/…/ovarian-cancer.html
ဒေါက်တာတင့်ဆွေ
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments