Last post

ဣနြေ္ဒမွှေးတွေ အဆင်ပြေပြေရိပ်နိုင်မယ့် နည်းလမ်းလေးများ

အမျိုးသမီးများအတွက် ဆီးခုံမွေးက အဖြစ်များတဲ့ အလှအပပြသနာတစ်ခုဖြစ်ပါတယ်။ အလှပြင်ဆိုင်တွေ သွားရိပ်ခိုင်းရင်လည်း အများကြီးကုန်ကျနိုင်ပါတယ်။ ဒါပေမယ့် ဒီအမွေးတွေ အပြောင်ထားဖို့ ပိုက်ဆံများကြီး သုံးစရာမလိုတော့ပါဘူး။ တကယ်တော့ မိမိဆီးခုံမွေးတွေကို မိမိဘာသာ အိမ်မှာ အဆင်ပြေစွာ ဖယ်ရှားနိုင်မယ့် တကယ်အဆင်ပြေတဲ့ နည်းလမ်းတချို့ရှိပါတယ်။ ဘယ်လို နည်းလေးတွေလဲ ဆိုတာ အောက်မှာ ဆက်ဖတ်ပြီး အကျိုးရှိရှိအသုံးချနိုင်ကြပါစေ။

၁။ လျှပ်စစ်အားသုံး ရိပ်စက်

ဘက္ထရီအားဖြင့် လည်ပတ်အလုပ်လုပ်တဲ့ ဇာဂနာရဲ့ အကောင်းဆုံးအချက်က နာကျင်မှုမရှိဘဲ စက္ကန့်ပိုင်းအတွင်း အပြီးရိပ်နိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ သူ့မှာ ဇာဂနာသေးသေးလေးတွေ များစွာပါဝင်ပြီး အမွေးအမျှင်လေးတွေ ထိရောက်စွာ ရှင်းလင်းဖယ်ရှားရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

၂။ Bestie Razor

ဒီသင်တုန်းဓားရဲ့ အားသာဆုံးအချက်က အလွယ်တကူ ရရှိနိုင်တာ၊ ဈေးကြီးမပေးရတာရယ်နဲ့ နာကျင်မှု လုံးဝမရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီ့ပြင် ရေချိုးနေရင်းနဲ့လည်း အလွယ်တကူ ရိပ်နိုင်တာကြောင့် အင်မတန် အဆင်ပြေပါတယ်။

၃။ ဖယောင်းနဲ့ ကပ်ခွာချွတ်နည်း

ဒီဖယ်ရှားနည်းကို အရေပြားပေါ် ဖယောင်းပူ မကြိုက်နှစ်သက်သူများအတွက် သုံးပါတယ်။ ဒီဖယောင်းကပ်ခွာချွတ်နည်းက ဖယောင်းပူနည်းကဲ့သို့ ထိရောက်ပေမယ့် မီးအရင်အပူပေးရတဲ့ ဖယောင်းပူနည်း နဲ့မတူပဲ အရန်သင့် သုံးစွဲနိုင်တာကြောင့် ပိုအဆင်ပြေပါတယ်။

၎။ ပလိပ်ဓားဖြင့် ရိပ်နည်း

ဒီနည်းက မုတ်ဆိတ်ရိပ်ရာတွေမှာ အသုံးများပါတယ်။ ဒါပေမယ့်  သီးသန့်နေရာ အမွေးတွေ ရိပ်ရာမှာလည်း ထိရောက်မှု ရှိပါတယ်။ ဒီလိုရိပ်နည်းက အချိန်ပိုကုန်နိုင်ပြီး စိတ်ရှည်ဖို့တော့ လိုပါတယ်။

Credit: Trend Myanmar
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
 
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ   

0 Comments