အမျိုးသားတွေအနေနဲ့ သဘာဝပစ္စည်းတွေနဲ့ပြုလုပ်တဲ့ မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်ပြီး အသားအရေ အမျိုးအစားအလိုက် မုတ်ဆုတ်ရိတ်ပြီး သုံးတဲ့ရေမွှေးကိုလည်း အသုံးပြုသင့်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
ကိုယ်တိုင် အသားရေထိန်းသိမ်းခြင်း၊ သုတေသနနဲ့ တီထွင်ထုတ်လုပ်မှုတွေ
ဆောင်ရွက်တဲ့ The Himalaya Drug Company မှ မျက်နှာအသားအရေ
ထိန်းသိမ်းနည်းများ မျှဝေဖော်ပြပေးထားပါတယ်။
နေ့စဉ်မျက်နှာ သန့်စင်မှုပြုလုပ်ဖို့အတွက် မျက်နှာအသားအရေ အခြောက်မလွန်ဘဲ အသားအရေ စိုပြေစေဖို့ မျက်နှာပြင်က အညစ်အကြေးများ ဖယ်ရှားဖို့ သဘာဝပါဝင်ပစ္စည်းများဖြင့် ပြုလုပ်တဲ့ မျက်နှာသစ်ဆပ်ပြာတစ်ခုခု အသုံးပြုရမှာ ဖြစ်တယ်။
မုတ်ဆိတ်ရိတ်ခြင်းက အမျိုးသားတိုင်း ပုံမှန် မဖြစ်မနေလုပ်ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မုတ်ဆိတ်ရိတ်ပြီးတဲ့နောက် ချွေးပေါက်များ အပြင်လေနဲ့ ထိတွေ့တာကြောင့် မိမိအသားအရေနဲ့ အဆင်ပြေသော မုတ်ဆိတ်ရိတ်ပြီးသုံး ထုတ်ကုန်ပစ္စည်းများ သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ လိုအပ်ပါက သဘာဝ သို့မဟုတ် ဆေးဖက်ဝင် မျက်နှာသစ်ဆပ်ပြာတွေ အသုံးပြုခြင်းက အသားအရေ သန့်ရှင်းစေဖို့ ယုံကြည်စိတ်ချရပါတယ်။
အသားအရေခြောက်သွေ့မှု မဖြစ်စေဖို့ အလှဆီလိမ်းခြင်းက အဓိကအရေးကြီးပါသေးတယ်။ စိုစိုပြေပြေရှိတဲ့ အသားအရေဖြစ်ဖို့တွက် မိမိအသားအရေ အမျိုးအစားနဲ့ အဆင်ပြေကိုက်ညီတဲ့ အလှဆီများသုံးဖို့ အကြံပြုထားပါတယ်။
အများစုထင်တာက ခုလို ခရင်မ်တွေဘာတွေ သုံးတာမျိုးက မိန်းမဆန်တယ်ဆိုပြီးတော့ပါ။ ဒါပေမယ့် အဲဒီလို သတ်မှတ်ခြင်းက ခုချိန်မှာတော့ တဖြည်းဖြည်း ပြောင်းလဲနေပါပြီ။ မင်္ဂလာဆောင် သို့မဟုတ် ပွဲတစ်ခုခု သွားတော့မယ်ဆိုရင် ကြည့်ကောင်းရှုကောင်းဖြစ်စေဖို့ မျက်နှာအလှပြင်တာ အမျိုးသားတွေလည်း လက်ခံတဲ့ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။
Ref: TOI
Trend Myanmar
ဖုန်းဆော့ဝဲယူချင်ရင်
ဒီကိုနှိပ်ပါ

Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့

0 Comments