အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို ၀ိုင်တစ်ခွက်ခန့် သောက်သုံးခြင်းဟာလည်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေပိုများလာစေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှု သက်သေတွေကတစ်ဆင့် ဆွေးနွေးအကြံပြုခဲ့တာကတော့ အောက်ပါလမ်းညွန်နည်းအတိုင်း သောက်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ထိခိုက်နိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားသွားနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါသေးတယ်။
နေ့စဉ် ယမကာသောက်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ကင်ဆာရောဂါ တစ်ခုခု ဖြစ်နိုင်ချေ ၁၃.ရာခိုင်နှုန်း ပိုများတယ်လို့ ဗြိတိန်ကျန်းမာရေးဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ လေ့လာမှု တစ်ခုအရ သိရပါတယ်။
ဖြစ်နိုင်ခြေအများဆုံးကတော့ ရက်သားကင်ဆာဖြစ်ပြီး အသည်း၊ အူမကြီး၊ လည်ချောင်း၊ ပါးစပ်၊ အစာပြွန်နဲ့လည်မျိုကင်ဆာတွေလည်း ဖြစ်နိုင်ချေရှိတယ်လို့ လေ့လာမှုထဲမှာ ဖော်ပြထားပါတယ်။
"မိသားစု သမိုင်းမှာ ကင်ဆာရောဂါ ဖြစ်ဖူးတဲ့သူတွေ အထူးအားဖြင့် မိသားစုသမိုင်းမှာ ရက်သားကင်ဆာ ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေ အနေနဲ့ သူမတို့ရဲ့ ယမကာမှီဝဲမှု ပမာဏကို သတ်မှတ်ပေးထားတဲ့ အတိုင်းအတာအထိ လျော့ချသင့်ပါတယ်။ မဟုတ်ရင်လည်း မသောက်ပဲ နေတာ ပိုကောင်းပါတယ်"လို့ ဟားဗတ် တက္ကသိုလ်က ဒေါက်တာ Jurgen Rehum က ဆိုပါတယ်။
ဆရာဝန်တွေနှစ်ပေါင်းများစွာ လက်ခံခဲ့ကြတဲ့ ယမကာ သောက်သုံးခြင်းရဲ့.
ဆိုးကျိုးတွေကတော့ အသည်းရောဂါ၊ အ၀လွန်ခြင်းနဲ့ အခြားရောဂါတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမေရိကန် သုတေသီတွေက အမျိုးသမီး ၁၃၅,၀၀၀ ယောက်ကို နှစ်ပေါင်း
၃၀.ကျော် ကျန်းမာရေး စစ်တမ်း ကောက်ယူမှုအပေါ် အခြေခံပြီး
ရှာဖွေတွေ့ရှိခဲ့တာကတော့ အနည်းငယ် သောက်သုံးခြင်းကတော့ ဘာသက်ရောက်မှုမှ
မရှိနိုင်ဘူး ဆိုတာပါပဲ။ အမေရိကန် သုတေသီတွေ တွေ့ရှိခဲ့တာက အမျိုးသမီးတွေဟာ
တစ်နေ့ကို ၀ိုင် ၁၂၀ မီလီတာရှိတဲ့ ဖန်ခွက် တစ်ခွက်ခန့် သောက်သုံးမှသာ
ကင်ဆာရောဂါနဲ့ အခြားရောဂါတွေအတွက် ကျန်းမာရေးထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။
ဝိုင် ၁၂၀ မီလီတာ ဆိုတာဟာ ၁.၉ ယူနစ်နဲ့ညီမျှသလို
ဗြိတိန်နိုင်ငံရဲ့သတ်မှတ်ချက်အရဆိုရင် တစ်နေ့ကို ၂ခွက် (သို့) ၃.ခွက်နဲ့
ညီမျှနေပါတယ်။ *Mirror*
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments