"မိန်းမဦးရေ အလွန်များနေတာကြောင့် ယောက်ျားတစ်ယောက်မှာ ရည်းစားသုံးယောက်စီ ရှိနေတဲ့ မြို့"
တစ်လင်တစ်မယားဓလေ့ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်လို
ဖြစ်နေပါပြီ။ ဒါပေမယ့် ကမ္ဘာ့မြို့ကြီးတစ်မြို့ကတော့ အဆိုပါဓလေ့ကို
ချောင်ထဲ ထိုးထားလျက်ရှိပါတယ်။ Dongguan ဆိုတဲ့မြို့မှာ မိန်းမဦးရေ အဆမတန်
များပြားနေတာကြောင့် ယောက်ျားအများစုဟာ မိန်းကလေးရည်းစား
နှစ်ယောက်၊သုံးယောက် အနည်းဆုံးရှိကြပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်း၊
Guangdong စီရင်စုက Dongguan မြို့ဟာ iPhone နဲ့ iPad လို နာမည်ကြီး
အီလက်ထရောနစ်ပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးတဲ့အတွက်
နာမည်ကြီးတဲ့ မြို့တော်ဖြစ်ပြီး ဒေသတွင်း စက်ရုံတွေက ယောက်ျားတွေဟာ
စိတ်ချအားကိုးလို့ မရဘူးဆိုကာ မိန်းမတွေကိုသာ စက်ရုံမှာ အဓိက
ခန့်ထားလျက်ရှိပါတယ်။ ဒီလိုနဲ့ Dongguan ဟာ ယောက်ျားဦးရေထက် မိန်းမဦးရေက
အဆမတန် များပြားနေပြီး ယောက်ျားတွေဟာ အတိုအထွာ အလုပ်တွေနဲ့ အချိန်ပိုင်း
ကျပန်းအလုပ်တွေကိုပဲ လုပ်ကိုင်လျက်ရှိကာ အချိန်တွေ အလျှံပယ်
ပိုလျက်ရှိပါတယ်။တစ်ချို့ယောက်ျားတွေက တစ်ပြိုင်တည်းမှာ အတည်တကျ
ရည်းစားနှစ်ယောက်၊သုံးယောက် ထားကြကြောင်း ဒေသခံ သတင်းဌာနတစ်ခုကို ၀န်ခံ
ပြောကြားခဲ့ပါတယ်။ “ဒီမှာ ရည်းစားတစ်ယောက်ရှာရတာက အလုပ်တစ်ခု ရှာရတာထက်
တော်တော်ပိုလွယ်ပါတယ်” လို့ သတင်းဌာနကို ပြောကြားပါတယ်။ ယောက်ျား-မိန်းမ
ဦးရေ မမျှတမှုဟာ Dongguan မြို့ကို ‘ကာမမြို့တော်’ အဖြစ်
နာမည်တွင်စေခဲ့ပြီး ဒီမြို့က မိန်းမ အများအပြားဟာ ချစ်သူရှိပြီးသားသိသိနဲ့
အဆိုပါယောက်ျားတွေနဲ့ အချစ်ရေး ပတ်သက်ဖို့ လိုလိုလားလား ရှိနေကြပါတယ်။
ရွှေ့ပြောင်း စက်ရုံအလုပ်သမားတစ်ဦးဖြစ်တဲ့ Li Bin က အခုလိုပြောပြပါတယ်။
“ကျွန်တော့်မှာ ရည်းစား သုံးယောက်ရှိတယ်။ သူတို့အားလုံး တစ်ယောက်နဲ့
တစ်ယောက်လည်း သိကြတယ်။ ကျွန်တော့် သူငယ်ချင်း အများစုလည်း ရည်းစားတွေ
အများကြီးရှိတယ်။ ဒီမှာ ငယ်ရွယ်ပြီး အချစ်အတွေ့အကြုံမရှိတဲ့ မိန်းကလေး
အလုပ်သမတွေ အများကြီးပဲ။ ကျွန်တော်တို့ စွမ်းဆောင်နိုင်ရဲ့သားနဲ့ ဘာလို့
တစ်ယောက်ပဲ ထားရမှာလဲဗျ။ ပျော်ဖို့အတွက် ဒီမြို့ကို လူတိုင်း
ရောက်နေကြတာလေ။ ခင်ဗျား မလုပ်ဘူးဆိုရင် တခြားယောက်ျားတွေက လုပ်မှာပဲ”။
မြို့က မိန်းကလေးတွေဟာ အထီးကျန်ဆန်ရတာထက် ဒီလိုနေရတာကို
ပိုနှစ်သက်ကြတယ်လို့ ဆိုပါတယ်။ မိန်းကလေးအများစုဟာ တစ်ချိန်မှာ
ဇာတိကိုပြန်၊ လက်ထပ်ကြမှာဖြစ်ပြီး ဒီ ‘ကာမမြို့တော်’ က သူတို့ရဲ့ဘ၀ဟာ
ယာယီသဘော သက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ye wint
Credit: Trend Myanmar
Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ
0 Comments