How breasts make milk မိခင်နို့ ဘယ်လိုဖြစ်လာသလည်း
ဆရာ မိခင်နို့ရည် ဖြစ်ပေါ်လာပုံကို ရှင်းပြပေးပါခင်ဗျာ။
ကလေးအဖေ (ဖြစ်မယ့်သူ) ကပဲ မေးပုံရတယ်။ သိချင်တာ ကောင်းပါတယ်။
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ရင်သားနှစ်ဖက်လုံးက အပြောင်းအလဲတွေဖြစ်လာတယ်။
နို့သီးထိပ်ကလေးတွေက ကျင်သလိုလို နာသလိုလိုခံစားရမယ်။ ရောင်လာမယ်။
ဟော်မုန်းကြောင့်ပါ။ နို့သီးဘေးပတ်လည်အရောင်ရင့်အဝိုင်းလည်း
အရောင်ပိုရင့်လာမယ်။ အဖုသေးသေးလေးတွေပေါ်လာမယ်။ ကိုယ်ဝန်ပျက်ပျက်၊ ဖျက်ဖျက်
အဲဒီပြောင်းလဲမှုတွေဟာ ရာသက်ပန်ဖြစ်တယ်။
ကလေးမွေးပြီးတာနဲ့ နို့ထဲက
နို့ထွက်ပြွန်လေးတွေက နှစ်ဆဖြစ်လာပြီ။ ဘယ်အချိန်မှာဖြစ်လဲ မတူကြပါ။
မမွေးခင်က ဖြစ်သလို မွေးပြီးနောက်ရက်တွေကြာမှလည်းဖြစ်တယ်။
ကိုယ်ဝန်ဆောင်နေတုံးမှာ နို့တစက်နှစ်စက် ထွက်ချင်ထွက်မယ်။
လူတိုင်းတော့မဟုတ်ပါ။
မွေးနေတုံး အဆင့်သုံး အချင်းချတာနဲ့
နို့ရည်အဖြူဖြစ်လာပြီ။ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတီရုန်း) ဟော်မုန်းတွေ
ကျဆင်းရာကနေဆက်ဖြစ်တာ။ (ပရိုလက်တင်) ဆိုတာထွက်လာမယ်။ သူကနေ နို့ထွက်စေမယ်။
တကယ်စထွက်မှာက (ကလောစထွမ်) ခေါ် နို့ဦးရည်ကြည်သာဖြစ်တယ်။
ပြစ်ပြီးမလိုင်လိုနေတယ်။ ပရိုတင်းတွေ အများကြီးပါတယ်။ အဆီနည်းနည်းပါတယ်။
မိခင်မှာရှိနေပြီးဖြစ်တဲ့ ခုခံမှုစွမ်း (အင်တီဘော်ဒီ) ဓါတ်တွေပါနေတယ်။
အဲတာကလေးအတွက် အကောင်းဆုံးဖြစ်တယ်။
တဖြေးဖြေးနဲ့ နိုများများလာမယ်။
ကလေးကိုတိုက်လေလေ များလာလေ။ ကလေးက နို့သီးထပ်ဖျားကိုငုံပြီး
စို့တဲ့ခံစာမှုကနေ (အောက်စီတိုဇင်) ဟော်မုန်း ထွက်လာစေတယ်။
နို့သက်တယ်လို့ခေါ်တယ်။
နာရီတချို့ကြာလာရင် (ပရိုလက်တင်) နည်းလာမယ်။
ကလေးစို့မှသာ အဲတာမနည်းမှာ။ အဲဒီဟော်မုန်းကြောင့်လည်း ရာသီမလာစေပါ။
ပရိုလက်တင်ထွက်တာနည်းလာချိန်မှာ ရာသီပြန်လာမယ်။
နောက်ကိုယ်ဝန်ရနိုင်ခြေရှိလာပြီ။ အဲဒီကာလကစပြီး နို့ထွက်တာဟာ (ပရိုလက်တင်)
နဲ့မဆိုင်တော့ပဲ ကလေးစို့လို့ထွက်တာသာဖြစ်လာမယ်။
ဒေါက်တာတင့်ဆွေ
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments