Last post

သုတ်ရည်ဂလင်းကင်ဆာရောဂါ အန္တရာယ်ကို လျှော့ချနိုင်မည့် နည်းလမ်းများ

သုတ်ရည်ဂလင်းကင်ဆာရောဂါသည် အမျိုးသားများအဖြစ် များသည့် ကင်ဆာရောဂါများအနက် တစ်မျိုးဖြစ်သည်ဟု ဆိုနိုင် သည်။


ကမ္ဘာပေါ်တွင် သုတ်ရည်ဂလင်းကင်ဆာဖြစ်ပွားသော အမျိုး သားများသည် ၁၈ မိနစ်တွင် တစ်ဦးနှုန်း သေဆုံးနေကြကြောင်း သိရသည်။ ယင်းကင်ဆာရောဂါဖြစ်ရသည့် အကြောင်းရင်းကိုအတိ အကျမသိရသော်လည်း ပတ်ဝန်းကျင်၊ လူနေမှုဘ၀ပုံစံနှင့် မျိုးရိုးဗီဇ တို့ကဲ့သို့သောအချက်များနှင့် အဓိကသက်ဆိုင်သည်ဟု ယုံကြည်ရ သည်။ သို့သော် သုက်ရည်ဂလင်းကင်ဆာရောဂါရှိသူ ဆွေမျိုးသား ချင်းရှိသော အမျိုးသားများသည် ယင်းရောဂါဖြစ်နိုင် သည့်အန္တရာယ် ၃၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုအချို့က ဖော်ပြသည်။

နေ့စဉ် မိနစ် ၃၀ ထက်မနည်း ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန် လိုအပ်ပြီး ပို၍ကိုယ်လက်လှုပ်ရှားမှုပြုလုပ်လေလေ ရောဂါအန္တရာယ် ကင်းလေလေဖြစ်ကြောင်း သုတေသီများက ပြောသည်။

အကယ်၍ အချိုကြိုက်တတ်ပါက ပြဿနာကြုံတွေ့နိုင်သည်။ သွေးထဲတွင် ဟိုက်ဒရိုဂျင်ပါသော အဆီပမာဏမြင့်မားခြင်းကြောင့် သုက်ရည်ဂလင်းကင်ဆာဖြစ်နိုင်သည့် အန္တရာယ်မြင့်တက်လာနိုင် သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ သကြားပါဝင်သော ဖျော် ရည်များသောက်သုံးမှုကို ရှောင်ရှားရမည်ဖြစ်သည်။

ဟင်းသီးဟင်းရွက်များ၊ သစ်သီးများစားခြင်းသည် သုတ်ရည် ဂလင်းကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ကို များစွာလျော့ကျစေနိုင် သည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး (အထူးသဖြင့် ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး) သစ်သီးများနှင့် သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ကို စားသုံးပေးသင့်သည်။

အနီရောင်အသားများ စားသုံးမှုကို ကန့်သတ်ရမည်ဖြစ်ကာ တာရှည်ခံအသားများကို ရှောင်ရှားရမည်ဖြစ်သည်။ ဆားစားသုံးမှု ပမာဏမြင့်မားခြင်းကြောင့်လည်း သုတ်ရည်ဂလင်းကင်ဆာအန္တရာယ်ကို မြင့်တက်စေသည်။ ထို့ကြောင့် ဆားငန်သော အစားအစာများနှင့် ဆားဖြင့် ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ စားသုံးမှုကို ကန့်သတ်ရမည်ဖြစ်သည်။

ထို့ပြင် ၂၀၀၄ က American Medical Association ဂျာနယ် တွင် ဖော်ပြထားသောလေ့လာမှုတစ်ခုအရ တစ်လလျှင် (၂၁)ကြိမ် (သို့မဟုတ်) ယင်းထက်ပို၍ လိင်မှုကိစ္စပြီးမြောက်သော အမျိုးသား များသည် သုတ်ရည်ဂလင်းကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ် ၃၀ ရာခိုင်နှုန်းနည်းပါးကြောင်း သိရသည်။
Credit : 7Day Daily


Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
 
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ   

0 Comments