အိမ်ထောင်ပြုတော့မယ်ဆိုကတည်းက ဒီအိမ်ထောင်ရေးဟာ ခိုင်မြဲပါ့မလားဆိုတာ
ကြိုတင်တွက်ဆကြည့်နိုင်ပါတယ်။ အတိအကျကြီး မဟုတ်တောင်
အကြမ်းဖျင်းအားဖြင့်တော့ ဒီအချက်လေးတွေက သင်တို့ အိမ်ထောင်ရေး
ခိုင်မြဲမှုရှိပါ့မလားဆိုတာ ပြောပြပေးပါလိမ့်မယ်။ Emory တက္ကသိုလ်က
သုတေသနပညာရှင်တွေရဲ့ လေ့လောတွေ့ရှိချက်ကတော့ လက်ထပ်ပြီးသား စုံတွဲ
၃၀၀၀ကျော်ကို ဆန်းစစ် မေးမြန်းရာကနေ ခုလို အချက် (၆)ချက်ကို
ဖော်ထုတ်နိုင်ခဲ့တာပါ။ အဲ့ဒီအချက်လေးတွေကတော့
၁။ တွဲတဲ့အချိန် သုံးနှစ်ထက် နည်းပြီး စ့စပ်တာမျိုး၊ လက်ထပ်တာမျိုးကို လုပ်ခဲ့တယ်ဆိုရင်
ကြားခဲ့ဖူး၊
သိခဲ့ဖူးတဲ့ အတွဲတွေကတော့ အချိန်တိုလေးအတွင်းမှာ ချစ်ကြိုက်၊
ယူသွားကြတာချည်းပဲ ဆိုပါတော့။ တစ်သက်လုံးလက်တွဲသွားတယ်ဆိုရင်တော့ သူတို့ကို
ခြွင်းချက်အနေနဲ့ထားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦးတွဲတာ
တစ်နှစ်မပြည့်ခင် ယူကြတဲ့သူတွေဟာ ရေရှည်အတွက် အဆင်မပြေကြတာများလို့ပါပဲ။
အိမ်ထောင်ပြုတော့မယ်ဆိုရင် တစ်ယောက်အကြောင်း တစ်ယောက် သေချာနားလည်ထားပါမှသာ
အဆင်ပြေတယ်ဆိုတာ အာရှနိုင်ငံတွေတင် မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း
ဒီအချက်ကို သဘောတူထားကြပါတယ်။
၂။ နှစ်ဦးစလုံး ၀င်ငွေမကောင်းဘူးဆိုရင်
လေ့လာတွေ့ရှိချက်တွေအရတော့ ၀င်ငွေနည်းပါးလေလေ၊ အိမ်ထောင်ကွဲဖို့ များလေလေပါပဲတဲ့။ ဒါလည်း သိထားသင့်တဲ့ အချက်ပေါ့။
၃။နှစ်ဦးစလုံးဟာ ဘာသာရေးပိုင်းမှာလည်း အားနည်းတယ်ဆိုရင်
လေ့လာတွေ့ရှိချက်တွေအရ
အဆင်မပြေကြတဲ့စုံတွဲ တော်တော်များများဟာ ဘုရားသွားကျောင်းတက် အတူ
မလုပ်ကြသလို၊ ဘုရားကျောင်း အတူသွားတာမျိုးတွေလည်း မရှိပါဘူးတဲ့။
ဘာသာရေးပိုင်းမှာလည်း အားနည်းကြတယ်လို့ ဆိုပါတယ်။
၎။နှစ်ဦးစလုံးဟာ ရုပ်ဝတ္ထုဆန်ကြတယ်ဆိုရင်
ဒီအချက်ကိုတော့ အထူးထောက်ပြနေစရာ လိုမယ်မထင်ပါဘူး။ ဒီလို ရုပ်ဝတ္ထုကိုအသားပေးတဲ့ စုံတွဲဆိုတာ ကြာရှည်မမြဲနိုင်ပါဘူး။
၅။မင်္ဂလာပွဲကို ဖြစ်သလို ကျင်းပခဲ့တယ်ဆိုရင်
သုတေသနပညာရှင်တွေရဲ့
အဆိုအရ မင်္ဂလာပွဲတွေ ခမ်းခမ်းနားနား ကျင်းပတာမျိုး မလုပ်ပဲ လူအနည်းစုနဲ့
ဖြစ်သလို ကျင်းပကြသူတွေဟာ ကွဲဖို့ကွာဖို့ ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒါဟာ
တက်ရောက်လာတဲ့ ဧည့်သည်အရေအတွက်ပေါ် မူတည်ပြီးတော့လည်း စဉ်းစားနိုင်ပါတယ်တဲ့။
သင့်မင်္ဂလာအခမ်းအနားကို တက်ရောက်လာတဲ့ သူများလေလေ သင်ဟာ ကွဲကွာဖို့အခြေအနေ
နည်းပါးလေလေပါပဲတဲ့။
၆။ဟန်းနီးမွန်းခရီးစဉ် မသွားခဲ့ကြဘူးဆိုရင်
ဒီအချက်ကလည်း
လေ့လာတွေ့ရှိချက်တွေထဲက တစ်ခုပါ။ မင်္ဂလာဆောင်ပြီးလို့
အပန်းဖြေခရီးအတူထွက်ခဲ့တဲ့ စုံတွဲတွေဟာ ကွာရှင်းပြတ်စဲဖို့ ၄၁ရာခိုင်နှုန်း
နည်းပါးတယ်လို့ သိရပါတယ်။
Credit :Trend Myanmar
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments