ယောက်ျားတွေရဲ့
ပြဿနာထဲမှာ သုက်လွှတ်မြန်ခြင်း၊ တစ်နည်းပြောရင်
ရေရှည်ထိန်းမထားနိုင်ခြင်းကလည်း အင်မတန် ကြီးမားတဲ့ ပြဿနာ တစ်ခု
ဖြစ်နေတတ်ပါတယ်။ သည်အတွက် ဆေးဝါးဆိုတာတွေလည်း ရှိပါရဲ့။ ဒါပေမယ့်
တကယ်တမ်းမှာ သိပ်အလုပ်မဖြစ်ကြတာက များပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ စိတ်က
သိပ်သန်နေတဲ့အချိန်မှာ သုက်လွှတ်တာလည်း မြန်ကြစမြဲပါပဲ။ အဲတော့
ကိုယ့်စိတ်ကိုယ် ကိုယ်ထိန်းနိုင်ဖို့ လိုပါတယ်။ ချစ်တင်းမနှောခင်မှာ
မိမိဘာသာ တစ်ကိုယ်ရေ အာသာဖြေတဲ့နည်းနဲ့ သုက်လွှတ်ထားပြီးမှ
ချစ်တင်းနှောမယ်ဆိုရင် အနည်းနဲ့အများတော့ ထိန်းလို့ ရနိုင်ပါတယ်။
ရနိုင်ပါတယ်လို့သာ ပြောတာနော်။ ရမယ်လို့ အာမမခံနိုင်သေးပါဘူး။
အတွေ့အကြုံလည်း နည်းမယ်၊ စိတ်ကလည်း သိပ်သန်နေမယ်ဆိုရင်တော့
ဒုတိယအကြိမ်မှာလည်း မြန်ကောင်း မြန်နေနိုင်ပါသေးတယ်။ ဒါပေမယ့်
ပထမအကြိမ်ထက်တော့ နည်းနည်းပိုကြာမှာပါ။ အဲလို လေ့ကျင့်သွားမယ်ဆိုရင်
နောက်ပိုင်းမှာ ပထမအကြိမ်မှာပါ ထိန်းနိုင်ပါလိမ့်မယ်။ ဒါက တစ်နည်းပါ။
နောက်တစ်နည်းက တစ်ကိုယ်ရေ အာသာဖြေရင်းနဲ့ လေ့ကျင့်တဲ့နည်းပါ။
လိင်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်မှာ စိတ်တက်ကြွလာတာ၊ အရှိန်ထိုးတက်သွားတာ၊
ဇာတ်သိမ်းကို ရောက်တာ၊ ကျေနပ်အားရသွားတာဆိုပြီး လေးဆင့် ရှိပါတယ်။ အဲဒီ့မှာ
အရှိန်ထိုးတက်သွားတဲ့ အဆင့်မှာတင် ရပ်နေပြီး ဇာတ်သိမ်းအထိ မရောက်အောင်
တစ်ကိုယ်ရေ အာသာဖြေရင်းနဲ့ ကျင့်ယူနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်နိုးကြားမှုကို
သုညကနေ တစ်ဆယ်အထိ စကေးအရင်ချကြည့်လိုက်ပါ။ သုညဆိုတာ ဘာစိတ်မှ မရှိဘူးပေါ့။
စိတ်ကလေး နည်းနည်း စပေါ်လာရင် တစ်ပေါ့။ အဲဒီ့ကနေ တစ်ဆယ်ရောက်ပြီဆိုရင်
ပေါက်ကွဲ ပွင့်ထွက်ပြီး ဇာတ်သိမ်းကို ရောက်ကာ သုက်လွှတ်ပြီပေါ့။ အဲတော့
တစ်ကိုယ်ရေ အာသာဖြေရင်းနဲ့ အဆင့် ခုနစ်လောက်မှာ ထိန်းထားကြည့်သင့်ပါတယ်။
တစ်ကိုယ်ရေ အာသာဖြေတာကို လေ့ကျင့်ခန်းတစ်ခုလို သဘောထားပြီး နာရီနဲ့
အချိန်မှတ်ကာ ငါးမိနစ်၊ ခုနစ်မိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်စသဖြင့်
ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းပြီး လေ့ကျင့်ထားမယ်ဆိုလည်း
ဖြစ်နိုင်ပြန်ပါတယ်။ နောက်တစ်နည်းကလည်း လေ့ကျင့်ခန်းပါပဲ။ ဒါကျတော့
ဆီးသွားရင်းနဲ့ ဆက်မသွားအောင် တန့်တန့်ကြည့်တဲ့ နည်းပါ။ တန့်ရင်းနဲ့
ကိုယ့်ကိုယ်ခန္ဓာက ဘယ်အစိတ်အပိုင်းက အဲလို တန့်အောင် လုပ်နေလဲဆိုတာကို
စူးစမ်းနိုင်ပါတယ်။ အဲလို တန့်ယူတဲ့ ကြွက်သားတွေကို သိလာပြီဆိုရင်
ထိုင်ရင်းနေရင်း လဲလျောင်းရင်းမှာ အဲဒီ့လို တန့်အောင် လုပ်တဲ့
ကြွက်သားတွေကို လေ့ကျင့်ယူနိုင်ပြန်ပါတယ်။ ချစ်တင်းနှောရင်းနဲ့ အရှိန်က
အဆင့် ၇ ကနေ ၈ လောက်အထိ ကူးပြီဆိုတာနဲ့ တန့်ယူသွားမယ်ဆိုလည်း ဖြစ်နိုင်ချေ
နောက်တစ်နည်းပါပဲ။ နောက်တစ်ချက်က ချစ်တင်းနှောတဲ့အခါ အ၀င်အထွက်
လှုပ်ရှားမှုကို ထိန်းတာပါ။ မြန်မြန်သွက်သွက် လှုပ်ရှားရာကနေ နှေးလိုက်တာ၊
မလှုပ်ရှားတော့ဘဲ ဖိကြိတ်တာများဟာလည်း အသုံးဝင်တတ်သလို ကိုယ်နေဟန်ထား
ပြောင်းလဲခြင်းဟာလည်းပဲ စိတ်ကိုပါ ပြောင်းလဲစေနိုင်ပြီး
ထိန်းနိုင်စေတတ်ပါတယ်။ အရေးကြီးဆုံးက စိတ်ပါပဲ။ အဲတော့ ကိုယ့်စိတ်
သိပ်နိုးကြားစေတာမျိုးကို ရှောင်ကြဉ်နိုင်မှ ထိန်းနိုင်မှာကို
သတိချပ်သင့်ပါတယ်။ အမြင်အာရုံကြောင့် ကိုယ့်စိတ် သိပ်နိုးကြားတတ်ရင်
သိပ်မမြင်ရအောင် မျက်လုံးလွှဲသင့်ပါတယ်။ အနံ့ကြောင့် တအားနိုးကြားတတ်ရင်
အနံ့နဲ့ နဲနဲ ခွာထားနိုင်ရင် ကောင်းပါတယ်။ အရှိန်တက်လာချိန်မှာ
အာရုံပြောင်းလိုက်နိုင်ရင်တော့ ထိန်းနိုင်တတ်ပါတယ်။ အကောင်းဆုံးကတော့
အံကြိတ်ပြီး ကိုယ့်နှုတ်ခမ်းကိုယ် တအားနာသွားအောင် ကိုက်ချလိုက်တာမျိုးပါ။
သေလုအောင် နာရင် ဟိုအာရုံက ပျက်သွားပါတယ်။ တချို့က အဲလိုပြောတော့
ပြန်စကားထောက်ကြတယ်။ သာယာချင်ပါတယ်ဆိုမှ ကိုယ့်ကိုယ်ကိုယ် နာအောင်
လုပ်ရမှာလားတဲ့။ ဟုတ်ကဲ့… ကျွန်တော့်အဖြေကလည်း ရှင်းပါတယ်။ ဒါဆိုလည်း
ဘာလို့ ကြာနည်း လာမေးနေရသေးတာလဲလို့။ တစ်ခု လိုချင်ရင် တစ်ခုကိုတော့
စွန့်လွှတ်ရမယ့် သဘာဝကို နားလည်သင့်ပါတယ်ခင်ဗျား။ နောက်တစ်ခုက ငါ့ဖို့ပဲ
မကြည့်ဘဲ သူ့ကိုသာ အကောင်းဆုံး ဖြည့်ဆည်းပေးမယ်၊ သူ သာယာအောင် သူ
ကျေနပ်အားရသွားအောင် ငါ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်ဆိုတဲ့
စိတ်ကလေးကိုလည်း တစ်ချိန်လုံး မွေးနေသင့်ပါတယ်။ အဲဒါဆိုလည်း အနည်းနဲ့
အများတော့ ထိန်းနိုင်လာမှာပါ။ ဆေးကိုတော့ မညွှန်းချင်ပါဘူး။
သိပ်လိုချင်ရင်တော့ ဘေးမဖြစ်တဲ့ ဆေးပေးပါ့မယ်။ အဲဒါကတော့
ခွေးတောက်ရွက်ကိုဖြစ်စေ၊ ကြက်ဟင်းခါးသီးကိုဖြစ်စေ ခါးခါးလေး နေ့စဉ်မှန်မှန်
စားပေးထားမယ်ဆိုရင် ရက်ပေါင်း ၆၀ ကျော်အကြာမှာ မြန်တတ်တာတွေ မမြန်တော့တာ
တွေ့လာရနိုင်ပါတယ်။ ထပ်ပြောမယ်နော်… ဘာတွေ ဘယ်လိုလုပ်လုပ်၊ သိပ်ပြတ်လတ်နေ၊
သိပ်စိတ်သန်နေရင် သိပ်အတွေ့အကြုံများပြီး
ထိန်းနိုင်ပါတယ်ဆိုတဲ့သူတောင်မှ
ဖွတ်ရွှတ်ဒိုင်းသွားနိုင်တယ်ခင်ဗျ။ အဲတော့ စိတ်နဲ့ ရှေ့ပိုင်းက သိုလှောင်
သိမ်းဆည်းထားမှု အခံက အဓိကဆိုတာကို မမေ့ကြပါနဲ့ ခင်ဗျား။
Credit : mmdailystar
ဖုန်းဆော့ဝဲယူချင်ရင်
ဒီကိုနှိပ်ပါ
0 Comments