အိမ်ထောင်ရှင်ဖြစ်လာပြီဆိုတာနဲ့
အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ပြောင်းလဲသွားတတ်တာလေးတွေ
ရှိပါတယ်။ အမျိုးသားတစ်ယောက်အနေနဲ့လည်း အိမ်ထောင်ကျပြီးသွားတဲ့အခါ
အမူအကျင့်လေးတွေ ပြောင်းသွား တတ်သလို အမျိုးသမီးတွေအနေနဲ့လည်း ထို့အတူပဲ
ပြောင်းလဲသွားတတ်ကြပါတယ်။ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို
တည်ဆောက်နေကြသူတွေအနေနဲ့ ဘာမဟုတ်တဲ့ ကတောက်ကဆ လေေးတွအပေါ် စိတ်ခု၊
စိတ်နာတာမျိုးလေးတွေ နှစ်ဦးသားကြားမှာ ရှိလာတတ်သလို အမျိုးသားတွေကလည်း
ကိုယ့်အမျိုးသမီးကို လိမ်ညာတဲ့ ဇာတ်လမ်းလေးတွေ ရှိလာကြပါတယ်။ အိမ်ထောင်သည်
အမျိုးသားတွေ ဘာ့ကြောင့် လိမ်ညာတတ်ကြပါသလဲ။ အဲ့ဒီမေးခွန်းကို
သုတေသနပညာရှင်တွေရဲ့ အဖြေကတော့ "သူတို့ကို လေးစားမှုမရှိတော့တာကြောင့်
ဖြစ်တယ်"လို့ ပြန်ဖြေထားပါတယ်။ အမျိုးသားတွေဟာ ကိုယ့်ချစ်သူ၊
ကိုယ့်အိမ်ထောင်ဖက်ဆီက လေးစားမှု၊ အားကိုးအားထားပြုတာကို လိုချင်ကြပါတယ်။ ကဲ
အဲ့ဒီလိုပဲ သူတို့ရဲ့ဇနီးသည်တွေကို သူတို့နှုတ်က ဖွင့်မပြောပဲ
သိစေချင်တဲ့အချက်လေးတွေက
၁။အချစ်မှာလေးစားမှုလေးပါ တွဲလျက်သား ရှိစေချင်ကြတယ်။
ဒါဖြစ်နိုင်လားလို့ သင်ထင်ချင်ထင်ပါလိမ့်မယ်။ Feldhaha ရဲ့လေ့လာမှုအရတော့
အမျိုးသားတွေဟာ ဒီနှစ်ခုကို ညီတူညီမျှထားတတ်ကြပါတယ်တဲ့။
၂။အပြင်မှာ ဘယ်လောက် ကြံ့ခိုင်တဲ့သူဖြစ်ဖြစ် သင်နဲ့ရှိချိန်တော့
သူတို့ကိုယ်သူတို့ ကောင်လေးတစ်ယောက်လို ခံစားတတ်ကြတယ်။
အမျိုးသားအများစုရဲ့ အတွင်းစိတ်မှာ လိုအပ်ချက်တွေ၊ ကြောက်တဲ့စိတ်တွေ
ရှိနေပါတယ်။ သင့်ကိုထုတ်မပြပေမယ့် သူတို့စိတ်ထဲ အဲ့ဒီလိုမျိုးတွေလည်း
ခံစားတတ်ကြပါတယ်။
၃။အိမ်ထောင်သည်တွေဟာ ကာမစပ်ယှက်တာမျိုးကို သူတို့ရဲ့ယုံကြည်မှုအဖြစ်
မြင်ပါတယ်။
အမျိုးသားတွေဟာ ကိုယ့်အိမ်သူနဲ့ လိင်ဆက်ဆံရေး ကင်းမဲ့လာတာနဲ့ တစ်ဖက်မှာလည်း
သူတို့ကိုယ်သူတို့ ယုံကြည်မှုနည်းလာတတ်ပါသတဲ့။
၎။အမျိုးသားတွေဟာ ရိုမန်တစ်ဖြစ်ပေမယ့် သူတို့က အမျိုးသမီးတွေလို ဒါကို
ထုတ်ဖော်ပြသတဲ့နည်းမတူပါဘူး။
ကွာပြားခြားနားမှုတွေ ရှိတာကြောင့် အမျိုးသမီးနဲ့ အမျိုးသားတို့ရဲ့
ရိုမန်တစ်ဖြစ်တဲ့အပေါ် ထုတ်ဖော်ပြသတဲ့နည်းတွေက မတူညီကြပါဘူး။ ပ
၅။အမျိုးသားတွေဟာ သင်နည်းနည်းလေး ၀ိတ်တက်လာတာနဲ့ ပတ်သက်ပြီး
ဂရုမစိုက်တတ်ပါဘူး။
အမျိုးသမီးတွေ စိတ်အပူဆုံးကိစ္စဖြစ်တဲ့ ၀ိတ်တက်တာ မတက်တာ သူတို့
စိတ်မ၀င်စားပါဘူး။ သင်အဆင်ပြေပြီး နေရတာ ကောင်းတယ်။ ဘာကျန်းမာရေးပြသနာမှ
မရှိဘူးဆိုရင် သူတို့က အေးဆေးပါပဲ။ ဒါစိတ်ပူစရာလို့ မမြင်ကြပါဘူး။
Ref:yourtango
TrendMyanmar
ဖုန်းဆော့ဝဲယူချင်ရင်
ဒီကိုနှိပ်ပါ
0 Comments