သင်ဟာ
ချစ်တင်းနှောခြင်းမှာ အရည်အချင်း မပြည့်ဝ ဘူးဆိုရင်တော့
ချစ်တင်းနှောခြင်းကို လေ့ကျင့် လို့ မရနိုင်ပေမယ့် လေ့ကျင့်ခန်း တွေ
ပြုလုပ်ခြင်းနဲ့ လေ့ကျင့်ယူလို့ရပါတယ်။
၁ ။ ဒိုက်ထိုးပါ
ဒိုက်ထိုးခြင်းဟာ လက်မောင်း ၊ ပခုံး နဲ့ ရင်အုပ် ကြွက်သား တွေ
တောင့်တင်းနေအောင် ကူညီပေးပါတယ်။ အဲဒီလို လက်မောင်း ၊ ပခုံးနဲ့ ရင်အုပ်
ကြွက်သား တွေ သန်မာနေခြင်းဟာ သာမန် အနေအထားနဲ့ ချစ်တင်းနှောတဲ့အခါမှာ
ကောင်းကျိုးများစွာ ရရှိစေပါတယ်။ သင်ဟာ မှောက်ရက်အနေအထားမှာ
သက်လုံကောင်းအောင် ၊ အသက်မှန်မှန် ရှု နိုင်အောင် ဒိုက်ထိုးတဲ့
လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းနဲ့ အိမ်ထောင်ရေး သုခ
ပြည့်ဝလာနိုင်မှာပါ။
၂ ။ အလေးမ ပါ
အလေးမခြင်းဟာ သင့်ရဲ့ ခြေထောက်နဲ့ တင်ပါး ကြွက်သားတွေကို တည်ဆောက်ဖို့
ကူညီပေးပါတယ်။ တင်ပါးကြွက်သားတွေ သန်မာနေခြင်းဟာလည်း ချစ်တင်းနှောတဲ့အခါမှာ
သင့်ရဲ့ လက်တွဲဖော်ကို စိတ်ကျေနပ်မှု ရရှိသည်အထိ စွမ်းဆောင်နိုင်အောင်
ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လက်တွဲဖော်ကို စိတ်ကျေနပ်မှု
ရရှိစေဖို့ အလေးမ လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။
၃ ။ အပြေးလေ့ကျင့်ပါ
အပြေးလေ့ကျင့်ခြင်း ရဲ့ အဓိက ကောင်းမွန်တဲ့ အချက်ကတော့
သက်လုံကောင်းခြင်းပါပဲ။ ဒါဟာလည်း အိမ်ထောင်ရေးသုခ ပြည့်မြောက်စေမယ့်
လေ့ကျင့်ခန်းပါ။ သက်လုံကောင်းအောင် လေ့ကျင့်ထားခြင်းဟာ အချိန်တစ်ခုကို
စောင့်ဆိုင်းနိုင်သွားပါတယ်။ ဒါကြောင့် သင့်ရဲ့ လက်တွဲဖော် ဖက်က
စိတ်ကျေနပ်မှု ရရှိလုနီးပါး အချိန်တစ်ခုကို ကြာရှည်
စောင့်ဆိုင်းနိုင်သွားမှာပါ။
သစ်ထူးလွင်(ကျန်းမာရေး)
health.thithtoolwin.com
Ref : Menxp
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ



0 Comments