ချစ်တတ်သူတိုင်း ဖတ်ကြည့်ပေးပါ တိုက်ဆိုင်မယ်ထင်လို့
။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁.သူအမြဲမေးတတ်တယ် ...ဘယ်မှာလဲ? ခုရောဘာလုပ်နေလဲ?
သူမင်းကို သတိယနေတာပါ။မင်းနဲ့စာပို့ချင်နေတယ်။မင်းသူ့ကို စာပို့မပေးတော့
သူဇဝေဇဝါ ဖြစ်နေတယ်၊မင်းအလုပ် ရှုတ်နေမလားတွေးပီး စိတ်ပူတယ်၊သူ
သတိယနေတာကိုလဲအောင့်မထားနိုင်ဘူး၊တခြားလူဆို ဘာလုပ်လုပ်ပေါ့
သူနဲ့မဆိုင်ဘူးလေ..ဒါကြောင့် အချိန်လေးရတာနဲ့သူ့ကို
ဆက်သွယ်ပါ၊သူစိတ်ချပါစေ၊မင်းစိတ်ထဲမှာသူရှိနေတယ်ဆိုတာလေး
သူသိပါစေ၊သူ့ဘက်ကချည်းအမြဲ စပြီးဆက်သွယ်နေရတာများလာရင် သူဟာအရှုတ်ထုတ်လို့မြင်လာနိုင်ပါတယ်..။
၂.သူပြောလေ့ရှိတယ်..မပျော်ဘူး၊စိတ်ရှုတ်တယ်..
ဒါကို အားအားရှိစိတ်ရှုတ်အောင်
သိပ်လုပ်တယ်ချည်းမထင်လိုက်ပါနဲ့၊သူတကယ်မပျော်တာ မဟုတ်ပါဘူး၊ သူ
မင်းကိုသတိယနေတာပါ၊သူ မင်းရဲ့နှစ်သိပ့်မှု့
စကားလေးတောင့်တနေလို့ပါ၊အရိုးရှင်းဆုံးစကားလေးတခွန်း..လိမ်မာတယ်ကွာ..မဆိုးနဲ့နော်
ဆိုတာလေးနဲ့သူကျေနပ်နိုင်ပါတယ်..။
၃.သူပြောလေ့ရှိပါတယ်..ကျန်းမာရေဂရုစိုက်ပါနော်၊အသွားအလာသတိထားအုံး..ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်နော်..
ဒီလိုပြောလိုက်လို့ အပိုတွေလို့မထင်လိုက်ပါနဲ့..သူ့စိတ်ထဲမှာ
မင်းအမြဲရှိတယ် သူမင်းကိုစိတ်ပူတတ်တယ်ဆိုတာလေး မင်သတိထားမိစေချင်လို့ပါ..။
၎.သူပြောလေ့ရှိတယ် ၊သူမင်းကိုကူညီချင်တယ် ဘာဖြစ်ဖြစ်သူကိုပြောပြပါလို့..
ဒါမဲ့ သူသိတယ် မင်ကိုအရာရာတိုင်း မကူညီနိုင်ဘူးဆိုတာ၊သူ
မင်းဘေးနားမှာအမြဲရှိတယ် ၊မင်းကိုအမြဲအားပေးနေမယ်ဆိုတာလေး
မင်းသိထားဖို့ပါ..။
၅.ဘာကိစ္စပဲလုပ်လုပ် သူမင်းကိုတိုင်ပင်လိမ့်မယ်...
ဒါဟာ..သူကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊မင်းကိုမှီခိုလွန်းနေတာမျိုးမဟုတ်ပါဘူး၊သူမင်းကိုလေးစားတာ၊
အရာရာမင်းကို ဦးစားပေးတတ်လို့ပါ..။
၆.ဘယ်နေရာမှာပဲဖြစ်ဖြစ် သူမင်းနဲ့နီးနီးကပ်ကပ် ရပ်နေတတ်တယ်...
ဒါ..မင်းကိုယုံကြည်တယ်ဆိုတာလေး ပြသလိုက်တာပါ..။
၇.သူအရမ်းဝမ်းနဲတတ်တယ်၊အားငယ်တတ်တယ်၊လျှောက်တွေးတတ်တယ်...
မဟုတ်တာသိပ်တွေးတာပဲ ပူပန်တတ်လွန်းတယ်လို့ မတွေးလိုက်ပါနဲ့..တခါတရံ သူလဲ စိတ်လုံခြုံမှုမရှိသလို့ခံစားမိလို့ပါ..။
၈.သူ ရုတ်တရက်အေးစက်သွားတာ
ဒါမှမဟုတ်စိတ်ကောက်သွားတာ...ဒါကိုကလေးဆန်တယ်၊နောက်အသစ်တွေ့နေတာလို့မတွေးလိုက်ပါနဲ့
မင်းချော့တာလေး သူလိုအပ်နေလို့ပါ..။
crd to original writer & add alittle
သူငယ်ချင်းအားလုံးချစ်သူရဲ့နားလည်မှုလေး ရနိုင်ပါစေလို့..
0 Comments