အသည်းကွဲတာဟာ ရွေးပြီးဖြစ်တာ မဟုတ်သလို စိတ်ဒုက္ခဖြစ်ခြင်းဟာလည်း
ဘက်မလိုက်ပါဘူး။ ယောင်္ကျား၊ မိန်းမ၊ ဂန်းဒူး၊ လူမဲ၊ လူဖြူရယ်လို့
ခွဲခြားမထားပါဘူး အားလုံး တန်းတူညီမျှခံစားရပါတယ်။ လူသားရယ်လို
့ဖြစ်လာပြီဆိုရင် နာကျင်ခံစားမှု တွေကို ကုသဖို့
အချိန်ပေးစောင့်ဆိုင်းရတာကို ပိတ်ပင်တားဆီးတဲ့ ပင်ကိုယ်"စိတ်မရှည်မှု" တွေ
ရှိကြပါတယ်။ အောက်ပါနည်းလေးတွေက အသည်းကွဲရောဂါကို ကုစားပေးမဲ့
နည်းလမ်းတွေပါ။
၁. သင်မတွေ့နိုင်တော့တဲ့ လူတစ်ယောက်ကို
လေးလေးနက်နက် စဉ်းစားကြည့်ပါ။ အရင်က ကြည်နူးမှုလေးတွေကို
သတိရနိုင်ပါတယ်။ ဒါပေမဲ့ အဆုံးမှာ သင်ခံခဲ့ရတဲ့အပြုအမူတွေကို သင် တကယ်
နှစ်သက်ရဲ့လား။ ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ သူက ငါချစ်တဲ့ သူလား။ ဒါမှမဟုတ်
ငါနှစ်သက်တဲ့ ဆက်ဆံရေးလား။ ကိုယ်က သူများကို အလေးနက်ထား ဆက်ဆံတာကို
ကြည်နူး သဘောကျကြတယ်။ ဒါပေမဲ့ အဲ့ဒီလူက ကိုယ့်ကို အလေးအနက်ထား
မဆက်ဆံဘူးဆိုရင် ဘာလို့ သူ့ကို လွမ်းနေမှာလဲ။
၂. "ကိုယ်ပိုင်"
အချိန် အပြည့်အဝပေးပါ အချိန်က ကုစားသွားပါလိမ့်မယ်။ ကမ္ဘာကြီးက သင့်အတွက်
လှပသာယာတဲ့ဆက်ဆံရေးတွေကို ပြင်ဆင်ပေး ပါတယ်။
၃. အဆက်ပြတ်ရတဲ့
ခါးသီးမှုတွေကို မေးခွန်းထုတ်ကြည့်ပါ။ အဆုံးမှာ သင့်ရဲ့ကြင်ဖော်ဟာ
တကယ်အူကြောင်ကြောင်နိုင်မှာပဲ။ ဒီလူကို တကယ် မနှစ်သက်တာလား သို့မဟုတ်
စိတ်သဘောထားမပြည်တဲ့သူနဲ့ ချစ်ခင်နေရလို့ ကိုယ့်ကိုကိုယ် ဒေါပွနေတာလား။
၎.
ဆက်ဆံရေးပြေလည်ရာပြေလည်ကြောင်း မပြုခဲ့လို့
ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့တော့။ သင့်ရဲ့ကြင်ဖော်
ရှောင်ခွာထွက်သွားတဲ့အခါ အမှားတွေကို ကြိုးစားပြင်ဆင်ဖို့ကြိုးစားနေရင်
ကိုယ့်ကိုကိုယ် ဒေါပွပါလိမ့်မယ်။ ပျက်ပြယ်သွားတဲ့ ဆက်ဆံရေးတစ်ခုမှာ
"အပေး"နှင့်"အယူ" ဆိုတာတော့ ရှိစမြဲပါ။ သင်ဟာ ပေးသူတစ်ယောက်ဖြစ်လို့
ကိုယ့်ကိုကိုယ် ကျေနပ်ပါလိမ့်မယ်။ ဒါပေမဲ့ အရာရာတိုင်းတော့
ပြုပြင်လို့မရဘူး။ အယူသမားကလည်း သင်ရဲ့အားထုတ်မှုအားလုံးကို အသိအမှတ်ပြုမှာ
မဟုတ်ပါ။
၅. ကိုယ့်ကိုကိုယ်ကုသဖို့အတွက် အထီးကျန်နေရတဲ့
အချိန်တွေကို အသုံးချပါ။ ကြိုက်နှစ်သက်တဲ့အရာတွေကို လုပ်ပါ။
တစ်ယောက်တည်း ခရီးသွားရတာ ကြောက်စရာကောင်းပေမဲ့ ကိုယ်ရည်ကိုယ်သွေး
တိုးတက်စေပါတယ်။ ရင်ထဲမှာ ပျော်ရွှင်မှုတွေ ကြိုးစားပြီးမွေးပါ။
စွန့်စားမှုတွေကို လက်လှမ်းကြိုဆိုပါ။
၆. အစားထိုးဖို့ မရှာပါနဲ့။
အစားထိုးတာဟာ ခဏတာနှစ်သိမ့်မှုမျိုးပါ။ ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို
လုပ်ဖို့အတွက် သင့်ရဲ့စိတ်ခံစားချက်တွေကို ထိန်းသိမ်းဖို့
အချိန်လိုအပ်ပါတယ်။ မြန်မြန်ဆန်ဆန် အစားထိုးလိုက်ရင်တော့ သင့်ဘဝ
အလကားဖြစ်သွားလိမ့်မယ်။
၇. လိုချင်မှုနှင့် ကိုယ့်ကိုကိုယ်
သိအောင်လုပ်ပါ လိုချင်မှုနှင့် ကိုယ့်ကိုကိုယ် သိအောင်လုပ်ဖို့
လက်ရှိအချိန်ကို အသုံးချပါ။ ကိုယ့်ရဲ့ အရည်အချင်း၊ ရည်မှန်းချက် နှင့်
အတူလက်တွဲနေထိုင်မှုက ယုံကြည်မှု၊ ပျော်ရွှင်မှု၊ တူညီတဲ့ဝါသနာများ စသဖြင့်
ကိုယ်လိုချင်တဲ့အရာတွေကို ရေးချပါ။
၈. သင့်ကို
နှစ်သက်စေတဲ့ပစ္စည်းသစ်တွေ ရှာပါ။ ဒီအချိန်ဟာ သင့်ဘယ်သူလဲဆိုတာကို
ဖော်ထုတ်ပေးတဲ့အချိန်ဖြစ်တယ်။ အရင်ကလိုအရာတွေကိုသာ ဆက်လက်လုပ်နေမယ်ဆိုရင်
အရင်ကဆက်ဆံရေးတွေပဲရမှာသောချာတယ်။ နည်းသစ်ရှာပြီး ကြိုးစားကြည့်ပါ။
၉.
တယောက်တည်းနေဖို့ သင်ယူပါ။ ကိုယ့်ကိုကိုယ် အဖော်ပြုနေထိုင်တာကိုမှ
မကြိုက်ရင် သင့်ရဲ့ကြင်ဖော် နှစ်သက်ပါ့မလား။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။
ကျန်းမာရေးနှင့်ညီမဲ့ အစားအသောက်တွေ ပြုလုပ်ပါ။ အိမ်ပတ်ဝန်းကျင်
သန့်ရှင်းပါ။ ကိုယ့်ကိုကိုယ် ကြင်နာစွာ လုပ်ကိုင်လေသမျှ တစ်ယောက်တည်းနေရတဲ့
ခံစားချက်ကို မြှင့်တက်စေပါတယ်။
၁၀. သင်တစ်ယောက်တည်း မဟုတ်ပါ။
သင်ကို ဘယ်သူမှ သတိမထားပါဘူး။ "ရုတ်တရက် တစ်ယောက်တည်းသမားကို" ဘယ်သူမှ
လက်ညှိးထိုးမှာလည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ တစ်ယောက်တည်းသမားတွေ
ဒုနှင့်ဒေးဘဲ။ လုံးဝမငိုပါနဲ့။ သင်လိုချင်တဲ့ ဆက်ဆံရေးရဖို့အတွက်
အားဖြည့်ထားပါ။
Credit: Trend Myanmar
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments