Last post

ကိုယ်ဝန်တားဆေး ဒီပို ထိုးပြီး ရာသီလာနေလို့ (အမျိုးသမီးများ ဖတ်ရန်)

လေးစားစွာဖြင့် မေးအပ်ပါသည် ဆရာ။ ကိုယ်ဝန်တားဆေး ၃ လ ခံဆေး ထိုးထားပြီး ရာသီနည်းနည်း စီလာနေတာ တပတ်လောက်ရှိပါပြီ ဆရာ။ သူများတွေက ၃ လဆေးက ရာသီ မလာဘူးပြောပါတယ်။ တစ်ခါမှမထိုးဘူးပါ။ ကလေးခွဲမွေးပြီး ၂ လ ကျော်မှ ထိုးတာပါ။ ရာသီလာနေတော့စိတ်ပူပြီး မေးတာပါဆရာ။ စိတ်မချရမှာစိုးလို့ပါ။ Depo ထိုးဆေး ကိုယ့်အတွေ့အကြုံတွေကို (အွန်လိုင်း) မှာပြောကြတဲ့ အမျိုးသမီး ၅ဝ ကိုရွေးပြီး မျှဝေလိုက်ပါမယ်။ ပြောသူအားလုံးက အမေရိကန်တွေပါ။ မြန်မာအမျိုးသမီးတွေပြောတာကိုလဲ သိချင်ပါတယ်ဗျာ။ 1) Depo ဆေး မထိုးဘဲနေတာ ၁၅ လကြာတော့ ကိုယ်ဝန် ပျက်တယ်။ 2) Depo ကို ၁၂ နှစ်ကြာထိုးထားပြီး ၈ လစောင့်နေတာ ကိုယ်ဝန် မရသေးပါ၊ 3) ဆေးမထိုးတာ ၃ လကြာပြီ၊ ရာသီပြန်မှန်အောင်လို့ ဆရာဝန်က စားဆေး စားခိုင်းထားတယ်၊ ၁-၂ နှစ်နေမှ ကိုယ်ဝန်ယူဘို့ ဆရာဝန်က ပြောတယ်။ 4) ၆ လထိုးထားတယ်။ အခု ၁ နှစ်နဲ့ ၁ဝ လရှိနေပြီ၊ ရာသီက မမှန်သေးဘူး၊ ဒီကြားထဲမှာ ရာသီ ၆ ခါဘဲ လာတယ်။ 5) ၁ နှစ်ထိုးထားတယ်။ မထိုးတာ ၁၆ လရှိပြီ။ Clomid ဆေးကြောင့် မျိုးဥတော့ ထွက်တယ်။ ကိုယ်ဝန် မရသေးဘူး။ 6) ၅-၆ နှစ် Depo ထိုးခဲ့တယ်။ ၁၃ လကြာတော့ ကိုယ်ဝန်ရပါတယ်။ 7) Depo မထိုးတော့တာ ၄ လရှိပြီး ကလေး မရသေးဘူး။ ၁ဝ လ ထိုးထားပြီး အခု Othro tricylen (Norgestimate/Ethinyl estradiol) သောက်နေရတယ်။ ရာသီပြန် မှန်အောင်လို့။ ၆ လ ရှိနေပြီ။ ကလေးထပ်လိုချင်သူတွေ မထိုးစေချင်ဘူး။ 9) ၂ နှစ်ခွဲ ထိုးထားတယ်။ မထိုးဘဲ ၄ လနေတော့ ရာသီပြန်လာတယ်။ ဒါပေမဲ့ ၂ ပါတ်တခါ လာနေတာ ၃ လရှိပြီ။ ၁ နှစ် ကျော်စပြုပြီ၊ ကိုယ်ဝန် မရသေးဘူး။ 10) ၁ နှစ်ကြာ ထိုးထားတယ်။ ဆရာဝန်က ပြောတယ် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပျောက်အောင် စောင့်ရအုံးမယ်တဲ့။ 11) Depo ၅ နှစ်ထိုးခဲ့တယ်။ ဆေးရပ်တာ ၁ နှစ်ကြာပြီ။ ကိုယ်ဝန်လဲမရသေးပါလား။ စိတ်ပိန်လိုက်တာ။ 12) ၂ နှစ်ကြာ ထိုးခဲ့တယ်။ ၁၃ လရှိပြီ၊ ရာသီ တခါမှ မပေါ်သေးဘူး။ ဘယ်လောက်ကြာအုံးမယ်လဲ မပြောတတ်ဘူး။ 13) သားလေးရပြီး ဆေးထိုးခဲ့တာ အခု သားက ၆ နှစ်ရှိပြီ။ ထိုးဆေးရပ်ပြီး Patch ပြောင်းသုံးနေတယ်။ ဒါကိုလဲ ဖြတ်လိုက်ပြီ။ ရာသီတော့ မှန်ပေမဲ့ ကိုယ်ဝန်မရသေးဘူး။ ခုဆို ၆ လရှိပြီပေါ့။ 14) ၄ နှစ်ထိုးထားတယ်။ မထိုးတာက ၁ နှစ်ခွဲ။ မရသေးဘူး။ မရတော့မှာ သိပ်စိုးရိမ်နေတယ်။ 15) ၇ နှစ်ထိုးခဲ့တယ်။ ၁ နှစ်စောင့်တော့ ကိုယ်ဝန်ပြန်ရပါတယ်။ ဒီကလေးမွေးပြီး ဆေးထပ်ထိုးနေတယ်။ ကြည့်အုံးမယ်လေ။ 16) ဆေးမထိုးဘဲ နေခဲ့တာ ၄ လတော့ ရှိပြီ။ ၃ လနေတဲ့အထိ ရာသီမလာဘဲ အခု တပါတ်ခါ လာနေတယ်။ 17) ကိုယ်ဝန်ပျက်ပြီး တခါဘဲ Depo ထိုးဘူးသေးတယ်။ ၈ လရှိပြီ ရာသီမလာဘူး။ လတိုင်း စိတ်ညစ်မိတယ်။ 18) ၃ နှစ်ခွဲထိုးထားတယ်။ ကိုယ့်မျိုးပွါးစနစ်ကို ဒုက္ခပေးနေတာဘဲလို့ မြင်လာတယ်။ ဆရာဝန်ကတော့ ဘာမှ မဖြစ်ပါဘူး ပြောပေမဲ့ စိတ်ထဲမှာ သိနေတယ်။ ဆေးမထိုးတာ ၂ နှစ် နဲနဲကျော်ခဲ့ပြီ။ ကိုယ်ဝန် မရသေးဘူး။ ရာသီက ၆ လတော့ မှန်ပါရဲ့ နောက် ၂ လမှာ ၂ ပါတ်တခါ ဆင်းတာကလဲ များလိုက်တာ။ ကလေးမရတော့မှ သိပ်ပူတာဘဲ။ ဘယ်သူမှ မထိုးကြဘို့ ပြောချင်တယ်။ 19) ကလေးဘယ်တော့မှ မယူတော့ဘူးဆိုပြီး Depo ဆေး ၂ နှစ်ကျော် ထိုးခဲ့တယ်။ အဲဒီကတည်းက သွေးမဆင်းဘူး။ ၁၉-၆-ဝ၆ မှာ ရပ်လိုက်တာ အခု ၁၃-၂-ဝ၇ အထိ ရာသီမလာသေးပါ။ လိင်စိတ်လဲ လုံးဝ လျှော့ကျသွားတယ်။ 20) နောက် Depo ဆေးထိုးရက်က အောက်တိုဘာ ၂ဝဝ၆။ ကလေးယူချင်နေတယ်။ ရာသီက ပြန်မပေါ်သေးဘူး။ ကြွက်တက်တယ်။ အားကုန်သလို ဖြစ်နေတယ်။ အဲဒါ ကိုယ်ဝန်လား။ တခါမှ ကိုယ်ဝန်မရဘူးတော့ မသိဘူးပေါ့။ ရာသီမပေါ်ဘဲ ရတတ်သလားရှင်။ 21) ကလေး ၂ ယောက်ရပြီး အောက်တိုဘာ ၂ဝဝ၅ မှာ Depo ထိုးတယ်။ ဧပြီ ၂ဝဝ၆ မှာ မထိုးတော့ဘူး။ ရာသီလဲ မလာဘူး။ 22) နိုဝင်္ဘာ ၂ဝဝ၆ ကတည်းက ဆေးဆက်မထိုးတော့ဘူး။ သွေးပြန်ဆင်းပါတယ်။ ဆေးထိုးတုံးက လုံးဝမဆင်းခဲ့ဘူး။ အခု ၃ လ ကြာတော့ နောက်ကိုယ်ဝန်ရနေပြီ။ 23) ကျမလဲ မထူးဘူး။ Depo မထိုးတာ ၂ဝဝ၆ ဒီဇင်္ဘာကတည်းက အခု ဖေဖေါ်ဝါရီအထိ သွေးမဆင်းဘူး။ 24) ဆေးထိုးတာ ၂၃-၃-၂ဝဝ၇ မှာ ရပ်လိုက်တယ်။ အခု ၁၉ လရှိပြီ။ အရင် စားဆေးစားတုံးက ရာသီ ပြန်ဆင်းပါတယ်။ ရပ်တော့လဲ ကိုယ်ဝန် တန်းရတာဘဲ။ 25) Depo ၂ နှစ်ထိုးခဲ့တယ်။ ဝလဲ ဝမလာပါဘူး။ ဆေးရပ်တော့ သွေးနဲနဲလေး ဆင်းတယ်။ 26) ၈ နှစ် Depo ထိုးထားတယ်။ သွေးဆင်းများခဲ့တာ အတော်အဆင်ပြေတယ်လေ။ သြဂုတ် ၂ဝဝ၆ မှာ ရပ်လိုက်တယ်။ နောက်လ သွေးဆင်းတယ်။ အခု ဖေဖေါ်ဝါရီ။ ၂ ခါလောက် ရာသီထိန်လို့ စစ်တော့ ကိုယ်ဝန် မဟုတ်ဘူး။ နောက် သွေးဆင်းတာက များလိုက်တာ။ 27) Depo ၁ ခါထဲ ထိုးဘူးတယ်။ ၁၉-၁-ဝ၇ မှာပါ။ ရာသီနဲနဲလေး လာတယ်။ နောက်လလဲ နဲနဲလေးဘဲ။ 28) ၁၅ နှစ်သမီးကတည်းက ရာသီမှန်အောင် တားဆေးတွေသုံးခဲ့ရတယ်။ ၂ဝဝ၃ မှာ ထိုးဆေးထိုးတယ်။ သြဂုတ်မှာ ရပ်ပြီး ဖေဖေါ်ဝါရီအထိ ရာသီလာအောင်စောင့်ရတယ်။ ဘာဆေးမှမပါဘဲ ငယ်ကတည်းက သူ့ဖါသူဆင်းတာပါ။ အခု ကိုယ်ဝန် ရပါ့မလားလဲ မသိဘူး။ 29) ၁ နှစ်တိတိ ထိုးဆေးသုံးတယ်။ နောက်ဆေး ထိုးရမဲ့ရက်လောက် နဲနဲဆင်းတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။ 30) ၈ နှစ်လောက် ထိုးဆေးနဲ့ နေခဲ့တယ်။ ၂ဝ-၁ဝ-ဝ၅ မှာ နောက်ဆုံးထိုးတယ်။ ၆ ခါရာသီလာပြီး ရပ်သွားလို့ ဆရာဝန်က Provera pills ဆေးပေးတယ်။ ကြွက်တော့တက်တယ်။ 31) ၁ နှစ် Depo ထိုးတယ်။ မထိုးတာလဲ ၁ နှစ်ရှိပြီ။ ရာသီက မဖြစ်စလောက်တော့ လာပါတယ်။ 32) ၁ နှစ် ဆေးထိုးပြီးတော့ ဇန္နဝါရီကနေ အောက်တိုဘာအထိ ရာသီလာအောင် စောင့်ရတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။ 33) မတ်လ ၂ဝဝ၅ မှာ သမီးမွေးပြီး ဆေးထိုးတယ်။ ဇွန် ၂ဝဝ၅ မှာ နားလိုက်တယ်။ ၂ဝဝ၆ စက်တင်္ဘာအထိ ရာသီလာဘို့ စောင့်ရတယ်။ ထိန်တာ ၂ လတော့ရှိပြီ ကိုယ်ဝန်ဖြစ်ကောင်းပါရဲ့။ 34) သြဂုတ် ၁၉၉၅ မှာ ဆေးစထိုးခဲ့တယ်။ နိုဝင်္ဘာ ၂ဝဝ၃ မှာရပ်လိုက်တယ်။ ၂ဝဝ၄ ဒီဇင်္ဘာမှာ ရာသီပြန်လာတယ်။ အခု ဧပြီ ၂ဝဝ၇ ရှိပြီ ကိုယ်ဝန်လဲ မရသေးပါ။ 35) ၁ဝ နှစ် Depo ထိုးခဲ့ပါတယ်။ သွေးက စောစောဆုံးမလို နေလို့။ အရိုးအားနည်းတာလဲ ရှိတယ်။ စိတ်မလာဘူး။ အရေပြား ပါးသလိုဘဲ။ ဆေးမထိုးတာ ၁၅ လရှိနေပြီ။ ရာသီ ၃ ခါလောက်တော့ လာတယ်ထင်တယ်။ ကလေး ရချင်တယ်။ ဒါပေမဲ့ ဆေးကြောင့် မရဘဲနေမလား မသိဘူး။ 36) ၅ နှစ်ဆေးထိုးခဲ့ပါတယ်။ ၂ဝဝ၅ နိုဝင်္ဘာမှာ ရပ်လိုက်တယ်။ (မိုင်ဂရင်း) ဖြစ်လာတယ်။ စိတ်မူလဲ ပြောင်းနေတယ်။ ပြန်မှန်အောင် ၁၂ လစောင့်ရတယ်။ ခုထိလဲ ရင်သားနာတယ်၊ မောသလိုဘဲ။ နောင်တရနေမိတယ်။ 37) ၁၁ နှစ်ထိုးခဲ့တယ်။ ဇွန် ၂ဝဝ၆ ကနောက်ဆုံးပေါ့။ ဆရာဝန်ကတော့ ၁ နှစ် ၁ နှစ်ခွဲကြာတခါ နားဘို့ပြောပါတယ်။ အောက်တိုဘာ ၂ဝဝ၆ ကစပြီးမှန်ပါတယ်။ ဆေးထိုးနေတုံး မကောင်းကျိုးလဲ မရ၊ ရာသီလဲမလာ၊ ကိုယ်ဝန်လဲ မရှိဘူး။ အခု တလရနိုးရနိုး စောင့်နေပါတယ်။ ဆေးက သူတို့ ကြော်ညာသလို ဖြစ်တာမို့ အပြစ်မတင်ချင်ပါ။ 38) ၉ နှစ်ထိုးခဲ့တယ်။ ၁ နှစ်မှာ ရာသီ ၁ ခါဆင်းတယ်။ နောက် စားဆေး ပြောင်းခဲ့တယ်။ အဲတော့ ရာသီမှန်ပါတယ်။ ကိုယ်တယောက်ထဲ မဟုတ်တာ သိရလို့ တော်သေးရဲ့။ 39) ၁၈ လထိုးထားတယ်။ မထိုးတာ ၁ လရှိပါပြီ။ ကိုယ်ဝန်ရမလားလို့ ဒါတွေဖတ်ရတော့ ဝမ်းနည်းမိတယ်။ အစက ဒီလို ဖြစ်တတ်တာ သိရင် မထိုးခဲ့ပါဘူး။ မပြောပြတဲ့ ဆရာဝန်တွေကို ဆဲချင်တယ်။ 40) ၂ နှစ် Depo ထိုးထားတယ်။ ဧပြီ ၂ဝဝ၆ ကနောက်ဆုံးပါ။ နိုဝင်ဘာမှာ ကိုယ်ဝန်ရတယ်။ ဒီလောက် စောမယ် မထင်တာ အမှန်ပါ။ ရာသီလဲ မလာဘဲ ဆက်ရတာ။ ဒါကြောင့် ဒီဇင်္ဘာမှာ ဖျက်ပြစ်လိုက်တယ်။ ဖေဖေါ်ဝါရီမှာ ဆေးပြန်ထိုးတယ်။ ၅ဝ% ဟာ ၆ လ အတွင်း ကိုယ်ဝန်ပြန်ရတယ် ဆိုတယ်လေ။ ကိုယ်က ၅ဝ% ထဲ ပါမယ်ထင်တာဘဲ။ 41) ၁ နှစ်ခွဲ ဆေးထိုးထားတယ်။ ရာသီမလာဘူး။ ဝလဲမလာဘူး။ အဲလိုမျိုး ၃ ခါရှိပါပြီ။ အပျိုပေါက်တုံးကတခါ၊ ပဌမ အိမ်ထောင်နဲ့တခါ။ အခု အိမ်ထောင်နဲ့ တခါပေါ့။ 42) သူငယ်ချင်းက ပြောလို့ Depo ၂ ခါထိုးထားတယ်။ ကလေး ၂ ယောက်ရှိပါတယ်။ အခု ဆေးရပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဆေးတခါ ထိုးပြီးတိုင်း ၁ လအကြာမှာ စိတ်မူပြောင်းနေတယ်။ နောက်လူတွေကို ဆေးထိုးဘို့ ကျမကတော့ အကြံမပေးချင်ဘူး။ 43) အသက် ၁၆ မှာစထိုးပြီး ၁၉ နှစ်မှာရပ်တယ်။ အခု ၂၄ ရှိပြီ။ ကလေးမရှိသေးဘူး။ လတိုင်း သွေးစွန်တာကလွဲရင် ရာသီရယ်လို့ မလာပါ။ ကလေးမရတော့မှာတော့ အတော်စိုးရိမ်နေတယ်။ ကယ်ကြပါအုံး။ 44) သမီးမွေးပြီး ကတည်းက ဆေးထိုးတယ်။ ဆေးရဲ့ဆိုးကြိုးတွေက သိပ်ဆိုးတာဘဲ။ (မိုင်ဂရင်း) ဖြစ်တယ်၊ ၃ လထဲ ၁၃ ပေါင် တိုးလာတယ်။ စိတ်မူပြောင်းတယ်၊ မျက်နှာတွေ နီမြန်းတယ်၊ မောနေတယ်၊ ကိုက်ခဲတယ်၊ အိပ်မပျော်ဘူး။ မေလထဲ ထိုးရမှာ မထိုးတော့ဘူး။ ကလေးရချင်သေးတယ်။ သမီးကို အဖေါ်ရစေချင်တယ်လေ။ သွေးကလဲ စွန်းယုံဘဲ။ ကံဆိုးချင်တော့ သားအိမ်ကင်ဆာ ဖြစ်တော့ ဒီနှစ် ဖေဖေါ်ဝါရီမှာ ခွဲရတယ်။ ကလေး ယူလို့လဲ မရတော့ဘူး ထင်တယ်။ 45) ၃ နှစ်ရှိပြီထင်တယ် ဆေးထိုးတာ။ ကျမ အသက်က ၁၅ နှစ်ဘဲ ရှိသေးတာ။ အခုတော့ ၂ဝ ပေါ့။ အခု စားဆေးသုံးနေတယ်။ ရာသီလာတယ်။ ဆိုးတယ်နော်။ ကျန်းမာရေး အာမခံ မရှိတော့ဘူး။ ဆေးမထိုးတော့ဘူးပေါ့။ ကိုယ်ဝန်ပျက်-ဖျက်တာလဲ အဆန်း မဟုတ်ဘူး မဟုတ်လား။ အိမ်ထောင်လဲ မကျသေးဘဲ၊ ကိုယ်ဝန်မပျက်ဘူးတဲ့သူ တယောက်မှ မတွေ့သေးဘူး။ ဆေးထိုးပြီး ၁ နှစ်နေတာတောင် ကိုယ်ဝန် မရတာလဲ များလှတယ်။ အစိုးရကို ဆန္ဒပြကြတာ ကောင်းမယ်ထင်တယ်။ 46) ၂ဝဝ၄ တုံးက Depo ထိုးတယ်။ ၂ဝဝ၆ မှာ နားလိုက်တယ်။ ကလေး ယူမလို့ပေါ့။ ကံဆိုးချင်တော့ ဆေးကနေ ကျမ အထဲက မျိုးဥအိမ် ခဲသွားပြီတဲ့။ အလုပ်မလုပ်တော့ဘူးတဲ့။ 47) ၂ဝဝ၅ ဧပြီမှာ သမီးမွေးပြီးကတည်းက Depo ထိုးတယ်။ လွယ်တယ်ထင်တာကိုး။ ကျန်းမာရေး အာမခံ မရှိတော့တာနဲ့ ဒေသခံဌာနသွား ဆေးအလကား ရတာမေးရတယ်။ ကလေးလိုချင်တာနဲ့ ၂ဝဝ၆ ဇွန်မှာ နောက်ဆုံး ထိုးပြီး ရပ်လိုက်တယ်။ ရာသီပြန်လာတယ်။ အစက ကလေးမရတော့နိုင် ဖြစ်တတ်တာ မသိခဲ့ဘူး။ ဘုရားသခင်ဘဲ အားကိုးရတော့မှာဘဲ ထင်တယ်။ 48) ဇူလိုင် ၂ဝဝ၆ မှာ နောက်ဆုံးထိုးတယ်။ အခု သြဂုတ် ရာသီမလာလူး။ အရင်လက အစက်နဲနဲစွန်းတာဘဲရှိတယ်။ ကိုယ်ဝန်လက္ခဏာတွေ အကုန်ရှိပေမဲ့ စစ်တော့ မဟုတ်ဘူးတဲ့။ ပျို့တယ်၊ အားယုတ်တယ်။ ရင်သားတင်းတယ်။ စားချင်တာ စားမရဘူး။ လူတိုင်းကလဲ ကျမကို ကိုယ်ဝန်ရှိပြီ ထင်ကြတာပေါ့။ ဘယ်လောက်စောင့်ရမလဲ မသိဘူး။ ဆေးကို ၂ နှစ်ခွဲ ထိုးခဲ့တာပါ။ 49) နောက် Depo ထိုးမဲ့ရက်က သြဂတ်စ် ၁ဝ ရက်။ ထိုးမလား-မထိုးဘူးလား စဉ်းစားနေတယ်။ အခုလို ပြောကြတာတွေ ဖတ်ရတော့ မထိုးတော့ပါဘူးရှင်။ 50) ကိုယ်ဝန်ပျက်ပြီး Depo တခါဘဲ ထိုးဘူးသေးတယ်။ ၁၈-၁-ဝ၇ တုံးကပေါ့။ ဧပြီမှာ ထိုးရမှာ မထိုးတော့ဘူး။ ၂၇-၄-ဝ၇ က လာတဲ့ရာသီက မရပ်တော့ဘူး။ ဆရာဝန်က Tranexamic pills ဆေးပေးတယ်။ ကိုယ်ဝန် မရသေးပါ။ ကျမလိုဘဲ ဖြစ်ကြသလားဟင်။ ဒေါက်တာတင့်ဆွေ

Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
 
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments