Last post

မွေးရမယ့်ရက်မှာ မမွေးသေးတဲ့ကိုယ်ဝန်

ဆရာ ကျွန်မအသက် ၂၈ နှစ်ပါ။ သားဦးလေးကို ဗိုက်ခွဲမွေးခဲ့ရတယ်။ မွေးရမည့်ရက်ထက် ဆယ်ရက်လွန်သွားလို့ ခွဲရတာပါ။ ကျွန်မအရပ်လည်းရှည်ပြီး ကျန်းမာရေးလည်းကောင်းပါတယ် ရိုးရိုးမွေးချင်ပါရက်နဲ့ ခွဲလိုက်ရတာပါ။ နောက်ထပ် ကလေးယူရင်ရိုးရိုးပဲ မွေးချင်ပါတယ်။ မွေးရမည့်ရက်ထက် ဘယ်လောက်နောက်ကျလို့ရလဲ နောက်ကျခြင်းဟာ ကလေးအတွက် ဘာများထိခိုက်တတ်လဲ သိပါရစေ။ EDD ခန့်မှန်းမွေးမယ့်ရက်တွက်နည်း ၂ မျိုးရှိတယ်။ (၁) LMP နောက်ဆုံးရာသီလာတဲ့လတုံးက သွေးစဆင်းတဲ့ ရက်ထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းထည့်နည်း။ (၂) အာလ်ထွာဆောင်းရိုက်တော့ ကွန်ပြူတာကနေ တွက်ချက်ပေးတဲ့ရက် ဖြစ်တယ်။ အာလ်ထွာဆောင်းက တခါရိုက်ရင် ရက်တခုတွက်ပေးတယ်။ အဲတော့ ရက်တွေမတူဖြစ်နေမယ်။ ဘယ်လိုပဲ မတူပါစေ ခန့်မှန်းရက်တွေတိုင်းမှာ ရှေ့ ၁-၂ ပါတ်စော၊ နောက် ၁-၂ ပါတ်နောက်ကျပြီးမှသာ မွေးပါတယ်။ ကျွန်တော် နယူးဒေလီမှာနေခဲ့တုံးက ဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်းလေးမှာ မွေးပြီးသူ ၂ဝ၄ ယောက်ထဲမှာ ရက်အတိအကျ မွေးသူ စုစုပေါင်း ၅ ယောက်ပဲ ရှိတယ်။ • ၁ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂) • ၁ ရက်နောက်ကျမွေး ၈ ယောက် ( ကျား = ၃၊ မ = ၅) • ၂ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂) • ၂ ရက်နောက်ကျမွေး ၁ ယောက် (ကျား = ၁) • ၃ ရက်စောမွေး ၂ ယောက် (ကျား = ၁၊ မ = ၁) • ၃ ရက်နောက်ကျမွေး ၂ ယောက် (ကျား = ၁၊ မ = ၁) • ၄ ရက် စောမွေး ၁ ယောက် (မ = ၁) • ၄ ရက် နောက်ကျမွေး ၄ ယောက် (ကျား = ၃၊ မ = ၁) • ရက်အတိအကျ မွေးသူ ၅ ယောက် (ကျား = ၂၊ မ = ၃) ဒီစစ်တမ်းက ဒေလီမှာနေကြရတဲ့ မြန်မာနိုင်ငံသား ၉ဝ% ချင်းတိုင်းရင်းသားတွေ ဖြစ်တယ်။ မြန်မာတနိုင်ငံလုံးကို အဲလိုစစ်တမ်းလုပ်နိုင်ရင် သိပ်စိတ်ဝင်စားဘို့ကောင်းတဲ့ အချက်အလက်တွေ သိနိုင်ပါတယ်။ သားဦးဖြစ်ရင်၊ အရင်ကလည်းနောက်ျကမွေးဘူးရင်၊ မိသားစုထဲမှာလည်း အဲလိုမွေးသူရှိရင်၊ ကလေးက ယောက်ျားလေး ဖြစ်ရင်၊ လူကဝရင် နောက်ကျမွေးတာဖြစ်ကြတယ်လို့ လေ့လာလို့သိရတယ်။ ဒါပေမယ့် အဲလိုကိုယ်ဝန်တွေမှာ အချင်းဖြစ်ဖြစ် ကလေးဖြစ်ဖြစ်မှာ တစုံတရာပြဿနာဖြစ်နေတာလို့တော့ မရှိကြပါ။ ရက်နောက်ကျသူတွေမှာ သူများထက်ခါးနာတတ်တယ်။ ခြေထောက်ရောင်နေတတ်တယ်။ ရင်ပူတာနဲ့ လိပ်ခေါင်း ဖြစ်တာလည်းပိုနိုင်တယ်။ မွေးရမယ့်ရက်မှာ မမွေးသေးတဲ့ကိုယ်ဝန်ဖြစ်နေရင် စိုးရိမ်စိတ်ဝင်လာမယ်။ ပင်ပန်းလာမယ်။ အိပ်ရနေရတာ မသက်မသာရှိနေနိုင်တယ်။ မပူပါနဲ့ မကြာမီလာမည်သာ ဖြစ်ပါမယ်။ မွေးမယ့်ဆီကဆရာဝန်ကို ပြနေသင့်တယ်။ စစ်ဆေးစမ်းသပ်မှုတွေလုပ်ပါမယ်။ ဗိုက်နာသေးပဲ သားအိမ်ပွင့်နေလား ကြည့်မယ်။ ကလေးမွေးဘူးတဲ့သားအိမ်တွေက မမွေးချင်သေးပေမယ့် သားအိမ်ဝအပြင်ပေါက်က ဟနေတတ်တယ်။ အဲတာကို သတိထားရမယ်။ ကိုယ်တိုင်ကတော့ ကလေးလှုတ်နေရင် ကောင်းတယ်လို့သာမှတ်ပါ။ သားအိမ်ဝပွင့်တယ် ဆိုတာ အတွင်းပေါက်ပါပွင့်လာရမယ်။ ပါးလာရမယ်။ ကလေးနှလုံးခုန်နှုန်းစစ်မယ်။ လိုအပ်ရင် အာလ်ထွာဆောင်း ထပ်ရိုက်မယ်။ ရေမြွာရည်ထုထည်စစ်မယ်။ မွေးရက်နောက်ကျတာမှန်ရင် ကလေးကပိုထွားလို့ ရိုးရိုးမွေးဘို့မှာ ပိုသတိထားရမယ်။ ရေမြွာရည်နည်းလာမှာလည်း သိရမယ်။ အဲလိုဖြစ်ရင် ချက်ကြိုးကိုပါ သတိထားရမယ်။ ရေမြွာရည်နောက်တာလည်းကြည့်ရမယ်။ အများအားဖြင့် စောင့်ကြည့်နည်းကိုသာသုံးပါတယ်။ ကိုယ်ဝန်သက်တမ်း ၄ဝ ပါတ်ရှိနေပြီဆိုရင်တော့ မွေးလာအောင် လုပ်ပေးမယ်။ မွေးလမ်းကနေမွေးလာအောင် (၁) ရေမြွာအိတ်စောဖေါက်ပေးခြင်း၊ (၂) သားအိမ်ဝပွင့်ဆေးပေးနည်းနဲ့ (၃) သားအိမ်ညှစ်ဆေးပေးနည်းတွေကိုသုံးမယ်။
 ဒေါက်တာတင့်ဆွေ

Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
 
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ

0 Comments