Credit: Trend Myanmar
အမျိုးသမီးတွေဟာ အသက် ၂၆ အရွယ်မှာ လိင်ဆက်ဆံမှု ရမ္မက်အမြင့်ဆုံး ရောက်ရှိ
မိမိချစ်သူရည်းစားနဲ့
(night out) ညထွက်လည်ဖို့ အကောင်းဆုံးက ဘယ်အချိန်လဲဆိုတာသိပါသလား။ သူမ အသက်
(၂၆) နှစ် ပြည့်မယ့် မွေးနေ့ကိုသာမေးလိုက်ပါ။
San Francisco က စစ်တမ်းကောက်ယူမှုတစ်ခုအရ အမျိုးသမီးတွေဟာ သူတို့အသက် ၂၆
နှစ်အရွယ်ရောက်လာတဲ့ အချိန်မှာ လိင်ရမ္မက်အထွတ်အထိပ်သို့ ရောက်ရှိကြပြီး
အမျိုးသားတွေကျတော့ နောက်ကျပြီး အသက် ၃၂ နှစ်အရွယ်အချိန်မှာ
အမြင့်ဆုံးသို့ရောက်ရှိကြတယ်လို့ သိရပါတယ်။
အရွယ်ရောက်ပြီးသူ အယောက် ၁,၀၀၀ ပါဝင်တဲ့ ယင်းစစ်တမ်းကောက်မှ အဲဒီ
“အထွတ်အထိပ်အချိန်” ကို စစ်တမ်းကောက်ယူမှုတွင် ပါဝင်ဖြေကြားသူတွေက
သူတို့ဘဝမှာ လိင်ပျော်ပါးမှုအကောင်းဆုံးအချိန်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း
သတင်းဖော်ပြခဲ့ပါတယ်။
San Francisco ရှိ အမျိုးသမီးများက အသက် ၂၄ နှစ်အရွယ်ရောက်တဲ့အချိန်မှာ
လိင်ဆက်ဆံမှု အများဆုံးရှိကြပြီး အမျိုးသားများမှာတော့ ၂၇ နှစ်အရွယ်မှာ
အများဆုံးလုပ်ကြကြောင်း ၄င်းစစ်တမ်းရဲ့ရလဒ်က ဖော်ပြထားပါတယ်။
၎င်းစစ်တမ်းမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးများရဲ့ ပျှမ်းမျှအသက်အရွယ်မှာ ၁၈
နှစ်ဖြစ်ပြီး စစ်တမ်းကောက်ခံရတဲ့အမျိုးသားအများကတော့ သူတို့ရဲ့ လူပျိုဘဝကို
အသက် ၁၆ နှစ်အရွယ်မှာ ဆုံးရှုံးကုန်ကြပါတယ်။
Credit: Trend Myanmar
ဖုန်းဆော့ဝဲယူချင်ရင်
ဒီကိုနှိပ်ပါ
Credit: Trend Myanmar
0 Comments