အမျိုးသမီးတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာလေးတွေရှိပါတယ်။
အမျိုးသမီးတွေက သူတို့ခန္ဓာကိုယ်တွေနဲ့ သူတို့ဆက်နွယ်မှုတွေ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ ဒါကို သတိထားမိကြပါရဲ့လား။ အမျိုးသမီးတွေမှာ အချိန်တိုင်းနီးပါး သူတို့ကို အချက်ပြနေတဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ
ရှိနေပါတယ်။ ခုပြောမယ့်အရာတွေက ကြောက်စရာကောင်းတာမျိုး မဟုတ်ပါဘူး။ သိထားသင့်တဲ့အရာပါ။ အမျိုးသမီးအတွက် ရင်သားဆိုတာ တစ်ကယ့်တန်ဖိုးရှိတဲ့အရာတွေပါ။ ရင်သားဟာ သေးသေးကြီးကြီးအမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ ဆက်စီကျတဲ့ အရာတွေပါပဲ။ အမျိုးသားတွေဟာ ဒါကိုချစ်မြတ်နိုးကြသလို ကလေးငယ်တွေအတွက်လည်း ဘယ်လောက်အရေးကြီး
တယ်ဆိုတာ ရှင်းပြစရာတောင် မလိုတော့ပါဘူး။ ရင်သားအကြောင်းပြောရင် တစ်ခါတစ်လေ သင့်ရင်သားတွေ နာကျင်သလိုမျိုး ခံစားရတာ သတိထားမိကြပါလိမ့်မယ်၊ ဒါဟာ ဘာကြောင့်များလဲဆိုတာ သင်သိထားဖို့လိုပါတယ်။
(၁) သင်ဝတ်ထားတဲ့ဘရာကြောင့်လားဆိုတာ တစ်ချက်ပြန်စဉ်းစားပါ။ သင်ဝတ်ထားတဲ့
ဘရာစီယာက အရမ်းကြပ်လွန်းနေပါသလား။ နိုင်ငံတကာမှာ ကောက်ယူထားတဲ့
စစ်တမ်းတွေအရတော့ အမျိုးသမီးတွေထဲက ၆၄ ရာခိုင်နှုန်းဟာ သူတို့နဲ့ အဆင်မပြေ
မှားယွင်းတဲ့ ဘရာစီယာဆိုက်တွေကို ၀တ်ဆင်ထားကြပြီး တစ်ချို့ကတော့
သူတို့ဘရာဆိုဇ် ဘယ်လောက်ရှိသလဲတောင် မသိကြပါဘူးတဲ့။
မှားယွင်းတဲဆိုဇ်ဝတ်ဆင်ခြင်းကြောင့် သင့်ရင်သားဟာ
နာကျင်နေပါလိမ့်မယ်။ တစ်ခုလုံးနာကျင်နေတာမျိုးမဟုတ်ရင်တောင် ရင်သားအပေါ်ပိုင်းက အောင့်နေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီတော့ ဘရာစီယာဆိုဇ်ကို သေချာရွေးချယ်ဖို့ လိုပါတယ်။
(၂) တစ်လမှာ တစ်ခါသာဖြစ်တဲ့ နာကျင်မှုမျိုးပါ။
အမျိုးသမီးတွေရဲ့ ရင်သားဟာ တစ်လချင်းစီမှာ အပြောင်အလဲလေးတွေ ရှိနေတတ်ကြပါတယ်။ ဒါဟာ ရာသီလာချိန်နဲ့ ဆက်စပ်မှုလည်း ရှိနေပါတယ်။ ရာသီမလာခင်မှာ သင့်ဟော်မုန်းအပြောင်းအလဲတွေက သင့်ရင်သားအရွယ်အစားကို အနည်းငယ် ပြောင်းလဲပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ရင်သားက အရမ်းနူးညံ့နေသလို နာကျင်မှုကိုလည်း ခံစားရပါလိမ့်မယ်။
ဒါ့အပြင် သင်က၀ိတ်ချဖို့ အစားအသောက်ပါ ရှောင်နေသူဆို ဒီလိုနာကျင်မှုကို ပိုခံစားရမှာပါ။ အဆီအဆိမ့်နဲ့ အငန်များတဲ့ အစားအသောက်တွေကလည်း သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ဒီတော့ သင့်ရင်သားအတွက် သင့်တောင့်သက်သာ ဖြစ်စေမယ့် ဘရာစီယာအမျိုးအစားကို ရွေးချယ်ဝတ်ဖို့လိုပါတယ်။
(၃) သောက်နေတဲ့ ဆေးဝါးတွေကြောင့်လည်း ရင်သားနာကျင်နိုင်ပါတယ်။ စိတ်ကျရောဂါကုသဆေးဟာ သင့်ရင်သားကို တစ်ခါတစ်လေ နာကျင်စေနိုင်ပါတယ်။ ဒါ့အပြင် တားဆေးတွေသောက်တဲ့အခါမှာလည်း ဟောမုန်းအပြောင်းအလဲတွေဖြစ်တာကြောင့် သင့်ရင်သားကိုပါ ပြောင်းလဲမှုတွေ ဖြစ်သွားစေပါတယ်။
(၄) လေ့ကျင့်ခန်း အမျိုးအစား ပြောင်းလဲလုပ်ခြင်းကလည်း ရင်သားနာကျင်မှုဖြစ်စေတာပါပဲ။ တစ်ခါတစ်လေ ရင်သားကို လက်နဲ့ကိုင်တွယ် ခံရတာမျိုးကလည်း သင့်ရင်သားကို နာကျင်စေပါတယ်။ ဒါမှမဟုတ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ၀ိတ်မ,တာတွေ ရင်သားအတွက် ကစားတာတွေကလည်း သင့်ရင်သားကို နာကျင်စေပါတယ်။
Ref:Yourtango Trend Myanmar
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments